အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကာကွယ်ရေးပစ္စည်းများ. Show all posts
Showing posts with label ကာကွယ်ရေးပစ္စည်းများ. Show all posts

Tuesday, March 15, 2016

ကမ္ဘာ့ အသေးငယ်ဆုံး သေနတ်ကို လေလံတင်




လီပတိပရိုတက်တာ (Le Petit Protector) အမှတ် တံဆိပ် လက်သည်းခွံ အရွယ်ရှိတဲ့ ကမ္ဘာ့အသေး ငယ်ဆုံး သေနတ်ကို ရောင်းချဖို့ ဥရောပ လေလံ ဈေးကွက်မှာ တင်ထား တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြပါတယ်။



၁၉ ရာစုလက်ရာ ပြင်သစ်စတိုင် လက်စွပ်ပုံစံ ပြုလုပ်ထားတဲ့ ဒီခြောက်လုံးပြူး သေနတ်ဟာ လက်ဝတ် ရတနာ သဖွယ် ၀တ်ဆင်နိုင်ပြီး တကယ့်ကို ရှားပါးတဲ့ လက်ရာတခု ဖြစ်နေပါပြီ။



လက်ဝတ်ရတနာသဖွယ် ပြုလုပ်ထားတဲ့ ဒီသေနတ်မှာ စတီးကွိုင်ပလိတ်ပြားတွေခံကာ တည်ဆောက်ထားပြီး ၄ မီလီမီတာ အရွယ်ရှိတဲ့ ယမ်းတောင့်တွေ ထည့်နိုင်မယ့် ဆလင်ဒါပုံပြောင်းတွေနဲ့ ချိတ်ဆက်ထားတာပါ။

ဒါဟာ သေးငယ်တဲ့သေနတ် ဖြစ်ပေမယ့် ပစ်လိုက်ရင်တော့ ကျယ်လောင်တဲ့အသံနဲ့ စည်သွပ်ဘူးတဘူးရဲ့ အခွံကို ထိုးဖောက်နိုင်လောက်တဲ့ထိ ပြင်းအားရှိတယ်လို့ Guns.com က ဆိုပါတယ်။

ထိပ်ပိုင်းကိုတော့ ရှုပ်ယှက်ခတ်နေတဲ့ စပျစ်နွယ်ဒီဇိုင်းတွေနဲ့ ထွင်းကာ အလှဆင်ထားတဲ့ ဒီသေနတ်လက်စွပ်ဟာ ပကတိအကောင်းအတိုင်း ရှိနေသေးတယ်လို့ လေလံသမားတွေက ပြောပါတယ်။

ဒီသေနတ်ကို ဥရောပလေလံဈေးကွက် ကက်တာဝီကီမှတဆင့် ရောင်းချနိုင်ဖို့ လေလံတင်ထားကာ လေလံကြေး ပေါင် ၁၅၀၀ ထက် ပိုမိုရရှိနိုင်ဖို့ မျှော်လင့်ထားတာပါ။

လေလံတင်ရောင်းချမယ့်ရက်ကတော့ မတ်လ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကက်တာဝီကီမှ လေလံဈေးကွက် အထူးကျွမ်းကျင်သူ အေလိန်းဒိုင်လ်မန်က “ဒီသေနတ်မှာ ကြီးကျယ်ခမ်းနားတဲ့ လက်မှုအနုပညာနဲ့ ရှားပါးမှုတွေ ရှိနေတဲ့အတွက် ကမ္ဘာတလွှားက ၀ယ်သူတွေ စိတ်ဝင်စားမှု ပိုလာမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ဓာတ်ပုံ – Rossparry.co.uk

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139531


Read More »

Friday, October 16, 2015

အရေးပေါ် လွတ်မြောက်ရေး အသက်ကယ် ကျောပိုးအိတ် (ရုပ်သံ)




အရေးပေါ် အခြေအနေ ကြုံရ မလားဆိုတာ ကြိုတင် မတွက်နိုင်ချိန်မှာ တခုတော့ စီစဉ်ထားနိုင် ပါတယ်။ အဲလို စီစဉ်ဖို့ SkySaver ကျောပိုးအိတ်က အဆင်သင့်ပါပဲ။

SkySaver ကုမ္ပဏီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ယိုအာ့ ပရေ့စ်ကတော့ ဒီလို အသုံးပြုရလွယ်တဲ့ ကျောပိုးအိတ်ဟာ ချက်ချင်း လွတ်မြောက်ရာ လမ်းကြောင်းကို ဘယ်လောက်ထိ အလွယ်တကူ ပံ့ပိုးပေးနိုင်တယ်ဆိုတာကို ခုလို ရှင်းပြပါတယ်။

“ဒါကတော့ လူကြီးမင်းလွယ်ရမယ့် ကျောပိုးအိတ်ပါ။ နံပါတ် ၂ နှိပ်ပြီး နံရံဆီကိုသွားပါ။ စကတည်းက တပ်ဆင်ထားတဲ့ ချိတ်တခု ရှိပါတယ်။ အဲဒီမှာ အိတ်ကို ချိတ်လိုက်ပါ။ နံပါတ် ၃ ကို နှိပ်ပါ။ ပြတင်းတံခါးအပြင်ကို ထွက်လိုက်ပါ။ ကျန်တဲ့အပိုင်းကို SkySaver ကျောပိုးအိတ်က ဆက်လုပ်သွားလိမ့်မယ်။”

ဒီအိတ်ကို စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ အရေးပေါ်လွတ်မြောက်ရေး ဗျူဟာအဖြစ် တီထွင်ခဲ့တာပါလို့ ပရေ့စ်က ဆိုပါတယ်။ အမြင့်အသီးအသီးအတွက် ဆန့်ထုတ်နိုင်တဲ့ ကြိုးအတိုင်းအတာ အမျိုးမျိုးရှိပါတယ်။ အရှည်ဆုံးအလျားကတော့ ပြတင်းပေါက်ကနေ မြေပြင်ထိ ပေ ၂၆၀ (၇၉ မီတာ) ဆန့်ထုတ်နိုင်ပါတယ်။

တကယ်တမ်း ကြိုတင်လုပ်ဆောင်ရမှာကတော့ အဆောက်အဦး ပြတင်းပေါက် အတွင်းဘက်မှာ ချိတ်တခု တပ်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

“ပြတင်းတံခါးအပြင်ကို ထွက်ဖို့ ၁၅ စက္ကန့်ထက် ပိုပြီး မကြာသင့်ပါဘူး။”

ဒီကျောပိုးအိတ်ရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၇၅၀ ကနေ ၈၅၀ အတွင်း ကျသင့်မှာဖြစ်ပြီး အမေဇုန် အွန်လိုင်းဈေးဆိုင်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။ အိမ်မွေးတိရစ္ဆာန်နဲ့ ကလေးတွေအတွက် အိတ်တွေကိုလည်း မကြာခင် ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116868

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...