အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရှားပါးအရာများ. Show all posts
Showing posts with label ရှားပါးအရာများ. Show all posts

Friday, June 2, 2017

ကလေးတွေအတွက် ကျောင်းစာရိတ်မရှိလို့ ကျောက်ကပ်ထုတ် ရောင်းတော့မယ့် မိခင်




မိဘ ဆိုတာ သားသမီးတိုင်း အတွက်တော့ ငွေသေတ္တာ မဖြစ်နိုင် ပါဘူး။ တစ်ချို့က အလွယ်ပြော ကြပါတယ်။ ပိုက်ဆံ ဆိုတာ ဘယ်က ထွက်သလဲ ဆိုရင် အဖေ့ အိတ်ကပ် ထဲကလို့ ဟာသလုပ်ပြီး ဖြေတတ် ကြပါတယ်။ တကယ်တော့ ဘ၀မှာ တစ်ချို့သော မိသားစုတွေ အတွက် ငွေရေး ကြေးရေးဟာ အများ ထင်ထား တာထက် ခက်ခဲ တတ်ပါတယ်။

အခုလည်း အိန္ဒိယနိုင်ငံ မာရွတ်မြို့၊ ရိုဟာတာ ရပ်ကွက်မှာ နေထိုင်တဲ့ Aarti Sharma အမည်ရ Facebook အသုံးပြုသူ တစ်ယောက်ဟာ ကျောင်းဖွင့် ရာသီ ရောက်ပြီမို့ ကလေးတွေ အတွက် ကျောင်းစာရိတ် လုံလုံ လောက်လောက် မရှိပါဘူး။ ဒီတော့ သူမရဲ့ Facebook ပေါ်မှာ ကျောက်ကပ် လှူဒါန်းမည့် အကြောင်း ကြေငြာ ခဲ့ပါတယ်။

Aarti ဟာ သူမရဲ့ကျောက်ကပ် ရောင်းချလို့ရတဲ့ငွေနဲ့ သားသမီးတွေ ပညာရေး ဆုံးခန်းတိုင်စေ လိမ့်မယ်လို့ ထင်မြင်နေပြီး၊ ကျောက်ကပ် ၀ယ်ဖို့အတွက်လည်း အကူအညီ တောင်းခံ ထားတယ်လို့ သိရ ပါတယ်။

သူမမှာ ကျောင်းတက်နေရတဲ့ သားသမီး 4 ဦးအထိ ရှိပြီး၊ ယခုနှစ် ပညာသင်စာရိတ် မတတ်နိုင်တာနဲ့ ကျောင်းက နားရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကူညီတောင်းခံခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ သူမတို့ မိသားစု ပိုင်ဆိုင်တဲ့ LPG cylinder ကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းပြီး စာရိတ်လုပ်ကာ ပြည်နယ်အကြီးအကဲ Yogi Aditya Nath ဆီကို သွားရောက်တွေ့ဆုံကာ အကူအညီတောင်းခဲ့ပါတယ်။

အကြီးအကဲက ကူညီမယ့်အကြောင်း ကတိပေးခဲ့ပေ မယ့် သူပြောထားတဲ့ရက် တော်တော်လွန်သွားတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါ။

Aarti ရဲ့ ခင်ပွန်းက ” သူမက ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ် လိုက်တာပါ .. ကျနော်က ကားမောင်းတဲ့အလုပ်နဲ့ တစ်လကို ရူပီး 4000 ကနေ 5000 လောက်ပဲ ရပါတယ် … အိမ်ငှားခကလည်း မပေးတာအတော်ကြာပြီမို့ အိမ်ပေါ်က နှင်ချခံရ တော့မယ့် သဘောပါ .. ဒီတော့ အစိုးရက ချေးငွေချေးနိုင်မယ်ဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းလေး စတင်နိုင်မှာ ဖြစ်သလို ကလေးတွေကိုလည်း ကျောင်းဆက်ထားနိုင်မယ်လို့ မျှော်လင့်နေပါတယ် “လို့ ဆိုပါတယ်။



From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Read More »

Saturday, January 28, 2017

မြန်မာတွင် တွေ့ရှိခဲ့သည့် သမိုင်း မတိုင်မှီခေတ် အင်းဆက်၏ ဦးခေါင်းက ဂြိုဟ်သားများနှင့် ဆင်တူနေ




နှစ်သန်းပေါင်း တစ်ရာ သက်တမ်းရှိ အီးတီ ပုံစံ အင်းဆက် တစ်ကောင်ကို မြန်မာ နိုင်ငံရှိ ပယင်းကျောက် အတွင်းမှ မပျက်မယွင်း အနေ အထား အတိုင်း သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ထားခဲ့သည်။

ယင်း သမိုင်းမတိုင်မှီ ခေတ်ကာလ အင်းဆက် တစ်မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ခြင်းနှင့်အတူ ယင်း၏ သိပ္ပံပညာပိုင်း ဆိုင်ရာ ဖွဲ့စည်းပုံ စနစ်ကြောင့် လွန်စွာ ထူးခြားမှု ရှိနေသည်ကို တွေ့ရသည်။

ယင်းသေးငယ်သည့် အတောင်မပါ အင်းဆက်အမမှာ ပယင်းအတွင်း ပိတ်မိကာ ခဲသွားခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားပြီး အသက်ရှင်စဉ်က ယင်းမှာ သစ်ပင်သစ်ခေါက်များအတွင်း နေထိုင်ပြီး အခြား အင်းဆက် ပိုးကောင်ငယ်လေး များနှင့် ခြပလူကောင်များကို စားသုံး ခဲ့မည်ဟု ယူဆနေကြသည်။

ယခုကဲ့သို့ ယင်း၏ မပျက်မယွင်း ကျန်ရှိနေသော ပုံစံအနေအထားကြောင့် သိပ္ပံပညာရှင်တို့အတွက် လေ့လာဆည်းပူးခွင့် ရရှိခဲ့ကြသည်။ ယင်းအင်းဆက်တွင် တြိဂံပုံ ခေါင်းတစ်လုံး ရှိနေပြီး ပြူးကားသည့် မျက်လုံးများလည်း ပါဝင်နေသည်။

" ဒီအင်းဆက်ကောင်မှာတော့ ကျွန်တော်တို့ သိထားတဲ့အခြား ဘယ်အင်းဆက်မျိုးစိတ်မှာမှာမှ မရှိသေးတဲ့အသွင်အပြင် ပုံစံတွေ အများကြီး ရှိနေတာတွေ့ရပါတယ်" ဟု အမေရိကန်နိုင်ငံ အော်ရီဂွန်းပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ ဂျော့ ပွိုင်နာက ပြောသည်။

" သူ့ရဲ့ လည်ပင်းရှည်ပုံစံ၊ မျက်လုံးကြီးတွေနဲ့ အလျားရှည်တဲ့ခေါင်းတွေကြောင့် အီးတီကောင်နဲ့တောင် တူနေတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်း၏ ဦးခေါင်းတည်ရှိပုံအနေအထားကြောင့် အင်းဆက်ဦးခေါင်းမှာ ဘယ်ညာလှည့်ခြင်းအားဖြင့် ၁၈၀ ဒီဂရီ နီးပါးထိ မြင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

Aethiocarenus Bumanicus ဟု အမည်ပေးထားသော ယင်းအင်းဆက်တွင် ရှည်လျားကျဉ်းမြောင်းသေးသွယ်သည့် ခန္ဓာကိုယ်ပုံစံနှင့်အတူ ရှည်လျားသေးသွယ်သော ခြေထောက်များလည်း ဖွဲ့စည်းတည်ရှိနေသည်။

ယင်းအင်းဆက် မည်သည့်အတွက်ကြောင့် မျိုးသုဉ်းခဲ့ရသည်နှင့်ပတ်သက်၍တော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယင်းတို့၏ နေထိုင်စားသောက်ရာနေရာများ ဆုံးရှုံးရခြင်းကြောင့် ပျောက်ကွယ် သွားရခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ငြင်းခုံဆွေးနွေးကြသည်။

From : မဇ္ဈိမ မီဒီယာ by IBT Times

Originally published at - http://mizzimaburmese.com/article/22892


Read More »

Sunday, December 11, 2016

တောနက်ထဲမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ အတူတူ ကြီးပြင်းခဲ့တဲ့ ကောင်မလေး




Tippi Degre လို့ အမည်ရတဲ့ Mowgli ကလေး မလေးဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ နေ့စဉ် အချိန်ကုန်ကာ ကစားလိုက်၊ သွားလိုက် စားလိုက် လုပ်နေ ခဲ့ပါတယ်။



Tippi ရဲ့ သတင်းကို ကြားသိပြီး ကင်မရာ ဆရာတွေက သူမနဲ့ ဘော်ဒါ အပေါင်းအသင်း တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။



အသက် ၆ နှစ် အရွယ် Tippi ဟာ Abu လို့ အမည်ရတဲ့ ဆင်ကြီးကို အကိုလို ပေါင်းသင်း နေထိုင် ပါတယ်။



ချီတာ ကျားသစ်ကြီးနဲ့ Linda လို့ အမည်ရတဲ့ ငှက်ကုလားအုပ် မကြီး ကလည်း သူမရဲ့ အပျင်းတော်ပြေ တွေ ပါဘဲ။



Tippi ဟာ အာဖရိကတိုက် Windhoek, Namibia မှာ အခြေချ နေထိုင်တဲ့ ပြင်သစ် ဓာတ်ပုံ ဆရာ စုံတွဲ Sylvie Robert နဲ့ Alain Degre တို့ရဲ့ သမီး ဖြစ်ပါတယ်။



Tippi တို့ မိသားစုတွေဟာ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ဘော့စ်ဝါနာ၊ နမ်ဘီးယား နိုင်ငံရဲ့တောနက်တွေ ထဲမှာ တစ်လှည့်စီ နေထိုင်ရင်း သားရိုင်း တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို မှတ်တမ်း တင်နေကြ သူတွေ ဖြစ်ပါတယ်။



အခု အခါမှာတော့ Tippi ဟာ ကမ္ဘာကျော် ကလေး တစ်ယောက် ဖြစ်နေပါပြီ။ သူမနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အယ်လ်ဘမ် တွေကို Tippi: My Book Of Africa လို့ အမည် ပေးထားကာ သတင်း မီဒီယာတွေမှာ ဝေေ၀ ဆာဆာ ဖော်ပြနေ တာကို တွေ့ရ ပါတယ်။

source : thesun.co.uk

From : မဒီလေး (Shwemom)

Originally published at - http://www.shwemom.com

Read More »

Sunday, September 4, 2016

ကမ္ဘာ့အသက် အကြီးဆုံး ပန်ဒါကြီး မွေးနေ့ပွဲ




ပန်ပန်ဟာ တရုတ်နိုင်ငံမှ ကမ္ဘာ့ အသက် အကြီးဆုံး ပန်ဒါ ၀က်ဝံကြီး တကောင်ပါ။

သူ့ရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ စီချွမ် ခရိုင် မြို့တော် ချန်ဒူးမှာ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပ ခဲ့တာပါ။

အခုနှစ်မှာ ကျင်းပတဲ့ ပန်ပန်ရဲ့ မွေးနေ့ အသက်ဟာ လူ့သက်တမ်း အနေနဲ့ တွက် မယ် ဆိုရင် အသက် ၁၀၀ နဲ့ ညီမျှ တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြ ပါတယ်။

အခုနှစ်မှာတော့ ၀က်ဝံကြီး ပန်ပန်ရဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ခဲ့တဲ့အတွက် အရင်နှစ်တွေထက်စာရင်တော့ ပရိသတ်နည်းပါးတယ်လို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ၀က်ဝံကြီးပန်ပန်ဟာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မွေးနေ့ကိတ်ရှေ့ကို ရောက်ရှိချိန်မှာ ကြည့်ရှုသူတွေက မွေးနေ့ ဆုတောင်း သီချင်း သီဆို ပေးခဲ့ကြတာကို တွေ့ရပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/166950

Read More »

မိဘမဲ့ဝက်ပေါက်ကလေးများကို မိခင်မေတ္တာဖြင့်စောင့်ရှောက်သည့် ခွေးမကြီး




ခွေးတွေဟာ လူတွေရဲ့ အကောင်းဆုံး အဖော်မွန် အဖြစ် ရှိနေ ခဲ့ကြရာ ကနေ ခုတဖန် သူတို့ဟာ ၀က်ပေါက် ကလေးတွေ အတွက်လည်း ချစ်ခြင်းမေတ္တာ ပေးစွမ်းနိုင် သူတွေ အဖြစ်လည်း ရှိနေတယ် ဆိုတာ ဒီရုပ်သံ ဗွီဒီယိုဖိုင်က သက်သေပြ နေပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျူးဘားနိုင်ငံ၊ ပလေယာ လာဂါမြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သြ စတေးလျနိုင်ငံအခြေစိုက် အေဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားပြီး ကျန်နေခဲ့တဲ့ ၀က်ပေါက်ကလေးတွေကို လင်ဒါအမည်ရတဲ့ ခွေးမကြီးက နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ။

ပိုင်ရှင်ဖြစ်သူ အစ်ဂနိုစီယို အက်စတီဗက်ဇ်က “၀က်ကလေးတွေရဲ့ မိခင်ဝက်မကြီး သေသွားတဲ့နောက်မှာ ၀က်ပေါက်ကလေးတွေ ကျန်နေခဲ့တယ်။ အိမ်မှာ ခွေးမကြီးကလည်း မွေးထားကာစဆိုတော့ (သဘောတူမယ်ဆိုရင်) ခွေးပေါက်ကလေးတွေနဲ့ အတူတူထားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောပါတယ်။

“ပထမဆုံးရက်မှာတော့ ခွေးမကြီးဟာ ချီတုံချတုံဖြစ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ နို့တိုက်ပါတယ်။ ၁ ပါတ် လောက်အကြာမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ သူ့ရင်သွေးတွေလိုပဲ ပြု စုစောင့်ရှောက်နေပါတယ်။”

လက်ရှိမှာတော့ ခွေးမကြီးနဲ့ ၀က်ပေါက်ကလေးတွေရဲ့ ဒီအဖြစ်အပျက်ဟာ ကျော်ကြားနေပြီး ဒေသတွင်းက စိတ်ဝင်စားသူတွေက လာရောက်ကြည့်ရှုနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166934

Read More »

Tuesday, April 19, 2016

ဝေလငါးအန်ဖတ် ဒေါ်လာခြောက်သောင်းကျော် တန်သတဲ့


ဆိုင်မွန်(ဗဟုသုတများ)
ဝေလငါးအန်ဖတ်

ကမ်းခြေမှာ လမ်းလျှောက် သွားရင် ညှီနံ့ ထွက်နေတဲ့ အဝါရောင် ကျောက်တုံးဆန်ဆန် ခပ်မာမာ အရာ တစ်ခုကို ခလုတ် တိုက်မိ ရင်တော့ သေချာအောင် နောက် တစ်ခေါက်လောက် ပြန်ကြည့် ပါဦးနော်။

ဆိုင်မွန်(ဗဟုသုတများ)
ဝေလငါးအန်ဖတ်ကို ကောက်ရခဲ့သူ၈ နှစ်အရွယ် ဗြိတိန်ကောင်လေး

တချို့က ဝေလငါး အန်ဖတ်လို့ ခေါ်တတ် ကြပြီးတော့ အင်္ဂလိပ် လိုတော့ Ambergris လို့ ခေါ်ပါတယ်။

ရှားပါးတဲ့ ဒီပစ္စည်းကို ရေမွှေးတွေ လူ့ အသားပေါ်မှာ ရေရှည် ခံအောင် ပြုလုပ်ရာမှာ ထည့်သွင်းတာ ဖြစ်ပါတယ်။

အဆိုပါ ပစ္စည်းဟာ တကယ်တော့ အန်ဖတ် မဟုတ်ကြောင်း သုတေသန ပြုလုပ်ခဲ့သူ ခရစ္စတိုဖာကမ့်ပ် က ပြောကြား ပါတယ်။

ဝေလငါးအချို့ကသာ ရံဖန်ရံခါ အဆိုပါ ဇီဝဘေးထွက်ပစ္စည်းကို ထုတ်လေ့ရှိပြီး အစာမကြေသော အခြေအနေရောက်မှ ထိုကဲ့သို့ ထုတ်တာ ဖြစ်ပါတယ်တဲ့။

ဖယောင်းခဲကြီးလို ဖြစ်နေတဲ့ ဒီ ဝေလငါးအန်ဖတ်ဟာ အနံ့ပေါင်းစုံထွက်နေပါတယ်လို့ မစ္စတာ ကမ့်ပ် က ဆိုပါတယ်။

မျောနေတဲ့ရွှေ လို့လည်း ပြောကြတဲ့ ဒီအရာဝတ္ထုဟာ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ်ပြင် ပေါ်မှာ မျောနေ နိုင်ပါတယ်။

နောက်ဆုံး ကမ်းခြေတစ်ခုခုကို ကပ်ရင်တော့ ကုသိုလ်ထူးတဲ့ ဖိုးကံကောင်း၊ မယ်ကံကောင်း တွေက ကောက်ရပြီး သူဌေးဖြစ်ကြပါပြီ။

ငါးကြီးအန်ဖတ် ဆိုတဲ့ ထိုအရာဟာ ရှားလွန်းလို့ လူတိုင်း ပေါပေါများများ တွေ့ရတာမဟုတ်လို့ အတုလည်း မိနိုင်ပါသတဲ့။

၂၀၁၂ တုန်းက ၈ နှစ်အရွယ် ဗြိတိန်ကောင်လေးတစ်ယောက်က ၁ဒသမ၃ ပေါင်အလေးချိန်ရှိတဲ့ ဝေလငါးအန်ဖတ်ကို ကောက်ရခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃၀၀၀ ရရှိသွားခဲ့ပါတယ်။

(Ref: UPI)

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...