
မဲလ်ဘုန်း
ကုန်းတစ်ခု ပေါ်ကနေ ခြေစုံ ကန်ပြီး ဆင်းလာတဲ့ သိုး တစ်ကောင်ဟာ မမျှော် လင့်ဘဲ လျှပ်စစ် ကေဘယ်လ် ကြိုးမှာ ၎င်းရဲ့ ဦးချို ချိတ်မိပြီး တန်းလန်း ဖြစ်နေ ခဲ့ပါတယ်။ အဲဒီသိုး ချိတ်မိတဲ့ ကေဘယ်လ် ကြိုးနေရာက မြေပြင် ကနေ ၁၅ ပေမြင့်တဲ့ နေရာမှာ ရှိနေ ပါတယ်။
ကံမကောင်းတဲ့ သိုးအတွက် ကံကောင်းတာ ကတော့ လျှပ်စစ် စီးဝင်နေတဲ့ ဝိုင်ယာကြိုးနဲ့ လွတ်ကင်း ခဲ့တာပဲ ဖြစ်ပါတယ်။
ကေဘယ်လ်ကြိုးမှာ ဦးချို ချိတ်မိနေတဲ့ သိုးနဲ့ ပတ်သက်ပြီး မျက်မြင် ကိုယ်တွေ့ တွေ့မြင် ခဲ့ရသူတွေ ကတော့ တောင်ပေါ်မှာ မြက်စား နေတဲ့ သိုးဟာ သိုးမတွေ ရှိတဲ့ စားကျက်ခင်း ရှိရာကို သွားဖို့ ကြိုးပမ်းရင်း အခုလို ဒုက္ခတွေ့ရ တာလို့ ဆိုပါတယ်။
Ref: oddec
Yangon Media Group
Originally published at - https://www.facebook.com/YangonMediaGroup






No comments: