
ၾသစေၾတးလ် နိုင္ငံမွ ကြောင်မလေး ဒစ်ဂျာဟာ အချိန် တမိနစ် အတွင်းမှာ အံ့သြ လောက်ဖွယ် စွမ်းရည် ပြသမှု တွေကြောင့် ၂၀၁၇ ခုနှစ် အတွက် ဂင်းနက်စ် ကမ္ဘာ့ မှတ်တမ်း စံချိန် တင်နိုင် ခဲ့ပါတယ်။
သူဟာ အချိန် တမိနစ် အတွင်းမှာ စွမ်းရည်ပြကွက် အမျိုး ၂၀ ကို လုပ်ဆောင် နိုင်တယ်လို့ ဆိုပါတယ်။
ဒစ်ဂျာဟာ နယူး ဆောက်ဝေး ပြည်နယ်မှာ နေထိုင်ပြီး ရောဘတ် ဒေါလ်ဝက်တ်က သူ့ကို မွေးစား ခဲ့ကာ စွမ်းရည် လေ့ကျင့်ပေး ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ စွမ်းရည် ပြကွက်တွေ ထဲမှာ လက်ကိုမြှောက် ပြပြီး နှုတ်ဆက်တာ၊ ဘယ်ညာ ဝှေ့ယမ်းပြတာ၊ ကြမ်းပြင်ပေါ် ဘယ်ညာ လှဲပြတာ၊ တပတ်လှိမ့်ပြတာ၊ သခင်ဖြစ်သူရဲ့ ဒူးပေါ်မှ တဆင့် စကိတ်ဘုတ်ဆီ ခုန်တက်ပြ တာတွေနဲ့ စကိတ်ဘုတ် စီးနင်းနေချိန်မှာ ဘားတန်းကို ခုန်ကျော် စွမ်းရည် ပြသမှု စတာတွေ ပါဝင် ပါတယ်။
ဂင်းနက်စ် ကမ္ဘာ့ မှတ်တမ်း စံချိန် အဖွဲ့ကတော့ ကြောင်မလေး ဒစ်ဂျာနဲ့ သူ့ရဲ့သခင်ဖြစ်သူ ကြားက ဆက်နွယ်မှုဟာ ထူးခြားပြီး ရှင်းရှင်း လင်းလင်း မြင်နိုင် တယ်လို့ မှတ်ချက်ပေး ခဲ့ကြတာပါ။
အရင်တုန်းကလည်း ပိုင်ရှင်ဖြစ်သူ ရောဘတ်ဒေါလ်ဝက်တ်ဟာ ကြောင်မလေး ဒစ်ဂျာရဲ့ စွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်တွေကို ယူကျု အင်တာနက်စာမျက်နှာမှတဆင့် မျှဝေခဲ့ဖူးပါတယ်။
သူက ကြောင်မလေး ဒစ်ဂျာကို အပြုသဘောဆောင်တဲ့ သင်ကြားရေးစနစ်ကို အသုံးပြုပြီး စကားနဲ့ အမိန့်ပေးစေခိုင်းလေ့ကျင့်မှုတွေနဲ့ သင်ပေးခဲ့တာလို့ ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167965






No comments: