အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထူးခြားတိရိစ္ဆာန်များ. Show all posts
Showing posts with label ထူးခြားတိရိစ္ဆာန်များ. Show all posts

Tuesday, April 11, 2017

လူသားများကဲ့သို့ ပြုမူလှုပ်ရှား နိုင်ကြသည့် ချစ်စရာ ကြောင်ကလေးများ




လူတွေနဲ့ လက်ပွန်း တတီး နေထိုင် ကြတဲ့ အိမ်မွေး တိရစ္ဆာန် ကြောင်ကလေး တွေရဲ့ အတုယူ မြန်ပုံဟာ တကယ့်ကို အံ့သြ စရာပါပဲ။

သူတို့ဟာ လူသား တွေလိုပဲ နေ့စဉ် ရှင်သန် နေထိုင်မှု ဘဝထဲက ချစ်စဖွယ် လှုပ်ရှားမှု တွေနဲ့ ရှိနေ ကြတာပါ။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အိမ်မွေး တိရစ္ဆာန် ချစ်စရာ ကြောင်ကလေး တွေရဲ့ အတုခိုး ပြုမူ လှုပ်ရှား ကြပုံ တွေကို တွေ့မြင်ကြ ရပါ လိမ့်မယ်။

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်နေတဲ့ သခင့်အနားမှာ ဘားတန်းကို ခိုစီးပြတာတွေ၊ ဖရဲသီးကို လူတွေအတိုင်း ကိုက်စားပြခဲ့တာတွေအပြင် ရှေ့ခြေ ၂ ချောင်းကို ထောက်ကာ ကင်းမြီးကောက်ထောင် အနေအထားနဲ့ လမ်းလျှောက်ပြခဲ့တဲ့ ကြောင်ကလေးတွေကို ရုပ်သံဗွီဒီယိုအစပိုင်းမှာ တွေ့ရပါတယ်။

အဲဒီနောက်တော့ ကလေးပုခက်လွှဲချော့သိပ်တဲ့ လှုပ်ရှားမှုတွေ၊ လက်ဆွဲနှုတ်ဆက်သယောင် လက်ချင်းထိတွေ့ပြခဲ့တာတွေ၊ တံခါးကိုဖွင့်ဖို့ ကြိုးစားပြခဲ့တာတွေ၊ ကြမ်းပြင်ကို အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့တာတွေ၊ ပြေးစက်ပေါ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြခဲ့တာတွေဟာ လူတွေနဲ့မခြား တုပလုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200611

Read More »

Thursday, March 23, 2017

သားကို တိုက်သတ်ခဲ့သည့် ဘတ်စ်ကားအား ရပ်တန့်ရန် ကြိုးစားခဲ့သည့် အံ့ဖွယ်နွားမကြီး




လွန်ခဲ့တဲ့ ၄ နှစ်က သားကို တိုက်သတ် ခဲ့တဲ့ ဘတ်စ်ကားကို မမေ့ဘဲ မိခင် နွားမကြီးက အဲဒီ ဘတ်စ်ကားကို ရပ်တန့်ဖို့ ကြိုးစား နေတာကို ရုပ်သံထဲမှာ မြင်တွေ့ ရမှာပါ။

ဒီရုပ်သံက ဘယ်လို လူမျိုးကို မဆို စိတ်မကောင်း ဖြစ်စေမိမှာ အမှန်ပါပဲ။

တိရစ္ဆာန် တွေက စိတ်ခံစား လှုပ်ရှားမှု မရှိဘူးလို့ ထင်တဲ့ သူတွေလည်း ဒီရုပ်သံကို ကြည်သင့် တယ်လို့ ညွှန်းဆို ထားပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှာရှိတဲ့ ဆာဆီမြို့မှာ ဘတ်စ်ကားတစီးက နွားသားပေါက်လေးတကောင်ကို မိခင်နွားမကြီးရဲ့ မျက်စိရှေ့မှာပဲ တိုက်သတ်မိသွားခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီးကတည်းက မိခင်နွားမကြီးဟာ အထိတ်တလန့်ဖြစ်သွားပြီး သူ့သားကို တိုက်မိခဲ့တဲ့ ဘတ်စ်ကားနား နေ့တိုင်း လှည့်ပတ်သွားနေတယ်လို့ သိရပါတယ်။

နွားမကြီးက သားကိုတိုက်မိခဲ့တဲ့ ဘတ်စ်ကားနဲ့ ကားမောင်းသမားကို တိုက်ခိုက်ဖို့ နေ့တိုင်း ကြိုးစားနေတာလို့ ဆိုပါတယ်။

ရုပ်သံထဲမှာ နွားမကြီးက ဘတ်စ်ကားရှေ့ကို လာပြီး ရှေ့ဆက်သွားလို့မရအောင် တားဆီးနေတာလည်း မြင်ရမှာပါ။

အမျိုးသားတဦးက တုတ်တချောင်းနဲ့ နွားမကြီးကို ခြောက်လန့်ပြီး ဘတ်စ်ကားရှေ့က ဖယ်ခိုင်းကာ တခြားနေရာကို သွားခိုင်းပေမယ့် ဒီလို တုတ်နဲ့ ခြောက်လန့်နေတဲ့ လူဆီက လွတ်သွား တာနဲ့ နွားမကြီးက ဘတ်စ်ကားနောက်ကို ပြန်ပြေး လိုက်နေတာပါ။

ထူးခြားတာတခုကတော့ နွားမကြီးဟာ အဲဒီနေရာကိုလာနေတဲ့ ဘယ်ဘတ်စ်ကားကိုမှ ရပ်တန့်ဖို့ကြိုးစားတာမဟုတ်ဘဲ သူ့သားပေါက်လေးကို တိုက်သွားခဲ့တဲ့ ဘတ်စ်ကားကိုသာ ရပ်တန့်တားဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196822

Read More »

Sunday, January 29, 2017

မြွေဟောက်ဘုရင်ရဲ့ လျှို့ဝှက်ချက်




ဘီဘီစီ၂၀၁၇ ခုနှစ် Plannet Earth II ရဲ့ တောရိုင်း တိရစ္ဆာန် မှတ်တမ်း ဗွီဒီယို ရုပ်သံမှ မြွေဟောက် ဘုရင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် aတွကို ရိုက်ကူး တင်ပြ ထားတာပါ။

အစီအစဉ် တင်ဆက်သူမှ မြွေဟောက် ဘုရင် aတွဟာ သေစေနိုင်တဲ့ သတ္တဝါတွေ jဖစ်ပြီး ကမ္ဘာ့အကြီးဆုံး အဆိပ်ရှိ သတ္တဝါ jဖစ်တယ်၊ မြွေဟောက် ဘုရင်တွေက အရွယ် လုံးဝ aရာက်ပြီးသား ဆင်တစ်ကောင်ကို သေစေ နိုင်လောက်အောင် အစွမ်း ရှိပေမယ့် ဘာကြောင့် ဒီလို စွမ်းနိုင်တယ် ဆိုတာ ကိုတော့ လူသားတွေက လုံးဝ နီးနီး မသိရှိ ဘူးလို့ ပြောထား ပါတယ်။

ဒါပေမယ့် ခုဒီလို မသိတဲ့ ကိစ္စကို ပြောင်းနိုင် တော့မယ်လို့ ဆိုပါတယ်။ သုတေသန လုပ်သူတွေက မြွေဟောက် ဘုရင် ၂ ကောင်ကို ခွဲစိတ်ပြီး
စောင့်ကြည့် စက်ကိရိယာတွေ ထည့်ထား ပါတယ်။

လျှို့ဝှက်ဆန်းကြယ်လှတဲ့ မြွေအချင်းချင်း အကြမ်းဖက် တိုက်ခိုက်တာ မြွေတွေ အသားစား တာတွေ စတာတွေ ပါဝင်တဲ့ လူသားတွေ အရင်က လုံးဝ မမြင်ဘူးတဲ့ မြွေတွေရဲ့ နေထိုင်မှု ဘဝ လျှို့ဝှက်ချက် တွေကို ဖော်ထုတ်ပြ သွားမှာပါလို့ ဆိုပါတယ်။

ဒီလျှို့ဝှက်ချက်တွေကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့မြင်ရမှာပါ။

မြွေဟောက်ဘုရင်တွေက ၅ မီတာခွဲ နီးနီးထိ ရှည်လျား ကြီးပြင်း တတ်ပြီး အိန္ဒိယ သစ်တောတွေကို နှစ်သန်းပေါင်း များစွာ အကြီး အကဲ အဖြစ် နေထိုင် တယ်လို့ ဆိုပါတယ်။

ဒီရှေးဟောင်း သတ္တဝါတွေက ခုချိန်မှာ လူသားတွေရဲ့နေရာတွေမှာ နေထိုင်ရောက်ရှိ လာတာ ပိုမို များပြား လာတယ်။ သူတို့ကြီးကဲ နေထိုင်ရာ သစ်တောနေရာတွေ ကလည်း တနှစ်ထက် တနှစ် ပိုပိုသေးငယ် လာတယ်လို့ သိရပါတယ်။

မြွေဟောက်ဘုရင်တွေက အခြားမြွေတွေကို ကိုက်ဖြတ် စားသုံး တတ်ပါတယ်။

အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လူ ၅ သောင်းလောက် မြွေကိုက်ခံပြီး သေဆုံးပေမယ့် အိန္ဒိယမှာ အကြီးဆုံး အဆိပ်ရှိ သတ္တဝါဖြစ်တဲ့ မြွေဟောက် ဘုရင်တွေကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တောင်ပိုင်း အိန္ဒိယမှာ လူ ၄ ဦးပဲ သေဆုံး တယ်လို့ သိရပါတယ်။

မြွေဟောက် ဘုရင်တွေက သူတို့ထုတ်လွှတ်မဲ့ အဆိပ် ပမာဏကို ထိန်းချုပ်နိုင်လို့ သူတို့ ကိုက်တဲ့ လူတွေထဲမှာ ၁၀ ရာခိုင်နှုန်းပဲ သေဆုံး တယ်လို့ ဆိုပါတယ်။

မြွေဟောက် ဘုရင်တွေရဲ့ အဆိပ် ကလည်း အဖိုး ထိုက်တန်တယ် လို့လည်း သိရပါတယ်။



သတင်းရုပ်သံ- ဘီဘီစီ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186507

Read More »

Wednesday, September 21, 2016

မျက်နှာနှစ်ခုပါ အမေရိကန်နွားမကလေး




အမေရိကန် နိုင်ငံ၊ ကင်တပ်ကီ ပြည်နယ်၊ ယာတော တခုထဲမှာ နွားပေါက် ကလေး တကောင်ဟာ မျက်နှာ ၂ ခုနဲ့ တွဲလျက်သား မွေးဖွား လာခဲ့တဲ့ အတွက် လာရောက် ကြည့်ရှု သူတွေကြား အထူး အဆန်း တခု အဖြစ် နာမည်ကြီး နေပါတယ်။

အဲဒီနွားမလေးကို ရုတ်တရက် မြင်လိုက် ရရင်တော့ ဒါဟာ အမြွှာ များလားလို့ ထင်ရစေမှာပါ။

ခြံပိုင်ရှင်ဖြစ်တဲ့ စတန်မက်က်ကူဘင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ယာတောထဲ လမ်းလျှောက်ထွက်ချိန်မှာ သတိထားမိခဲ့တာလို့ ဆိုပါတယ်။

“ကျနော် နှာခေါင်း ၂ ခုကို မြင်ခဲ့ရချိန်မှာ အမြွှာလို့ထင်ခဲ့တယ်။ ဒါပေမယ့် ခေါင်း ၂ လုံး ပါတာကို တွေ့လိုက်ရချိန်မှာ ကျနော် အံ့သြသွားတယ်” လို့ ပြောပါတယ်။

ဒီနာမည်ကို သူတို့ရဲ့သမီးဖြစ်တဲ့ ၅ နှစ်အရွယ် ကဲန်လေက “မယ်ကံကောင်း” လို့ နာမည်ပေးထားကြောင်း ဖောက်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

“သူဟာ ခုလိုနေထိုင်ခွင့်ရတာပဲ ကံကောင်းပါတယ်။ ဒါကြောင့် မယ်ကံကောင်းလို့ နာမည်ပေးလိုက်တာ” လို့ သူက ပြောပါတယ်။

နွားမလေး မယ်ကံကောင်းဟာ သူ့ဟာသူ မတ်တပ်ရပ်နိုင်ပေမယ့် တ၀ဲလည်လည်နဲ့ လဲကျတော့မယောင်ယောင် ဖြစ်နေသေးပြီး အစာစားတဲ့အချိန်မှာတော့ သူ့ကို ကူညီပေးဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပါးစပ်တဘက်လှုပ်ရင် ကျန်တဲ့တဘက်ကပါ လိုက်လှုပ်နေပြီး မွေးဖွားချိန်မှာ ရှားပါး မျိုးဗီဇသန္ဓေပြောင်းလဲမှု ဖြစ်စဉ်တခုကြောင့် ခုလိုဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

“သူ့မှာ အသက်ရှင်သန်ခွင့်အချိန် ဘယ်လောက်ကျန်မလဲ။ ကျနော်တို့ စဉ်းစားနေပါတယ်။ ဆိုလိုတာက သူ့ကို ကျနော့်ရဲ့ ကလေးတွေနဲ့မခြား စောင့်ရှောက်သွားမှာပါ” လို့ မက်က်ကူဘင်က ဆိုပါတယ်။

လက်ရှိမှာတော့ ဒီသတင်းကို ကြားသိကြတဲ့သူတွေဟာ မျက်နှာ ၂ ခုပါတဲ့ ထူးဆန်းနွားပေါက်စကလေးအဖြစ် နီးနီးကပ်ကပ် ကြည့်ချင်စိတ်နဲ့ လာရောက်ကြသူတွေ များလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169187

Read More »

Tuesday, September 13, 2016

တက်ဘလက်အသုံးပြုနေသည့် မျောက်သားအဖ




ဒီရုပ်သံ ဗွီဒီယိုဖိုင်က မျောက်တွေဟာ မြင်မြင် သမျှ အရာရာကို တုပ လုပ်နိုင် စွမ်းတယ် ဆိုတဲ့ ရှေးရိုး စကားကို ပြသနေ တယ်လို့ ဆိုရမှာပါပဲ။

ချစ်စရာကောင်းတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ ဖခင်က သူ့ရဲ့ရင်သွေး မျောက်ကလေးကို ခေတ်မှီ နည်းပညာ အသုံးပြုမှုတွေ သင်ကြားပြသ ပေးနေဟန် တွေ့ရပါတယ်။

တက်ဘလက် ဖုန်းတွေကို အိုင်ပက်ဒ်လိုပဲ ဈေးကွက်ထဲမှာ သာမန် ရှေးရိုး ကွန်ပျူတာတွေရဲ့ နေရာမှာ ပြောင်းလဲ အသုံးပြုလာကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီဇိုင်နာတွေ ကတော့ ခုလိုမျိုး အသုံးပြုနေ ကြတဲ့ မြင်ကွင်းမျိုးကို မျှော်မှန်းထား ခဲ့ကြလိမ့်မယ် မထင်ပါဘူး။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မျောက်သားအဖဟာ တက်ဘလက်ရဲ့ မျက်နှာပြင်ကို ပွတ်ဆွဲပြီး အပေါ်အောက်ဆွဲချ အသုံးပြုနေကြပုံဟာ တကယ့်ကို လူသားတွေ အသုံးပြုနေတဲ့ အတိုင်းပါပဲ။

အဲဒီမျောက်သားအဖဟာ လူတွေလိုပဲ ဖခင်နဲ့ သားဖြစ်သူပုံစံအတိုင်း ၀တ်စုံတွေကို ၀တ်ဆင်ထားခဲ့ကြတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာ မယ့်ပိုင်း (Meipai) ပေါ်မှတဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၂ သိန်း ကျော် ရှိခဲ့တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

ဝင်ရောက်မှတ်ချက်ပေးသူတဦးကတော့ “ချစ်စရာအကောင်းဆုံးပဲ” လို့ ရေးခဲ့ပြီး နောက်တဦးကတော့ “ခေတ်ပြောင်းတော်လှန်ရေး စတင်နေပြီ” လို့ ရေးခဲ့တာပါ။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168078

Read More »

Monday, September 12, 2016

တမိနစ်အတွင်း စွမ်းရည်အမျိုး ၂၀ ပြသနိုင်သည့် အံ့ဖွယ်ကြောင်မလေး




သြစတြေးလျ နိုင်ငံမှ ကြောင်မလေး ဒစ်ဂျာဟာ အချိန် တမိနစ် အတွင်းမှာ အံ့သြ လောက်ဖွယ် စွမ်းရည် ပြသမှု တွေကြောင့် ၂၀၁၇ ခုနှစ် အတွက် ဂင်းနက်စ် ကမ္ဘာ့ မှတ်တမ်း စံချိန် တင်နိုင် ခဲ့ပါတယ်။

သူဟာ အချိန် တမိနစ် အတွင်းမှာ စွမ်းရည်ပြကွက် အမျိုး ၂၀ ကို လုပ်ဆောင် နိုင်တယ်လို့ ဆိုပါတယ်။

ဒစ်ဂျာဟာ နယူး ဆောက်ဝေး ပြည်နယ်မှာ နေထိုင်ပြီး ရောဘတ် ဒေါလ်ဝက်တ်က သူ့ကို မွေးစား ခဲ့ကာ စွမ်းရည် လေ့ကျင့်ပေး ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းရည် ပြကွက်တွေ ထဲမှာ လက်ကိုမြှောက် ပြပြီး နှုတ်ဆက်တာ၊ ဘယ်ညာ ဝှေ့ယမ်းပြတာ၊ ကြမ်းပြင်ပေါ် ဘယ်ညာ လှဲပြတာ၊ တပတ်လှိမ့်ပြတာ၊ သခင်ဖြစ်သူရဲ့ ဒူးပေါ်မှ တဆင့် စကိတ်ဘုတ်ဆီ ခုန်တက်ပြ တာတွေနဲ့ စကိတ်ဘုတ် စီးနင်းနေချိန်မှာ ဘားတန်းကို ခုန်ကျော် စွမ်းရည် ပြသမှု စတာတွေ ပါဝင် ပါတယ်။

ဂင်းနက်စ် ကမ္ဘာ့ မှတ်တမ်း စံချိန် အဖွဲ့ကတော့ ကြောင်မလေး ဒစ်ဂျာနဲ့ သူ့ရဲ့သခင်ဖြစ်သူ ကြားက ဆက်နွယ်မှုဟာ ထူးခြားပြီး ရှင်းရှင်း လင်းလင်း မြင်နိုင် တယ်လို့ မှတ်ချက်ပေး ခဲ့ကြတာပါ။

အရင်တုန်းကလည်း ပိုင်ရှင်ဖြစ်သူ ရောဘတ်ဒေါလ်ဝက်တ်ဟာ ကြောင်မလေး ဒစ်ဂျာရဲ့ စွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်တွေကို ယူကျု အင်တာနက်စာမျက်နှာမှတဆင့် မျှဝေခဲ့ဖူးပါတယ်။

သူက ကြောင်မလေး ဒစ်ဂျာကို အပြုသဘောဆောင်တဲ့ သင်ကြားရေးစနစ်ကို အသုံးပြုပြီး စကားနဲ့ အမိန့်ပေးစေခိုင်းလေ့ကျင့်မှုတွေနဲ့ သင်ပေးခဲ့တာလို့ ပြောပါတယ်။



by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167965

Read More »

Sunday, September 4, 2016

ကမ္ဘာ့အသက် အကြီးဆုံး ပန်ဒါကြီး မွေးနေ့ပွဲ




ပန်ပန်ဟာ တရုတ်နိုင်ငံမှ ကမ္ဘာ့ အသက် အကြီးဆုံး ပန်ဒါ ၀က်ဝံကြီး တကောင်ပါ။

သူ့ရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ စီချွမ် ခရိုင် မြို့တော် ချန်ဒူးမှာ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပ ခဲ့တာပါ။

အခုနှစ်မှာ ကျင်းပတဲ့ ပန်ပန်ရဲ့ မွေးနေ့ အသက်ဟာ လူ့သက်တမ်း အနေနဲ့ တွက် မယ် ဆိုရင် အသက် ၁၀၀ နဲ့ ညီမျှ တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြ ပါတယ်။

အခုနှစ်မှာတော့ ၀က်ဝံကြီး ပန်ပန်ရဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ခဲ့တဲ့အတွက် အရင်နှစ်တွေထက်စာရင်တော့ ပရိသတ်နည်းပါးတယ်လို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ၀က်ဝံကြီးပန်ပန်ဟာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မွေးနေ့ကိတ်ရှေ့ကို ရောက်ရှိချိန်မှာ ကြည့်ရှုသူတွေက မွေးနေ့ ဆုတောင်း သီချင်း သီဆို ပေးခဲ့ကြတာကို တွေ့ရပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/166950

Read More »

Sunday, August 14, 2016

မလေးရှားတွင် အစွယ်ပြောင်းပြန် ပေါက်နေသည့် ဆင်တွေ့ရှိ




မလေးရှား နိုင်ငံက ဆီအုန်း စိုက်ပျိုးရေး ခြံတခြံမှာ ပြီးခဲ့တဲ့ တပတ်က ဆင်စွယ် ပြောင်းပြန် ပေါက်နေတဲ့ ဆင် တကောင်ကို ဒေသခံ တောရိုင်း တိရစ္ဆာန် သုတသန အဖွဲ့ တဖွဲ့က တွေ့ရှိ မှတ်တမ်း တင်ခဲ့ ပါတယ်။

အခုလို ဆင်စွယ် နောက်ပြန် ပေါက်တဲ့ ဆင်မျိုးဟာ အတော်ကို ရှားပါး ပေမယ့် မလေးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေ တုန်းကလည်း တွေ့ရှိ ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် တုန်းကလည်း တကောင် တွေ့ရှိ ခဲ့ပြီး ဘာကြောင့် ဒီဆင်တွေမှာ ဆင်စွယ်နောက်ပြန် ပေါက်တယ် ဆိုတာ မသိ ရသေးပါဘူး။

အခုလိုဆင်စွယ် နောက်ပြန်ပေါက်တဲ့ ဆင်တွေဟာ တခြားဆင်တွေကို ရန်ဆိုင် တွန်းလှန်တဲ့ အခါမှာ အတော်ကို ခက်ခဲ မယ်လို့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။

ဒါကြောင့် အဲ့ဆင်တွေ အတွက် သင့်တော်တဲ့ နေရာတွေ့ရင် ပြောင်းရွှေ့ ထားဖို့လည်း စီစဉ်နေပြီး နောက်ယောင်ခံ ကိရိယာ တပ်ဆင်ပြီး ကာကွယ် စောင့်ရှောက် သွားမယ်လို့ ဌာနက ပြောဆို ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/163847

Read More »

Monday, August 1, 2016

လူ့မျက်နှာပေါက်ကိုပင် မှတ်မိအောင် လေ့ကျင့်ပေးနိုင်သည့် ဉာဏ်ကြီးရှင် ငါး




ငါးတွေ ဉာဏ် ထက်ကြောင်း သက်သေ ပြဖို့ ကြိုးစား တာဟာ မလွယ်လောက် ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ဗြိတိန်နဲ့ သြစတြေးလျမှ သိပ္ပံ ပညာရှင် တွေက ငါးတွေဟာ ရှုပ်ထွေးတဲ့ သဏ္ဌာန် တွေနဲ့ အဆင် အကွက် တွေကို ခွဲခြား နိုင်စွမ်းရှိကြောင်း ပြသ ခဲ့ပါတယ်။

တချို့ငါးတွေဆိုရင် လူ့မျက်နှာပေါက်ကို မှတ်မိအောင်တောင် လေ့ကျင့်ပေးလို့ ရပါတယ်။

ဒီ လေးသည်တော်ငါးကို လူ ၂ ယောက်ရဲ့ မျက်နှာပေါက် ပုံရိပ်တွေပြကာ ဓာတ်ပုံကို ရေပန်းနဲ့ မှုတ်ထုတ်ပြီး ၂ ယောက်ထဲက ၁ ယောက်ကို ရွေးချယ် တတ်အောင်
လေ့ကျင့်ပေး ခဲ့ပါတယ်။

ဒီငါးက ပေးထားတဲ့အချိန်အတွင်း လူ ၄၄ ဦးထဲက တယောက်ကို ခွဲခြားမှတ်မိနိုင်ခဲ့ပါတယ်။ တခြားတိရစ္ဆာန်တွေလို အမြင်အာရုံ မှတ်ဉာဏ်အတွက် အသုံးချတဲ့ ဦးနှောက်အစိတ်အပိုင်း မပါဘဲ ခုလို ခွဲခြားဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ငါးရဲ့ဦးနှောက်ကိုကြည့်ရင် သိပ်ကိုတွန့်ခေါက်နေတဲ့ ဟောဒီ နီယိုခေါတက်ခ်စ်ရဲ့ အောက်မှာ ရှေးဦးလူသားရဲ့ ဦးနှောက်မျိုး ရှိနေတာကို တွေ့ရတယ်။ ဒါပေမယ့် သိပ်ကိုရှုပ်ထွေးတဲ့ အမူအကျင့်တွေကို လုပ်နိုင်ပါတယ်။ အခု ကျနော်တို့ပြသခဲ့သလို မျက်နှာပေါက်ကို ခွဲခြားမှတ်သားတာ၊ အုပ်စုဖွဲ့နေထိုင်တာမျိုးတွေက အစပေါ့။
နောင်တချိန်မှာ လက်နက်ကို အသုံးချလာနိုင်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေလည်း တွေ့ထားတယ်။”

ပီကာဆိုထရစ်ဂါးဖစ်ရှ်လို့ခေါ်တဲ့ ဒီငါးဆိုရင်လည်း အဖြူပြားတွေ အများကြီးကြားထဲကနေ အနက်ပြားကို ရွေးချယ်နိုင်စွမ်း ရှိပါတယ်။ သားပေါက်ဖို့အတွက် ၁ နှစ်ပြီး ၁ နှစ် တနေရာတည်းကို ပြန်သွားနိုင်စွမ်းရှိတာကို ကြည့်ရင် ဒီငါးတွေရဲ့ မှတ်ဉာဏ်ကို သဘောပေါက်သွားမှာပါ။

“တကယ့်ကို သာမန်ဦးနှောက်နဲ့ သူတို့တတွေရဲ့ စွမ်းရည်ဟာ အံ့အားသင့်စရာပါ။ သာမန်ဦးနှောက်လို့ ပြောရတာ သိပ်တော့ အဆင်မပြေဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ကျနော်ကတော့ သူတို့ဦးနှောက်ဟာ သူတို့အလုပ်နဲ့ အပြည့်အ၀ အလိုက်ပြောင်းနိုင်တယ်လို့ ထင်တယ်။ လူသားဦးနှောက်နဲ့ ကွဲပြားပေမယ့် တာဝန်အသီးသီးအတွက် ဖွံ့ဖြိုးလာပုံချင်းတော့ အတူတူပါ။ ဒါက အရေးကြီးပါတယ်။”

လူ့မျက်နှာပေါက်မှာလို မသိမသာ ကွဲပြားမှုတွေကို ခွဲခြားမှတ်မိနိုင်စွမ်း ရှိဖို့အတွက် ရှုပ်ထွေးတဲ့ ဦးနှောက်စွမ်းရည်တွေဟာ မရှိမဖြစ် အရေးပါနေတာတော့ မဟုတ်ဘူးလို့ သူတို့အဖွဲ့က ဆိုပါတယ်။ ဒါကြောင့် နောက်များ အိမ်က အလှမွေးငါးတွေကို အစာကျွေးဖို့မေ့ခဲ့ရင် ကန်ထဲက စိန်းစိန်းဝါးဝါး ကြည့်နေတဲ့ မျက်လုံးတွေက ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာ သိကောင်းသိနေမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161718

Read More »

Thursday, July 28, 2016

ကမ္ဘာ့အရပ်အမြင့်ဆုံးဖြစ်ရန် ရေပန်းစားနေသည့် ခွေးကလေး




မေဂျာလို့ အမည်ရတဲ့ အင်္ဂလန် နိုင်ငံမှ ခွေးကလေးဟာ ကမ္ဘာ့ အရပ် အမြင့်ဆုံး ခွေးကလေး တကောင် ဖြစ်လာနိုင် မယ်လို့ ရေပန်းစား နေပါတယ်။

သူဟာ ဂရိတ်ဒိန်း အမျိုး အစား ခွေးကလေး တကောင်ဖြစ်ပြီး အသက် ၃ နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ နောက်ခြေကို ထောက်ထားပြီး ရပ်လိုက်ရင် အမြင့် ၇ ပေ ၁ လက်မ ရှိတဲ့ အတွက် ပိုင်ရှင်တွေ ထက်တောင် ပိုမြင့်နေ တာပါ။

ပိုင်ရှင်ဖြစ်သူ ဘရိုင်ယန် ၀ီလျံစ်က “သူဟာ စိတ်နှလုံးကောင်းရှိတဲ့ ခွေးကြီးတကောင်ပါပဲ။ ပျော်ပျော်လည်း နေတတ်တဲ့အတွက် သူ့ကို တွေ့တဲ့သူတိုင်းက ချစ်ကြတယ်။ တနေကုန် သူနဲ့အတူတူ ကစားကြတယ်” လို့ ပြောပါတယ်။

သူ့ကို ခွေးပေါက်စလေး အရွယ်တည်းက ၀ယ်ခဲ့တာဖြစ်ပြီး အိမ်ထဲမှာ ချုပ်နှောင်မထားဘဲ လွတ်လွတ်လပ်လပ်ပဲ ထားလေ့ရှိတယ်လို့ ဆိုပါတယ်။

“သူက သူ့အရိပ်ကို သူပြန်ကြောက်တတ်တယ်။ ကလေးတွေနဲ့ ဆော့ရင်တော့ သူက တကယ့်ကို စတားပါပဲ” လို့ ဘရိုင်ယန်က ပြောပါတယ်။

အသက် ၅၅ နှစ်အရွယ် ဘရိုင်ယန်ဟာ ဝေးလ်စ်ပြည်နယ်တောင်ပိုင်း၊ ဆွမ်ဆီးမြို့မှာ ဇနီးဖြစ်သူ ဂျူလီနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး သူတို့ရဲ့ ခွေးကလေး မေဂျာကို ကမ္ဘာ့ အရပ်အမြင့်ဆုံးခွေးအဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် ၀င်စေချင်နေတာပါ။

အလေးချိန် ၂၂ စတုံရှိတဲ့ မေဂျာဟာ တနေ့ကို ၂၂ နာရီကြာ အိပ်လေ့ရှိပြီး ကြက်သားနဲ့ ဆန် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားလေ့ရှိတယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း အကဲဖြတ်အဖွဲ့ကတော့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ နှစ်က ဆုံးသွားခဲ့တဲ့ ခွေးကြီး ဂျော့ခ်ျရဲ့နောက်မှာ ဆန်ကာတင်ခွေး ၃ ကောင်ထဲကနေ ရွေးချယ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျော့ခ်ျကတော့ ခြေသည်းကနေ စတိုင်းရင် အရပ်အမြင့် ၄၃ လက်မရှိကာ ကိုယ်အလေးချိန် ၁၇ စတုံ ရှိခဲ့တာပါ။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161077

Read More »

Monday, July 25, 2016

ကားဟွန်းတီးပြီး သခင်ကိုခေါ်သည့် ခွေးကလေး




ကားဟွန်းကို အဆက် မပြတ် တီးကြတယ် ဆိုတာဟာ လူတွေ အတွက် စိတ်မရှည် နိုင်တော့တဲ့ အခါ ဆိုပေမယ့် တချိန်လုံး တီးနေတာ မျိုးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် သခင့်ပြန် အလာကို ကားပေါ် ကနေ မျှော်နေ ရှာတဲ့ ခွေးကလေး ကတော့ ဟွန်းသံ ရှည်ရှည် တီးလိုက်ပြီး သတိပေး ခဲ့ပါတယ်။

ဒါဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း၊ ဘရိုင်ယန့်စ်ခ် မြို့က ကားရပ် နားတဲ့ နေရာ တခုမှာ ဖြစ်ခဲ့ပြီး ဒီအဖြစ် အပျက်ကို အနီးနား မျက်မြင် တွေ့ရှိသူ တဦးက မှတ်တမ်းတင် ထားခဲ့ တာလို့ ဗြိတိန် အခြေစိုက် မေရာ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ရိုက်ကူးသူအမျိုးသားဟာ ကားအနီးကပ်လာခဲ့ပြီး ခွေးကလေးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဖို့ ကြိုးစားခဲ့ကာ ခုလို ရိုက်ကူးခဲ့တာပါ။

ခွေးကလေးဟာ ကားရှေ့ခန်း ယာဉ်မောင်းသူနေရာမှာ ရှိနေကာ ဟွန်းကို အဆက်မပြတ် တီးနေခဲ့ကာ အော်ဟစ်နေချိန်မှာ ဘေးကလူတွေရဲ့ သဘောကျပြီး ရယ်မောနေ သံတွေကိုပါ ကြားနေရတာပါ။

ကံကောင်းထောက်မစွာပဲ ကားရဲ့ ဘေးတံခါးဟာ လှစ်ဟထားခဲ့တာမို့ ခွေးကလေးဟာ ပြင်ပကလေကို ရှူနိုင်ပြီး သခင်ဖြစ်သူ သူ့ဆီပြန်လာခဲ့ချိန်ထိတိုင်အောင် ရိုက်ယူ ထားခဲ့တာကို တွေ့ရပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160722

Read More »

Saturday, July 2, 2016

ကမ္ဘာ့အကြီးဆုံး မြေအောက် ကမ္ဘာ



ဗီယက်နမ် လယ်သမား တဦးဟာ ၁၉၉၁ ခုနှစ်က ဗီယက်နမ် နိုင်ငံ Phon Nha-Ke Bang အမျိုးသား ပန်းခြံထဲမှာ အရင်က မတွေ့ခဲ့ ဖူးသေးတဲ့ ဂူတလုံးကို မထင်မှတ်ဘဲ တွေ့ရှိ ခဲ့ပါတယ်။ ဂူရဲ့ အ၀င်ဝ အရောက်မှာတော့ အလွန် ကျယ်လောင် မြည်ဟီး စီးဆင်းနေတဲ့ ရေစီးသံတွေ ကြားလိုက် ရတော့ သူလည်း ကြောက်ရွံ့ပြီး ဂူထဲဆက် မ၀င် ရဲတော့ ပါဘူး။ ဒေသ ခံတွေက အဲဒီဂူကို Son Doong လို့ ခေါ်ပေမယ့် ဘယ်သူမှ နောက်ထပ် ရှာဖွေမှုတွေ မလုပ်ရဲ ကြပါဘူး။

၂၀၀၉ ခုနှစ် မှာတော့ ဟောင်းဝပ် လင်းဘတ် (Howard Limbert) ဦးဆောင်တဲ့ ဗြိတိသျှ သုတေသနနဲ့ လေ့လာ ရှာဖွေရေး အဖွဲ့ အဲဒီဂူကို ရောက်ရှိ ခဲ့ပြီး ဂူအတွင်း ၀င်ရောက် လေ့လာဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ သူတို့ ဂူ အတွင်းထဲ ၀င်ရောက် လေ့လာတော့ အဲဒီ ဂူဟာ ၅ ကီလို မီတာ ရှည်ပြီး၊ မီတာ ၁၅၀ ကျယ်တဲ့ အလွန်ကြီးမားတဲ့ ဧရာမ ဂူကြီး ဖြစ်နေတာကို တွေ့ရှိ ရပါတယ်။



အဲဒီဒေသ အဲဒီဂူမှာ ဒေသရင်း ပန်းပင်တွေ၊ ဒေသရင်း တိရစ္ဆာန် မျိုးစိတ်တွေ၊ သဘာဝ ရေကန်တွေ၊ တခြား ဒေသတွေနဲ့ မတူတဲ့ မိုးတိမ်တွေတောင် ရှိနေပါတယ်။ အဲဒီ ထူးခြား ကြီးမားတဲ့ ရင်သပ်ရှုမောစရာ ဂူတွင်း ဓာတ်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။



ဂူအတွင်းကို ၀င်ရောက်နိုင်ဖို့ မီတာ ၈၀ အမြင့်ကနေ ကြိုးနဲ့ အောက်ကို ဆင်းရပါတယ်။



ဂူထဲမှာ တော်တော်လေး ရေစီးသန်တဲ့ ချောင်းငယ်တခုကို တွေ့ရတယ်။



မြစိမ်းရောင် ရေကန်တွေရယ်၊ သဲသောင်ပြင်လေးတွေရယ်လည်း တွေ့ရတယ်။



ဂူထဲမှာတော့ ရှေးခေတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကျောက်စက်ပန်းဆွဲတွေလည်း တွေ့ရတယ်။



မီတာ ၇၀ လောက်ရှည်လျား မြင့်မားတဲ့ ကျောက်စက်ပန်းဆွဲတွေက အဲဒီ ဂူထဲမှာသာ တွေ့နိုင်တယ်။



ဂူထဲက တချို့နေရာတွေမှာ သစ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေကြပြီး မျောက်တွေ၊ အောက်ချင်းငှက်တွေနဲ့ လင်းနို့ စတဲ့ တိရစ္ဆာန်တွေလည်း အဲဒီမှာ ကျက်စားနေထိုင်ကြတယ်။



အဲဒီ ဂူထဲမှာပဲ အပြင်လောက ကမ္ဘာက ရာသီဥတုနဲ့ ခြားနားတဲ့ သီးခြား ရာသီဥတု၊ သီးခြား တိမ်တွေနဲ့ ပိုပြီး အေးစိမ့်တဲ့ လေထုလည်း ရှိနေတယ် လို့ သိရပါတယ်။




Source: http://brightside.me

Photo credit: flickr and http://brightside.me

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/02/117527.html

Read More »

Thursday, June 23, 2016

လူကဲ့သို့ မတ်တတ် လမ်းလျှောက်သည့် ၀က်ဝံ လူမှုကွန်ရက်တွင် ရေပန်းစား




အမေရိကန် ပြည်ထောင်စု နယူးဂျာဆီမှာ ၀က်ဝံ တကောင်ဟာ လူလိုပဲ မတ်တတ်ရပ် လမ်းလျှောက်ပြီး လူနေ အိမ်ကြားထဲမှာ သွားလာ နေတဲ့ ရုပ်သံဟာ လူမှု ကွန်ရက် မီဒီယာမှာ ရေပန်းစား နေပါတယ်။

ဇွန် ၂၀ ရက်မှာတော့ အိမ်နီးချင်း အိမ်ရှေ့မှာ ဖြတ်သန်းတဲ့ ၀က်ဝံကို မီးဖိုချောင် အခန်း ကနေ ဒေသခံ ဂျော့ အယ်ပီဆီတိုက ဖုန်းနဲ့ မှတ်တမ်း တင်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့ညာဘက် လက်ကျိုးနေတဲ့ ၀က်ဝံက နောက်ခြေ တွေကို သုံးကာ လူလို လမ်းလျှောက် ခဲ့ပြီး လူနေအိမ် အနီးတ၀ိုက်ကို သွားနေတာ ဖြစ်ပါတယ်။

တနေရာ အရောက်မှာတော့ မြက်တွေကို သေချာကြည့်နေတဲ့ ၀က်ဝံက လေးဘက်ထောက် သွားနေတာကို ရုပ်သံက မှတ်တမ်း တင်ထား ပါတယ်။

ဒဏ်ရာရထားပေမယ့်လည်း ၀က်ဝံက သန်မာသလို ကနဦးမှာတော့ စိုးရွံ့မိပေမယ့် နောက်ပိုင်းမှာ ၀က်ဝံက ပျော်ရွှင်စရာကောင်းတယ်လို့ ဆိုပါတယ်။

လူတဦးတယောက်ကို အန္တရာယ် ပေးမယ့်ပုံ မပေါ်ဘူးလို့လည်း ဂျော့က ဆိုပါတယ်။

ဒီရုပ်သံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရာမှာတော့ ကြည့်ရှုသူ သိန်းချီရှိခဲ့ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/155991

Read More »

Sunday, June 19, 2016

ခွေးနှင့်ကြောင်စကားကို ဘာသာပြန်နိုင်သည့် ကြက်တူရွေး




လူတွေ အနေနဲ့ တိရစ္ဆာန်တွေ ဘာတွေ ပြောကြ သလဲဆိုတာ မသိနိုင် ပေမယ့် ဒီ ကြက်တူရွေး လေးကတော့ ခွေးတွေ၊ ကြောင်တွေ ဘာပြော ကြသလဲဆိုတာကို တိတိ ကျကျကို သိနိုင်စွမ်း ရှိပါတယ်။

သူ့ရဲ့ တကိုယ်တော် စွမ်းရည်ပြ ရုပ်သံ ဗွီဒီယို ဖိုင် ထွက်ပေါ် လာခဲ့ပြီး နောက်မှာ တရုတ် လူမှု ကွန်ရက် စာမျက်နှာ တွေပေါ်မှာ သီတင်းပါတ် တခုအတွင်း အကြိမ်ရေ ၅ သောင်းထက် မနည်း ၀င်ရောက် ကြည့်ရှုခဲ့ ကြတယ်လို့ စီစီတီဗွီ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ကြက်တူရွေးကလေးရဲ့ စွမ်းရည်ပြပြောဆိုမှုတွေဟာ လူတွေကို ရယ်မောပျော်ရွှင်စေပြီး အံ့သြစရာဖြစ်နေတာပါ။

သူဟာ တကိုယ်တည်း ခွေးတကောင်ဟာ ဘယ်လိုပြောသလဲ၊ ကြောင်တကောင် ဟာ ဘယ်လိုပြောသလဲလို့ မေးမြန်းခဲ့ပြီးနောက်မှာ ခွေးအသံ ‘၀ုတ်ဝုတ်’နဲ့ ကြောင်အသံ ‘မီးအို’ဆိုပြီး အသံထွက်ပြခဲ့တာပါ။

ဒီကြက်တူရွေးကလေးဟာ မန်ဒရင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတွေသာမကပဲ သင်္ချာညီမျှခြင်းပုစ္ဆာတွေကိုပါ တွက်ချက်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/155384

Read More »

Monday, May 16, 2016

မသန်ပေမယ့် စွမ်းသည့် ခြေ ၂ ချောင်းနှင့် ဆိတ်ကလေး




တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန် ခရိုင်ထဲက ဆိတ်ကလေး တကောင်ဟာ မွေးရာပါ ခြေထောက် ၂ ချောင်းသာ ပါခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်နိုင်မှု ကိုတော့ အံ့မခန်း ပြသနိုင် ခဲ့ပါတယ်။

သူ့အတွက် ရှေ့ခြေ ၂ ချောင်းတည်းနဲ့ မြေပြင်ပေါ်မှာ မတ်မတ် ရပ်နေနိုင်ဖို့ ဆိုတာ မလွယ်ကူ လှပါဘူး။

ဒါပေမယ့် ဒီဆိတ်ကလေး ကတော့ မသန်ပေမယ့် စွမ်းတယ် ဆိုတာကို ပြသနိုင် ခဲ့ပါပြီ။

ဒီဆိတ်ကလေးကို ၂၀၁၅ ခုနှစ်က ဇင်ပင်းယီဒိုင် စီရင်စုနယ်မြေထဲက ဒေသတွင်း သစ်တော စိုက်ခင်း တခုတွင်းမှာ မွေးဖွား ခဲ့တာပါ။

စိုက်ခင်း အလုပ်သမား တဦးက အဲဒီ ဆိတ်ကလေးဟာ မွေးစ ကနေ ၁ ပတ်အတွင်း မှာပဲ ခြေ ၂ ချောင်းနဲ့ လမ်းလျှောက် တတ်အောင် သင်ယူနိုင် ခဲ့တယ်လို့ ပြောပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149972

Read More »

Sunday, May 8, 2016

ကမ္ဘာ့အသန်မာဆုံး တိရိစ္ဆာန် (မသေတတ်သော သတ္တဝါ)




ကမ္ဘာ့ အသန်မာဆုံး တိရစ္ဆာန် ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ် အစား ကတော့ မီလီမီတာ အတိုင်း အတာ သာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြား ချက်ကတော့ သေပြီးရင် ပြန် ရှင်နိုင် ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်း ပါတယ် ဆိုတဲ့ နေရာ ဒေသတွေ မှာတောင် အသက်ရှင် နေထိုင်နိုင် ပါတယ်။



အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

water bear ကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။


Posted by မင်းသီဟ (Min Thiha)

Originally published at - https://www.facebook.com/541246529278538/videos/1006060099463843/

Read More »

Tuesday, May 3, 2016

ထူးဆန်းသည့် ခေါင်း ၂ လုံးပါ ပုတ်သင်ညို အစာစားသည့် ရုပ်သံဖိုင် ရေပန်းစား




တရုတ်နိုင်ငံမှ တွားသွား သတ္တ၀ါ အရောင်းဆိုင် လုပ်ငန်းရှင် တဦးဟာ မွေးရာပါ ဦးခေါင်း ၂ လုံး ပါရှိတဲ့ ပုတ်သင်ညို အနွယ်ဝင် အိမ်မွေး ပုတ်သင်ညို တကောင်ရဲ့ အစာ စားနေတဲ့ ရုပ်သံဗွီဒီယို ဖိုင်ကို အင်တာနက်ပေါ် တင်ခဲ့ ပြီးနောက်မှာ ကြည့်ရှု သူတွေကြား ရေပန်းစား ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ မေလ ၂ ရက်နေ့က ဖော်ပြ ပါတယ်။

ဂွတ်ဒ်ရှော့ပ်-ဂျီအက်စ် အမည်ရတဲ့ တွားသွားသတ္တ၀ါရောင်းတဲ့ဆိုင် ဆိုင်ရှင်က အဲဒီ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဦးခေါင်း ၂ လုံးနဲ့ ခြေချောင်း ၆ ခုပါဝင်တဲ့ အဲဒီပုတ်သင်ညိုဟာ အစာဖြစ်တဲ့ အင်းဆက်တွေကို ပါးစပ် ၂ ခုလုံး အသုံးပြုပြီး စားသောက်နေခဲ့တာကို ထူးထူးဆန်းဆန်း တွေ့မြင်ရမှာပါ။

ဆိုင်ရှင်က အဆိုပါ အိမ်မွေးပုတ်သင်ညိုသတ္တ၀ါကို တရုတ်နိုင်ငံမှာ မနှစ်က မွေးဖွားခဲ့တာ လို့ ဆိုပါတယ်။

မကြာသေးခင်ကတော့ အဲဒီသတ္တ၀ါကို Venice Beach ထူးဆန်းထွေလာပြပွဲပိုင်ရှင် တော့ဒ်ရေးကို ရောင်းချခဲ့တယ်လို့ သူက ပြောပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148056

Read More »

Wednesday, April 13, 2016

ရေထဲအစာရှာနေသည့် လူတရပ်နီးပါးရှိ ဂေါ်ရီလာဖွတ်ကြီး




လူတရပ် နီးပါးရှိတဲ့ ဂေါ်ရီလာ ဖွတ်တကောင် ရေငုပ် သမားတွေလို ရေကူးနေ တာကို ရုပ်သံနဲ့ မှတ်တမ်း တင်နိုင် ခဲ့ပါတယ်။

ဂါလာပါကိုစ့် ကျွန်းထဲ အနီးမှာ ဗွီဒီယို ရိုက်ကူးသူ စတိဗ် ၀င့်ခ်ဝေါ့က ဒီရုပ်သံကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ သမုဒ္ဒရာ ကြမ်းပြင်ပေါ်မှာ ဖွတ်ကြီးက အစာရှာဖွေနေပါတယ်။ ဒီနောက် လေကို ရှုဖို့ အတွက် ရေမျက်နှာပြင်ပေါ်ပြန်တက်တာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရေငုပ်တဲ့အချိန်မှာတော့ အမြီးက ဘေးတဘက်တချက်ကို ယမ်းခါနေပါတယ်။ ရုပ်သံဖိုင်ကို ရီဒစ်မှာ တင်ထားတာလည်း ဖြစ်ပါတယ်။

ရေထဲမှာနေတဲ့ ဖွတ်အများစုဟာ အသီးအရွက်စား သတ္တ၀ါဖြစ်ပြီးတော့ ၉ မီတာ အနက်အထိ ရေငုပ်နိုင်ပါတယ်။



By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/144487


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...