အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

ဆေးစိမ်ယောနိ ၂၁ ခုကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ အမျိုးသား တရား ရင်ဆိုင်ရ




အမျိုးသမီး ၂၁ ဦးရဲ့ ယောနိတွေကို မပုပ် မသိုးအောင် ဆေးစိမ်ပြီး ရေခဲသေတ္တာ ထဲမှာ ထည့်သိမ်းထား ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားဟာ တရား ရင်ဆိုင်နေ ရပါတယ်။

အသက် ၆၃နှစ်ရှိ Peter Frederiksen ဟာ တောင်အာဖရိကရှိ သူ့အိမ်မှာ သူ့ရဲ့ထူးထူး ဆန်းဆန်း စုစည်းမှုကို ရဲတွေက ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် အဖမ်းခံ ခဲ့ရတာပါ။

သူ့ကိုစွပ်စွဲထားမှုတွေက “လုံးဝ အခြေမခိုင်ဘူး” လို့ Frederiksen ကအခိုင်အမာ ပြောခဲ့ပြီး၊ မှော်ဆေးဆရာတွေနဲ့ ပတ်သက်နေတဲ့ သူ့မိန်းမကိုလည်း အပြစ်တင်ခဲ့ပါတယ်။

“ဒါတွေကို သုံးနေတာက ကျွန်တော်မဟုတ်ဘူး၊ ကျွန်တော့်မိန်းမ ဗျ။” လို့ သူက ဒိန်းမတ်နိုင်ငံသတင်းစာ Ekstra Bladet ကိုပြောခဲ့ပါတယ်။

Frederiksen ဟာ သေနတ်အရောင်းဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး လိင်အကြမ်းဖက်မှု၊ အမျိုးသမီး ယောနိတွေကို အလွဲသုံးစားပြုမှုတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ သူနဲ့ကွာရှင်းထားတဲ့ မိန်းမက ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေကို Lesotho မှာရောင်းချင်ခဲ့တာလို့ သူကဆိုပါတယ်။ နောက်ထပ် သူပိုင်တဲ့ သေနတ်အရောင်းဆိုင် ရှိတဲ့နေရာမှာပေါ့။

ဖြတ်တောက်ထားတဲ့ အမျိုးသမီးယောနိတွေရဲ့ ဓာတ်ပုံတွေကိုလဲ Frederiksen ပိုင်အိမ်ထဲမှာ ရဲတွေကရှာတွေ့ခဲ့ပါသေးတယ်။

သူကတော့ ရေခဲသေတ္တာထဲမှာ ဘာတွေရှိတယ်ဆိုတာ သူမသိဘူးလို့ ငြင်းဆိုနေပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_87.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...