အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

မော်တော်ကားကို လှေလို လုပ်ပြီးမောင်းနှင်ပြ ခဲ့သူ တားမြစ်ခံရ




နည်းနည်း ရူးကြောင်ကြောင် နိုင်တဲ့ အတွေးမျိုး ရှိသူ ယာဉ်မောင်း တစ်ဦးဟာ သူ့ရဲ့ Maserati Sports ကား ကို Rome မြို့လယ်ခေါင်းက Tiber မြစ်ထဲမှာ မောင်းပြ ပြီးတဲ့နောက်မှာ မထင်မှတ် ထားတာ တွေ ဖြစ်ခဲ့ရ ပါတယ်။

အသက် ၄၀ ရှိနေပြီ ဖြစ်တဲ့ Marco Amoretti ဆိုသူဟာ သူ့ရဲ့ မော်တော်ကားကို ကုန်း ၊ ရေ နှစ်သွယ် သုံး ယာဉ် အဖြစ် ပြောင်းလဲပြီး Rome မြို့ကနေ Venice မြို့ အထိ Tiber မြစ် ကို ဖြတ်သန်း မောင်းနှင်ပြ ခဲ့တာ ပဲဖြစ်ပါတယ်။

ဒါပေမယ့် ထို ကားလိုလို လှေလိုလို အရာကို တွေ့သွားတဲ့ မီးသတ်သမား တွေက ရဲကို အကြောင်းကြား ခဲ့ပါတယ်။ မီးသတ် သမားတွေ ထင်သွား ခဲ့တာက မြစ်ထဲမှာ ကားတစ်စီး နစ်မြုပ် နေတယ် ထင်လို့ပါ။ ရဲတပ်ဖွဲ့တွေ စစ်ဆေးမေးမြန်း ခဲ့တဲ့ အခါမှာတော့ ထိုကားသမားက သူဟာ ထို မော်တော်ယာဉ်ကို ရေကြောင်း ခရီးစဉ်နဲ့ အီတလီအရှေ့တောင်ပိုင်းမှာ ရှိတဲ့ La Spezia မြို့ကနေ စတင်မောင်းနှင် လာတာဖြစ်ပြီး သူ့ရဲ့နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ Venice မြို့ကို အရောက် သွားနေတာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

Amoretti ဟာ ထိုပုံစံ အတိုင်းပဲ ၂၀၀၉ ခုနှစ်တုန်းက တစ်ခါ ကြိုးစား ခဲ့ဖူးပေမယ့် အဲဒီတုန်း ကလည်း အဖမ်းခံ ခဲ့ရ ပါသေးတယ်။ ဒီတစ်ကြိမ် မှာလည်း မီးသတ်တပ်ဖွဲ့ ၀င်တွေက သူ့ရဲ့ မော်တော်ယာဉ်ကို ရေထဲကနေ ဆယ်ယူပြီး ကုန်းမြေပေါ် ပြန်တင်ပေး လိုက်ကြ ပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ် တုန်းကလည်း Amoretti ဟာ အတ္တလန်တစ် သမုဒ္ဒရာထဲမှာ Volkswagen မော်ဒယ်လ် အဟောင်းဖြစ်တဲ့ လိပ်ခုံးကောင်း ကို လှေအသွင် ပြုပြင်ပြီး မောင်းနှင် ပြသ ခဲ့ဖူးတယ် ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/09/blog-post_95.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...