အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စွန့်စားသူများ. Show all posts
Showing posts with label စွန့်စားသူများ. Show all posts

Friday, September 2, 2016

အမြင့်ဆုံးအဆောက်အအုံပေါ် ကိုယ်သိုင်းကြိုး မပါပဲတက်ပြခဲ့သည့် ပြင်သစ် ပင့်ကူလူသား




ပြင်သစ် နိုင်ငံမှ စွန့်စား အမြင့်တက် သမား တစ်ဦးဟာ ပဲရစ်စ်မြို့ရဲ့ အမြင့်ဆုံး အဆောက်အအုံ တခုပေါ် ကိုယ်သိုင်းကြိုး မပါပဲ တက်ပြနိုင် ခဲ့လို့ ပြင်သစ် ပင့်ကူလူသား အဖြစ် နာမည်ပြောင်နဲ့ ထင်ရှား နေပါတယ်။

အေလိန်းရောဘတ် အမည်ရတဲ့ အဲဒီ အမျိုးသားဟာ အမြင့် ၁၈၅ မီတာရှိတဲ့ တိုးရ် တီ-၀မ်းအဆောက် အအုံရဲ့ ထိပ်ဆုံးကို သြဂုတ်လ ၃၁ ရက်နေ့မှာ တက်ရောက် ခဲ့တာပါ။

သူ့အနေနဲ့ ခုလိုအောင်အောင်မြင်မြင်တက်ရောက်နိုင်ဖို့အတွက် အချိန် မိနစ် ၃၀ သာ ကြာမြင့်ခဲ့တယ်လို့ နယူးဇီလန်အခြေစိုက် စတပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။

ရောဘတ်ဟာ သူတက်ရောက်ခဲ့တဲ့ အဆင့်တဆင့်တိုင်းရဲ့ ရုံးခန်းပြတင်းပေါက် တခုစီမှာ စာတွေရေးခဲ့တာပါ။

သူ့အနေနဲ့ ခုလိုတက်ပြလိုက်တာဟာ ခင်ပွန်းသည် အမျိုးသားတဦးရဲ့ အကြမ်း ဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သူ အမျိုးသမီးတဦးနဲ့ ပတ်သက်ပြီး ပညာပေး လှုံ့ဆော် စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ အဆောက်အအုံရဲ့ ထိပ်ဆုံးကို ရောက်သွား ခဲ့ချိန်မှာတော့ ခေတ္တ ရပ်တန့် ကာ လက်မထောင်ပြ ခဲ့တာကို ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ တွေ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166695

Read More »

Sunday, July 31, 2016

လေထီးမပါဘဲ ပေ ၂၅၀၀၀ အမြင့်မှ စွန့်စား ခုန်ချပြ ခဲ့သူ




အမေရိကန် စွန့်စား အမြင့်ခုန် စတန့် သမား တဦးဟာ လေထီး မပါပဲ ပေ ၂၅၀၀၀ အမြင့် ကနေ ခုန်ချကာ ကယ်လီဖိုးနီးယား သဲကန္တာရဆီ ချောချော aမာမော ဆင်းသက် နိုင်ခဲ့ ပါတယ်။

အမြင့်ခုန် စတန့်သမား လုခ်အိုက်ကင်စ်ဟာ ခုလိုလေထီး မပါပဲ အမြင့်ခုန်စွမ်း ရည်ပြသဖို့ အတွက် အထူးကိရိယာ တမျိုးကို အသုံးပြု ခဲ့ရတယ်လို့ “Heaven Sent” အမည်ရ ရုပ်သံ တိုက်ရိုက် တင်ဆက်မှုမှာ ပြောလိုက် ပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လုခ်ဟာ သူ့ရဲ့ အမြင့်ခုန်စွမ်းရည်ပြ ၂၅ နှစ်တာ ကာလအတွင်းမှာ ကောင်းကင်အမြင့်ခုန်စတန့်ပြသမှုအကြိမ်ရေ ၁၈၀၀၀ လောက် ရှိခဲ့ပြီး အ၀တ်တွေကလွဲပြီး ဘာမှမပါပဲ ခုန်ချပြသနိုင်ခဲ့တာလို့ ဆိုပါတယ်။

လုခ်နဲ့အတူ တခြားအဖော် ၃ ဦးဟာ ကင်မရာ၊ သွားရာလမ်းကြောင်းကို မြင်နိုင်စေမယ့် မီးခိုးထုတ်လွှတ်ဝတ်စုံနဲ့ အသက်ကယ်အောက်ဆီဂျင် သေတ္တာတွေကို သယ်ဆောင်ထားခဲ့ကြ ကာ လေယာဉ်ပေါ်မှ ခုန်ချခဲ့တာဖြစ်ပြီး စိတ်ချရတဲ့ အခြေအနေရောက်ချိန်မှာတော့ လုခ်ကို ချန် ထားခဲ့ကာ တခြားအဖော်တွေက လေထီးဖွင့်ကာ ခုန်ဆင်းသွားခဲ့ကြတာပါ။

“ကျနော်ဟာ ဈန်နဲ့ကြွနေရသလိုပဲ။ ဒီအတွေ့အကြုံဟာ အရမ်းကို ထူးဆန်းတယ်ဗျ။ ကျနော်ပြောချင်တာတွေကို ပါးစပ်က ထုတ်မပြောပြနိုင်အောင်ပါပဲ”လို့ လုခ်က ပြောပါတယ်။

ဒါဟာ လေထီးအကူအညီမပါပဲ အမြင့်ခုန်မှုမှာ မှတ်တမ်းတင်နိုင်လိမ့်မယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ သြစတီးယားနိုင်ငံသား စွန့်စားအမြင့်ခုန်သမား ဖဲလစ်စ် ဘော်မ်ဂါတ်နာဟာ မြေပြင်မှအမြင့် ၂၄ မိုင်အကွာကနေ ကောင်းကင်အမြင့်ခုန်ပြခဲ့ပြီး မှတ်တမ်းတင်ထားခဲ့တာပါ။

လုခ်အိုက်ကင်စ်ဟာ Godzilla နဲ့ Iron Man 3 ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ စ တန့်ပြသရုပ်ဖော်မှုတွေ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ လက်ရှိမှာတော့ အမေရိကန်လေထီးခုန်အဖွဲ့(ယူအက်စ်ပီအေ)မှာ သင် ကြားရေးအကြံပေးအဖြစ် တာဝန်ယူထားကာ လေတပ်အထူးတပ်ဖွဲ့မှာလည်း ကောင်း ကင်အဆင့်မြင့်လေထီးခုန်စွမ်းရည်ပြသင်တန်းတွေကိုလည်း သင်ကြားပေးနေသူဖြစ် ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/161604

Read More »

Saturday, July 2, 2016

ကမ္ဘာ့အကြီးဆုံး မြေအောက် ကမ္ဘာ



ဗီယက်နမ် လယ်သမား တဦးဟာ ၁၉၉၁ ခုနှစ်က ဗီယက်နမ် နိုင်ငံ Phon Nha-Ke Bang အမျိုးသား ပန်းခြံထဲမှာ အရင်က မတွေ့ခဲ့ ဖူးသေးတဲ့ ဂူတလုံးကို မထင်မှတ်ဘဲ တွေ့ရှိ ခဲ့ပါတယ်။ ဂူရဲ့ အ၀င်ဝ အရောက်မှာတော့ အလွန် ကျယ်လောင် မြည်ဟီး စီးဆင်းနေတဲ့ ရေစီးသံတွေ ကြားလိုက် ရတော့ သူလည်း ကြောက်ရွံ့ပြီး ဂူထဲဆက် မ၀င် ရဲတော့ ပါဘူး။ ဒေသ ခံတွေက အဲဒီဂူကို Son Doong လို့ ခေါ်ပေမယ့် ဘယ်သူမှ နောက်ထပ် ရှာဖွေမှုတွေ မလုပ်ရဲ ကြပါဘူး။

၂၀၀၉ ခုနှစ် မှာတော့ ဟောင်းဝပ် လင်းဘတ် (Howard Limbert) ဦးဆောင်တဲ့ ဗြိတိသျှ သုတေသနနဲ့ လေ့လာ ရှာဖွေရေး အဖွဲ့ အဲဒီဂူကို ရောက်ရှိ ခဲ့ပြီး ဂူအတွင်း ၀င်ရောက် လေ့လာဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ သူတို့ ဂူ အတွင်းထဲ ၀င်ရောက် လေ့လာတော့ အဲဒီ ဂူဟာ ၅ ကီလို မီတာ ရှည်ပြီး၊ မီတာ ၁၅၀ ကျယ်တဲ့ အလွန်ကြီးမားတဲ့ ဧရာမ ဂူကြီး ဖြစ်နေတာကို တွေ့ရှိ ရပါတယ်။



အဲဒီဒေသ အဲဒီဂူမှာ ဒေသရင်း ပန်းပင်တွေ၊ ဒေသရင်း တိရစ္ဆာန် မျိုးစိတ်တွေ၊ သဘာဝ ရေကန်တွေ၊ တခြား ဒေသတွေနဲ့ မတူတဲ့ မိုးတိမ်တွေတောင် ရှိနေပါတယ်။ အဲဒီ ထူးခြား ကြီးမားတဲ့ ရင်သပ်ရှုမောစရာ ဂူတွင်း ဓာတ်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။



ဂူအတွင်းကို ၀င်ရောက်နိုင်ဖို့ မီတာ ၈၀ အမြင့်ကနေ ကြိုးနဲ့ အောက်ကို ဆင်းရပါတယ်။



ဂူထဲမှာ တော်တော်လေး ရေစီးသန်တဲ့ ချောင်းငယ်တခုကို တွေ့ရတယ်။



မြစိမ်းရောင် ရေကန်တွေရယ်၊ သဲသောင်ပြင်လေးတွေရယ်လည်း တွေ့ရတယ်။



ဂူထဲမှာတော့ ရှေးခေတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကျောက်စက်ပန်းဆွဲတွေလည်း တွေ့ရတယ်။



မီတာ ၇၀ လောက်ရှည်လျား မြင့်မားတဲ့ ကျောက်စက်ပန်းဆွဲတွေက အဲဒီ ဂူထဲမှာသာ တွေ့နိုင်တယ်။



ဂူထဲက တချို့နေရာတွေမှာ သစ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေကြပြီး မျောက်တွေ၊ အောက်ချင်းငှက်တွေနဲ့ လင်းနို့ စတဲ့ တိရစ္ဆာန်တွေလည်း အဲဒီမှာ ကျက်စားနေထိုင်ကြတယ်။



အဲဒီ ဂူထဲမှာပဲ အပြင်လောက ကမ္ဘာက ရာသီဥတုနဲ့ ခြားနားတဲ့ သီးခြား ရာသီဥတု၊ သီးခြား တိမ်တွေနဲ့ ပိုပြီး အေးစိမ့်တဲ့ လေထုလည်း ရှိနေတယ် လို့ သိရပါတယ်။




Source: http://brightside.me

Photo credit: flickr and http://brightside.me

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/02/117527.html

Read More »

Sunday, January 24, 2016

မြွေဆိပ်ဖြေဆေး ဖော်ထုတ်နိုင်ဖို့ အကြိမ် ၁၆၀ အထိ မြွေအကိုက်ခံခဲ့တဲ့ အမျိုးသား




ဒီအမျိုးသား ကတော့ အဆိပ်ပြင်းတဲ့ မြွေတွေ အကြိမ် ၁၆၀ ကျော်လောက် ကိုက်တာကို ကိုယ်တိုင် ခံယူခဲ့ ပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ Wisconsin ပြည်နယ် ၊ Fond du Lac မြို့ မှာနေထိုင်တဲ့ အပျော်တမ်း သိပ္ပံပညာရှင် Tim Friede ဟာ အခုလို မြွေတွေ ကိုက်တာကို တောက်လျှောက် ခံလာခဲ့ တာဟာ သူ့ကိုယ်သူ ခုခံအား ကောင်းမွန် လာစေဖို့ပါ လို့ အခိုင်အမာ ဆိုခဲ့ပြန် ပါတယ်။

အသက် ၃၇ နှစ် ရှိနေပြီဖြစ်တဲ့ Tim Friede ဟာ ကမ္ဘာ့ အဆိပ် အပြင်းဆုံး မြွေတွေဖြစ်တဲ့ black mamba နဲ့ taipan မြွေတစ်ကောင်စီ ကိုက်တာ ကို လောလော လတ်လတ် ခံပြခဲ့ သူလည်း ဖြစ်ပါတယ်။

သူဟာ အခုလို မြွေကိုက်တာကို ကြည်ကြည်ဖြူဖြူ ခံယူခဲ့တာဟာ ၁၆ နှစ်ကျော် ရှိနေခဲ့ပါပြီ။ သူ့ရဲ့ မျှော်လင့်ချက် ကတော့ သူ့လုပ်ရပ်တွေဟာ အဆိပ်ပြင်းတဲ့ မြွေတွေ ကိုက်တာကို အဆိပ်ဖြေ ပေးနိုင်တဲ့ ကာကွယ်ဆေး တစ်မျိုး ထုတ်လုပ်နိုင်ဖို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Tim ဟာ အခုလို မြွေကိုက်ပြီး သေဆုံးခြင်းတွေက ကာကွယ်နိုင်ဖို့ ကြိုးစားနေ ရင်းနဲ့ပဲ သူကိုယ်တိုင် သေမလို ခဏခဏ ဖြစ်ခဲ့ ရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ လမှာ သူ့ရဲ့  ဇနီးဟာ သူ့ကို ကွာရှင်း ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့ ရဲ့  ရှာဖွေဖော်ထုတ် မှုဟာ တစ်ဖြည်းဖြည်း နီးစပ်လာပါပြီ။ ကယ်လီဖိုးနီးယား တက္ကသိုလ်က အဏုဇီဝ ပညာရှင် ဒေါက်တာ Brian Hanley ရဲ့  ပြောကြားချက် အရတော့ Tim ဟာ လက်ရှိမှာ ပဋိ ပစ္စည်းတွေထက် ၂ ဆ သန်မာနေပြီ ဆိုတာကို စမ်းသပ် သိရှိခဲ့ ပါတယ်။ ဒါဟာလည်း Tim ဖော်ထုတ်နေတဲ့ မြွေဆိပ်ဖြေ ကာကွယ်ဆေး တစ်မျိုးဟာ ထွက်ပေါ်လာဖို့ နီးစပ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်ပါတယ်။

Ref : Metro

Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_24.html


Read More »

Friday, November 6, 2015

ကမ္ဘာအကြီးဆုံး လေယာဉ်ဘေးတွင် သည်းထိတ်ရင်ဖို ပျံသန်းပြသူ ၂ ဦး (ရုပ်သံ)




အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ပေါ် ပေ ၄၀၀၀ ကျော်မှာ ကမာ့္ဘ အကြီးဆုံး ခရီး သည်တင် လေယာဉ်နဲ့ အတူ လူ ၂ ဦးက ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး ပျံသန်းပြတဲ့ ဗွီဒီယိုကို အဲမရိတ်လေကြောင်းလိုင်းက ဖြန့်ချိ လိုက်ပါတယ်။

ဂျက်အင်ဂျင်တပ် ကျောပိုးအိတ်တွေနဲ့အတူ အတောင်ပါတဲ့ ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ ဒူဘိုင်း လေယာဉ်မှူး ရိုဆီနဲ့ ဗင့်ရဲဖတ်တို့က ရဟတ်ယာဉ်ပေါ်ကနေ ခုန်ချပြီး အဲမရိတ် လေယာဉ်မှူး အာဗတ်စ်ရှာဗန် မောင်းနှင်လာတဲ့ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ဘေးကနေ လိုက်လံ ပျံသန်းခဲ့ကြပါတယ်။

သိမ်းငှက်ဘေးက ခြင်တွေနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး လေယာဉ်နောက်ကို ပျံသန်းခဲ့တဲ့ ရိုဆီက ပြောပါတယ်။

ဒီလို အတွေ့အကြုံမျိုး မရှိသလို တတ်နိုင်သလောက် လေ့ကျင့်ထားတယ်လို့လည်း ဗင့်ရဲဖတ်က ပြောပါတယ်။

ဒီလို လေယာဉ်နောက်ကို လိုက်လံမောင်းနှင်နိုင်ဖို့အတွက်က အန္တရာယ်ကြီးသလို စွန့်စားမှုအတွက် အချိန်အကြာကြီး လေ့ကျင်ယူရတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့လည်း ဆိုပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120545

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...