အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label တိရိစ္ဆာန်ချစ်သူများ. Show all posts
Showing posts with label တိရိစ္ဆာန်ချစ်သူများ. Show all posts

Friday, December 16, 2016

အသားစားသုံးမှုရှောင်ရန် လီဗာပူးမြို့လယ်ခေါင် ၀စ်လစ်စလစ်ဖြင့် လှုံ့ဆော်သည့် အမျိုးသမီး




တကယ်လို့များ သင့် အနေနဲ့ လီဗာပူးမြို့ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ် ညစာ ပန်းကန်ပြားကြီး တခုပေါ်မှာ အမျိုးသမီး တဦးကို ၀စ်လစ်စလစ် အခြေအနေနဲ့ တွေ့ရမယ် ဆိုရင် ဒါဟာ အမြင်အာရုံ မှောက်မှားမှု တခု မဟုတ်ပါဘူး။

ဒါဟာ တိရစ္ဆာန် အခွင့်အရေး ဆိုင်ရာ လှုပ်ရှား တက်ကြွသူများ အဖွဲ့တဖွဲ့ ဖြစ်တဲ့ ပက်တာ (PETA) အဖွဲ့ရဲ့ စည်းရုံး လှုံ့ဆော် ပညာပေး လှုပ်ရှားမှု တခုပါပဲ။

အမျိုးသမီးဟာ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ်ညစာ ပန်းကန်ပြားကြီး ပေါ်မှာ ၀စ် လစ်စလစ် အနေအထားနဲ့ လဲလျောင်းနေ ခဲ့ကာ သူ့ကိုယ်ပေါ်မှာတော့ ဟင်းအနှစ်တွေ လိမ်းကျံကာ ဘေးမှာ ဟင်းသီး ဟင်းရွက်တွေနဲ့ အတူ သရုပ်ပြ ခဲ့တာပါ။

လော့ဒ်လမ်းမကြီး ပေါ်က ဒီလှုပ်ရှားမှုဟာ ပက်တာ အဖွဲ့ရဲ့ “သင့်ရဲ့ ပန်းကန် ပြားပေါ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သိနိုင်ဖို့ – အသီး အရွက်တွေသာ စားသုံးပါ” အမည်ရတဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြပါတယ်။

ပက်တာအဖွဲ့ဟာ ခရစ္စမတ်ကာလ အတွင်း လူတွေကို အသား ၀ယ်ယူ စားသုံးမှုတွေ မလုပ်ဖို့ လှုံ့ဆော်တဲ့ အနေနဲ့ ခုလိုသရုပ်ပြ ကြတာပါ။

အဆိုပါအဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ အယ်လီဆာ အယ်လန်က “ပက်တာအဖွဲ့ အနေနဲ့ ခရစ္စမတ် ကာလမှာ လူတွေကို ငြိမ်းချမ်းမှုနဲ့ အသားတွေ မစားသုံးခြင်းဖြင့် တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးရာ ရောက်တဲ့ ကောင်းမြတ်တဲ့ စိတ်တွေ ဖြစ်လာစေဖို့ ခုလိုလှုံ့ဆော်မှုတွေ လုပ်တာပါ” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179975

Read More »

Sunday, May 15, 2016

ဆင်မကြီးတကောင်ရဲ့သွားကို ဘယ်လိုနုတ်ယူသလဲ




အင်္ဂလန်နိုင်ငံ တိရစ္ဆာန် တရုံမှာ မွေးထားတဲ့ အာရှ ဆင်မကြီး တကောင်ကို သွားဆရာဝန် တယောက်က သွားနုတ် ကုသပေး ခဲ့ရတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိ သူတွေက ပြောပါတယ်။

ZSL Whipsnade ဇီအက်အယ် ၀စ္စနိတ် တိရစ္ဆာန်ရုံမှာ မွေးထားတဲ့ အသက် ၃၃ နှစ် အရွယ် လူချာဆိုတဲ့ ဆင်မကြီး အစာ မစားဘဲ နေတာကို ဆင်ထိန်းက သတိထား မိလို့ ပါးစပ်ကို စစ်ဆေးတဲ့ အခါမှာ သွားပိုးစား aနတာကို တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာ လန်ဒန်မြို့ခံ သွားဆရာဝန် ဒေါက်တာ ပီတာ ကာတက်စ်က ဆင်မကြီးကို သွားနုတ်ပေး ခဲ့ရတယ်လို့ ဆိုပါတယ်။

သွားနုတ် ပြီးတော့မှပဲ ဆင်လည်း အစာပြန် စားပြီး ကိုယ်အလေးချိန် ပြန်တက် လာတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်ရုံထဲမှာ အာရှ ဆင် ၁၀ ကောင် မွေးထား ပါတယ်၊ အာရှဆင်တွေဟာ မျိုးတုံး ပျောက်ကွယ် ခါနီး ဆင်မျိုး စိတ်တွေမှာ ပါဝင်တယ်လို့ သတ်မှတ် ထားပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/149807

Read More »

Friday, December 11, 2015

မျိုးတုံးတော့မည့် ခွေးလေးများကို ဖန်ပြွန်သန္ဓေ အကူဖြင့် ပထမဆုံး မွေးဖွား (ရုပ်သံ)




မျိုးတုံးတော့မယ့် အခြေအနေ ရှိနေတဲ့ ခွေးလေး တွေကို ပထမဆုံး ဖန်ပြွန်သန္ဓေ အကူအညီနဲ့ ပထမဆုံး မွေးဖွားနိုင် ခဲ့တယ်လို့ အမေရိကန် သုသေသန ပညာရှင်တွေက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ကော်နယ် တက္ကသိုလ်က သုသေသန ပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့ အခုလို ပထမဆုံး အောင်အောင် မြင်မြင် မွေးဖွားနိုင် ခဲ့ပြီး မျိုးတုံးနိုင်တဲ့ တိရစ္ဆာန် တွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခွေးနဲ့ လူအကြား ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ် ကုသရေးတွေ အတွက် ထိရောက် အောင်မြင်နိုင် တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အိမ်မွေး ဘီဂလ် beagles ခွေးသားပေါက် ၇ ကောင်ကို လူသားတွေကို ဖန်ပြွန်သန္ဓေနဲ့ မွေးဖွားသလို ခွေးအမတကောင်နဲ့ အငှားကိုယ်ဝန်ဆောင် မွေးဖွားခဲ့တာပါ။

၁၉၇၀ နှစ်တွေကတည်းက အခုလို မွေးဖွားနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဖန်ပြွန်သန္ဓေသားကို အအေးခံထိန်းသိမ်းနိုင်ရေးမှာ အတော်ခက်ခဲရှိခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

အခုတော့ အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပြီး အခုလို ကျန်းမာသန်စွမ်းတဲ့ ဘီဂလ် ခွေးသားပေါက် ၇ ကောင် မွေးဖွားနိုင်ခဲ့တယ်လို့ သုသေသနအဖွဲ့ခေါင်းဆောင် အဲလက် ထရားဗက်စ်က ပြောဆိုပါတယ်။

ဒီနည်းအတိုင်း မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တိရစ္ဆာန်တွေကို ဆက်လက် ထိန်းသိမ်းနိုင်တော့မှာဖြစ်ပြီး တိရစ္ဆာန်ဆေးပညာလောကရဲ့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ကျန်းမာရေးသတင်းဂျာနယ်ကြီးတစောင်ဖြစ်တဲ့ ပါလော့စ်ဝမ်း plos one journal မှာ ရေးသားဖော်ပြထားပါတယ်။



By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126458

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 22, 2015

သားသတ်ရုံ ရောက်နေတဲ့ ခွေးတွေကို စည်းစိမ်ပြုတ်တဲ့ အထိ ကယ်တဲ့ တရုတ် သန်းကြွယ်သူဌေး




တရုတ်နိုင်ငံ ချန်ချွန်းရှိ သန်းကြွယ် သူဌေး တစ်ဦးဟာ သားသတ်ရုံ ကနေ လေလွင့် ခွေးတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေး ဂေဟာ တစ်ခု တည်ဆောက် ရာမှာ စည်းစိမ်ပြုတ် ကြွေးတင်တဲ့ အထိ ငွေကြေး အကုန်အကျခံ ခဲ့တယ်လို့ သိရပါတယ်။



ဝမ့်ယန် (၂၉နှစ်) ဟာ စတီး ကုမ္ပဏီ တစ်ခုကို ဦးစီး လုပ်ကိုင် ခဲ့သူဖြစ်ပြီး ယန်းငွေ သန်းချီ ကြွယ်ဝသူ ဖြစ်တယ်လို့ Shanghaiist ၀က်ဆိုက် မှာ ဖော်ပြ ထားပါတယ်။ သူ့ရဲ့ အချစ်ဆုံး ခွေးလေး ပျောက်ဆုံး သွားတဲ့ ၂၀၁၂ ခုနှစ်က စပြီး လေလွင့်ခွေး တွေကို ကယ်တင် ခဲ့တာလို့ ဆိုပါ တယ်။

ဝမ်ဟာ သားသတ်ရုံမှာ တစ်ပတ်လောက် အချိန်ယူပြီး လှည့်ပတ် ရှာဖွေခဲ့ တာတောင် သူ့ရဲ့ခွေးလေးကို ပြန်မရ ခဲ့ပေမယ့် သူမြင်တွေ့ ခဲ့ရတဲ့ သွေးသံရဲရဲ သားသတ်ရုံ မြင်ကွင်းတွေကို မမေ့နိုင်အောင် ဖြစ်ပြီး ကတည်းက သူ့ရဲ့ ငွေကြေးတွေကို အသတ်ခံ ရမယ့် ခွေးတွေကို ကယ်တင် ၀ယ်ဖို့ အသုံးပြု ခဲ့တာလို့ သိရ ပါတယ်။

သူကယ်လာတဲ့ ခွေးတွေ ပိုပိုများလာတဲ့ အတွက် နောက်ဆုံးမှာ အဲဒီ ခွေးတွေကို စတီးစက်ရုံ အလွတ် တစ်ခုထဲ နေရာချ ထားပေးခဲ့ ရတယ်လို့ ဆိုပါတယ်။

ဝမ်ဟာ ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာ သားသတ်ဈေးကွက် ကနေ စုစုပေါင်းခွေး အကောင်ရေ ၂၀၀၀ ကျော် ကယ်တင် ခဲ့ပြီးဖြစ်တယ်လို့ ပီးပဲလ်ဒေးလီး သတင်းစာမှာ ဖော်ပြထားပါတယ်။

သူ့ဆီကခွေးတွေဟာ မွေးစားမယ့် သခင်တွေ ရကုန်ကြတာကြောင့် လက်ရှိမှာ သူ့ဆီမှာ ၂၁၅ကောင်သာ ရှိနေတယ်လို့ သိရပါတယ်။ သူက အိမ်မွေးခွေးတွေ အတွက် အခမဲ့ ကုသမှု တွေလည်းပေးထား သလို ခွေးပိုင်ရှင်တွေ ကလည်း ဒုက္ခသည် ခွေးလေးတွေ အတွက် ခွေးစာတွေ ပေးလှူကြလေ့ ရှိပါတယ်။

ဝမ်က ခွေးတွေ အတွက် အစာနဲ့ ဆေးဝါး ကုသမှုမှာ ငွေသန်းပေါင်း များစွာ အကုန်အကျ ခံခဲ့ပေမယ့် ငွေကြေး လှူဒါန်းတာတွေ လက်မခံ ပါဘူး။

ငွေလှူမယ့်အစား ခွေးတွေနေထိုင်ဖို့ ဂေဟာ တည်ဆောက်ရေး အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေသာ လှူကြဖို့ သူက မေတ္တာ ရပ်ခံ ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ များသော အားဖြင့် ခွေးတွေ အပေါ်ပြုမှုဆက်ဆံပုံ ဆိုးရွားမှု အတွက် နာမည်ကြီးလေ့ ရှိပါတယ်။ အထူးသဖြင့် နာမည်ကျော် ယုလင်ခွေးသားစား ပွဲတော်ဟာ တိရစ္ဆာန် ချစ်သူတွေ အကြား အမြဲလိုလို ဂယက်ရိုက်လေ့ ရှိပါတယ်။

ဘာသာပြန် - ယွန်းစန္ဒီနန်းမွန်

Ref: Asiaone

Kumudra

Original link - https://www.facebook.com/newsKumudra/

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...