အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မိဘမေတ္တာ. Show all posts
Showing posts with label မိဘမေတ္တာ. Show all posts

Friday, June 2, 2017

ကလေးတွေအတွက် ကျောင်းစာရိတ်မရှိလို့ ကျောက်ကပ်ထုတ် ရောင်းတော့မယ့် မိခင်




မိဘ ဆိုတာ သားသမီးတိုင်း အတွက်တော့ ငွေသေတ္တာ မဖြစ်နိုင် ပါဘူး။ တစ်ချို့က အလွယ်ပြော ကြပါတယ်။ ပိုက်ဆံ ဆိုတာ ဘယ်က ထွက်သလဲ ဆိုရင် အဖေ့ အိတ်ကပ် ထဲကလို့ ဟာသလုပ်ပြီး ဖြေတတ် ကြပါတယ်။ တကယ်တော့ ဘ၀မှာ တစ်ချို့သော မိသားစုတွေ အတွက် ငွေရေး ကြေးရေးဟာ အများ ထင်ထား တာထက် ခက်ခဲ တတ်ပါတယ်။

အခုလည်း အိန္ဒိယနိုင်ငံ မာရွတ်မြို့၊ ရိုဟာတာ ရပ်ကွက်မှာ နေထိုင်တဲ့ Aarti Sharma အမည်ရ Facebook အသုံးပြုသူ တစ်ယောက်ဟာ ကျောင်းဖွင့် ရာသီ ရောက်ပြီမို့ ကလေးတွေ အတွက် ကျောင်းစာရိတ် လုံလုံ လောက်လောက် မရှိပါဘူး။ ဒီတော့ သူမရဲ့ Facebook ပေါ်မှာ ကျောက်ကပ် လှူဒါန်းမည့် အကြောင်း ကြေငြာ ခဲ့ပါတယ်။

Aarti ဟာ သူမရဲ့ကျောက်ကပ် ရောင်းချလို့ရတဲ့ငွေနဲ့ သားသမီးတွေ ပညာရေး ဆုံးခန်းတိုင်စေ လိမ့်မယ်လို့ ထင်မြင်နေပြီး၊ ကျောက်ကပ် ၀ယ်ဖို့အတွက်လည်း အကူအညီ တောင်းခံ ထားတယ်လို့ သိရ ပါတယ်။

သူမမှာ ကျောင်းတက်နေရတဲ့ သားသမီး 4 ဦးအထိ ရှိပြီး၊ ယခုနှစ် ပညာသင်စာရိတ် မတတ်နိုင်တာနဲ့ ကျောင်းက နားရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကူညီတောင်းခံခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ သူမတို့ မိသားစု ပိုင်ဆိုင်တဲ့ LPG cylinder ကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းပြီး စာရိတ်လုပ်ကာ ပြည်နယ်အကြီးအကဲ Yogi Aditya Nath ဆီကို သွားရောက်တွေ့ဆုံကာ အကူအညီတောင်းခဲ့ပါတယ်။

အကြီးအကဲက ကူညီမယ့်အကြောင်း ကတိပေးခဲ့ပေ မယ့် သူပြောထားတဲ့ရက် တော်တော်လွန်သွားတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါ။

Aarti ရဲ့ ခင်ပွန်းက ” သူမက ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ် လိုက်တာပါ .. ကျနော်က ကားမောင်းတဲ့အလုပ်နဲ့ တစ်လကို ရူပီး 4000 ကနေ 5000 လောက်ပဲ ရပါတယ် … အိမ်ငှားခကလည်း မပေးတာအတော်ကြာပြီမို့ အိမ်ပေါ်က နှင်ချခံရ တော့မယ့် သဘောပါ .. ဒီတော့ အစိုးရက ချေးငွေချေးနိုင်မယ်ဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းလေး စတင်နိုင်မှာ ဖြစ်သလို ကလေးတွေကိုလည်း ကျောင်းဆက်ထားနိုင်မယ်လို့ မျှော်လင့်နေပါတယ် “လို့ ဆိုပါတယ်။



From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Read More »

Saturday, December 24, 2016

ရောဂါသည်သားအတွက် ခရစ္စမတ်ဘိုးဘိုးကြီး ဝတ်စုံဖြင့် ရန်ပုံငွေ ရှာသည့် သနားစဖွယ် မိခင်




တရုတ် နိုင်ငံမှ အမျိုးသမီး တဦးဟာ သွေးကင်ဆာ ရောဂါ ဝေဒနာသည် သားဖြစ်သူကို ဆေးကုသ နိုင်ဖို့ ခရစ္စမတ် ဘိုးဘိုးကြီးလို ဝတ်ဆင်ပြီး လမ်းမပေါ်မှာ ရန်ပုံငွေ ရှာဖွေ ခဲ့ပါတယ်။



လီဂျာလီအမည်ရတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်ဟာ သူ့အသက် ၃ နှစ်အရွယ်ကတည်းက ဒီရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး တဖြည်းဖြည်း တိုးတက်ကောင်းမွန် လာခဲ့ပေမယ့် ခုတော့ ကံဆိုးစွာပဲ ရောဂါဟောင်းဟာ တပတ်ပြန်လည် လာခဲ့တာပါ။

သူ့ရဲ့ ဆေးဝါးကုသစရိတ်အဖြစ် မိသားစုက ယွမ်ငွေ ၈ သိန်း (အမေရိကန်ဒေါ်လာ ၁၁၅,၄၀၀) ကုန်ကျခဲ့ပြီးဖြစ်ကာ နောက်ထပ်ကုန်ကျတော့မယ့် ကုန်ကျ စရိတ်တွေ အတွက် မိခင်ဖြစ်သူဟာ ရတက် မအေးနိုင်ပဲ ရှိခဲ့တာပါ။



လီဟူဟွမ်အမည်ရတဲ့ မိခင်ဖြစ်သူဟာ ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံ ဝတ်ဆင်ပြီး လမ်းမပေါ်မှာ ပွဲတော်ရာသီအထိမ်းအမှတ် ပန်းသီးတွေ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေခဲ့ တာဟာ တကယ့်ကို ရင်နင့်စရာပါပဲ။

တရုတ်နိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို ငြိမ်းချမ်းတဲ့ညအဖြစ် ရည်ညွှန်းကြပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပန်းသီးအပြန် အလှန်ပေးလေ့ ရှိတဲ့ အတွက် ခုလို လမ်းမပေါ်ထွက် ရန်ပုံငွေ ရှာဖွေတာဖြစ်တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။



သူတို့မိသားစုနေထိုင်ရာ ဟိုင်ဖေ့မြို့ လမ်းမပေါ်မှာ ခုလိုရောင်းချပြီး ရန်ပုံငွေရှာဖွေနေတဲ့ အဖြစ်ဟာ တကယ့်ကို ခက်ခဲတဲ့အခြေအနေတခုဖြစ်တယ်လို့ ဟိုင်ဖေ့ညနေခင်းသတင်းစာက ၂ နာရီအတွင်း ယွမ်ငွေ ၁၀ တန် ပန်းသီး ၂ လုံး ရောင်းချခဲ့ရတာကို ရည်ညွှန်းပြီး ရေးသားခဲ့ပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်တဲ့ လီဟောင်ကတော့ “မိသားစုတွေရဲ့ ခုလိုကြိုးပမ်းမှုဟာ နည်းနည်းတော့ ခက်ခဲကြမ်းတမ်းမှာဖြစ်ပေမယ့် ကျနော်တို့ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/181054

Read More »

Saturday, August 20, 2016

ရေစီးနောက်မျောပါ ကလေးများကို လိုက်ကယ်သည့် မိခင်ဝက်ဝံ၏ မေတ္တာ




အမေရိကန် ပြည်ထောင်စု အလား စကားက အမျိုးသား ဥယျာဉ်မှာ ရှိတဲ့ ရေတံခွန်မှာ ရေစီးကြောင်း နောက်ကို မျောပါ သွားတဲ့ ၀က်ဝံတွေကို မိခင်က လိုက်လံ ကယ်ဆယ် ခဲ့ပါတယ်။

ဝက်ဝံငယ် ၃ ကောင် ရေတံခွန် ထဲကို ဆင်းရာမှာ ရေစီးပြင်းလို့ ရေစီးနောက် မျောပါ သွားတာကို မိခင် ၀က်ဝံမကြီးက လိုက်လံ ကယ်ဆယ် တာကို ရုပ်သံနဲ့ မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။

သြဂုတ် ၁၅ ရက်နေ့က တင်ထားတဲ့ ယူကျု့ ရုပ်သံ ဖိုင်ထဲမှာ ရေတံခွန် အနီးနား ကနေ စောင့်ကြည့်နေတဲ့ မိခင် ၀က်ဝံမက ရေထဲကို အလျင် အမြန်ခုန်ဆင်းပြီး ရေစီးကြောင်း
နောက် မျောပါ သွားတဲ့ ရင်သွေးငယ် တွေကို တကောင်ပြီး တကောင် ကယ်ဆယ် ခဲ့တာ တွေ့ရပါတယ်။

တရိစ္ဆာန် ဖြစ်ပေမယ့်လည်း ရင်သွေးနဲ့ ပတ်သက်ရင် ကြီးမားတဲ့ မိခင် မေတ္တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164746

Read More »

Thursday, December 24, 2015

သားကို ခရစ်စမတ် လက်ဆောင် ပေးနိုင်ဖို့ အပြာကား ရိုက်ခဲ့ရတဲ့ အမျိုးသမီး




မိခင် တစ်ဦးဟာ သူမရဲ့  သားဖြစ်သူ ကို ပြီးပြည့် စုံတဲ့ ခရစ်စမတ် ပွဲ ရရှိစေဖို့ အတွက် အပြာ ရုပ်ရှင်တွေ ရိုက်ကူး ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ် ကျော်သာ ရှိသေးတဲ့ Megan Clara ဟာ သူမရဲ့ သားဖြစ်သူ အသက် ၅ နှစ် အရွယ် Ashton က မနှစ်က သူ့ သူငယ်ချင်းတွေလို ဈေးကြီးတဲ့ လက်ဆောင်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီး စောဒက တက်ခဲ့မှု အပေါ် စိတ်မကောင်း ဖြစ်ခဲ့ရ ပါတယ်။

တစ်ယောက်ထဲ ရုန်းကန်နေ ရပြီး တစ်ပတ်ကို စတာလင်ပေါင် ၈၀ သာ ၀င်ငွေ ရှိခဲ့တဲ့ Clara ဟာ သူမ ရဲ့ သားကို မနှစ်က ခရစ်စမတ်မှာ ခဲခြစ်ပန်းချီ တစ်ခု ၊ အရုပ် အနည်းငယ်နဲ့ အ၀တ်အစား သစ် တွေ ၀ယ်ယူပြီး လက်ဆောင်ပေး ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမရဲ့  သားဖြစ်သူ မကျေနပ်တာကို သိခဲ့ပြီး တဲ့နောက်မှာ ၂၀၁၅ ခုနှစ် ခရစ်စမတ် မှာတော့ အမှတ်တရ တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ အတွက် သူမ ဟာ ၀င်ငွေ ပိုမို ရရှိမယ့် အလုပ်ကို ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ တစ်နှစ်လုံး အပြာကားတွေ များစွာ လက်ခံ ရိုက်ကူး ခဲ့ပြီး ရိုက်ကွင်း တစ်ခုစာ အတွင်း စတာလင်ပေါင် ၅၀၀ ၀င်ငွေ ရရှိခဲ့ပြီး သူမ ရဲ့ မိသားစု ၀င်တွေကိုလည်း ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ခရစ်စမတ် အခမ်းအနားမျိုး ကျင်းပပေးနိုင် ခဲ့ပါတယ်။

Portsmouth မြို့ မှာနေထိုင်တဲ့ Clara က "ပြီးခဲ့တဲ့ ခရစ်စမတ် တုန်းက ကျွန်မဟာ ပိုက်ဆံ မရှိခဲ့ ပါဘူး။ တစ်ကယ်ကို ခက်ခဲခဲ့ပြီး Ashton လေးအနေနဲ့ စိတ်ပျက်ပြီး ထွက်ခွာ သွားမှာကိုလည်း စိုးရိမ်မိခဲ့ပါတယ်။

သူဟာ သူ့သူငယ်ချင်းတွေ ပိုင်ဆိုင် ထားတာတွေကို အမြဲ လိုချင်နေ ခဲ့ပါတယ်။ ကျွန်မမှာလည်း ဈေးကြီးတဲ့ အရုပ်တွေ ၀ယ်ပေးဖို့ အတွက် ပိုက်ဆံ မရှိခဲ့ပါဘူး" လို့ ဆိုပါတယ်။

မနှစ်က ခရစ်စမတ်မှာ သားဖြစ်သူကို စတာလင်ပေါင် ၁၀၀ ဖိုးသာ လက်ဆောင်ပေးနိုင် ခဲ့တဲ့ Clara ဟာ ဒီနှစ်ခရစ်စမတ်မှာတော့ စတာလင်ပေါင် ၁၅၀၀ ဖိုး အထိ လက်ဆောင်ပေးနိုင် ခဲ့ပါတယ်။

Ref : Metro

Originally published at -http://knowledge.thithtoolwin.com/2015/12/blog-post_55.html


Read More »

Sunday, November 1, 2015

သမီးငယ်ကို ကမ္ဘာ အနှံ့ပို့ရန် အိမ်နှင့် ကုမ္ပဏီ ရောင်းချ (သတင်းဓာတ်ပုံ)




တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ဖခင် တဦးဟာ ၂ နှစ် အရွယ် သမီးငယ်နဲ့ ကမ္ဘာလှည့် ခရီးထွက်ဖို့ ရည်ရွယ်ပြီး သူ့ကိုယ်ပိုင် ကုမ္ပဏီနဲ့ အိမ်ကို ရောင်းချ ခဲ့ပါတယ်။

ဇူချန်ဇီယာရို အမည်ရ အဲဒီ အမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ ခုလို ခရီးထွက်ဖို့ အစီအစဉ်ကို စတင် ခဲ့တာလို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။



သူ့ရဲ့ ၂ နှစ်အရွယ် သမီးငယ်ကို ကမ္ဘာ့နေရာ အနှံ့အပြား ခေါ်ဆောင် သွားပြီး ဒေသ ရှုခင်းတွေနဲ့ ဓလေ့ ထုံးတမ်းတွေကို လေ့လာနိုင်ဖို့ အတွက် ခုလိုရောင်းချ ခဲ့တာလို့ ဇူချန်ဇီယာရိုက ပြောပါတယ်။

သူတို့ရဲ့ခရီးစဉ်ဟာ ၅ နှစ်ကြာမြင့်မှာဖြစ်ကာ ပထမတနှစ်ကို နိုင်ငံတွင်းမှာ သွားလာမှာဖြစ်ပြီး ကျန်တဲ့လေးနှစ်ကိုတော့ နိုင်ငံခြားခရီးစဉ်တွေ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။



ပထမဆုံးခရီးစဉ်အဖြစ် သူတို့သားအဖဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန့်ဇန်မြို့ကနေ အရှေ့မြောက်ပိုင်း ဂျီလင်ခရိုင်ထိ ကီလိုမီတာ ၉၀၀၀ ကျော် သွားရောက်မယ်လို့ ရည်မှန်းခဲ့ပေမယ့် စက်တင်ဘာ လကုန်တဲ့ အချိန်မှာ ဂျီလင်ခရိုင်ထိ မရောက်ရှိ ခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ဇူချန်ဇီယာရိုဟာ အဲဒီခရီးစဉ်မှာ နောက်တွဲယာဉ်ကို အသုံးပြုပြီး ကမ်းရိုးတန်းတလျှောက် ခရီးဆန့်ခဲ့တာပါ။

အခုသွားခဲ့တဲ့ ခရီးစဉ်တလျှောက်မှာ တွေ့ရတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး စီးပွားရေး အခွင့်အလမ်းတွေလည်း ရှာဖွေခဲ့တယ်လို့ သူကပြောပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/119613

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...