
ပန်ပန်ဟာ တရုတ်နိုင်ငံမှ ကမ္ဘာ့ အသက် အကြီးဆုံး ပန်ဒါ ၀က်ဝံကြီး တကောင်ပါ။
သူ့ရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ စီချွမ် ခရိုင် မြို့တော် ချန်ဒူးမှာ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပ ခဲ့တာပါ။
အခုနှစ်မှာ ကျင်းပတဲ့ ပန်ပန်ရဲ့ မွေးနေ့ အသက်ဟာ လူ့သက်တမ်း အနေနဲ့ တွက် မယ် ဆိုရင် အသက် ၁၀၀ နဲ့ ညီမျှ တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြ ပါတယ်။
အခုနှစ်မှာတော့ ၀က်ဝံကြီး ပန်ပန်ရဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ခဲ့တဲ့အတွက် အရင်နှစ်တွေထက်စာရင်တော့ ပရိသတ်နည်းပါးတယ်လို့ ဆိုပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ၀က်ဝံကြီးပန်ပန်ဟာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မွေးနေ့ကိတ်ရှေ့ကို ရောက်ရှိချိန်မှာ ကြည့်ရှုသူတွေက မွေးနေ့ ဆုတောင်း သီချင်း သီဆို ပေးခဲ့ကြတာကို တွေ့ရပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166950

No comments: