အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label လက္ခဏာ. Show all posts
Showing posts with label လက္ခဏာ. Show all posts

Tuesday, December 22, 2015

လက်ဖဝါးမှာ 'M' အက္ခရာ ရှိသူတွေဟာ တမူထူးခြားနေ သူတွေဖြစ်




လက်ဖဝါးရှိ လက္ခဏာ ကောက်ကြောင်း လေးတွေက မိမိဝိ သေသ လက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်း နေတာလို့ ဆိုကြ ပါတယ်။

ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာ စာလုံးရှိ သူတွေဟာ တမူ ထူးခြားသူလို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူး ခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော် ကိုင်ဖက်တွေ လို့လည်း ဆိုကြ ပါတယ်။

မိမိ ချစ်ရသူ တစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက် တစ်ချက်ကို သိထား ရပါမယ်။ နောက်ပြောင်ခြင်း၊ လိမ်ညာမုသား ပြောဆိုခြင်းနဲ့ ကလိမ် ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ ပါပဲ။ လုပ်မိ သွားရင်တော့ သင့်ကို လိမ်ညာ ပြောတတ်သူလို့ သူ အမြဲ သတ်မှတ်နေ ပါလိမ့်မယ်။

လက်ဖဝါးမှာ M အက္ခရာ စာလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသား များထက် ဝမ်းတွင်း အသိ ပိုပြင်းထန် ကြပါတယ်။ လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမို အားကောင်းနေ ပါသေးတယ်။

ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့ လုပ်လိုတဲ့ အပြောင်း အလဲများ ဆောင်ရွက်ဖို့ အစွမ်း အစကို ပိုင်ဆိုင် ထားကြ ပါတယ်။

ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။

ရှေးရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာအရ ပရောဖက်ဆာ အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီး သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန် ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေ ထဲက တစ်ဦးဖြစ် ပါက သင်ဟာ တမူ ထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ် ရပါမယ်။

Credit : Trend Myanmar


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...