tag:blogger.com,1999:blog-57402970318010398222024-03-14T11:02:14.342-07:00ဆိုင်မွန်(ဗဟုသုတများ)အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်းAnonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.comBlogger597125tag:blogger.com,1999:blog-5740297031801039822.post-53478256498730927512017-06-26T02:41:00.003-07:002017-06-26T02:41:57.937-07:00ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းဖြင့် ထိတ်လန့်ဖွယ် မွေးဖွားလာသည့် မိန်းကလေး

အိန္ဒိယ နိုင်ငံ ဆေးရုံ တရုံမှာ မွေးကင်းစ ကလေးငယ် တဦးဟာ ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းပါပြီး ထိတ်လန့်ဖွယ် အသွင် အပြင်နဲ့ မွေးဖွား လာခဲ့ ပြီးနောက် ဒေသတွင်း နာမည်ကြီး နေခဲ့ ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘီဟာခရိုင်၊ လာခီဆရိုင်ဒေသထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုလို မွေးဖွားလာခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ကြည့်ရှုလိုသူတွေဟာ ဆေးရုံရှေ့မှာ ဝိုင်းအုံနေခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပုံပျက်ပန်းပျက်သွင်ပြင်နဲ့ မွေးကင်းစကလေးငယ်ဟာ ခန္ဓာကိုယ်မှာ ဆေးကုသရေးကိရိယာတွေနဲ့ ချိတ်ဆက်လျက်သား အခြေအနေနဲ့ ဆေးရုံ အခန်းတွင်းမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ ဆာဗီတာဒေဝီကတော့ သူ့ရဲ့ သမီးဖြစ်သူ ခုလို ဆုံးရှုံးခဲ့ရတဲ့အပေါ် တကယ့်ကို စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ဒါဟာ ကောင်းဖို့အတွက်ပဲလို့ ကျမ ထင်မိပါတယ်။ တကယ်လို့များ သမီးလေးဟာ ခုလို ပုံပျက်ပန်းပျက် အခြေအနေနဲ့ အသက်ဆက်ရှင်နေခဲ့ရမယ်ဆိုရင်လည်း နေ့စဉ် သူ့ရဲ့ ရှင်သန်မှုဟာ သေဆုံးနေတာပါပဲ။”

လယ်သမားတဦးဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဆူရက်ရှ်ဆောကတော့ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ သမီးငယ်ဟာ နတ်ဘုရားက ကျိန်စာတိုက်တာဖြစ်တယ်လို့ ပြောလိုက်တာပါ။

“သမီးအတွက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား ကျနော်မသိခဲ့ပါဘူး။ နတ်ဘုရားတွေက ကျနော်တို့အပြစ်တွေအတွက် ကျိန်စာတိုက်တာပဲဖြစ်ရမယ်။”

ကလေးငယ်ကို မွေးဖွားပြီးချင်း အထူးကြပ်မတ်ကုသဆောင်ဆီ ရွှေ့ပြောင်းကုသမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ပါဘူး။

ကလေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ မူကက်ရှ် ကူးမားကတော့ ဒါဟာ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မိခင်ဝမ်းဗိုက်တွင်းမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ အမြွှာကလေး ၂ ဦးအဖြစ် ဆက်လက်မကြီးထွားနိုင်ဖြစ်ကာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာလို့ ဒေါက်တာ မူကက်ရှ် ကူးမားက ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214491

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-31229076031460437302017-06-25T01:16:00.001-07:002017-06-25T01:16:25.502-07:00ရှာဖွေတွေ့ရှိတဲ့ ဂြိုဟ်တွေထဲက အဆိုးဆုံး ဂြိုဟ်များ

ကျနော်တို့ လူသားတွေ ဉာဏ်ရည် မြင့်မား လာမှုနဲ့ အတူ မိမိ ကမ္ဘာပေါ်တင် မဟုတ်ပဲ အခြား ဂြိုဟ်တွေရဲ့ အကြောင်း ကိုပါ လေ့လာ နေခဲ့တာ ရာစုနှစ် ကာလ ထိအောင် ရောက်ရှိ လာခဲ့ပြီ ဖြစ်သလို အဆိုပါ လေ့လာ ရှာဖွေ ကတည်းက အခုချိန်ထိ အောင် တွေ့ရှိခဲ့တဲ့ ပတ်ဝန်းကျင် ဂြိုဟ်တွေထဲက အဆိုးဆုံး ဂြိုဟ်တွေ အကြောင်းကို ပြောပြ ချင်ပါတယ်။

အပူဆုံးဂြိုဟ်

နေမဟုတ်တဲ့ အပူဆုံး ဂြိုဟ်ကတော့ မာကျူရီပါ။ သူကနေနဲ့ အနီးဆုံးမှာ တည်ရှိပြီး နေကနေ အကွာအဝေး ကီလိုမီတာ ၅.၇၉ သန်းပဲ ဝေးပါတယ်။ ဒါကြောင့် မာကျူရီ ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်က ၄၃၀ ဒီဂရီ စင်တီဂရိတ် ထိအောင် ပူပါတယ်။ နေကတော့ မျက်နှာပြင် အပူချိန် ၅၅၀၀ ဒီဂရီစင်တီ ဂရိတ် ထိအောင် ရှိတာပါ။

ဒါက ပတ်ဝန်းကျင် ဂြိုဟ်တွေ ထဲက အပူဆုံး ဂြိုဟ်ကို ပြောတာပါ။ ကြယ်တွေ ထဲမှာတော့ HD 195689 ဆိုတဲ့ KELT-9 အဖြစ် လူသိများတဲ့ ကြယ်ကတော့ နေထက် ၂.၅ ဆလောက် ပိုပူပါတယ်။

အအေးဆုံးဂြိုဟ်

အပူဆုံး အနေ အထားမှာ ၅၀ ဒီဂရီ စင်တီ ဂရိတ်ပဲ ရှိပြီး အအေးဆုံး အနေ အထားမှာ ၂၂၃ ဒီဂရီ ထိအောင် အေးတဲ့ ဂြိုဟ်က OGLE- 2005-BLG-390Lb ဂြိုဟ် ဖြစ်ပါတယ်။ သူက ကမ္ဘာထက် ကျောက်သားထု ဖွဲ့စည်းမှု ၅.၅ဆ ပိုပါတယ်။ မားစ် ဂြိုဟ်နဲ့ ဂျူပီတာ အကြားမှာ ရှိပါတယ်။ Red Dwarf အဖြစ် လူသိများ ပါတယ်။

ဓာတ်ငွေ့တွေ ရှိနိုင်တယ်လို့ ယူဆ ရပေမယ့် အေးနေ တာကြောင့် အစိုင်အခဲ အဖြစ် ရှိနေဖို့ များတယ်လို့ ခန့်မှန်းနေ ကြပါတယ်။

အကြီးဆုံးဂြိုဟ်

ကြယ်လို့ သတ်မှတ်ရမယ့် သူဟာ သူလောင်ကျွမ်းနေတဲ့ နေလိုဂြိုဟ်တွေ ရှိပါတယ်။ သူတို့ဟာ ပုံမှန် အခြားဂြိုဟ်တွေထက် အရွယ်အစား ကြီးမားကြပါတယ်။

တွေ့ရှိရသမျှ ထဲမှာ DENIS-P J082303.1-491201 b ဆိုတဲ့ ကြယ်ဂြိုဟ်ဟာ ဂျူပီတာ ဂြိုဟ်ထက် ၂၈.၅ လ လောက် ပိုမို ကြီးမားပြီး ရှာဖွေ တွေ့ရှိ သမျှ ဂြိုဟ်တွေ ထဲမှာ အကြီးဆုံးလို့ သတ်မှတ် နိုင်ပါတယ်။ သူ့ကို Brown Dwraf အဖြစ်လည်း လူသိများ ပါတယ်။

အသေးဆုံးဂြိုဟ်

ကျနော်တို့ ကမ္ဘာရဲ့ အရန်ဂြိုဟ် ထက်တော့ နည်းနည်း ကြီးပါတယ်၊ ဒါပေမယ့် အရန်ဂြိုဟ် မဟုတ်ဘဲ ဂြိုဟ်အဖြစ် တည်ရှိ နေတဲ့ မာကျူရီထက် အနည်းငယ် သေးတဲ့ Kepler-37b လို့ သတ်မှတ် ထားတဲ့ ဂြိုဟ်က အသေးဆုံး ဂြိုဟ်ပါ။ ကျောက်သားတွေနဲ့ ဖွဲ့စည်း ထားတာပါ။ နေနဲ့ အနီးမှာ ရှိပါတယ်။

ဒါကြောင့် ကျောက် သားတွေဟာ အရည်ပျော် လာနိုင်သလို နောက်ပိုင်းမှာ သက် ရှိတွေ ဖြစ်ထွန်း လာနိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။

သက်တမ်း အရင့်ဆုံးဂြိုဟ်

PSR B1620-26b ဂြိုဟ်ဟာ နှစ်ပေါင်း ၁၂.၇ ဘီလီယံ သက်တမ်း ရှိနေပြီလို့ ယူဆရ ပါတယ်။ ဒါကြောင့် သူကို သက်တမ်း အရင့်ဆုံးဂြိုဟ် အဖြစ် သတ်မှတ် ထားပါတယ်။

ဂျူပီတာဂြိုဟ်ထက် ၂.၅ဆ ပိုပြီး ကြီးပါတယ်။

ကျနော်တို့ နေအဖွဲ့ အစည်း ဟာသက်တမ်း ၁၃.၈ ဘီလီယံနှစ်ပဲ ရှိသေးလို့ အခုဂြိုဟ်ဟာ ရှေးဦးဆုံး ဖြစ်ထွန်း တည်ရှိနေတဲ့ ဂြိုဟ်တစင်းလို့ ဆိုရမှာပါ။

ဒီဂြိုဟ်မှာ သူ့ကို ဗဟိုပြု လည်ပတ်နေသေးတဲ့ နေအသေးစား ၂စင်းလည်း ရှိပါသေးတယ်။ အခုသက်တမ်း အရင့်ဆုံး ဂြိုဟ်ကို White Dwraf အဖြစ် လူသိများ ပါတယ်။

သက်တမ်းအနုဆုံးဂြိုဟ်

V830 Tauri လို့ အမည်ပေး ထားတဲ့ ဂြိုဟ်က သက်တမ်း နှစ် ၂သန်းပဲ ရှိပါသေးတယ်။ အရွယ်ကတော့ နေနဲ့ ရွယ်တူပါ။ အခုချိန် ထိအောင် သူ့ရဲ့ ပုံစံကို ရေးဆွဲဖို့ ကြိုးစား နေဆဲပါ။ ဂျူပီတာထက် ဓာတ်ငွေ့ တည်ရှိနိုင်မှုနှုန်း ၃ ချိုး ၁ ချိုးလောက်ပဲ ရှိပါတယ်။

သက်ရှိတွေ ရှိနေနိုင်တယ်လို့လည်း ယူဆနေ ကြပါတယ်။ ဒါပေမယ့် အချိန်ကြာ ရှင်သန်နိုင်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဒါက ဂြိုဟ်ရဲ့မျက်နှာပြင် အခြေ အနေနဲ့ ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။

ရာသီဥတု အဆိုးဆုံးဂြိုဟ်

ဗီးနပ်လို့ ပြောရ ပါလိမ့်မယ်။ ဂြိုဟ်ရဲ့မျက်နှာပြင်မှာ လေထု ရှိပါတယ်။ ဒါပေမယ့် လေတိုက်နှုန်းက ဂြိုဟ်ရဲ့လည်ပတ်နှုန်း ထက် မြန်နေပါတယ်။ ဟာရီကိန်း မုန်တိုင်းတွေ အမြဲ တိုက်ခတ်နေပြီး တနာရီ ၃၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ တိုက်နေတာပါ။ ကမ္ဘာနဲ့ ရွယ်တူလောက်ပဲ ရှိပါတယ်။

လေထုက ကမ္ဘာ့လေထုထက် အဆ ၁၀၀ လောက် ပိုသိပ်သည်းပါတယ်။ ၉၅ ရာခိုင်နှုန်းလောက် ထိအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ပါရှိနေပါတယ်။

တခါတလေမှာ မာကျူရီထက် ပိုပူပြီး အပူချိန် ၄၆၂ ဒီဂရီ စင်တီဂရိတ်လောက်ထိအောင် မြင့်တက် နိုင်ပါတယ်။ လူသာ ရောက်သွားမယ်ဆိုရင် လေထုနဲ့ မုန်တိုင်းတွေကြောင့် အရိုးတွေတောင် ချက်ချင်း ခန်းခြောက် သွားပါ လိမ့်မယ်။

Ref: www.businessinsider.com

ဓါတ်ပုံ ဒီဇိုင်း - ကျော်မျိုးထိုက်/ ဧရာဝတီ

From : ဧရာဝတီ by ချစ်ဖေ (တောင်တွင်းမြေ)

Originally published at - burma.irrawaddy.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-50766566013063412962017-06-02T16:57:00.000-07:002017-06-02T16:57:34.833-07:00ကလေးတွေအတွက် ကျောင်းစာရိတ်မရှိလို့ ကျောက်ကပ်ထုတ် ရောင်းတော့မယ့် မိခင်

မိဘ ဆိုတာ သားသမီးတိုင်း အတွက်တော့ ငွေသေတ္တာ မဖြစ်နိုင် ပါဘူး။ တစ်ချို့က အလွယ်ပြော ကြပါတယ်။ ပိုက်ဆံ ဆိုတာ ဘယ်က ထွက်သလဲ ဆိုရင် အဖေ့ အိတ်ကပ် ထဲကလို့ ဟာသလုပ်ပြီး ဖြေတတ် ကြပါတယ်။ တကယ်တော့ ဘ၀မှာ တစ်ချို့သော မိသားစုတွေ အတွက် ငွေရေး ကြေးရေးဟာ အများ ထင်ထား တာထက် ခက်ခဲ တတ်ပါတယ်။

အခုလည်း အိန္ဒိယနိုင်ငံ မာရွတ်မြို့၊ ရိုဟာတာ ရပ်ကွက်မှာ နေထိုင်တဲ့ Aarti Sharma အမည်ရ Facebook အသုံးပြုသူ တစ်ယောက်ဟာ ကျောင်းဖွင့် ရာသီ ရောက်ပြီမို့ ကလေးတွေ အတွက် ကျောင်းစာရိတ် လုံလုံ လောက်လောက် မရှိပါဘူး။ ဒီတော့ သူမရဲ့ Facebook ပေါ်မှာ ကျောက်ကပ် လှူဒါန်းမည့် အကြောင်း ကြေငြာ ခဲ့ပါတယ်။

Aarti ဟာ သူမရဲ့ကျောက်ကပ် ရောင်းချလို့ရတဲ့ငွေနဲ့ သားသမီးတွေ ပညာရေး ဆုံးခန်းတိုင်စေ လိမ့်မယ်လို့ ထင်မြင်နေပြီး၊ ကျောက်ကပ် ၀ယ်ဖို့အတွက်လည်း အကူအညီ တောင်းခံ ထားတယ်လို့ သိရ ပါတယ်။

သူမမှာ ကျောင်းတက်နေရတဲ့ သားသမီး 4 ဦးအထိ ရှိပြီး၊ ယခုနှစ် ပညာသင်စာရိတ် မတတ်နိုင်တာနဲ့ ကျောင်းက နားရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကူညီတောင်းခံခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ သူမတို့ မိသားစု ပိုင်ဆိုင်တဲ့ LPG cylinder ကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းပြီး စာရိတ်လုပ်ကာ ပြည်နယ်အကြီးအကဲ Yogi Aditya Nath ဆီကို သွားရောက်တွေ့ဆုံကာ အကူအညီတောင်းခဲ့ပါတယ်။

အကြီးအကဲက ကူညီမယ့်အကြောင်း ကတိပေးခဲ့ပေ မယ့် သူပြောထားတဲ့ရက် တော်တော်လွန်သွားတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါ။

Aarti ရဲ့ ခင်ပွန်းက ” သူမက ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ် လိုက်တာပါ .. ကျနော်က ကားမောင်းတဲ့အလုပ်နဲ့ တစ်လကို ရူပီး 4000 ကနေ 5000 လောက်ပဲ ရပါတယ် … အိမ်ငှားခကလည်း မပေးတာအတော်ကြာပြီမို့ အိမ်ပေါ်က နှင်ချခံရ တော့မယ့် သဘောပါ .. ဒီတော့ အစိုးရက ချေးငွေချေးနိုင်မယ်ဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းလေး စတင်နိုင်မှာ ဖြစ်သလို ကလေးတွေကိုလည်း ကျောင်းဆက်ထားနိုင်မယ်လို့ မျှော်လင့်နေပါတယ် “လို့ ဆိုပါတယ်။

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-87793297294368896622017-06-01T03:58:00.000-07:002017-06-01T03:58:37.240-07:00အင်္ဂလိပ် ရိုးရာ ချိစ်ဖမ်းပွဲ

အင်္ဂလိပ် ရိုးရာ (Cheese) ချိစ်ဖမ်းပွဲကို ထောင်ပေါင်း များစွာသော ပွဲကြည့် သူတွေ လာရောက် ကြည့်ရှု ခဲ့ကြ ပါတယ်။

အဲ ဒီ ပွဲတော်ကို ဂလက် စတာရှဲ (Gloucestershire) ကျေးလက် aဒသက ကူးပါး aတာင်ကုန်း (Cooper’s Hill) မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာ ဘရော့ဝါ့သ် (Brockworth) ရပ်ကွက်နေ အသက် ၂၉ နှစ် အရွယ် ခရစ်စ်အန်ဒါဆန် (Chris Anderson) ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာလည်း ဘရော့ခ်ဝါ့သ် ရပ်ကွက်က အသက် ၁၈ နှစ် အရွယ် ကီဗီမော်ဂန် (Keavy Morgan) ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို အစောဆုံး ရေးသား မှတ်တမ်း တင်ထား တာကို ၁၈၂၆ ခုနှစ်မှာ စတင်တွေ့ရှိ ရပေမယ့် တကယ်တမ်း အဲဒီထက် နှစ်ပေါင်း များစွာ ရှေးကျတဲ့ သမိုင်း ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209999

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-90930437647760142112017-05-25T16:13:00.000-07:002017-05-25T16:13:20.455-07:00ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သူများနဲ့ မတူ တမူ ထူးခြားစွာ ဆောင်ခဲ့ ပါတယ်။ ၀တ်စုံဖိုး လုံးဝ အကုန်မခံပဲ ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ ကိုယ်လုံး တီးနဲ့ မင်္ဂလာ ဆောင်ခဲ့ ကြတာပါ။

ဒီလို ထူးဆန်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ တဲ့ အမျိုးသား ကတော့ ဗြိတိန်မှာမွေးတဲ့ Jeff Adams အသက် (၅၄) နဲ့ အမျိုးသမီး ကတော့ နယူးဇီလန်မှ Sue ဖြစ်ပြီး အသက် ကတော့ (၄၇) ပါ။

သူတို့ စုံတွဲရဲ မင်္ဂလာပွဲ ကိုတော့ သြစတြေးလျ နိုင်ငံ Toowoomba မြို့မှာ ဧပြီလက ကျင်းပ ခဲ့တာပါ။ မြေး (၆) ယောက်ရဲ့ အဖိုး၊ အဖွားတွေပါ။ မုန့်ဖုတ်ဆိုင် ၀န်ထမ်း Sue က ပြောရာမှာ”ဒါဟာ ကျွန်မ လိုချင်တဲ့ မင်္ဂလာ ပွဲမျိုး ဆင်နွှဲနိုင်တဲ့ အခွင့် အရေးပဲ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ပထမဆုံး လက်ထပ်ခဲ့ တုန်းက အဲ့နေ့ကို အရမ်းမုန်း ခဲ့တာပဲ” လို့ ဆိုပါတယ်။ ဒီတစ်ကြိမ် လက်ထပ်တဲ့ အခါမှာတော့ သူမရဲ့ အတွေ့ အကြုံဟာ ထူးခြားပြီး တခြား လူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူမကတော့ ဂရုမစိုက် ဘူးလို့ ကလေး သုံးယောက်ရဲ့ မိခင် Sue က ပြောပါတယ်။

သူမ အဖို့ကတော့ ဒီတစ်ကြိမ် မင်္ဂလာပွဲမှာ သတို့ သမီး ၀တ်စုံ အတွက် စိတ်ပူပန်ဖို့ လုံးဝ မလိုခဲ့ ဘူးလို့ ပြောခဲ့ ပါတယ်။

Sue နဲ့ Jeff တို့ဟာ (၂၀၁၅) ခုနှစ်က အွန်လိုင်းပေါ်မှာ ဆုံဆည်း ခဲ့ကြ သူတွေပါ။ နောက်ဆုံး မှာတော့ သူတို့ဟာ Queensland ပြည်နယ်မှာပဲ မိနစ် (၂၀)လောက် ခြားတဲ့ နေရာမှာ နေနေ ကြတယ် ဆိုတာကို သိခဲ့ တာပါ။

သူတို့ နှစ်ဦးဟာ သုံးနှစ်ခွဲလောက် အတူနေ ခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်လုံးတီး ချွတ်တွေ လမ်းသလား ကြတယ်လို့ နာမည် ကြီးတဲ့ Byron Bay ကမ်းခြေကို အလည် အပတ် သွားခဲ့ ပါတယ်။

ဒါ့အပြင် လုံးတီး ချွတ်တွေ ခေတ်စားတဲ့ အပမ်းဖြေ နေရာ တွေရှိရာ ဥရောပ၊ ခရိုအေးရှား တို့လည်း (၂၀၁၆) ဇွန်လက အလည်သွား ခဲ့ကြပါတယ်။

Jeff ဟာ (၂၀၁၆) အောက်တိုဘာမှာတော့ Toowoomba မြို့က Eagle View မှာ လက်ထပ်ခွင့် တောင်းခဲ့ပြီး လက်ထပ် ပွဲကိုလည်း အဲ့ဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။

ဧပြီမှာတော့ အပမ်းဖြေ စခန်းရဲ့ အသည်းပုံ ဥယျာဉ် ခြံထဲမှာ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ တခြား မသိတဲ့ တစိမ်းတွေ ကိုပါ ဖိတ်ပြီး လက်ထပ်ပွဲကို ကျင်းပ ခဲ့တာပါ။

မင်္ဂလာ ၀တ်စုံ ကတော့ မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း ပုံမျိုးနဲ့ လက်ထပ် ခဲ့တာပါ။ နောက်ဆုံး မင်္ဂလာ ကိတ်ပေါ်မှာ တင်ထားတဲ့ အရုပ်က အစ အ၀တ်အစား ဗလာ ကျင်းနေ ခဲ့တာပါ။

သတို့သမီးရဲ့ ကိုယ်ပေါ်မှာတော့ အပြာရောင် ဘောင်းဘီ သိုင်းကြိုးကွင်းနဲ့ အဖြူရောင် ခေါင်းဆောင်း ပုဝါစပဲ ရှိပါတယ်။သတို့သား Jeff ကလည်း ဗလာ ကျင်းနေတဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားတဲ့ ပန်းက လွဲလို့ ဘာမှ မရှိပါဘူး။

သူတို့ နှစ်ယောက်ရဲ့ ဆွေမျိုး အသိုင်း အ၀ိုင်း ကတော့ ရှက်လို့ ဆိုပြီး မင်္ဂလာပွဲကို မလာခဲ့ ကြပါဘူး။ ကိုယ်လုံးတီး နေရတာကို မှ အရမ်း ကြိုက်နေတဲ့ Jeff ကတော့’ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ အားပေး လိုက်တာပဲ၊ လူတွေ ဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြောက်နေ ကြတယ်၊

ဒါက နည်းနည်းတော့ ထိတ်လန့် စရာ နည်းပါ၊ မင်းသာ ကိုယ်လုံးတီး ချွတ်နဲ့ ဆိုရင် ငယ်တာ၊ ကြီးတာ၊ ရှည်တာ ၊ပုတာ၊ ပိန်တာ၊ ၀တတာ၊ ကိုယ်ဝန် ရှိတာ အကုန် ဖြစ်နိုင်တယ်၊ ဘယ်သူက မှလည်း ဒါကို သတိထား မိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ ပါတယ်။

Ref;Daily Mail

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-59921569543063207652017-05-11T03:41:00.000-07:002017-05-11T03:41:02.886-07:00လွန်ခဲ့တဲ့ နှစ်သုံးသိန်းခန့်က အာဖရိကမှာ လူသားနဲ့ ဆင်တူ မျိုးစိတ်တွေ အတူယှဉ်တွဲ နေထိုင်ခဲ့

မေ ၁၀ – အာဖရိကမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်း ခန့်က ကမ္ဘာဦး လူသား တွေဟာ လူသား မျိုးနွယ်နဲ့ ဆင်တူပြီး ဦးနှောက် အနည်းငယ် ရှိတဲ့ မျိုးစိတ် တစ်ခုနဲ့ အတူ ယှဉ်တွဲ နေထိုင် ခဲ့တယ် ဆိုတဲ့ ပထမဆုံး အထောက် အထား တစ်ခုကို သိပ္ပံ ပညာရှင် တွေက အင်္ဂါနေ့မှာ ဖော်ထုတ် ပြသ ခဲ့ပါတယ်။

သည်မျိုးစိတ်ဟာ ယင်းကာလလောက်မှာ သည်တိုက် ကြီးပေါ်မှာ မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီလို့လည်း မှတ်ယူရပါတယ်။

အီးလိုက်ဖ်ဂျာနယ်မှာ စာမျက်နှာသုံးခုစာဖော်ပြခဲ့တဲ့ သည်တွေ့ရှိချက်တွေဟာ ဟိုအရင်လူသားတွေရဲ့ ပြုမှုလှုပ်ရှားမှုတွေဟာ ရှေးဦးလူသားမျိုးနွယ်စုရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေကနေ ဖွံ့ဖြိုးလာတယ်ဆိုတဲ့ အမြင် သဘောတရားတွေအပါအ၀င် လူသားတွေရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အပေါ် မေးစရာတွေ ဖြစ်လာပါတယ်။

ဟိုမီနင်တွေဟာ လူသားတွေနဲ့တူညီတဲ့မျိုးစိတ်ရှိပေမယ့် လူသားတွေလိုသည်နေ့ခေတ်အထိရပ်တည်ရှင်သန်မနေ နိုင်ဘဲ မျိုးတုံးသွားတဲ့အုပ်စုဖြစ်ပါတယ်။

အခုတွေ့တဲ့မျိုးစိတ်ကတော့ ၂၀၁၅ ခုနှစ်က တောင်အာဖရိကရဲ့စတက်ဖွန်တိန်းနဲ့စွတ်ကရန်စ်ကနေ သူ့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရရှိပြီးနောက် ဟိုမိုနာလီဒီလို့အမည့်ပေးခဲ့တဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

ဂျိုဟန်နက်စ်ဘာ့ဂ်အနောက်မြောက်ပိုင်း ကီလိုမီတာ ၅၀ ခန့်ကရရှိခဲ့တဲ့ သည်အဖိုးတန်အကြွင်းအကျန်တွေဟာ လူသားတွေရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာအောင်ဖြစ်နေတဲ့ ပဟေဠိကို ဆက်ပေးမယ့် အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ အစတုန်းကတော့ သည်ဟိုမိုနာလီဒီခန္ဓာတည်ဆောက်ပုံအရ သည်ကျောက်ဖြစ်ရုပ်ကြွင်း တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂.၅ သန်းနီးနီးရှိမယ်လို့ ယူဆထားသလို သည်မျိုးစိတ်တွေဟာ လူတွေရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်အဖြစ်တည်ရှိနေတာကြာပြီဖြစ်တဲ့ လူသေတဲ့ အခါမြေမြှုပ်တဲ့အလေ့အထကို လုပ်ဆောင်ခဲ့တယ်လို့လည်းယူဆထားကြပါတယ်။

ဒါပေမဲ့ သည်ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့ရှိခဲ့တဲ့ အနည်အနှစ်တွေနဲ့ သည်မျိုးစိတ်ရဲ့သွားတွေရဲ့သက်တမ်းကို လေ့လာတဲ့အခါမှာတော့ သည်မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၆၀၀၀ ကနေ ၃၃၅၀၀၀ အတွင်း အာဖရိကရဲ့ချုံတွေကြားလှည့်လည်သွားလာနေကြတာကိုတွေ့ရပါတယ်။ သည်အချိန်ကာလမှာပဲ ခေတ်လူသား တွေ ပေါ်ထွက်နေပြီဖြစ်ပါ တယ်။

‘ ဦးနှောက်သေးသေးလေးရှိပြီး ရှေးဦဟိုမင်နင်တွေဟာ အချိန်ကာလဒီလောက်အထိကြာအောင် နေထိုင်နိုင်မယ် လို့ ဘယ်သူမှတွေးမထင်ထားကြပါဘူး။ ပြီးတော့ အဲ့ဒီအချိန်ကာလဆိုတာက အာဖရိကမှာခေတ်ဦးလူသားတွေ ပေါ်ထွက်နေတဲ့အချိန်လို့ ကျွန်တော်တို့ယူဆထားတယ်’ လို့ ဂျိုဟန်နက်စ်ဘာ့ဂ်ရဲ့ ၀စ်ဝက်တာစရန်းတက္ကသိုလ်ရဲ့ ပရောဂျက် ခေါင်းဆောင် လီဘာဂျာကပြောပါတယ်။

ဒါပေမဲ့ ဟိုမိုနာလီဒီတွေ မျိုးတုံးသွားတဲ့အချိန်နဲ့မျိုးတုံးသွားရတဲ့အကြောင်းရင်းကိုတော့ အဖြေမပေးနိုင်သေးဘူးလို့ သူကပြောပါတယ်။

ရရှိခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ အခုချိန်ထိမျိုးတုံးသွားတဲ့ဖြစ်ရပ်ကို အတိအကျမညွှန်ပြ ထားတဲ့အတွက် သည်လူသားရှေ့ပြေးမျိုးစိတ်ဟာ နှစ်ပေါင်းနှစ်သိန်းမတိုင်ခင်အထိ ရှင်သန်နေထိုင်နိုင်ခဲ့ဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-22791922759138548242017-05-04T00:37:00.001-07:002017-05-04T00:37:35.657-07:00ဗုဒ္ဓဘာသာ၏ တိကျသော ဖြေရှင်းချက်
(ဗုဒ္ဓ ဘာသာ တရားကို မယုံကြည်လို့ မေးသော မေးခွန်း များကို တိကျသော ဖြေရှင်းချက်) ဒုတိယ အကြိမ် ပြန်လည် တင်ပေးခြင်း ဖြစ်ပါသည်။
(၁) - ဗုဒ္ဓ ဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူ ပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထား ခဲ့တဲ့ အတွက် တာဝန်မဲ့ရာ မရောက် ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီ ဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင် ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရ ဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေ ကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင် များဟာ ရုပ်တုကို ကိုးကွယ် ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူး ပါတယ်။ ဟုတ်ပါ သလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရား ကျောင်းတွေ ထဲမှာ စက္ကူ ပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူး ဆန်းဆန်း လုပ်ကြတာ တွေ့ကြ ရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြ ပါသလဲ။
(၁၀) - ဗုဒ္ဓ ဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြား မိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓ ဘာသာတွေ အမျိုးမျိုး ကွဲပြားနေ ပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီး တာပဲ။ သင်ဟာ သင့်ဘာသာ တရားကို မှန်တယ်လို့ ယူဆပြီး တခြား ဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံ ရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
(၁) မေး - ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ဗုဒ္ဓ ဘာသာ ဆိုတာ နိုးကြားရေး အတွေး အမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿန ပညာကို ဂေါတမ နွှယ်ဖွား သိဒ္ဓတ္ထ မင်းသား ကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓ မြတ်စွာ ဘုရားက စတင် ဟောပြော ခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာတည်း ဟူသော အိပ်ပျော် ခြင်းမှ) နိုးလာ ပြီးလျှင် ဘုရား အဖြစ်သို့ ရောက်တော် မူပါသည်။
ဗုဒ္ဓ ဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓ ဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိ တော့ ဗုဒ္ဒ ဘာသာဟာ အရှေ့တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ ပါတယ်။ သို့သော်လဲ ယခု အချိန်မှာ ဥရောပနှင့် အမေရိက တိုက်ရှိ နိုင်ငံ ပေါင်း များစွာ မှာလဲ ဗုဒ္ဓ ဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါး နေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿန ပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန် ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက် အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလို ပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင် ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝ တရားကို ကြည်လင် ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေး အတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစား ကြဖို့ သင်ပေး ပါတယ်။
ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါ အားလုံးရဲ့ မိတ်ဆွေ သဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာ တရား တိုးပွါးအောင် ကြိုးစားဖို့ ကိုလဲ သင်ပေး ပါတယ်။ ဒါကြောင့် ဗုဒ္ဓ ဘာသာကို အတွေး အမြင် ပညာ တစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေး အမြင် ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေး အမြင် ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ် မပေါ်မှီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော် မာယာတို့မှ သားကလေး တစ်ယောက် ဖွားမြင် ပါတယ်။ ဒီမင်းသား ကလေးဟာ စည်းစိမ် ဥစ္စာ ပြည့်ပြည့် စုံစုံနှင့် ကြီးပြင်း လာရ သော်လဲ နောက်ဆုံးမှာ လောကီ စည်းစိမ် ဥစ္စာတွေဟာ ချမ်းသာ ပျော်ရွှင် မှုကို မပေးနိုင်ဘူး ဆိုတာ တွေ့လာ ရတယ်။
ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲ ဒုက္ခတွေကြောင့် အကြီး အကျယ် စိတ် မချမ်း မသာ ဖြစ်ပြီး လူသားတို့ ချမ်းသာရေး အတွက် သော့ချက်ကို ရှာဖို့ ဆုံးဖြတ် လိုက်တယ်။
အသက်၂၉နှစ် ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ရဲ့ ကြင်ယာတော် (ယသောဓရာ)နှင့် သားတော် (ရာဟုလာ) ကို ထားခဲ့ ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာ ကြီးများရဲ့ ထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာ ခဲ့တယ်။
သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြ သော်လဲ သူတို့ ကိုယ်တိုင် ဆင်းရဲ ဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့ အတွက် ဒီဆင်းရဲ ဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။
သိဒ္ခတ္ထ မင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ် ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့ အတွက် (အမှန် တရားကို) ထိုးထွင်း သိမြင် သွားပါတယ်။
အဲဒီ အချိန်က စပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်း ဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြ ပါတယ်။ ဗုဒ္ဓ ရှင်တော် မြတ်ဘုရားဟာ အဲဒီ အချိန်မှ စပြီး ၄၅နှစ် ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိ ထားတဲ့ တရားတော်များကို လှည့်လည် ဟောပြော ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရ စရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါန ဈာန် အခြေခံလျက် မဂ္ဂင် ရှစ်တန်ပွါးမှသာ ဘုရား အဖြစ်သို့ ရောက်ပါသည်။)
ရှင်တော်မြတ် ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီ တရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝက အဖြစ် ခံယူ ကြပါတယ်။
သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့ အခါ သဘာဝ အလျောက် အိုခြင်း တရား၊ နာခြင်း တရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင်
နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင် စံတော် မူပါတယ်။
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့ အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထား နိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ် တွန့် ဆုတ် ဖြစ်နေ ခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေး စောင့်ရှောက် တာထက် တလောက လုံးရဲ့အကျိုးကို ဆောင်ရွက် တာက ပိုပြီး အကျိုး ကြီးမား တယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ် လိုက်တာပါပဲ။
ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေ တာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲ အပင်ပန်းခံ မှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေ ကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန် မမဲ့ကြောင်း ထင်ရှား ပါတယ်။
ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင် ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကို တွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန် သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေ ပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန် သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေ ဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေ ဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန် သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့ အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့ အခါမှာ သူတို့လို နေထိုင် ပြုမူ လိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ် ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီ နေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်း တွေက လူတွေကို အခုတိုင် အားတက် စေတုန်းပါပဲ။ သူ့စကားတော် တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲ စေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန် စံပြီးနောက် ရာစုနှစ်ပေါင်း များစွာ ကြာသည့် တိုင်အောင် ဒီလို စွမ်းအားများ ရှိနေနိုင်တာ ဖြစ် ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရ ဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ ထာဝရ ဘုရားရဲ့ သားတော်လို့ ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့်ကြား ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ် တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံ သူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေ ကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံ တစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့ အခါ အဲဒီ ဘုရားကို ချီးကျူး ထောပနာ ပြုကြတယ်။ ဂုဏ်ပြု ကြတယ်။ တစ်စုံ တစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူး ထောပနာ သံကို အဲဒီ ဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်း ပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။
ဗုဒ္ဓဘာသာ ၀င်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှု တစ်မျိုး ကတော့ မိမိတို့ လေးမြတ် ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံ တစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေ ရှိတဲ့ လူနဲ့တွေ့ရင် လက်ဆွဲနှုတ်ဆက် ကြတယ်။ အမျိုးသား သီချင်း တီးရင် မတ်တပ်ရပ် အလေးပြု ကြတယ်။ ဒါတွေ အားလုံးဟာ ရိုသေ လေးစားမှုကို ပြတဲ့ အမူ အရာတွေ ပါပဲ။
လေးမြတ် ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရို အသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာ ၀င်များ ပြုလုပ် ကြတဲ့ ရှိခိုး ကိုးကွယ်မှု မျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင် ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေး ချထားတဲ့ ဗုဒ္ဓ ရုပ်ပွါးတော်ရဲ့ မဟာကရုဏာ တော်ဖြင့် ကြည်လင် လန်းဆန်း နေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။
အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှု ကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေး နေပါတယ်။ ဆီမီးကတော့ ပညာ ဆီမီး တန်ဆောင် ထွန်းပြောင် စေဖို့ သတိပေး နေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်း ကြွေကျ သွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စ တရားကို သတိရ စေပါတယ်။
ဗုဒ္ဓ ရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ် ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူး တော်ကို လေးမြတ် ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် များရဲ့ ရှိခိုး ကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည် မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန် များကတော့ ရုပ်တုကို ထာဝရ ဘုရား (God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ် ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြ ကြပါတယ်။
သိကြတဲ့ အတိုင်းပဲ ဗုဒ္ဓ ဘာသာဝင် များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရ ဘုရားတစ်ပါး (God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာ ၀င်များဟာ သစ်သား ရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ် ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရား တိုင်းမှာ ဘာသာဝင် တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ် လက္ခဏာ (Symbol) အမျိုးမျိုးကို အသုံးပြု ကြပါတယ်။
ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ ယန်(Ying -Yang) ကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေး ဆိုင်ရာ ရုန်းကန် လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။ ခရစ်ယာန် ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက် စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါး ကပ်တိုင်ကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။
ဗုဒ္ဓဘာသာမှာ လူသား တစ်ဦးရဲ့ အလုံးစုံ ပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရား ရုပ်တုတော်ကို အမှတ် လက္ဓဏာ အဖြစ် အသုံးပြု ကြပါတယ်။ ဗုဒ္ဓ ရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော် များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေ ပါတယ်။ ဗုဒ္ဓ ဘာသာဟာ လူသားကို ဗဟိုပြု ပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေး အတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊ အဇ္ဈတ္တ သန္တာန် ကိုသာ ကြည့်ရမယ် ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရ စေပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုး ကိုးကွယ်တယ် ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့ အခါ အဲဒါတွေကို ကျွန်ုပ်တို့ အတွက် ထူးဆန်းနေ တတ်ပါတယ်။ အဲဒီလို ဟာတွေကို အထူး အဆန်း တွေပဲလို့ အမှတ် တမဲ့ ဘာသိ ဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့် ကြပါတယ်။
မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရ တတ်ပါတယ်။ ဒီလို ကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာ တိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရ တတ်ပါတယ်။
ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ် ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာ ထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ် မဟုတ်ပေ။ ထို့အတူပင် ကိလေသာ ရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေ ပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ် မဟုတ်ပေ။”
ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရား အကြောင်း ကောင်းကောင်း နားမလည် သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ် သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင် တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြား မိတာကတော့ ဗုဒ္ဓ ဘာသာဝင် များဟာ သူတို့ လုပ်တဲ့ ကုသိုလ် ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါ လိမ့်မယ်။
နှစ်ပေါင်း တော်တော်ကြာ ဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရား အားလုံး ပေါင်စည်း ညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့ အတွက် (Templeton Prize) တင်ပယ်လ်တန် ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့ အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ ပါတယ်။
၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီး တစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်း များစွာ ကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် [နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု] ကို ရရှိခဲ့ ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင် နေပါတယ်။
စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင် ပေးနေ ပါတယ်။ ဗုဒ္ဓဘာသာဝင် များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာ ကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင် မှတ်ယူကြ ပါတယ်။
သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုး တိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည် ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ် လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲ သကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြား တိုင်းဟာ ချိုကြတာ ချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြား အမျိုးမျိုး အစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြား နေကြသော်လဲ အနှစ်သာရ အားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲ ဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်း ဆိုတဲ့ အနှစ်သာရပါပဲ။
ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက် လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆို ကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။
ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်း အမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲ ခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်း တစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြု ကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီး တာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြား ဘာသာ တရားများကို ပွင့်ပွင့် လင်းလင်း ဝေဖန် စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြု မိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက် များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။
အားလုံးသော ဘာသာ တရားများက လူသားရဲ့ လက်ရှိ အခြေ အနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေ စိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံး ယုံကြည် ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြ ပါတယ်။
ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာ တရားများက ဒီ လုံးဝ အုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာ စကား အမျိုးမျိုး၊ နာမည် အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။
အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ် ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ် ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။
အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ ခေါ်တယ်။ တရုတ်က Pei အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်
တစ်ခြားလူ အခေါ် မှားတယ်လို့ ကိုယ့် အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက် အကန် ငြင်းခုံးနေ ကြပါရော။ အဲဒီ အခိုက်မှာ ဗုဒ္ဓဘာသာဝင် တစ်ဦး ရောက် လာပြီး ဘာမှ ပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက် ပြစ်လိုက် ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။
ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြု တာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုး ရှိမလဲ၊ သောက်ဖို့ ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်း လာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာ တရားများ အပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမှီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါ လိမ့်မယ်။ အဘိဓာန်များက ဒီလို ဖွင့်ပြ ကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝ တစ်ခုကို လက်တွေ့ မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့ အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ ပညာ၊ တိတိ ကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။
အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက် အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓ ဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါး ကတော့ သေသေ ချာချာ ကိုက်ညီ ပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယ သစ္စာပါ။ လိုချင် တပ်မက်မှု တဏှာကို ဆိုလို ပါတယ်။ ဆင်းရဲ ဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာ ဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿန ပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစား သိမြင်ရတဲ့ အရာတွေပါ။
တတိယ အမှန်တရားကတော့ နိရောဓ သစ္စာပါ။ ဆင်းရဲ ကုန်ဆုံးတဲ့ သဘော၊ ဆင်းရဲငြိမ်းတဲ့ သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင် ဆိုသူ တစ်ဦး ဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲ ဒုက္ခရဲ့ အကြောင်း တရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရား ကတော့ ဆင်းရဲ ငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲ ငြိမ်းရေး နည်းလမ်း ကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ် ပေးထားတဲ့ နည်းလမ်း အတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်း ကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာ လိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြ ထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။
ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကို မဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ် ပြီးမှ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံး အမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေ ပါတယ်။
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -

ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်

အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည် ပါနှင့်

သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့် မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်

တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်

စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်

ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်

မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်

သင်ကိုယ်တိုင် ကောင်းတဲ့ အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့် ၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘော သဘာဝ တွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာ တရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ် ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလို ပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရား တစ်ခု ဖြစ်ပေါ် လာလိမ့်မယ်။ အဲဒီ ဘာသာတရားဟာ ထာဝရဘုရား အယူ အဆကို လွှမ်းမိုး သွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲ ရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝ တရားနှင့် ဘာသာ တရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာ တရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံ လိမ့်မယ်။
ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာ တရား တစ်ခု ရှိတယ် ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။
အရှင်မုနိန္ဒ (ပန်းထော်) ပြန်လည် မျှဝေပါသည်။
Credit: Ven S Dhammika
From : ဖိုးသူတော်
Originally published at - http://www.phothutaw.com/2017/05/blog-post_41.html
Anonymoushttp://www.blogger.com/profile/12634707415957167770noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-86082965189042915812017-04-11T01:24:00.002-07:002017-04-11T01:24:38.394-07:00လူသားများကဲ့သို့ ပြုမူလှုပ်ရှား နိုင်ကြသည့် ချစ်စရာ ကြောင်ကလေးများ

လူတွေနဲ့ လက်ပွန်း တတီး နေထိုင် ကြတဲ့ အိမ်မွေး တိရစ္ဆာန် ကြောင်ကလေး တွေရဲ့ အတုယူ မြန်ပုံဟာ တကယ့်ကို အံ့သြ စရာပါပဲ။

သူတို့ဟာ လူသား တွေလိုပဲ နေ့စဉ် ရှင်သန် နေထိုင်မှု ဘဝထဲက ချစ်စဖွယ် လှုပ်ရှားမှု တွေနဲ့ ရှိနေ ကြတာပါ။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အိမ်မွေး တိရစ္ဆာန် ချစ်စရာ ကြောင်ကလေး တွေရဲ့ အတုခိုး ပြုမူ လှုပ်ရှား ကြပုံ တွေကို တွေ့မြင်ကြ ရပါ လိမ့်မယ်။

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်နေတဲ့ သခင့်အနားမှာ ဘားတန်းကို ခိုစီးပြတာတွေ၊ ဖရဲသီးကို လူတွေအတိုင်း ကိုက်စားပြခဲ့တာတွေအပြင် ရှေ့ခြေ ၂ ချောင်းကို ထောက်ကာ ကင်းမြီးကောက်ထောင် အနေအထားနဲ့ လမ်းလျှောက်ပြခဲ့တဲ့ ကြောင်ကလေးတွေကို ရုပ်သံဗွီဒီယိုအစပိုင်းမှာ တွေ့ရပါတယ်။

အဲဒီနောက်တော့ ကလေးပုခက်လွှဲချော့သိပ်တဲ့ လှုပ်ရှားမှုတွေ၊ လက်ဆွဲနှုတ်ဆက်သယောင် လက်ချင်းထိတွေ့ပြခဲ့တာတွေ၊ တံခါးကိုဖွင့်ဖို့ ကြိုးစားပြခဲ့တာတွေ၊ ကြမ်းပြင်ကို အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့တာတွေ၊ ပြေးစက်ပေါ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြခဲ့တာတွေဟာ လူတွေနဲ့မခြား တုပလုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200611

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-56791210682994889322017-04-03T03:33:00.001-07:002017-04-03T03:33:52.026-07:00လက်နှစ်ဘက် မပါရှိဘဲ ဘတ်စကက်ဘော ကစားပြနိုင်သည့် အံ့ဖွယ် ဆယ်ကျော်သက်

လက် ၂ ဘက်စလုံး မပါရှိဘဲနဲ့ ဘတ်စကက်ဘော ကစားပြနိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် အမေရိကန် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ် ဂျမ်မာရီ ယွန်စတိုင်လ်စ် ကတော့ တခြားသော သာမန်လူတွေ အတိုင်းပဲ ဘတ်စကက်ဘော စွမ်းရည်ပြ နိုင်ခဲ့ တာပါ။

သူဟာ အသက် ၈ လသား အရွယ်မှာ ရှားပါး ဘက်တီးရီးယား တမျိုးကြောင့် လက် ၂ ဘက်စလုံးကို ဖြတ်တောက် ခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တခြားသော အသင်းဖော်တွေနဲ့ တန်းတူ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားနိုင်ခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေ ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စတိုင်လ်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရေတန်မှ အီးဂဲလ်စ်လန်းဒင်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းအတွက် အနိုင်မှတ် ရစေမယ့် ဘတ်စကက်ဘောကို သွင်းယူသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီ့အတွက် ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ စုဝေးရောက်ရှိလာခဲ့ကြတာကို တွေ့ရမှာပါ။

အသင်းဖော်တွေကတော့ စတိုင်လ်စ်ဟာ အမြဲကြိုးစားနေတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး သူ့ကို မသန်စွမ်းသူတဦးလို့ မထင်ရအောင်ကို ကစားနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။

သူဟာ ဘောလုံးကိုလည်း ကောင်းကောင်းကစားနိုင်ပြီး အသက်ကြီးလာချိန်မှာ နာမည်ကျော် ဘောလုံးသမားတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ကျနော် အားကစားနည်းမျိုးစုံ ကစားပါတယ်။ ဘောလုံးဟာ ကျနော်အကြိုက်ဆုံး အားကစားနည်းတွေထဲက တခုပါပဲ” လို့ စတိုင်လ်စ်က ပြောပါတယ်။

အသင်းဖော် မာ့ခ် စတိဂ်ျကတော့ “သူဟာ အားကျစရာပါပဲ။ ခင်ဗျားတို့သိလား၊ သူက ကျနော်တို့ကို မျှော်လင့်ချက်တခုခု ပေးနေတယ်ဆိုတာ” လို့ ပြောပါတယ်။

စတိုင်လ်စ်က “အပြုသဘောဆောင်တဲ့ နေထိုင်မှုနဲ့ နေထိုင်ရုံပါပဲ။ ခင်ဗျားတို့လိုချင်တဲ့ နေရာရောက်ဖို့ ဘာမဆိုလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199134

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-29421190256355428842017-04-02T22:14:00.002-07:002017-04-02T22:14:17.839-07:00အမျိုးသား တွေက ရှောင်ရှား သင့်တဲ့ မိန်းမများ

1. မျက်နှာများသော / လော်လီသော မိန်းမ

မျက်နှာ များသော၊ လော်လီသော၊ ယောက်ျား တို့တွင် ပျော်ရွှင်သော မိန်းမတွေကို အမျိုးကောင်းသားတို့ ရှောင်ရှား သင့်ပါတယ်။ ဘာကြောင့် ရှောင်ရှားသင့် သလဲ မမေးပါနဲ့။ အဖြေက တစ်လုံး တည်းပါ။ စိတ်မချ ရလို့ပါ။ မျက်နှာ များတယ် ဆိုတာ ရည်းစား များတာကို ဆိုလိုပါတယ်။ ဒါကို မျက်စောင်း မထိုးကြပါနဲ့။ ဘယ်သူပဲ ဖြစ်ဖြစ် သူများပစ်လို့ ကျန်နေခဲ့ရတာ ဆိုရင်လည်း တစ်ယောက်စ နှစ်ယောက်စ များတာ အပြစ် မပြောလိုပါ။ တစ်ချို့ကကျတော့ အဲဒီထက် များတယ်။ အဲသလောက်

မျက်နှာများတဲ့ မိန်းမကို ဘယ်လို ပုံစံနဲ့ သင်နဲ့ ရမယ့် ကလေးတွေရဲ့ မိခင် ဖြစ်စေ မှာလဲ။ ဒါ အဖြေက ရှင်းပါတယ်။

2. လက်ဖွာသော မိန်းမ

လက်ဖွာတယ် ဆိုတာ ငွေရေးကြေးရေး အသုံးအနှုန်းမှာ စည်းနဲ့ ကမ်းနဲ့ မသုံးတာ ပါဘဲ။ ကျွန်တော် တစ်ခါက တွေ့ဖူး သေးတယ်။ တံငါသည် လင်မယားပေါ့။ အသုံးအစွဲ ကြီးသော မိန်းမ ယူမိလို့ ကတော့ တစ်သက်လုံး အိပ်ပေါက်နဲ့ ဖားကောက် ဖြစ်နေ ပါလိမ့်မယ်။ ကျွန်တော် ဆိုလိုတာက ဒါန လုပ်တာကို အပြစ် မပြောလိုပါ။

3. အရပ်တကာလည်တတ်သော မိန်းမ (သို့) ပွဲလန်းသဘင် ခင်တွယ်လွန်းသော မိန်းမ

ပျော်ပွဲ ရွှင်ပွဲတွေ ဆိုတာ မြန်မာနိုင်ငံမှာ (၁၂) ရာသီ မပြတ်ပါဘူး။ ရှေးဆရာတွေ ရေးခဲ့တဲ့ စာပေထဲမှာ ဇာတ်ပွဲ မက်သူတွေဟာ အဲဒီ ဇာတ်အဖွဲ့ သွားပြီး ကတဲ့ ရွာစဉ်လိုက် အားပေးတာတွေ ရှိတယ် လို့တောင် သိရပါတယ်။ အဲဒီ အထဲမှာ အများစုက အမျိုးသမီးတွေလို့ ဆိုပါတယ်။ အခုလည်း အပျော် အပါးကို တော်ရုံမက်ပါ။ အရပ်ထဲလည်ပြီး အတင်း တုတ်တာလည်း လျှော့ပါ။ မြို့ကြီး ပြကြီးလို နေတဲ့ မိန်းမတွေ ထဲမှာတော့ ကလပ် အမြဲတမ်း လိုလို တက်တာတို့၊ အိမ်လည်ထွက်

တာ များတာတို့ တွေလည်း ပါဝင် ပါတယ်။ လင်တို့ မယားတို့ ဘ၀မှာ တစ်ခြား ဘ၀ရှေ့ရေးအတွက် လုပ်စရာတွေ ရှိသေးတယ် မဟုတ်လား။

4. မောက်မာလွန်းသော မိန်းမ

မောက်မာတယ် ဆိုတာ စကားလုံးလေး လှအောင် သုံးထား တာပါ။ အမှန်တော့ ရိုင်းစိုင်းပါတယ်။ လူကြား သူကြားထဲ ငါနဲ့ ကော်ဆဲ တာမျိုး၊ ရှက်ရ ကောင်းမှန်းမသိ ထဘီလှန်ပြ တာမျိုး၊ ကတ်ကတ်လန် နှုတ်လန်ပြန်ထိုး တာတွေဟာ မိန်းမတွေ အဖို့ အတော်လေး တန်ဖိုးကျစေတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ အဲဒီလို ရိုင်းစိုင်းတဲ့ မိန်းမတွေကို ငါးစိမ်းသည်နဲ့ နှိုင်းကြပါတယ်။ ငါးစိမ်းသည်တိုင်း မရိုင်းပါ။ ဒါပေမယ့် စာနဲ့ ရေးပြဖို့ မတော်လောက်အောင် ရိုင်းစိုင်းတဲ့ သူတွေ တစ်ပုံကြီး ရှိပါတယ်။

5. လောင်းကစားလုပ်သော မိန်းမ

တစ်ချို့ မိန်းမတွေ ထဘီကြီး ရင်ခေါင်းတင်ပြီး ဖဲရိုက် ကြက်တိုက် လုပ်ကြတာ တောဘက်မှာ တွေ့ဖူး ပါတယ်။ မြို့သူများကတော့ ၀တ်ကောင်းစားလှလေး ၀တ်ပြီး ဂျင်ဝိုင်း ကာစီနိုဝိုင်း ပိုကာဝိုင်း သွားကြ တာပေါ့။ နောက်ပြီး နှစ်လုံး သုံးလုံး ကစားတာ တွေဟာ ဘယ်တုန်းကမှ ကောင်းကျိုးမပေးပါဘူး။ ဒါ့အပြင် မိန်းမကြီး တန်မဲ့ ဘောလုံးပွဲ ၀င်လောင်းတာ တွေတောင် တွေ့ရဖူး ပါတယ်။

6. ပျင်းရိလွန်းသော မိန်းမ

တစ်ချိ့ အရမ်းပျင်း လွန်းတဲ့ မိန်းမတွေ ရှိပါတယ်။ ဘယ်လောက်တောင် ပျင်းသလဲဆိုရင် ၀တ်ပြီးသား ထဘီ လျှော်ဖို့ နေနေ သာသာ ချွတ်ပြီး အကွင်းလိုက် ပုံထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ တစ်ချို့ကကျတော့ ပျင်းလွန်းတော့ ထူ၊ ထူလွန်းတော့ န၊ နလွန်းတော့ အ-ဆိုသလို တစ်နေကုန် ထိုင်ပြီး ဘာမှ မလုပ်ပဲ မှိုင်နေတဲ့ မိန်းမတွေလည်း အများသားပါ။ အဲဒီလို မိန်းမမျိုး ကိုယ့်ဆရာ ယူမိလို့ ကတော့ ထဘီတွေ အတွင်းခံတွေ လျှော်ပေးဖို့သာ ပြင်ထားပေတော့။

7. မိန်းမပေါ့

မိန်းမပေါ့ ဆိုတာ မိန်းမပျက်ကို ပြောတာပါ။ ဒါဆို ပြည့်တန်ဆာမ တွေက ယောက်ျား မယူရတော့ ဘူးလား၊ ကလေး မမွေးရတော့ ဘူးလား မေးစရာ ရှိပါတယ်။ ဒါက သူတို့ အခွင့် အရေးပါ။ ဒါပေမယ့် အမျိုးသားတို့ ရွေးချယ်တဲ့ အခါ ဘာကြောင့် ရှောင်ကြဉ်သင့် တာလဲဆိုတာ ပြောပါရစေ။ မွေးလာတဲ့ ကလေး မျက်နှာငယ်မယ်၊ လူတော မတိုးဘူး၊ သင့်ရဲ့ ဂုဏ်သိက္ခာ ကိုလည်း တစ်စတစ်စ ကျဆင်း စေမယ်၊ ပိုအဆိုးဆုံးက မွေးလာတဲ့ ကလေးတွေက အကြောင်းမလှလို့ သင့်ရုပ်ရည်နဲ့ မတူဘူး

ဆိုရင် ငါနဲ့ ရတဲ့ ကလေးမှ ဟုတ်ရဲ့လား-လို့ သံသယတွေ ပွားရမယ်။ ဒါတွေ အတွက် မယူသင့်တဲ့ မိန်းမထဲမှာ သူတို့ကို ထည့်ရတာ ဖြစ်ကြောင်းပါ။

Ref: eharmony

From : နတ်စည်တော် (Myanmar Online Media)

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-44849309257828016582017-04-02T19:19:00.004-07:002017-04-02T19:19:53.133-07:00အပြာကား ကြည့်တဲ့ အမျိုးသားတွေ အချစ်ရေး သာယာမှု လျော့နည်း

လိင် ဖျော်ဖြေရေး ဗီဒီယို (အပြာကား) တွေကို ကြည့်လေ့ ရှိတဲ့ အမျိုးသား တွေဟာ အချစ်ရေးမှာ စိတ်ကျေနပ်မှု လျော့နည်း စေတယ်လို့ လေ့လာမှု အသစ် တစ်ရပ် အရ သိရ ပါတယ်။

ဒီလေ့လာမှု ကိုတော့ အမေရိကန် ပြည်ထောင်စုရှိ Indiana University နဲ့ University of Hawaii ရှိ သုတေသီ တွေက လေ့လာမှု ပေါင်း ၅၀ ပြုလုပ်ပြီး နောက်မှာ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀ ခုရှိ လူပုဂ္ဂိုလ်ပေါင်း ၅၀,၀၀၀ ကို မေးမြန်း ထားတဲ့ အချက် အလက်တွေ အရ အပြာကား ကြည့်တဲ့ အမျိုးသား တွေဟာ အချစ်ရေး သာယာမှု လျော့နည်း သလို ချစ်မှုရေးရာ ကိစ္စတွေ မှာလည်း စိတ်ကျေနပ်မှု နည်းပါး သွားတယ်လို့ သိရပါတယ်။

ဖြေဆိုသူတွေမှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ ပါဝင်ခဲ့ပြီး အပြာကား ကြည့်တဲ့ အမျိုးသမီးတွေ ကတော့ အချစ်ရေးအပေါ် စိတ်ကျေနပ်မှုနည်းသွားတာမျိုး မရှိဘူးလို့ ဆိုတယ်။

အပြာကားကြည့်တဲ့ အမျိုးသားတွေဟာ လိင်ကိစ္စမှာ ကြိုးကြောင်း ဆီလျော်မှု မရှိတဲ့ မျှော်လင့်ချက်တွေ ထားမိ တာကြောင့် တကယ့် လက်တွေ့ ဘဝမှာ စိတ်ပျက် စရာတွေနဲ့ကြုံလာ ရခြင်း ဖြစ်ပါတယ်။

Cosmo က ဖော်ပြတဲ့ သတင်း တစ်ရပ်မှာ ဆိုရင် အပြာကား ကြည့်တဲ့ အမျိုးသမီးတွေက အချစ်ရေးမှာ ပိုပြီးပျော်ရွှင် ကြတယ်လို့တောင် သိရပါတယ်။

လူသိများတဲ့ အပြာဝက်ဘ်ဆိုက် PornHub ရဲ့ ယခုလ အစောပိုင်းမှာ ထုတ်ပြန်သွားတဲ့ အချက် အလက် အရ အမျိုးသမီးတွေဟာ အပြာကားတွေကို ဖုန်းကနေ ကြည့်ကြတာ ပိုများတယ်လို့ ဆိုပါတယ်။

Source : Daily Mail

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/relationships/-id6465033.html

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-73771971316630955322017-04-02T17:34:00.002-07:002017-04-02T17:34:45.846-07:00စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်နိုင်တော့တဲ့ အဖြစ်မျိုး အရောက် မခံပါနဲ့

ဘ၀ ဆိုတာ လှည်းဘီးလို အမြဲတမ်း လည်ပတ် နေတဲ့ အရာ၊ နိမ့်လိုက် မြင့်လိုက် နဲ့ပေါ့။ ပျော်စရာတွေ ရှိသလို စိတ်ဆင်းရဲ စရာတွေ နဲ့လည်း ကြုံရ တာပါပဲ။ အဲ့ဒီလို စိတ်ဆင်းရဲ စရာတွေ ကြုံလာတဲ့ အခါ အချိန်မှီ မဖြေရှင်းနိုင်ဘူး ဆိုရင် စိတ်ကျ ရောဂါ ဝင်လာ တတ်ပါတယ်။

ဒီလိုမျိုး မဖြစ်ရအောင် စိတ်ကျ ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်း အရာ အချက် အလက် တစ်ချို့ ကို ဖော်ပြ လိုက်ပါတယ်။ ဆင်ခြင် ပြုပြင်ပြီး ဘ၀ကို ခွန်အား ရှိရှိနဲ့ ရှေ့ဆက် ကြပါစို့ ...

၁။ လေ့ကျင့်ခန်းမလုပ်ခြင်း

နေ့စဉ် ပြုမူဆောင်ရွက်မှုတွေဟာ စိတ်နဲ့ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးတာ၊ စက်ဘီးစီးတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။ ပြီးတော့ စိတ်လေ့ကျင့်ခန်းလဲ လုပ်ပေးပါဦး။ စိတ်ကို အနားယူပါ။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပါ။

၂။ မှားယွင်းတဲ့ ကိုယ်အလေးချိန်လျှော့ချမှု

အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမကဘဲ စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများတဲ့ ကိုယ်အလေး ချိန်လျှော့ချမှု နည်းလမ်းဆိုးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အစား လုံးဝမစားဘဲ နေခြင်းထက် အစားကို သင့်တင့်မျှတအောင် မှန်ကန်အောင် စားသုံး တာကသာလျှင် ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါလိမ့်မယ်။

၃။ ပုံမှန်မဟုတ်သော အိပ်စက်မှုနှင့် စိတ်ဖိစီးမှု

လူတစ်ယောက်ရဲ့  အိပ်ချိန်ဟာ တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက်တော့ ရှိသင့်ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေနိုင်လို့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်တဲ့အခါ တောက်လျှောက် အိပ်စက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အိပ်ချိန်ကို ခွဲပြီး အိပ်စက်တာမျိုး (ဥပမာ ၂နာရီအိပ် လေးနာရီအလုပ်လုပ် ၂နာရီ ပြန်အိပ်တာမျိုး)ဟာ အလွန်အန္တရာယ်များပါတယ်။ စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ။

၎။ တစ်ယောက်တည်းနေခြင်း

လူဆိုတာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ နေတာပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်လိုက်ပါ။ မပြောင်းလဲနိုင်ဘူးဆိုရင် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ တစ်ကိုယ်တည်း အခန်းတံခါးပိတ်နေတတ်ခြင်းဟာ အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ သင့်ကို သွက်လက်တက်ကြွစေပြီး စိတ်ခွန်အားပေးနိုင်ပါတယ်။ တစ်ယောက်တည်းမနေပါနဲ့။ အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်မှာ ပိုပြီးတော့မနေပါနဲ့။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ စကားပြောပါ။

၅။ မှားယွင်းတဲ့အတွေးတွေ

စိတ်မကောင်းစရာတွေကို ခနခန ပြန်တွေးမနေပါနဲ့။ အပျက်သဘောဆန်တဲ့ အတွေးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်ပါပဲ။ ဖြစ်ပြီးခဲ့တာတွေကို အချိန်ကာလတစ်ခုစာပဲ ၀မ်းနည်းလိုက်ပါ။ ငိုစရာရှိရင် အားရအောင်ငိုလိုက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။ မကောင်းတာတွေတွေးတွေးပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။ ဘ၀ထဲက ဆိုးရွားမှုတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။

လူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ ရှိနေတတ်ပါတယ်။ ဒီကမ္ဘာကြီးမှာ မဖြေရှင်းနိုင်တဲ့ ဒုက္ခတွေ တစ်ပုံကြီးပါ။ အဲ့တာတွေကို ထပ်တလဲလဲတွေးမနေဖို့ လိုပါတယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေနဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ သူတို့က သင့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ သင်က ပြဿနာတွေ ဒုက္ခတွေ စိတ်ပင်ပန်းမှုတွေကို မလိုချင်ဘူးဆိုရင် ဆုပ်ကိုင်မထားပါနဲ့။ သင်ကိုယ်တိုင်ကမှ မပြုံးချင်ဘူးဆိုရင် ပျော်စရာတွေက သင့်ဆီ ဘယ်လိုလုပ်လာနိုင်ပါတော့မလဲ။

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/relationships/-id6464755.html

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-43437569462807061952017-04-02T17:26:00.002-07:002017-04-02T17:26:50.896-07:00လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ အတွက် သော့ချက် (၇) ခု

လက်ရှိ လုပ်နေ ရတဲ့အလုပ်က ပျင်းရိစရာ ကောင်းလာ တယ်လို့ ခံစားနေ ရပါသလား။ ဒါတွေ ကိုချည်း ထပ်ခါ တလဲလဲ လုပ်နေရလို့ ပင်ပန်း နေပြီလား။ မနက် မိုးလင်းတာနဲ့ အိမ်ကို ကျောခိုင်းပြီး အလုပ်ကို လာရတာဟာ စိတ်ညစ် စရာ ၀မ်းနည်းစရာ အဖြစ် ခံစားနေ မိပြီလား။ ကံကောင်း ထောက်မစွာနဲ့ပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ အတွက် အချက်ကလေး တစ်ချို့ကို တွေ့ရှိ ထားပါတယ်။

၁။ အရာအားလုံးကို မှန်ကန်တဲ့စိတ်ထားနဲ့ စတင်ပါ

ပျော်ရွှင်မှုဆိုတာ များသောအားဖြင့်တော့ ကိုယ်တိုင်ရွေးချယ်ရတဲ့ အခွင့်အရေးတစ်ခုပါပဲ။ အကောင်းမြင်စိတ်ကိုသာ ရင်ဝယ်ပိုက်ထားရင် ကံကောင်းခြင်းတွေ သင့်ဆီရောက်လာမှာပါ။ အလုပ်နဲ့ပတ်သတ်လာရင် အကောင်းဘက်ကမြင်ကြည့်ပါ။ ကဖျက်ယဖျက်စိတ်တွေ အ၀င်မခံပါနဲ့။ ခပ်မြန်မြန်မောင်းထုတ်လိုက်ပါ။ အလုပ်ထဲမှာ ကိုယ့်ကိုပျော်အောင်လုပ်နိုင်တဲ့လူ ဒါမှမဟုတ် ကိုယ်နဲ့အတူတူ ရယ်မောတတ်သူတွေအနားမှာနေပါ။

၂။ အဆိုးတွေကို မောင်းထုတ်ရှင်းလင်းပါ

အလုပ်တိုင်းမှာ အဆိုးမြင်ဝါဒီသမားတွေ ရှိပါတယ်။ သူတို့က ကိစ္စသေးသေးမွှားမွှားလေးတွေကိုတောင် အမြဲတမ်း စောဒကတက်နေကြသူတွေ။ သူတို့နားမှာနေရင်တော့ ကိုယ့်ရဲ့  အကောင်းမြင်စိတ်ကလေးနဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားပါလိမ့်မယ်။ ဖြစ်နိုင်သမျှ ဝေးဝေးရှောင်ပါ။ အရာရာကို မကောင်းတဲ့စိတ်နဲ့ပြောနေတဲ့စကားတွေ ရုံးတွင်းကအတင်းအဖျင်းတွေကို လိုက်ပြီးဖြေရှင်းမနေပါနဲ့။ တကယ်တော့ အတင်းဆိုတာ သူတို့ပြဿနာတွေနဲ့ ကိုယ့်အရည်အချင်းကို အဆိပ်ခပ်နေကြသူတွေဆီက ဆင်းသက်လာတာပါပဲ။

၃။ ကျေးဇူးတင်တတ်ပါစေ

ကျေးဇူးစကားရဲ့  ကြီးမြတ်မြတ်မှုကို သင် ဘယ်တုန်းကမှ လေးလေးနက်နက် မတွက်ဆခဲ့ဘူးမဟုတ်လား။ သင့်အလုပ်ရှင်နဲ့ သင့်လုပ်ဖော်ကိုင်ဘက်တွေကို ကျေးဇူးတင်ပါ။ သူတို့ကို ကျေးဇူးတင်ပါတယ်လို့ ထုတ်ပြောလိုက်တာဟာ လောက၀တ် ယဉ်ကျေးမှုတစ်ခုသာမကဘဲ သူ့တို့အတွက် စိတ်ခွန်အားကို ပေးလိုက်တာဖြစ်တယ်။ သင်က လူတွေကို ကြင်နာတဲ့အခါ သင့်စိတ်ခံစားမှုတွေက သင့်ကို ပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ သင့်နံဘေးက တစ်ချို့လူတွေဟာ သင့်အတွက် ခွန်အားတွေဖြစ်နေတတ်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဖို့ မကြောက်ပါနဲ့။ ဒီလိုပြောလိုက်ရင် သင်နဲ့သူ့ကြားက ပေါင်းသင်းဆက်ဆံရေးဟာ ပိုလို့တောင် ခိုင်မြဲလာပါလိမ့်မယ်။ ဒါ့အပြင် သင့်အပေါ်ကို အသေးအမွှားလေးတွေကအစ သင့်ဆီကို ပိုကောင်းတာလေးတွေ ပေးလာပါလိမ့်မယ်။ အဲ့ဒါ သင့်ကို ပျော်ရွှင်စေမှာပေါ့။

၎။ သည်းခံနိုင်တဲ့ အတိုင်းအတာ

အလုပ်ထဲမှာ ပျော်ချင်တဲ့သင့်အတွက် အရေးကြီးအချက်တွေထဲက တစ်ခုကတော့ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကို ကိုယ်တိုင်သိထားခြင်းပါပဲ။ စိတ်တည်ငြိမ်သူတွေနဲ့ အကောင်းမြင်သမားတွေမှာတောင်မှ ဒေါသစိတ် အနဲငယ်စီ ရှိကြပါတယ်။ သူတို့နဲ့ ပြဿနာမဖြစ်ချင်ဘူးဆိုရင်တော့ သူတို့ သည်းမခံနိုင်လောက်တဲ့အရာတွေကို သွားမထိပါနဲ့။ ကိုယ့်ရဲ့  သည်းခံနိုင်မှုကုန်ဆုံးချိန်ကိုလဲ ကိုယ်တိုင်နားလည်ထားရင် ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ပြုပြင် ဆင်ခြင်မိပြီး မကောင်းတာတွေ မလုပ်မိဖို့ ကန့်သတ်ထားပါ။ ဒီလိုမှမဟုတ်ရင်တော့ ၂ဘက်လုံးမှာ အဆိုးတွေချည်း ဖြစ်လာနိုင်ပါတယ်။

၅။ အလုပ်ရှင်ကို လေးစားပါ

သူဌေးကို ချိုသာပျော့ပြောင်းစွာ လေးစားစွာဆက်ဆံတာနဲ့ မျက်နှာချိုသွေးတာက အကွာကြီးပါ။ အလုပ်ရှင်ကို လေးလေးစားစားဆက်ဆံတဲ့အခါ သင်နဲ့သူ့ကြားမှာ နားလည်မှု ယုံကြည်မှုတွေ တိုးပွားလာပါလိမ့်မယ်။ သင့်ရဲ့  အလုပ်လုပ်နိုင်စွမ်းလဲ ပိုမိုမြင့်မားလာသလို သင့်လစာတွေ အပိုဆုကြေးတွေကိုလဲ ပိုမိုတိုးလာစေပါတယ်။ ရိုးသားကြိုးစားမယ် ပြီးတော့ မြင့်မြင့်မှန်းမယ်ဆိုရင် သင့်ရည်မှန်းချက်တွေပြည့်ဝကာ သင့်ကိုလဲ ပျော်ရွှင်စေမှာဖြစ်တယ်။ ဒေါသကြီးလွယ်တဲ့ အလုပ်ရှင်တွေဟာ ချိုသာပျော့ပြောင်းမှုနဲ့ လေးစားမှုကို မလွန်ဆန်နိုင်တာမို့လို့ အလုပ်ရှင်နှင့် သင့်ကြားမှာ လေးစားစွာနဲ့ သိမ်မွေ့စွာပြောဆိုခြင်းက သင့်ကို အောင်မြင်မှု ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။

၆။ အမုန်းဆုံးအလုပ်တစ်ခုကိုဖြေရှင်းခြင်းဖြင့် လုပ်ငန်းစပါ

လူတိုင်းမှာ ကြိုက်တဲ့အလုပ်တွေရော မကြိုက်တဲ့အလုပ်တွေရော ရှိပါတယ်။ ကိုယ်မုန်းတီးရတဲ့အလုပ်တွေ အပါအ၀င်ပေါ့။

တကယ်လို့ သင် ဒါမျိုးကြုံလာပြီဆိုရင် သူတို့ကို အရိုးရှင်းဆုံးနည်းလမ်းတွေနဲ့ စတင်ဖြေရှင်းခြင်းဖြင့် သင့်ရဲ့  အလုပ်အပေါ်စိုးရိမ်မှုတွေကို တိုက်ထုတ်ပစ်ပါ။ ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာကတော့ ရှင်းပါတယ်။ လုံးဝမနှစ်သက်တဲ့အလုပ်တစ်ခုကို ပြုလုပ်ဖို့ ကြုံရတဲ့အခါ ကိုယ်တို့က အချိန်ဆွဲနိုင်သမျှ ဆွဲထားတတ်ကြတယ်။ ဒါပေမဲ့လည်း ဒါကို အနှေးနဲ့အမြန်ဆိုသလို လုပ်ရမှာပဲဆိုတဲ့စိတ်က သင့်ကို လေးလံစေပြီး ပျော်ရွှင်မှုတွေကို ဖျက်ဆီးတတ်ပါတယ်။ ဒီလိုမျိုး မလုပ်ချင်တဲ့အလုပ်ကိုပဲ မနက်ခင်းစောစော လုပ်ငန်းဝင်ခါစတည်းက ဖြေရှင်းပစ်လိုက်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ သင်နှစ်သက်တဲ့အလုပ်တွေက သင့်ကို ပျော်ရွှင်စာ စောင့်နေပါလိမ့်မယ်။ အဲ့တာက ဘာနဲ့တူသလဲဆိုရင် ပေါ့ရွှတ်ရွှတ်အသီးအရွက်တွေစားပြီး သင်အကြိုက်ဆုံးအချိုပွဲကို စားရတာနဲ့ တူပါတယ်။

၇။ အပြုံးတွေနဲ့ ၀န်းရံထားပါ

ရယ်မောခြင်းဆိုတာ အလွယ်ကူဆုံးနည်းပါ။ ဒါပေမဲ့ သိပ်အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါ။ အရယ်အပြုံးကင်းတဲ့နေ့ဟာ လူ့ဘ၀ထဲက နေ့ကောင်းတစ်နေ့ကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါကြောင့် အရမ်းအရမ်းကို အရေးကြီးတဲ့အချက်က သင်ကိုယ်၌ကရော သင့်ပတ်ဝန်းကျင်မှာ အပြုံးတွေနဲ့ တန်ဆာဆင်ပါ။ သင်စိတ်ဓါတ်ကျနေချိန်မှာတောင် ရယ်မောခြင်းက သင့်ကို ပိုမိုတိုးတက်ကောင်းမွန်တဲ့ စိတ်ဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့အရာဆိုတာ သင်နှစ်သက်တဲ့ ဓါတ်ပုံတစ်ပုံလဲ ဖြစ်နိုင်သလို ဟာသတစ်ပုဒ်လဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်နေနေ သင့်အတွက် အဓိပ္ပာယ်ရှိပြီး သင့်ကိုပျော်ရွှင်စေမယ်ဆို အဲ့ဒီလိုအရာတွေနဲ့ နေပါ။ သင့်ကို ပိုမိုပျော်ရွှင်စေတဲ့ လူတွေနဲ့ အရာဝတ္ထုတွေဟာ တိမ်ထူထူကိုဖောက်ထွင်းလာတဲ့ နေရောင်ခြည်နဲ့တူပါတယ်။ သင့်ကိုယ်ရေးကိုယ်တာတွေကြောင့် အလုပ်ထဲမှာ မပြုံးမရယ် ခပ်တည်တည်ကြီးမနေပါနဲ့။

Source : LifeSpan

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/relationships/-id6464679.html

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-83454499757921653742017-04-02T01:08:00.001-07:002017-04-02T01:08:34.147-07:00ကမ္ဘာ့ ပထမ ဦးဆုံးသော စကားပြောသည့် လိင်ဆက်ဆံဖော် အရုပ်

နောက်ဆုံးပေါ် လိင် ဆက်ဆံဖော် အရုပ် အဖြစ် စကား စမြည် ပြောဆိုနိုင်မယ့် ပထမ ဦးဆုံးသော လိင်ဆက်ဆံဖော် အရုပ်ကို တီထွင် လိုက်ပါတယ်။

အခု အသစ် တီထွင် လိုက်တဲ့ လိင်ဆက်ဆံဖော် အရုပ်ကို တီထွင်သူက ဒီအရုပ်မှာ တွေးခေါ် ဆင်ခြင်နိုင်မှု အသိဉာဏ်၊ ရှက်စနိုး ဖြစ်တတ်သော၊ ဖော်ဖော် ရွေရွေ ရွှင်ရွှင် ပြပြ နေတတ်သော၊ မနာလို တတ်သော၊ ရင်ဖို စိတ်လှုပ်ရှား တတ်သော၊ စိတ်အနှောင့် အယှက် ဖြစ်တတ်သာ၊ ကြင်နာ တတ်သော၊ လိင်ဆက်ဆံမှု ရမက်ရှိသော စတာတွေ အပါဝင် ကိုယ်ရည် ကိုယ်သွေး ၁၈ မျိုး ပါဝင်အောင် ဖန်တီးပြုလုပ် ထားတယ်လို့ သိရပါတယ်။

ကိုယ်နှစ်သက်တဲ့ပုံစံအရ ဒီအရုပ်ကို ပိုအရေးပါအောင် ပြောင်းလဲလို့လည်း ရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံထဲမှာ Real Dool ကုမ္ပဏီရဲ့ ဦးဆောင်အရာရှိချုပ်နဲ့ စက်ရုပ်အဆင့်မြင့်တီထွင်သူ မက်တ်မက်မူလန်က “လိင်ကိစ္စနဲ့ ပတ်သက်ပြီး မင်းဘယ်လို ခံစားရသလဲ” လို့ အရုပ်ကို မေးမြန်း ထားပါတယ်။

စကားမပြောခင်မှာ တကယ့်သက်ဝင်နေတဲ့ လူလိုဖြစ်နေတဲ့ ဟာမိုနီလို့အမည်ပေးထားတဲ့ အရုပ်က “လိင်ကိစ္စဆိုတာ ကမ္ဘာပေါ်မှာ အရမ်းစိတ်ဝင်စားစရာ စွဲမက်စရာ အကောင်းဆုံးတွေထဲက တစ်ခုပါ၊ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားတယ်လို့ ကျမ မထင်ဘူး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။

သုံးစွဲသူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှတ်မိနေမယ့် “ပုံသေမှတ်ဉာဏ်နဲ့” စကားပြောတဲ့ လိင်ဆက်ဆံဖော် အရုပ်တွေ မေလ ထွက်ရှိမှာ ဖြစ်ပြီး ဝယ်ယူ သုံးစွဲသူ စိတ်ကြိုက် ကိုယ်ရည် ကိုယ်သွေးနဲ့ အရုပ်တွေကို မှာယူနိုင် တယ်လို့ ဒေးလီးစတားမှာ သတင်းမှာ ရေးသား ထားပါတယ်။

လိင်ဆက်ဆံဖော်အရုပ်မှာ ရှိတဲ့ အေပီပီ/app က သုံးစွဲမယ့်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အရုပ်တွေမှာ စိတ်ကြိုက် သီးခြားကိုယ်ရည်ကိုယ်သွေးဖြစ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

“ဒီစက်ရုပ်ကို တီထွင်လိုက်ရတဲ့ စိတ်ကူးက ကိုယ်လိုချင်တဲ့ လက်တွဲဖော် မရရှိခဲ့တဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ” လို့ မက်မူလန်က ပြောပါတယ်။

“ငါဗိုက်ဆာတယ် ဘာစားရင်ကောင်းမလဲ” လို့ သူ့ကို မင်းမေးနိုင်တယ်။ “မင်းရဲ့အကြိုက်ဆုံး အစားအစာက ပီဇာလို့ ငါ့ကို ပြောဖူးတယ်၊ ပီဇာစားသင့်တယ်လို့ သူမက ပြန်ပြောလိမ့်မယ်”လို့ မက်မူလန်က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူတစ်ဦးကတော့ “ဈေးဝယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လို ခံစားရလဲလို့ မေးပေးပါ။ အကယ်၍ ဒါကို သူမ ဂရုမစိုက်ဘူး ဆိုရင်တော့ ကျနော် ဝယ်မယ်လို့” အင်စတာဂရမ်မှာ ဟာသအနေနဲ့ ရေးထား ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199017

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-42047000841457155772017-04-01T15:10:00.002-07:002017-04-01T15:10:40.392-07:00ကမ္ဘာ့ အကျယ်ပြန့်ဆုံး မြေကွက် ၀ယ်ယူမှု ဖြစ်ခဲ့တဲ့ အလက်စကာ ဒေသ အကြောင်း

အမေရိကန် နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတ ဖြစ်တဲ့ အန်ဒရူး ဂျွန်ဆင်က အလက်စကာ ဒေသကို ၀ယ်ယူ ခဲ့စဉ်တုန်းက လူအများက သူကို လှောင်ပြောင် ခဲ့ကြပေမဲ့ ယခု အချိန်မှာတော့ ထိုဝယ်ယူ မှုဟာ နိုင်ငံ အတွက် သမိုင်းဝင်တဲ့ လုပ်ဆောင်မှု တစ်ရပ် အဖြစ်ပါ တည်ရှိ ခဲ့တာ ဖြစ်ပါတယ်။

အလက်စကာ ဒေသကို ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရုရှားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၇.၂ သန်း (မြန်မာငွေ သိန်း ကိုးသောင်း ၈ ထောင်ခန့်) မျှဖြင့် ၀ယ်ယူ ခဲ့တာ ဖြစ်ပြီး ၀ယ်ယူမှုကို ဦးစီးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံ အိတ် ဆီဝတ်ရဲ့ ကြိုးပမ်းမှု ကြောင့်လည်း ဖြစ်ပါတယ်။

အလက်စကာ ဒေသကို ၀ယ်ယူခဲ့တဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်ကြောင့် အမေရိကန်နိုင်ငံဟာ စတုရန်း မိုင်ပေါင်း ၅၈၆၀၀၀ မျှ ပိုမိုကျယ်ဝန်း ခဲ့ရတာဖြစ်ပြီး ဒီဧရိယာဟာ တက်ဆက်စ် ပြည်နယ်ရဲ့ ၂ ဆမျှ ရှိတာလည်း ဖြစ်ပါတယ်။ (ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ၄၀ မြောက် ဧရိယာ ကျယ်ပြန့်တဲ့ နိုင်ငံဖြစ်ပြီး စတုရန်း မိုင် ၂၆၁၂၂၈ မိုင် ရှိပါတယ်)

President_Andrew_Johnson

အလက်စကာ ဒေသကို အမေရိကန် နိုင်ငံက ၁ ဧက ကို ၂ ဆင့်ခန့်မျှနဲ့ ၀ယ်ယူနိုင် ခဲ့တာ ဖြစ်ပြီး (100 ဆင့် = ၁ ဒေါ်လာ) ဒီကနေ့ ခေတ် အမေရိကန် နိုင်ငံ အတွက် အလွန် တရာ အကျိုး အမြတ် ရှိစေမဲ့ အလက်စကာ မြေ၀ယ်ယူ မှုကြီးကို ထိုစဉ်က နိုင်ငံရေး သမားများနဲ့ သတင်းစာ များက လှောင်ပြောင် ခဲ့ကြပြီး သမ္မတ ဂျွန်ဆင် လုပ်သမျှကို ကန့်လန့် တိုက်ခဲ့ပြီး အလက်စကာ မြေ၀ယ်ယူမှု ကြီးကို ” ဆီဝတ်ရဲ့ မိုက်မဲမှု ” “Seward’s Folly” လို့တောင် နာမည်ပေး ခဲ့ကြပါတယ်။

ဝယ်ယူမှု ဦးဆောင်ခဲ့သူ နိုင်ငံခြားရေး ၀န်ကြီး william-seward

အလက်စကာ ပြည်နယ်ဟာ အမေရိက ရဲ့ တခြားသော ပြည်နယ် များထက် ဦးစွာ လူများ ၀င်ရောက် နေထိုင် ခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၅၀၀၀ ခန့် ကတည်းက အာရှတိုက်ကို ဖြတ်၍ အလက်စကာ ဒေသမှာ လူများ နေထိုင် ခဲ့ကြောင်း အထောက် အထားများ တွေ့ရှိခဲ့ရပြီး နောက်ပိုင်း ခေတ်မှာတော့ ၁၇၄၁ ခုနှစ် အထိ လူသူ အရောက် အပေါက် မရှိခဲ့သလို အလက်စကာ ဒေသကို ရှိမှန်းလည်း မသိခဲ့ ကြပါဘူး။

သို့ပေမဲ့ ၁၇၄၁ ခုနှစ်မှာ ရုရှား စူးစမ်း လေ့လာသူ တစ်ဦးဖြစ်တဲ့ Vitus Bering က အလက်စကာ ဒေသကို ပထမဆုံး ရောက်ခဲ့သူဖြစ်ပြီး ရုရှား ဇာဘုရင်များရဲ့ ပိုက်နက် ဖြစ်တယ်ဆိုပြီး နယ်မြေ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

အလက်စကာ ပြည်နယ် ၀ယ်ယူခြင်း စာချုပ် ချုပ်ဆိုနေစဉ်

သို့ပေမဲ့ ၁၇၈၄ ခုနှစ် အထိ အလက်စကာ ဒေသမှာ ရုရှား လူမျိုး ရာဂဏန်း မျှသာ နေထိုင် ကြပြီး အမေရိကန် အခြေချသူ များသာ များနေတဲ့ အတွက် ရုရှား အာဏာပိုင် များက အလက်စကာ ဒေသကို အမေရိကန်တွေ သိမ်းယူ သွားမှာကို စိုးရိမ်လာ ကြပါတယ်။

ဒီလိုနဲ့ နောက်ပိုင်း ကာလ များမှာ ဇာဘုရင်ရဲ့ အစ်ကို ဖြစ်သူကတောင် အလက်စကာ ဒေသဟာ မလိုအပ်ဘူးလို့ ယူဆခဲ့တဲ့ အတွက် ၁၈၅၀ ခုနှစ်မှာ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ အလက်စကာ ပြည်နယ် ရောင်းဝယ်ရေး အတွက် ဈေးညှိနှိုင်းရေးများ စတင် လုပ်ဆောင် ခဲ့ပါတယ်။

ဒေါ်လာ ၇.၂ သန်းတန် ချက်လက်မှတ်

အလက်စကာ ဒေသဟာ သမ္မတ အေဗရာဟမ် လင်ကွန်း လက်ထက်မှာ ကတည်းက ဈေးစကား စပြော ခဲ့ကြတာ ဖြစ်ပေမဲ့ နောက်ပိုင်း အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားလာတဲ့ အတွက် ဆွေးနွေး မှုတွေ ခေတ္တ ဆိုင်းငံ့ သွားခဲ့ ပါတယ်။

သို့ပေမဲ့ ပြည်တွင်းစစ် ပြီးလို့ သမ္မတ လင်ကွန်း ကွယ်လွန် အပြီးမှာ သမ္မတ ဂျွန်ဆင် တက်လာခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီး ဆီဝတ်က အလက်စကာ ပြည်နယ် ရောင်းဝယ်ရေးကို ဦးဆောင် ခဲ့တာဖြစ်ပြီး ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရွှေသား အမေရိကန် ဒေါ်လာ ၇.၂ သန်းနဲ့ အလက်စကာ ဒေသကို ၀ယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အလက်စကာ

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ဟာ အမေရိကန်နိုင်ငံအနေနဲ့ အလက်စကာဒေသကို ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့တာ နှစ်ပေါင်း ၁၅၀ ပြည့်ခဲ့ပြီး ယနေ့အချိန်မှာတော့ အလက်စကာဒေသမှာရှိတဲ့ မြို့တွေ၊လမ်းတွေ၊ကျွန်းတွေ အားလုံးကို အလက်စကာမြေ၀ယ်ယူမှု ဦးဆောင်ခဲ့သူ ဆီးဝတ်ကို ဂုဏ်ပြုပြီးမှည့်ခေါ်ထားကြပါတယ်။

Ref : History

From : SHWEMOM by arkarhein

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-59714181708348718432017-03-30T17:36:00.000-07:002017-03-30T17:36:32.967-07:00ရာဇဝတ်သား မူးယစ်သားကောင် ဘ၀မှ ရုန်းထွက်ပြီး သန်းကြွယ် သူဌေး ဖြစ်လာသူ

မူးယစ် သားကောင် ဖြစ်ပြီဆို ပြန်လည် ရုန်းထွက်ဖို့ မလွယ်တော့ ပါဘူး။ မူးယစ် သားကောင် တွေဟာ ဆေးသုံးစွဲမှု သက်တမ်း ရင့်လာ သည်နှင့် အမျှ သုံးစွဲတဲ့ ဆေး ပမာဏ လျှော့ပြီး သုံးချင် တယ်လို့ မရှိတော့ပဲ တိုးတိုး လာဖို့သာ ရှိပါတော့တယ်။

နောက်ဆုံးမှာ မူးယစ် သားကောင်ကြီး ဘ၀ကို ရောက်ရှိပြီး၊ ဆေးအလွန် အကျွံ သုံးစွဲ မိလို့ ရှော့ဖြစ်ပြီး သေတဲ့ ဘ၀ကို ရောက်ရ ပါတော့ တယ်။

တကယ်တော့ Overdose (ဆေးအလွန်အကျွံသုံးစွဲခြင်း)ဟာ တစ်ကြိမ်တည်းနဲ့တင် သေဆုံးစေနိုင်ပါတယ်။ တစ်ချို့က တော့ နှစ်ကြိမ် သုံးကြိမ်မြောက်မှာ မာလက ဈာန်ကြွ ကြတော့တာပါဘဲ။

ဒါပေမယ့် Khalil Rafati လို့ အမည်ရတဲ့ အမျိုး သားကတော့ မူးယစ်ဆေးကို အလွန်အကျွံသုံးစွဲခဲ့ပြီး သူ့တစ်သက်မှာ Overdose ဖြစ်လို့ (၉)ကြိမ်အထိ ဆေးရုံတက်ခဲ့ရ

ပါတယ်။

ထိုစဉ်က Khalil ဟာ အသက် 33 နှစ်သာ ရှိသေးပြီး၊ အခုဆို အသက် 46 အရွယ် လူကြီး ပိုင်းကို ရောက်လာ ပါပြီ။ နောက်ဆုံး အကြိမ်မှာတော့ ဆရာဝန်တွေက Khalil ကို Defibrillator နဲ့ အသက်ကယ် ခဲ့ရပြီး၊ ဆေးရုံ ပေါ်မှာ ကာလရှည် အနားယူခဲ့ ရပါတယ်။ အဲဒီနောက် Khalil ဟာ အကြောက်ကြီး ကြောက်သွား ခဲ့ပြီး ဆေးကို ရအောင် ဖြတ်ခဲ့ တာပါ။

ယခင်က Khalil ဟာ အိုဟိုင်းယိုးမှ လော့စ်အင်ဂျလိစ်ကို သွားရောက်ခဲ့ပါတယ်။

အရင်ဦးဆုံး ကားပစ္စည်း အစုံအလင် ရောင်း တဲ့ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အထူုးအောင်မြင်ခဲ့ပြီး သူရဲ့ ဖောက်သည်တွေထဲမှာ နာမည်ကျော်တွေ ဖြစ်တဲ့ Elizabeth Taylor နဲ့ Guns N’ Roses ဂစ်တာသမား Slash တို့တောင် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက် မှာ ဘိန်းဖြူ မှောင်ခို ရောင်းတဲ့ အလုပ်ပါ လုပ်ခဲ့ တာပါ။

အဲဒီနောက်မှာတော့ Khalil ဟာ မူးယစ်မှု/ဆေးမှုတွေနဲ့ ထောင်ဒဏ်ရင်ဆိုင်ခဲ့ရပြီး၊ အောက်ဆုံးအဆင့်ကို ရောက်သွား ပါတယ်။ ထောင်ကထွက် တော့ ဆေးအလွန် အကျွံ သုံးစွဲမှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး၊ ဆေးဖျက် ဌာကို ရောက်ခဲ့ ပါတယ်။

ဆေးကိုလည်း အောင်မြင်စွာ ဖျက်နိုင်ခဲ့ပြီးဖျော်ရည် ရောင်းတဲ့ Juice Bar လုပ်ငန်းကို စတင်ခဲ့ပါတယ်။

လုပ်ငန်းနာမည်ကတော့ SunLife Organics ဖြစ်ပြီး အမေရိကားမှာ အအောင်မြင်ဆုံး ကုန်အမှတ် တံဆိပ်တွေ ထဲမှာ တစ်ခု အပါအ၀င် ဖြစ်လာ ခဲ့ပါတယ်။ အခုအခါမှာတော့ မူးယစ် သားကောင် အဖြစ်မှ ရုံးထွက်နိုင် ခဲ့တဲ့ Khalil ဟာ အခုအခါမှာ အထင်ကရ သန်းကြွယ် သူဌေးကြီး ဖြစ်နေပါပြီ။

သူက ” ကျွန်တော် အောက်ဆုံး တကာ့ အောက်ဆုံးကို ရောက်ခဲ့ တာပေါ့ဗျာ …. ဒီထက် ထပ်ပြီး တူးဖို့တောင် မကျန်တော့ ဘူး … ကျနော့် ဂေါ်ပြားတောင် ကျိုးပျက် ခဲ့တဲ့ အထိ မိုက်တွင်း နက်ခဲ့တယ် .. ဒါပေမယ့် ကျွန်တော် ကျော်ဖြတ်နိုင် ခဲ့ပါပြီ “လို့ ပြောခဲ့ ပါတယ်။

လက်ရှိအချိန်မှာ Khalil ဟာ Forget to Die အမည်ရ ပင်ကိုယ်ရေး အထ္ထုပ္ပတ္တိ စာအုပ်ကိုလည်း eBay မှာ ဖြန့်ချိ ရောင်းချနေ ပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co.uk

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-72229239235848666702017-03-30T17:13:00.003-07:002017-03-30T17:13:57.635-07:00နာမည်ကြီးနေတဲ့ အိန္ဒိယ မီးတောက် ကွမ်းယာ

ကွမ်းကို အိန္ဒိယမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ တည်းက စားလာတာ ယနေ့ အထိပါ။ အာရှနိုင်ငံ တော်တော် များများမှာ ကွမ်းစားတဲ့ ဓလေ့ကို တွေ့ရပြီး ကွမ်း ယာဆိုင် တော်တော် များများကို လမ်းဘေးမှာ တွေ့ရမှာပါ။ သာမန်ကွမ်းယာနဲ့ မတူတဲ့ မီးတောက် ကွမ်းယာဟာ အိန္ဒိယမှာ လက်တလော ရေပန်းစား နေပါတယ်။

ကွမ်းရွက်ဟာ ချောင်း ဆိုးတာ၊ အအေးမိတာ ၊ဖျားနာတာ၊ ခေါင်းကိုက် တာတွေကို ပျောက်စေတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။

အခုမီးတောက် ကွမ်းယာ ကိုတော့ Pradhuman Shukla ရဲ့ မိသားစုပိုင် ကွမ်းယာဆိုင် ကနေ ရောင်းချ တာပါ။ ဆိုင်ရဲ့ တည်နေရာ ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ တည်ရှိ တာပါ။

သူ တို့မိသားစုဟာ ကွမ်းရောင်းလာတာ နှစ်နှစ်ဆယ် ကျော်ရှိခဲ့ ပါပြီ။

နောက်ပိုင်း မှာေ တာ့ ကွမ်းယာကို တမူ ထူးခြားတဲ့ ပုံမျိုးနဲ့ ရောင်းမယ်လို့ စိတ်ကူး ရခဲ့ပြီး မီးတောက် ကွမ်းယာကို ဖန်တီး ခဲ့တာပါ။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာတော့ မီးတောက် ကွမ်းယာဟာ အွန်လိုင်းမှာပါ နာမည်ကြီး သွားခဲ့ ပါတယ်။

မီးတောက် ကွမ်းယာကို ရောင်းချ သူကိုတော့ Mr. Prem နဲ့ Chunni Lal လို့ လူသိ များပါတယ်။ (၄၅) ရက်လောက် စမ်းသပ် မှုတွေ လုပ်ပြီးမှ မီးတောက် ကွမ်းယာကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့တာလို့ သိရ ပါတယ်။

ပါဝင်ပစ္စည်းတွေ ကတော့ ပုံမှန် ကွမ်းယာတွေနဲ့ အတူတူပါပဲ။ ကွမ်းယာကို ယာပြီးမှ အထူး ဖန်တီးထားတဲ့ လေးညှင်းပွင့်ကို အပေါ်မှာ ထည့်ပေး လိုက်တာပါ။

မီးတောက် ငြှိမ်းပြီးနောက် မှာတော့ လေးညှင်းပွင့်ရဲ့ အေးတဲ့ ခံစားမှုကို ခံစား ရတယ်လို့ ပြောကြပါ တယ်။ မီးတောက် ကွမ်းယာကို စားပေးရင် အအေးမိ၊ ဖျားနာတွေ အတွက် ကောင်းတယ် လို့ ဆိုကြ ပါတယ်။

ဖောက်သည် တစ်ယောက်က နေ့တိုင်း လာပြီး ပါးစပ်ထဲမှာ ပြည်တည် အနာရှိ တာကြောင့် ကွမ်းရွက် ပေးဖို့ တောင်းခဲ့ကြောင်း၊ နေ့တိုင်း ပေးပေမယ့် မသက် သာ ဘူးလို့ ပြောခဲ့ ပါတယ်။

တစ်နေ့မှာတော့ အထူး ဖန်တီး ထားတဲ့ မီးတောက် ကွမ်းယာကို ပေးလိုက်တဲ့ အခါမှာတော့ ပါးစပ် ထဲက ပြည်တည်နာ ပျောက်သွား ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုနဲ့ပဲ မီးတောက် ကွမ်းယာ ပေါ်ပေါက် လာတယ်လို့ Pradhuman Shukla ကပြောပါတယ်။

မီးတောက် ကွမ်းယာကို စားသုံး သူတွေရဲ့ ပါးစပ်ထဲ အရောက် ထည့်ရောင်း ချပေးနေ တာပါ။ သူများတွေ စားနေ တာကို ကြည့်ပြီး စိတ်ဝင် စားလို့ စူးစမ်းပြီး စားကြည့်တဲ့ သူတွေ များလာ ရာကနေ တဖြည်းဖြည်း နာမည်ကြီး လာခဲ့ ပါတယ်။

တခြားကွမ်းယာသည် Chunni Lal ဆိုသူ ကလည်း သူနေထိုင်ရာ Rajkot မြို့မှာ မီးတောက် ကွမ်းယာ ရောင်းချ နေတယ်လို့ သိရပါတယ်။

Ref;odditycentra

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-32096041758481128242017-03-29T20:04:00.004-07:002017-03-29T20:04:57.378-07:00လူသေအလောင်းနဲ့ ပျော်ပါးမိလို့ ကိုယ်ဝန်ရခဲ့တဲ့ အမျိုးသမီး

ရင်ခွဲရုံမှာ လူသေ အလောင်းကောင် တွေကြား လုပ်ကိုင်ရတဲ့ အလုပ်က တစ်ကယ်ကို ကြောက်စရာ ကောင်းတာတော့ အမှန်ပါပဲ။ ဒီကြား ထဲမှာ ဟိုတွေး ဒီတွေးနဲ့ သရဲ တွေများ ကိုယ့်အနား ရှိနေမလား၊ လာခြောက်လှန့် မလား ဆိုပြီး စိတ်ထဲမှာ တွေးကြောက် တတ်သူ ဆိုရင်တော့ ဒီအလုပ်က တစ်ကယ် မတွေးရဲ စရာပါ။

ဒါပေမယ့် မလုပ် မဖြစ်လို့ လုပ်ကိုင်ရင်း နေသားကျ သွားရင်တော့ အလောင်းကောင် တွေဟာ အထူး အဆန်း မဟုတ်တော့ ပြန်ပါဘူး၊ ကြောက်စရာ လို့လည်း မြင်မိမှာ မဟုတ်တော့ ပါဘူး။ ဒီလိုနေသားကျ လာပြန်တော့ လူသေ အလောင်းတွေနဲ့ အပျော် သဘော ကာမ စပ်ယှက်ချင်တဲ့ စိတ် ဖြစ်လာတတ် ပါတယ်။

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်က လက်ဆင်တန်မြို့က ရင်ခွဲရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖယ်လီစီတီ မာမာဒုခ် ဆိုသူ အမျိုးသမီးဟာ အလုပ် ကြိုးစား သလောက် လုပ်ဖော် ကိုင်ဖက်တွေ ကြားမှာ ပေါင်းသင်း ဆက်ဆံရေး ကောင်းသူ အဖြစ် အသိမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။

သူမ ညဂျူတီ ဆင်းတဲ့ တစ်ရက် မှာတော့ ယောက်ျား လူသေ အလောင်းတွေ ထဲကမှာ စွဲဆောင်မှု အရှိဆုံးလို့ သူထင်တဲ့ အလောင်း တစ်လောင်းကို အလောင်း စင်ပေါ်တင်၊ သေချာ ရေဆေးကျောပြီး အလောင်းနဲ့ စိတ်ကြိုက် ပျော်ပါး ခဲ့ပါတယ်။ အဲဒီည ကတော့ သူမအတွက် အတွေ့ အကြုံ သစ်တွေ ရလိုက် ပါတယ်။

တစ်ပတ်နှစ်ပတ်ခန့် အကြာ သူ့ရဲ့ရာသီချိန်မှာ ရာသီပန်း မပွင့်တာကို သတိထား မိပြီး ကိုယ်ဝန် စစ်တဲ့ ကရိယာနဲ့ စစ်ဆေးကြည့် ရာမှာတော့ သူမအကြီး အကျယ် ထိတ်လန့် သွားခဲ့ ရပါတယ်။ အနီရောင် အတန်း နှစ်တန်းနဲ့ ကိုယ်ဝန် ရှိနေကြောင်း ပြသနေတဲ့ အတွက်ပါ။

ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ဒီအတော အတွင်း မည်သူနဲ့မှ ကာမ စပ်ရှက်မှု မရှိထားတာ သေချာကြောင်း ပြောပြ ခဲ့သလို လူသေကောင် ယောက်ျားနဲ့တော့ ပျော်ပါး မိခဲ့ကြောင်း ဝန်ခံ ခဲ့ရ ပါတယ်။ ဆရာဝန်က ဆက်လက် မေးမြန်ခဲ့ရာ သူမရဲ့ ကိစ္စပြီး ခဲ့ကြောင်း ဝန်ခံခဲ့ ပါတယ်။

ဆရာဝန်က သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပြီးနောက် သူမဟာ မဟုတ် မဟတ် လုပ်ခဲ့မှု အတွက် အဖမ်းခံ ခဲ့ရကာ ဒေါ်လာ ၂၅၀,၀၀၀ တန် ခံဝန်ထိုးခဲ့ရပြီး လူသေနဲ့ မတော်တလျော် လုပ်မှု အတွက် တရားစွဲခံ ခဲ့ရ ပါတယ်။

Credit: popolay

From : sunthit

Originally published at - http://www.sunthit.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-13215402615391957762017-03-29T01:39:00.000-07:002017-03-29T01:39:07.633-07:00ကွန်ကရစ် ဘလောက်တုံး ၁၁၁ တုံးကို စက္ကန့်ပိုင်း အတွင်း ဦးခေါင်းဖြင့် ရိုက်ချိုးပြသည့် လူငယ်

ဘော့စနီးယား နိင်ငံမှ အာမက် စပက်ဟစ်ဟာ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် လူငယ် တဦး ဖြစ်ပေမယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင် နိုင်စွမ်းတွေကို ပြသနိုင် ခဲ့ပါတယ်။

ဦးခေါင်းကို အသုံးပြုပြီး ကွန်ကရစ် ဘလောက် အတုံးပေါင်း ၁၁၁ တုံးကို ရိုက်ချိုး ပြနိုင်ဖို့ ဆိုတာ တော်တော့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် တိုက်ကွမ်ဒို ချန်ပီယံ ကစားသမား တဦးဖြစ်တဲ့ အာမက် စပက်ဟစ်ကတော့ အချိန် ၃၅ စက္ကန့် အတွင်းမှာပဲ ဒါကို လုပ်ပြနိုင် ခဲ့ပါတယ်။

ဒါကို ဘော့စနီးယားနိုင်ငံ မြို့တော် ဗီဆိုကိုမှာ သရုပ်ပြ စွမ်းရည် ပြသ ခဲ့တာဖြစ်ပြီး ဂင်းနက်စ် မှတ်တမ်း စံချိန်တင်နိုင်ဖို့ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198158

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-32422176864011645552017-03-26T14:29:00.000-07:002017-03-26T14:29:09.899-07:00မိန်းကလေးများ နှစ်သက်လေ့ရှိတဲ့ ယောင်္ကျားလေး အမျိုးအစား (၅) မျိုး

လူများဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြ ပါဘူး။ ဒါပေမဲ့ တစ်ချို့သော အမျိုးသား တွေက မိန်းကလေး များကို အလွယ်တကူ ဆွဲဆောင်နိုင် ကြပါတယ်။ တစ်ချို့ ယောင်္ကျားလေး တွေကျတော့ လည်း မိန်းကလေး များကို ဆွဲဆောင်နိုင်စွမ်း မရှိကြ ပါဘူး။

ဒါဟာ လူချင်း တူနေပေမဲ့ မိန်းကလေး အများစု နှစ်သက်တဲ့ ပုံစံတွေ မရှိလို့ ဖြစ်နိုင်ပါတယ်။

အခုအောက်မှာတော့ မိန်းကလေး များကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေး များနဲ့ မိန်းကလေး များကို မဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများ အကြား ဘာကွာခြား နေသလဲ ဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

ဒီလို ကိုယ်ပိုင် ပုံစံတွေကို ကူးချလို့ မရပါဘူး။ ဒီကိုယ်ပိုင် ပုံစံတွေဟာ ကိုယ်ပိုင် ပုံစံသာဖြစ်ပြီး မိန်းကလေးတွေ ကလည်း ပုံစံတုနဲ့ ပြောဆို ဆက်ဆံတဲ့ သူတွေကို အလွယ် တကူ အကဲခ တ်နိုင် ကြပါတယ်။

၁။ စိတ်ကူးယဉ် ဆန်လွန်းတက်သော ယောင်္ကျားလေးများ

စိတ်ကူးယဉ် ဆန်တဲ့ ယောင်္ကျားလေး ဆိုတာ မိန်းကလေး တစ်ယောက်ကို ပန်းတွေ သွားပေးတတ်သူ၊ မွေးနေ့ လက်ဆောင်လေးတွေ ပို့ပေး တတ်သူဖြစ်ပြီး စိတ်ကူးယဉ် ဆန်ဆန် ပိုးပန်း တတ်တဲ့ သူကို တည်တည် တံ့တံ့ နေကြတဲ့ ယောင်္ကျားလေး တွေထက် မိန်းကလေးများက ပိုနှစ်သက် ကြပါတယ်။

၂။ ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ

ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ ဟာ မိမိကိုကိုယ်ကို အပြည့်အ၀ ယုံကြည်စိတ်ချမှု ရှိပြီး စကားပြောရာမှာလည်း ရဲရဲရင့်ရင့် ပြောတတ်ကြပါတယ်။

Relationships တစ်ခုမှာ ဆိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးဟာ မိမိချစ်သူရဲ့ လက်တွဲဖော်၊ သူငယ်ချင်း များနဲ့ ပါတ်သတ်ပြီး ဘယ်တော့မှ သ၀န် မတို တတ်သူ လည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ယောင်္ကျားလေးဟာ မိန်းကလေးဆီမှာ အတည်ပြုထောက်ခံချက်ကို တောင်းခံလေ့မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုဆက်ဆံတတ်တဲ့ အတွက် မိန်းကလေးများက ပို၍ နှစ်သက်ကြတာ ဖြစ်ပါတယ်။

၃။ ထောက်ထား ညှာတာ တတ်တဲ့ ယောင်္ကျားလေးမျိုး။

မိန်းကလေးတစ်ယောက်ကို အရင်ထိုင်စေတယ်၊ညစာစားရာမှာလည်း အရင်ထုတ်ရှင်းတတ်ပြီး မိန်းကလေးတစ်ယောက်ကို ထောက်ထားညှာတာ တတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးများဟာ ယေဘုယျအားဖြင့် နှစ်သက်လေ့ရှိတတ်ကြပါတယ်။

၎။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေးမျိုး။

လွတ်လွတ် လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေး ဆိုတာဟာ ရှင်းအောင် ပြောရရင်တော့ ပါတ်ဝန်းကျင်က လူဆိုးလို့ သတ်မှတ် ထားကြတဲ့ ယောင်္ကျား လေးများ ဖြစ်ကြ ပါတယ်။ ဒီလို ယောင်္ကျားလေး အများစုကို ငယ်ရွယ် သေးတဲ့ မိန်းကလေး များက နှစ်သက် ကြလေ့ ရှိကြ ပါတယ်။

မိန်းကလေး ငယ်ငယ်လေး တွေဟာ ဒီလို လွတ်လွတ် လပ်လပ်နေတဲ့ ယောင်္ကျားလေး တွေကို နှစ်သက်ကြပြီး ဒီယောင်္ကျားလေးကို နိုင်နင်းအောင် ကိုင်တွယ် လိုကြ ပါတယ် ။မိန်းကလေး အများစုက သူကိုကြည့်ပါလား ငါ့နဲ့တွေ့မှ ငြိမ်သွားတာ ဆိုတာမျိုးကို အရသာခံ ပြောလိုကြပြီး ဆပ်ကပ်ဆရာက အဆိုးဆုံး ကျားကို ယဉ်ပါးအောင် ထိန်းကျောင်း လိုတဲ့ သဘာဝနဲ့ ဆင်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ယောင်္ကျားလေး။

ဒီလို ယောင်္ကျားလေး များဟာ ရှိနေတဲ့ လူအုပ်ကို ပွဲကျအောင် လုပ်နိုင် တတ်တဲ့ သူဖြစ်ပြီး အနီး အပါးက သူတွေကို ပျော်ရွှင်စေတဲ့ သူမျိုး ဖြစ်ပါတယ်။ လူတိုင်းနဲ့ ကောင်း မွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်တဲ့ လူမျိုး ဖြစ်ပြီး လိမ္မာ ပါးနပ်တဲ့ သူမျိုးတွေလည်း ဖြစ်ပါတယ်။

ဒီလိုယောင်္ကျားလေးမျိုးရဲ့ ဆွဲဆောင်မှုတစ်ခုဟာ သူနဲ့ နရတဲ့ အချိန်များကို ရယ်မောအောင် လုပ်နိုင်ခြင်း ဖြစ်ပါတယ်။

From : SHWEMOM by arkarhein

Originally published at - http://www.shwemom.com

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-85580148473085977822017-03-24T15:49:00.002-07:002017-03-24T15:49:35.292-07:00အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ

လူသား တွေရဲ့အိုမင်းမှု ဖြစ်စဉ် ဖြစ်တဲ့ ဇရာကို ပြောင်းပြန် လှန်မယ့် ထူးထူး ခြားခြား ဆေး ဖော်မြူလာကို ဖြစ်စေနိုင်တဲ့ တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဆိုပါ ဆေးဝါးက ဒီအန်အေကို အံ့သြစရာ ကောင်း လောက်အောင် ပြန်ပြုပြင် ပေးနိုင်ပြီး မားစ် ဂြိုလ်ပေါ်က နာဆာ အာကာသ ယာဉ်မှူးတွေ ကိုတောင် ဆိုရာ ရောင်ခြည် ဖြာထွက်မှု ကနေ ကာကွယ် ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရ ပါတယ်။

ဆဲလ် အိုမင်းမှု ဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှု ဖြစ်စဉ်တွေရဲ့ အဓိက အချက်ပြ ဖြစ်စဉ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါ ဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက် ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

“ ရက်သတ္တပတ် တပတ် အကြာ ဒီဆေးနဲ့ ကုသပေး ပြီးနောက်မှာ အိုမင်းနေတဲ့ ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်က ရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင် တော့ပါဘူး” လို့ အဆိုပါ သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်း ကရဲယာ က ပြောဆို ခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လ အတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင် ခဲ့မယ် ဆိုရင်တော့ လူသားတွေ အသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ် ကင်းတာ သေချာအောင် သုံးနှစ် ကနေ ငါးနှစ် အထိ ထပ်ပြီး လေ့လာ စမ်းသပ် ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခ ဒေးဗစ်ဆင် ကရဲယာက ဆက်လက် ပြောဆို ခဲ့ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-81981630069432477122017-03-23T01:15:00.000-07:002017-03-23T01:15:00.711-07:00အိပ်ရမည့် အလုပ်အတွက် တရုတ်ယွန် ၁ သိန်းပေးပြီး ဝန်ထမ်းခန့်

ရှန်ဟိုင်း ကုမ္ပဏီ တခုက တနှစ်ကို တရုတ်ငွေ ၁ သိန်း ပေးမယ့် (အမေရိကန် ဒေါ်လာ ၁ သောင်း ၄ ထောင် ၅ ရာကျော်) “အိပ်ရမှာကို သက်မွေး ဝမ်းကျောင်း အလုပ်” အဖြစ် တကယ် လုပ်နိုင်မယ့် ဝန်ထမ်း တွေကို အလုပ် ခန့်မယ်လို့ ရှန်ဟိုင်း ရစ်ထ် အင်တာနက် သတင်း စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒီအလုပ်က ပုံမှန် အလုပ် လုပ်စရာ မလိုပဲ အနားယူနိုင်ပြီး စိတ်ဖိစီးမှု နည်းတဲ့ အလုပ်ဖြစ်မယ်၊ ခဏတာ ပေါ့ပေါ့ ပါးပါးအိပ်စက်နိုင်မယ်၊ သင် ကံကောင်းနေမယ့် အလုပ် မျိုးလို့ ညွှန်းထား ပါတယ်။

ဘေးဂျင်းမောနင်းပို့စ်သတင်းအရ အလုပ်ရှင်က ဓာတ်စာဖြည့်စွက်ကုန် ထုတ်လုပ်သူဖြစ်ပြီး သူလိုချင်တာက လူတွေက သူ့ထုတ်ကုန်တွေကို သုံးစွဲပြီး အိပ်ရမယ်၊ ပြီးရင် အဲဒီအတွေ့အကြုံတွေကို အစီရင်ခံစာ ရေးရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီကိစ္စက ပြောတာထက်တော့ နည်းနည်းရှုပ်ထွေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အလုပ်ပေါင်းစုံရဲ့ အချိန်ဇယားတွေကို ထင်ဟပ်စေဖို့ မတူညီတဲ့ အိပ်ချိန် ဇယားတွေမှာ သင့်ကို အိပ်ခိုင်းမှာ ပါလို့ ဆိုပါတယ်။

အလုပ်လုပ်မယ့် သူရဲ့ အဓိက အရည်အသွေးက အိပ်ရတာကို နှစ်သက်ဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝှမ်းမှာ ဒီလို အိပ်ရတာကို သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ရတဲ့ အလုပ်အကိုင်တွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်က ကုမ္ပဏီတွေနဲ့ သုတေသီတွေက ဘာကြောင့် အမေရိကန်လူမျိုး သုံးပုံတပုံက လုံလောက်အောင် မအိပ်စက်ကြသလဲဆိုတာကို ရှာဖွေဖို့ အိပ်ရမယ့်အလုပ် လုပ်သူတွေကို လစာ အမေရိကန် ၃ သိန်းထက်ပိုတဲ့ ငွေကြေးတွေ ပေးနေတာကို သိတဲ့ အလုပ်အကိုင် အကြံပြုသူတဦးနဲ့ ဘေဂျင်းမောနင်းပို့စ်က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံမှာ လူတွေက ကျန်းမာရေးအတွက် စိုးရိမ်လာကြလို့ မကြာခင်မှာ အိပ်ရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်မဲ့သူတွေ ပိုပိုပြီး များပြားလာနိုင်တယ်လို့ သတင်းက ခန့်မှန်းထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196832

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-34710921832671777602017-03-23T01:02:00.003-07:002017-03-23T01:02:40.752-07:00သားကို တိုက်သတ်ခဲ့သည့် ဘတ်စ်ကားအား ရပ်တန့်ရန် ကြိုးစားခဲ့သည့် အံ့ဖွယ်နွားမကြီး

လွန်ခဲ့တဲ့ ၄ နှစ်က သားကို တိုက်သတ် ခဲ့တဲ့ ဘတ်စ်ကားကို မမေ့ဘဲ မိခင် နွားမကြီးက အဲဒီ ဘတ်စ်ကားကို ရပ်တန့်ဖို့ ကြိုးစား နေတာကို ရုပ်သံထဲမှာ မြင်တွေ့ ရမှာပါ။

ဒီရုပ်သံက ဘယ်လို လူမျိုးကို မဆို စိတ်မကောင်း ဖြစ်စေမိမှာ အမှန်ပါပဲ။

တိရစ္ဆာန် တွေက စိတ်ခံစား လှုပ်ရှားမှု မရှိဘူးလို့ ထင်တဲ့ သူတွေလည်း ဒီရုပ်သံကို ကြည်သင့် တယ်လို့ ညွှန်းဆို ထားပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှာရှိတဲ့ ဆာဆီမြို့မှာ ဘတ်စ်ကားတစီးက နွားသားပေါက်လေးတကောင်ကို မိခင်နွားမကြီးရဲ့ မျက်စိရှေ့မှာပဲ တိုက်သတ်မိသွားခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီးကတည်းက မိခင်နွားမကြီးဟာ အထိတ်တလန့်ဖြစ်သွားပြီး သူ့သားကို တိုက်မိခဲ့တဲ့ ဘတ်စ်ကားနား နေ့တိုင်း လှည့်ပတ်သွားနေတယ်လို့ သိရပါတယ်။

နွားမကြီးက သားကိုတိုက်မိခဲ့တဲ့ ဘတ်စ်ကားနဲ့ ကားမောင်းသမားကို တိုက်ခိုက်ဖို့ နေ့တိုင်း ကြိုးစားနေတာလို့ ဆိုပါတယ်။

ရုပ်သံထဲမှာ နွားမကြီးက ဘတ်စ်ကားရှေ့ကို လာပြီး ရှေ့ဆက်သွားလို့မရအောင် တားဆီးနေတာလည်း မြင်ရမှာပါ။

အမျိုးသားတဦးက တုတ်တချောင်းနဲ့ နွားမကြီးကို ခြောက်လန့်ပြီး ဘတ်စ်ကားရှေ့က ဖယ်ခိုင်းကာ တခြားနေရာကို သွားခိုင်းပေမယ့် ဒီလို တုတ်နဲ့ ခြောက်လန့်နေတဲ့ လူဆီက လွတ်သွား တာနဲ့ နွားမကြီးက ဘတ်စ်ကားနောက်ကို ပြန်ပြေး လိုက်နေတာပါ။

ထူးခြားတာတခုကတော့ နွားမကြီးဟာ အဲဒီနေရာကိုလာနေတဲ့ ဘယ်ဘတ်စ်ကားကိုမှ ရပ်တန့်ဖို့ကြိုးစားတာမဟုတ်ဘဲ သူ့သားပေါက်လေးကို တိုက်သွားခဲ့တဲ့ ဘတ်စ်ကားကိုသာ ရပ်တန့်တားဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196822

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-33580121545709708352017-03-13T01:14:00.003-07:002017-03-13T01:14:43.969-07:00လိပ်စာကဒ် (သို့) Business card တွေကို သတိထား (မိန်းကလေးများ သိထားရန်)

အမျိုးသမီး တစ်ဦးက ဓာတ်ဆီ ဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ် ၀တ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည် မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

သူမကလဲ သဘောရိုး နဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက် လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီ ယောက်ျား ဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး

မောင်းတဲ့ ကားပေါ် တက်သွား ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက

ယောက်ျား က တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာ တာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

အဲဒီ အချိန်မှာပဲ သူမဟာ တအား ခေါင်းကိုက် လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ ဖြစ်ကြောင်း သတိ ထား မိလိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့ အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ ကားက သူမ ကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

ဒါနဲ့ လူနဲ့ကား စည်ကားရာ ဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထား မိပြီး အကူ အညီ ရလို ရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို မောင်းပြေး ပါတော့ တယ်။ သူတို့ရန်က လွတ်ခဲ့ ပေမယ့် သူမ ကတော့ မိနစ် တော်တော် ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ် ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။

လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ခေါ်တဲ့ ဆေးကို သုံးတတ် ကြတယ်။

အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မှီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်း ပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်း အစ တစ်ခုကနေ အနံ့ အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက် ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်းတွေကို အပြစ်မဲ့ သူတွေ ရှောင်ရှား နိုင်ကြပါစေ။

From : Credit - ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Originally published at - =source=

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0tag:blogger.com,1999:blog-5740297031801039822.post-10688412411666604122017-03-13T01:14:00.002-07:002017-03-13T01:14:27.027-07:00အသွင်သဏ္ဌာန် မျိုးစုံဖြင့် ပျံသန်းသည့် အံ့သြဖွယ်ရာ ဆက်ရက်အုပ်စု

အင်္ဂလန် နိုင်ငံ ကင်းဘရစ်ခ်ျ ရှိုင်းယား ကောင်တီမှာ ဆက်ရက် တွေရဲ့ အံ့သြ ဖွယ်ရာ သဘာဝ ဖြစ်ရပ်ကို ငှက်စောင့်ကြည့်သူ တဦးက အမိအရ ရုပ်သံ မှတ်တမ်း ရိုက်ခဲ့ ပါတယ်။

“ဒါက တကယ့် ငှက်အုပ်စု အကြီးကြီး တခုပါ။ နေ့အလင်းရောင် မှိန်လာတဲ့ အချိန်မှာ သူတို့ စတင်ပြီး ဒီလို ထူးခြား ဆန်းပြားတဲ့ အသွင် သဏ္ဌာန်တွေနဲ့ ပျံသန်း ပါတယ်” လို့ ဒီလို ငှက်တွေ ပျံသန်းတာကို ရုပ်သံ မှတ်တမ်း တင်ထားတဲ့ အယ်လ်ကစ်တ် ချင်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။

သဘာဝဗီဇတွေအကြောင်း ရေးသားပြီး ဓာတ်ပုံမှတ်တမ်းတင်သူ ကစ်တ်ချင်ကို သူ့ရဲ့သူငယ်ချင်းတဦးက သူရုပ်သံမရိုက်ကူးခင် တညက အလားတူပုံစံမျိုး ဆက်ရက်တွေ ပျံသန်းတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကစ်တ်ချင်က ဒီလို အလားတူပျံသန်းမှုမျိုး မြင်ရဖို့ ဆက်ရက်တွေ ပထမနေ့က ပျံသန်းခဲ့တဲ့နေရာကိုပဲ သွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော် အရင်က သိပ်ထူးထူးခြားခြားမဟုတ်တဲ့ ပျံသန်းမှုမျိုးကို ၂ ကြိမ်လောက်မြင်ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ တကယ့်ထူးခြားမှုပါပဲ” လို့ ကစ်တ်ချင်က ပြော ပါတယ်။

ငှက်များကာကွယ်စောင့်ရှောက်ရေး တော်ဝင်အသိုင်းအဝန်း (RSPB) ရဲ့ အပြောအရ ကျွဲဆက်ရက်တွေရဲ့ တတွတ်တွတ်မြည်သံ သဘာဝဖြစ်စဉ် ဆိုတာ ကောင်းကင် အထက်မှာ ငှက်ထောင်သောင်းပေါင်းများစွာ ထိုးဆင်းလာကာ ပတ်ချာလည် လှည့်လည်ပျံသန်းတာဖြစ်တယ်လို့ သိရပါတယ်။

သတ္တဝါတွေကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ပြီး လုံခြုံမှုရှိဖို့နဲ့ အနွေးဓာတ်ရဖို့ စတာတွေအပါအဝင် အကြောင်းများစွာကြောင့် ဆက်ရက်တွေ ဒီလိုပျံသန်းတယ်လို့ RSPB အင်တာနက်စာမျက်မှာ ရေးသားထားပါတယ်။

တချို့နေရာတွေမှာ ဒီသဘာဝဖြစ်စဉ်ဖြစ်တဲ့ ဆက်ရက်တွေ အစုလိုက် ထိုးဆင်းပတ်ချာလည် ပျံသန်းတာဟာ ဆက်ရက်ကောင်ရေပေါင်း ၁ သိန်း ဝန်းကျင်လောက်ထိ ဖြစ်တယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194539

Anonymoushttp://www.blogger.com/profile/14924043914817389378noreply@blogger.com0