အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, September 26, 2016

ဘရာဇီးက ဂူတဂူကို ဖောက်ခွဲရာမှ ဧရာမအန်နာကော်ဒါ မြွေကြီးတွေ့ရှိ




ဘရာဇီး နိုင်ငံ မြောက်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု အနီးမှာ ဂူတခုကို ဖောက်ခွဲ လိုက်ရာမှ အရှည် ၃၃ ပေရှိတဲ့ အန်နာကော်ဒါ မြွေကြီး တကောင်ကို တွေ့ခဲ့ ရပါတယ်။

အဲဒီမြွေကြီးဟာ အလေးချိန် ၄၀၀ ကီလို ဂရမ်ရှိပြီး ဆောက်လုပ်ရေး လုပ်သားတွေက တွေ့ရှိခဲ့ ကြတာလို့ ဒေးလီးမေးလ် သတင်း တပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါ တယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အလုပ်သမား တဦးက မြွေကြီးရဲ့ ကြီးမားလှတဲ့ ခန္ဓာ ကိုယ်ကို ရိုက်ပြ ခဲ့တာကို တွေ့ရပြီး သူ့ရဲ့အချင်းဟာ ၁ မီတာလောက် ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါမြွေကြီးကို ဆောက်လုပ်ရေး အလုပ်သမားတွေက သတ်ခဲ့သလား၊ ဘာ ကြောင့် သေသွား ခဲ့ရသလဲ ဆိုတာကိုတော့ မသိနိုင်သေး ဘူးလို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင် ထဲမှာတော့ အဲဒီမြွေကြီးကို ချည်နှောင်ကာ ကရိန်းနဲ့ မဆွဲတင်ခဲ့ ရတာကို တွေ့ရတဲ့ အတွက် ဝေဖန်မှုတွေ မြင့်တက် လာခဲ့တာပါ။

အင်တာနက်အသုံးပြုသူတဦးကတော့ “ဒါဟာ အမှန်ပဲလား ဆိုတာ မသိနိုင်ပါဘူး။

တကယ်ဆိုရင်တော့ ခုလိုမြွေကြီးကို သတ်လိုက်တာဟာ တော်တော့ကို ရှက်စရာ ကောင်းပါတယ်။ ခုလိုပုံတွေနဲ့ ဖော်ပြ ခံရဖို့ ဒီလောက် အရွယ် အစား
ရောက်အောင် ကြီး ပြင်းရှင်သန် ခဲ့ရတဲ့ မြွေကြီးအတွက်ပါ”လို့ ဝေဖန် လိုက်တာပါ။

လက်ရှိမှာတော့ ဂီးနက်စ် ကမ္ဘာ့မှတ်တမ်း စံချိန်တင် ထားတဲ့ ကမ္ဘာ့ အရှည်ဆုံးမြွေကြီးဟာ အမေရိကန်နိုင်ငံ၊ ကန်ဆတ်စ်မြို့မှဖြစ်ပြီး အရှည် ၂၅ ပေသာ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိဆောက်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေတဲ့ ရေအား လျှပ်စစ် စီမံကိန်းဟာ ဘရာဇီးနိုင်ငံ၊ ဇင်ဂူမြစ်ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး ရေကာတာ တည် ဆောက်ရေး စီမံကိန်း တခုဖြစ်ပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169912

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...