အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ပျော်ပွဲရွှင်ပွဲများ. Show all posts
Showing posts with label ပျော်ပွဲရွှင်ပွဲများ. Show all posts

Saturday, December 19, 2015

Orlando မှာ ကမ္ဘာ့ အမြင့်ဆုံး ချားရဟတ်ကြီးကို တည်ဆောက်နိုင်ခဲ့




Orlando မှ အာဏာပိုင်တွေဟာ ကမ္ဘာ့အမြင့်ဆုံးနဲ့ အကြီးဆုံး ချားရဟတ်ကြီးကို တည်ဆောက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

၄၂၅ ပေအမြင့်ရှိတဲ့ StarFlyer ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ချားရဟတ်ကြီး ဖြစ်ပြီး East Coast မှာလည်း အကြီးဆုံး Orlando Eye နဲ့အတူတွဲဖက် အသိမှတ်ပြု ခံခဲ့ရတာ ဖြစ်ပါတယ်။

“ Orlando Eye က တကယ့်အမိုက်စား အတွေ့အကြုံတွေကို ပေးမှာပါ” လို့ Orlando Eye နဲ့ StarFlyer တို့ကို တာဝန်ယူတည်ဆောက်တဲ့ Unicorp Company က Chuck Whittall ကရှင်းလင်းပြောပြပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/orlando.html


Read More »

Thursday, December 10, 2015

California ရှိ Wizarding World of Harry Potter ကို ဧပြီ ၇ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်




Universal Studios Hollywood အပန်းဖြေ ကစားကွင်းကြီးမှာ Wizarding World of Harry Potter ကို ဧပြီလ ၇ ရက်နေ့ကစပြီး ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

“J.K Rowling ရဲ့ ၀ထ္တုနဲ့ ဇာတ်ကောင်တွေကို မှီငြမ်းထားပြီး Warner Bros. မှ ရိုက်ကူးထားတဲ့ နာမည်ကျော် ရုပ်ရှင်ကားတွေ ထဲက အတိုင်း ၅ နှစ်ကျော်ကြာ ဖန်တီးတည်ဆောက်ခဲ့တာကြောင့် တကယ့် အပြင်ကမ္ဘာလောကမှာ ကိုယ်တိုင်ခံစားနိုင်မယ့် Hogwarts ရဲတိုက်ကြီးအပါအ၀င် တခြားမှော်ဝင်ဇာတ်ဝင်ခန်းတွေကိုလည်း ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်လို့” သတင်း ထုတ်ပြန် ကြေညာ ထားပါတယ်။

စာအုပ်နဲ့ ရုပ်ရှင်ကားတွေမှာပါတဲ့ အစားအသောက်တွေကိုလည်း Three Broomsticks and Hog's Head မှာ ရောင်းချပေးမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့ နာမည်ကျော် နေရာတွေဖြစ်တဲ့ Honeydukes, Ollivanders, Owl Post, Zonko's Joke Shop, Wiseacre's Wizarding Equipment, Dervish and Banges, Gladrags Wizardwear and Filch's Emporium of Confiscated Goods တွေမှာလည်း ဈေးဝယ်ထွက်နိုင်မှာ ဖြစ်ပါတယ်။

Florida's Universal Studios နဲ့ Islands of Adventure အပန်းဖြေကစားကွင်းတွေမှာ သူတို့ကိုယ်ပိုင် နာမည်ကျော်ကြားတဲ့ Wizarding World of Harry Potter ဖွင့်လှစ်ပြီးဖြစ်ကာ လာရောက် အပန်းဖြေတဲ့ ဧည့်သည်တွေလည်း အမြားအပြားရှိတယ်လို့ သိရပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/california-wizarding-world-of-harry.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, October 19, 2015

အမေရိကန်နိုင်ငံမှ ဧရာမ ရွှေဖရုံသီး လှေပြိုင်ပွဲတော် (ဓာတ်ပုံ)




အမေရိကန်နိုင်ငံ၊ တူအာလန်ကန်မှာ ၁၂ ကြိမ်မြောက် အနောက်ဘက် ကမ်းရိုးတန်း ဧရာမ ရွှေဖရုံသီး လှေပြိုင် ပွဲတော်ကို အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။




ဒီပွဲတော်ဟာ ဧရာမ ရွှေဖရုံသီးတွေရဲ့ အပေါ်ပိုင်းကို ဖြတ်ထုတ်ကာ လှေပုံ သဏ္ဌာန် ထွင်းပြီး ယှဉ်ပြိုင် ရတာ ဖြစ်တယ်လို့ တရုတ်ပြည်သူ့ နေ့စဉ် သတင်းမှာ ဖော်ပြပါ တယ်။

အခုနှစ်မှာတော့ ပြိုင်ပွဲဝင် ဧရာမ ရွှေဖရုံသီး အလုံးရေ ၂၁ လုံးရှိပြီး ပါဝင် ယှဉ်ပြိုင် သူတွေက ကန်ထဲမှာ ရွှေဖရုံသီး ထွင်းလှေတွေကို စီးပြီး လှော်ခတ်ပြ ခဲ့ကြတာပါ။

ဓာတ်ပုံ – CFP

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117401

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...