အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မတော်တဆမှုများ. Show all posts
Showing posts with label မတော်တဆမှုများ. Show all posts

Sunday, August 7, 2016

၂၀၁၆ ခုနှစ်အတွင်း လေယာဉ် မတော်တဆ ပျက်ကျမှုများ




ဇန်န၀ါရီ ၈ – ဆွီဒင် အခြေစိုက် West Air Sweden Flight 294 ဟာ အာကယော်ရေ လှောင် တမံအနီးမှာ CRJ 200 ကုန်တင် သင်္ဘော တစင်းပေါ် ပျက်ကျခဲ့ပြီး နှစ်ဘက် ယာဉ် ပေါ်ပါ အမှုထမ်းတွေ အားလုံး သေဆုံး ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ – အဲဘတ်စ် A321 အမျိုးအစား Daaollo လေကြောင်းလိုင်းမှ Flight 159 လေယာဉ်ဟာ ဆိုမာလီယာနိုင်ငံ၊ အေဒင်အက်ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာပျံသန်းစဉ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ သေခံဗုံးဖောက်ခွဲမှုတရားခံတဦးကတော့ လေယာဉ်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ – Tara Air Flight 193 လေယာဉ်တစီးဟာ မုန်တိုင်းကြားမှာ ပျံသန်းစဉ်မှာ နီပေါနိုင်ငံ၊ မိုင်ဒီးခရိုင်၊ ဒေနာဒေသမှ တောင်စောင်းတခုပေါ် ပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါ လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ – နီပေါနိုင်ငံမှာAir Kasthamandap PAC 750XL လေယာဉ်ဟာ ဆင်း သက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်း ၂ ဦးသေဆုံးပြီး ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မတ် ၁၉ – ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Flydubai Flight 981 လေယာဉ်တစီးဟာ ရုရှားနိုင်ငံ၊ ရော့စတော့ဗွန်ဒွန်လေဆိပ်ဆီ ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၆၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

မတ် ၂၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 181 လေယာဉ်တစီးဟာ ပျံ သန်းနေစဉ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဆိုက်ပရပ်စ်နိုင်ငံ၊ လန်နာကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှာမှ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဧပြီ ၄ – ဂျကာတာနိုင်ငံ၊ ပါဒနာ ကပ်ဆမာလေဆိပ်မှာ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Batik Air Flight 7703 လေယာဉ်ဟာ ATR 42 လေယာဉ်တစီးနဲ့ ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဧပြီ ၁၃ – Sunbird လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ပါပူအာ နယူးဂီနီနိုင်ငံ၊ ကီ အန်ဂါဆိပ်ကမ်းမြို့ဆီ ဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ် ပျက်ကျခဲ့ပြီး
လေယာဉ် ပေါ်ပါသူ ၁၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၉ – EC225L Super Puma ရဟတ်ယာဉ်ငယ်တစီးဟာ နော်ဝေနိုင်ငံ၊ တူရေးကျွန်း ဆီ ဆင်းသက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်းတဦး သေဆုံးခဲ့ပါတယ်။

မေ ၁၈ – Silk Way လေကြောင်းလိုင်းပိုင် Antonov An-12 လေယာဉ်တစီးဟာ အာဖ ဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ လေယာဉ်စက်ပိုင်းချို့ယွင်းမှုတခုဖြစ်ပြီး ပျက်ကျခဲ့လို့ ၇ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 804 လေယာဉ်တစီးဟာ မက်ဒီ တာရေးနီးယန်းပင်လယ်အရှေ့ပိုင်း မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် စုစုပေါင်း ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးကို သေဆုံးသွားခဲ့ပြီလို့ ယူဆနေကြပါ တယ်။



by DVB

Originally published at - http://burmese.dvb.no/archives/162574

Read More »

Tuesday, December 1, 2015

ဝှီးချဲ အသုံးပြုသူတွေ ဟာ လမ်းလျှောက် သူတွေထက် ယာဉ်တိုက်၍ သေနှုန်း ပိုများ





ဘီးတပ် ကုလားထိုင် (Wheel-Chairs) တွေနဲ့ သွားလာ သူတွေဟာ အခြား ခြေလျင် လမ်းလျှောက် သူတွေထက် ယာဉ်တိုက်မှု ကြောင့် သေဆုံးမှုနှုန်းထားမှာ ၃၆ ရာခိုင်နှုန်း ပိုမို များပြားနေ တယ်လို့ လေ့လာမှု အသစ် တစ်ခုက တွေ့ရှိခဲ့ ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တိုင်းတာချက်အရ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ လူပေါင်း ၇၆,၀၀၀ ယောက်တို့ဟာ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရနေကြပြီး အယောက် ၅၀၀၀ ကတော့ သေဆုံးနေရတယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေး ဌာန ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမျိုးသားခရီးသွားလမ်းမဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ထိန်းချုပ်ရုံး ရဲ့ သေဆုံးမှု ဆန်းစစ်လေ့လာချက် ထုတ်ပြန်တင်ပြခြင်းစနစ်(FARS) နဲ့ ဆောင်းပါးတွေမှာပါဝင်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို အသုံးပြုပြီး Georgetown တက္ကသိုလ် ရဲ့ ဆေးကျောင်းက သုတေသီတွေဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုတွေမှာ သေဆုံးခဲ့တဲ့ ဘီးတပ်ကုလားထိုင်သုံးစွဲသူပိုင်း ၅၂၈ ယောက်ရှိခဲ့တာကိုတွေ့ရပါတယ်။

ဒေတာ အချက်အလက်တွေအရတော့ ထို ပမာဏဟာ အခြား ခြေလျင်သွားလာသူတွေထက် ၃၆ ရာခိုင်နှုန်းများနေပါတယ်။ ဒါကို ဖြည့်စွက် ဆန်းစစ် ကြည့်တဲ့အခါမှာတော့ အသက် ၅၀ ကနေ အသက် ၆၄ နှစ်ကြားရှိတဲ့ ဘီးတပ် ကုလားထိုင်သုံးစွဲသူတွေဟာ အခြားအသက်အရွယ်ရှိတဲ့ ဘီးတပ် ကုလားထိုင် အသုံးပြုသူတွေထက် ၇၅ ရာခိုင်နှုန်း ယာဉ် တိုက်မှုမှာ သေဆုံးဖို့ အန္တရာယ်များနေတာလည်း တွေ့ရပြန်ပါတယ်။

"အန္တရာယ်တွေကို နားလည်သဘောပေါက်ပြီး ဖွင့်ဆိုပြနိုင်ခြင်းဟာ အဲဒီ အန္တရာယ်တွေကို ဆန့်ကျင်ဘက်နည်းလမ်းနဲ့ လည်ပတ်စေဖို့ ပထမဆုံး ခြေလှမ်းပါ" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ John Kraemer ကဆိုပါတယ်။

ဒီလေ့လာမှု ကိုတော့ BMJ Open ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_64.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...