အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နိုင်ငံတကာရေးရာ. Show all posts
Showing posts with label နိုင်ငံတကာရေးရာ. Show all posts

Saturday, December 17, 2016

မိန်းမချင်းနမ်းရှုတ်နေသည့် ဓာတ်ပုံကြောင့် အရေးယူ ခံလိုက်ရတဲ့ ရဲမေနှစ်ယောက်




အာဂျင်တီးနား နိုင်ငံ Buenos Aires’s Metropolitan Police ရဲသင်တန်း ကျောင်းမှ အမျိုးသမီး ရဲတပ်သားနှစ်ယောက်ဟာ ၎င်းတို့ အချင်းချင်း နမ်းရှိုက် နေတဲ့ ပုံတွေ အွန်လိုင်းမှာ ပေါက်ကြား သွားခဲ့လို့ သက်ဆိုင်ရာက ပြင်းထန်စွာ အရေးယူ ခဲ့ပါတယ်။

ရဲမေနှစ်ယောက်ရဲ့ နာမည်မှာ Carolina Gutierrez နဲ့ Brenda del Hoyo တို့ ဖြစ်ကြ ပါတယ်။

၎င်းတို့ နှစ်ယောက်ဟာ ဘွဲ့ရခြင်း အထိန်း အမှတ်နဲ့ အောင်ပွဲခံတဲ့ သဘော အချင်းချင်း နမ်းရှုတ်ခဲ့ ကြပါတယ်။

ဒီအထိ ဘာပြဿနာမှ မပေါ်သေးပေမယ့် သူငယ်ချင်းတစ်ယောက် ဆီကို အဲဒီဓာတ်ပုံ လှမ်းပို့ပေး ခဲ့ပါတယ်။ အဲဒီကမှ တစ်ဆင့် အဆိုပါ ဓာတ်ပုံဟာ အင်တာနက်ပေါ်မှာ ချက်ချင်း ပေါက်ကြား သွားခဲ့ပါတယ်။



ဒီအတွက် သင်တန်းကျောင်းက စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး ၎င်းတို့နှစ်ယောက်ကို တက်ရောက်ခွင့် ပိတ်ပင် လိုက်ပါတယ်။ ဒီအတွက် Gutierrez ကတော့ ပုဂ္ဂိုလ်ရေး ရှင်းလင်းမှုနဲ့ တိုက်ပွဲ ၀င်သွားမယ်လို့ ပြောခဲ့ပါတယ်။

သူမက အွန်လိုင်းပေါ်မှာ ဒီဓာတ်ပုံပေါက်ကြားသွားရခြင်း အကြောင်းရင်းကိုလည်း ရှင်းပြ ခဲ့ပါတယ်။

Gutierrez က ” ဒီဓာတ်ပုံကို သူငယ်ချင်း တစ်ယောက်က ရိုက်လိုက်တာပါ … အဲဒါကို ကျွန်မတို့ဆီ သီးသန့်မက်ဆေ့ ပို့ပေးတယ် … အဲဒီမှာ ဖျက်လို ဖျက်စီးလုပ်လိုတဲ့ ဘယ်သူ ဘယ်ဝါရယ် လို့တော့ မသိရပါဘူး … တစ်စုံတစ်ယောက်က Screenshot ရိုက်ယူပြီး အင်တာနက်ပေါ်မှာ ဖြန့်ခဲ့တာပါ “လို့ ရှင်းလင်း ခဲ့ပါတယ်။



သူမတို့နှစ်ယောက်က ဒီဓာတ်ပုံကို ဖြန့်ဝေဖို့ အတွက် ရိုက်ကူးခဲ့တာ မဟုတ်ပဲ၊ ဘယ်သူ့ကိုမှလည်း အနှောက်အယှက်ပေးလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူးလို့ ဆိုပါတယ်။ ဒီလို အချင်းချင်း နမ်းရှုပ်တာက အသိဉာဏ်မဲ့ရာ ကျပေမယ့် အာဏာ ပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ မတရားဘူးလို့ ၎င်းတို့က ဆိုပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲက ” ဒါက လိင်ပိုင်းဆို်င်ရာ ဘာညာကွိကွနဲ့ မဆိုင်ပါဘူး … သင်တန်းကျောင်း စည်းကမ်း ဖောက်ဖျက်လို့ပါ …
ဒီမှာက ယူနီဖောင်းနဲ့ ဒီလိုအပြုအမူမျိုးလုပ်တာဟာ ခွင့်လွှတ်လို့ရတဲ့ ပြစ်မှု မဟုတ်ပါဘူး … ဒါက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com/female-police-cadets-suspended-just-for-kissing/

Read More »

Friday, November 18, 2016

ကမ္ဘာ့စံချိန် တင်လိုက်ကြသည့် လူပုလေး စုံတွဲ မင်္ဂလာဆောင်




ဘရာဇီး နိုင်ငံမှ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ တတွဲဟာ ကမ္ဘာ့ အသေးငယ်ဆုံး လက်ထပ် ကြတဲ့ စုံတွဲအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင် ခဲ့ပြီး ခုသီတင်း ပတ်ထဲမှာ ဆုလက်ခံ ရယူဖို့ လန်ဒန်ကို သွားရောက် ကြမှာ ဖြစ်ပါတယ်။

သတို့သား ဖြစ်သူ ပေါ်လိုဂါ ဘရီယယ် ဒါဆေးလ်ဗာ ဘားရော့စ်ဟာ အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး အရပ် အမြင့် ၉၀ ဒသမ ၂၈ စင်တီ မီတာ ရှိကာ သတို့ သမီးဖြစ်သူ ကတ်ယူ စီယာ လီဟိုရှီနို ကတော့ အသက် ၂၈ နှစ်နဲ့ အရပ် အမြင့် ၉၁ ဒသမ ၁၃ စင်တီမီတာ ရှိနေတာပါ။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက အင်တာနက် လူမှုကွန်ရက်စာမျက်နှာ Orkut ပေါ်မှတဆင့် ချစ်ကျွမ်းဝင် ခဲ့ကြတာလို့ ဆိုပါတယ်။

ပေါ်လိုက “ကျနော် သူ့ကိုစမြင်ကတည်းက အရမ်းလှတယ်လို့ ထင်ခဲ့မိပါတယ်” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ အွန်လိုင်းပေါ်မှာ နေ့စဉ်စကားပြောခဲ့ကြပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ အပြင်မှာ ချိန်းတွေ့ခဲ့ကြပါတယ်။

သူတို့ဟာ အဲဒီအချိန်တွေတည်းက ခုချိန်ထိ ခိုင်မာတဲ့ ကာလရှည်ကြာဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

ပေါ်လိုကတော့ အစိုးရ၀န်ထမ်းတဦးဖြစ်ပြီး ကတ်ယူစီယာကတော့ အလှပြင်ဆိုင် ပိုင်ရှင်တဦး ဖြစ်ပါတယ်။

ဒီကနေ့လက်ထပ်လိုက်တဲ့ အခမ်းအနားမှာတော့ ပေါ်လိုက “ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ခွင့် ရတာကို ကျနော်တို့ ကျေနပ်ပျော်ရွှင် မိပါတယ်။

ရုပ်ဝတ္ထု သွင်ပြင်ဆိုင်ရာ ကွဲပြားမှုတွေ ဘယ်လို ရှိပါစေ၊ တကမ္ဘာလုံး လူတွေဟာ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံ ကြလိမ့် မယ်လို့ နားလည် ထားပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/176496

Read More »

Tuesday, November 1, 2016

နားမကြားသူများအတွက် ဂီတသံခံစားနိုင်မည့် ဆိုဖာ




ပါကစ္စတန် နိုင်ငံမှာ နားမကြားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက် ဂီတသံ နားဆင် နိုင်မယ့် ဆိုဖာကို ပထမဆုံး မိတ်ဆက် ပေးနိုင် ခဲ့ပြီလို့ စီစီတီဗွီ သတင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြ ပါတယ်။

ဒီဆိုဖာမှာ အာရုံ ခံနိုင်တဲ့ မော်တာတွေ တပ်ဆင် ထားပြီး အဲဒီကနေ တဆင့် ဒရမ် သံတွေနဲ့ တူရိယာ သံတွေကို နားဆင်နိုင် မယ်လို့ ဆိုပါတယ်။

ဒါဟာ ဂီတကို နားဆင်ဖို့ ခက်ခဲတဲ့ အခြေ အနေမှာ အလင်းရောင်တွေ၊ တုန်ခါ မှုတွေနဲ့ အသစ် ဖန်တီး ထားတာမျိုး ဖြစ်ပြီး တရုတ် နည်းပညာသုံး ဖက်စပ် တီထွင်မှု ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174255

Read More »

Sunday, October 30, 2016

အမေရိကန်တွင် အသည်းအလှူရှင်နှင့် သူအသက်ကယ်ခဲ့သည့် အမျိုးသမီး လက်ထပ်




အမေရိကန် ရေတပ်သားဟောင်း ခရစ္စတိုဖာ ဒမ်ဆေးဟာ အမျိုးသမီး တဦးကို သူ့အသည်း တစ်ဝက် လှူဒါန်းခဲ့ပြီး ၂ နှစ်လောက် အကြာမှာ သူအသက် ကယ်ခဲ့တဲ့ အသည်း လက်ခံသူ အမျိုးသမီး မစ်စ်ကရူးဂါးနဲ့ လက်ထပ် ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့ ဘီဘီစီ သတင်းမှာ ဖော်ပြ ပါတယ်။

ချီကာဂိုတောင်ပိုင်း ဖရန်က်ဖို့တ်လို့ ခေါ်တဲ့ ရွာကလေး တရွာရဲ့ အလုပ် နားနေခန်း တခုမှာ စကားပြောဆို ခဲ့ကြရင်း သူတို့ရဲ့အချစ် ဇာတ်လမ်း စတင် ခဲ့တာ လို့လည်း သိရပါတယ်။

မစ္စဟီသာကရူးဂါးဟာ အသည်းရာဂါ နံပါတ် ၄ အဆင့် ဖြစ်နေခဲ့ပြီး နေမကောင်းဖြစ်နေတာ ၂ နှစ်လောက် ရှိခဲ့တာပါ။ ဆရာဝန်တွေကလည်း အသည်း အစားထိုး မကုနိုင်ခဲ့ရင် နောက် ၂ လလောက်ပဲ အသက်ရှင်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံထဲမှာ အသည်းအစားထိုးကုဖို့ အလှူရှင်စောင့်နေတဲ့သူတွေဟာ ၁၁၉,၀၀၀ ကျော်ရှိနေတာကြောင့် တကယ့်ကို ခက်ခဲတဲ့အလုပ်ဖြစ်နေပြီး မစ္စဟီသာကရူးဂါးရဲ့ မိသားစုအနေနဲ့လည်း အသဲအလှူရှင် ရှာရတာ တကယ့်ကို အခက်ခဲနဲ့ ကြုံတွေ့နေရတာပါ။

ဝမ်းကွဲညီမတယောက် အသဲအစားထိုး ကုသဖို့ လိုအပ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကနေ ကြားခဲ့ရတယ်လို့ အသည်းအလှူရှင် မစ္စတာဒမ်ဆေးက ဘီဘီစီကို ပြောပါတယ်။

“ကျနော်စဉ်းစားလိုက်တာက ကျနော်ဒါမှမဟုတ်၊ ကျနော့်မိသားစုသာ ဒီလိုအခြေအနေမှာ ဖြစ်နေရင် ကျနော် ဒီလိုအကူအညီမျိုး လိုချင်မှာပဲ။”

ဒါကြောင့် အသက် ၃၈ နှစ်အရွယ် ဒမ်ဆေးက အသက် ၂၇ နှစ်အရွယ်ဖြစ်နေတဲ့ မစ္စကရူးဂါးကို ကူညီနိုင်ဖို့ သူ့အသည်းက အဆင်ပြေနိုင်မလားဆိုတာ စစ်ဆေးခဲ့ပါတယ်။

ပထမဦးဆုံးအကြိမ် သူတို့စကားပြောခဲ့တာက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်ပြီး သူက သူမကို ဖုန်းခေါ်ကာ သူဟာ အသည်း လှူဒါန်းမယ့်သူ ဖြစ်ကြောင်း ပြောခဲ့တာပါ။

အဲ့ဒီနောက် မစ္စ ကရူးဂါးနဲ့ သူ့အမေဟာ သူ့ဖုန်းကို လက်ခံစကားပြောခဲ့ပြီး ပျော်လွန်းလို့ မျက်ရည်ကျခဲ့ကြောင်း ဆိုပါတယ်။

ဖုန်းပြောပြီး သူတို့ ပထမဦးဆုံးအကြိမ် တွေ့ရာမှာ ဒမ်ဆေးက မစ္စကရူးဂါးကို နေ့လယ်စာကျွေးခဲ့ပါတယ်။



အဲ့ဒီနောက် မစ်စတာဒမ်ဆေးက သူရဲ့မော်တော်ဆိုင်ကယ်အသင်း ရန်ပုံငွေရှာဖို့အတွက် သူတို့ ၂ ဦး အတူတူအလှူခံထွက်ဖြစ်ခဲ့ကြပြီး “သူမက ကျနော်သိချင်တဲ့ အမျိုးသမီးမျိုးပဲ တကယ်အမျိုးသမီးကောင်းတစ်ယောက်လို့ ကျနော် စစဉ်းစားမိတယ်” လို့ သူကပြောပါတယ်။

သူတို့၂ ဦး ခွဲစိတ်မှုတွေ လုပ်တဲ့အချိန်မှာတော့ သူတို့ ချိန်းဆိုမှု ၂ ကြိမ်လောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ တရားဝင်ချိန်းဆိုမှု လုပ်ခဲ့ကြပါတယ်။

ခွဲစိတ်ကုသပြီးလို့ ၈ လအကြာမှာတော့ မစ်စတာဒမ်ဆေးက မစ်စ်ကရူးဂါးကို လက်ထပ်ခွင့်ပန်ခဲ့ပြီး ၁၉ လ အကြာမှာတော့ ကျန်းမာတဲ့ သူတို့ ၂ ဦးလက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။

From : DVB

Originally published at - http://burmese.dvb.no/archives/174006

Read More »

Monday, August 22, 2016

ရေတွင်ပါသော ဗက်တီးရီးယားများကို မိနစ်၂၀ တွင်း သုတ်သင်ပေးနိုင်သော ကိရိယာကို တီထွင်




နယူးယောက် ၊ ၂၂-၈-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ စတန်းဖို့စ် တက္ကသိုလ်မှ သုတေသီ များသည် ရေတွင် ပါဝင်သော ဗက်တီးရီးယား မျိုးစုံကို မိနစ် ၂၀ အတွင်း ၉၉.၉ ရာခိုင်နှုန်း ကုန်စင်အောင် သုတ်သင် ပေးနိုင်သော ကိရိယာကို တီထွင် ထုတ်လုပ် ထားပြီး ယင်း ကိရိယာသည် အရွယ်အစား အားဖြင့် တံဆိပ်ခေါင်း တစ်ခု မျှသာ ရှိကြောင်း သိရသည်။

" ဗက်တီးရီးယား ရှိနေတဲ့ရေကို နေရောင်ပြ လိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် အဲဒါ အနည်းဆုံး ၄၈ နာရီ ထားမှ ရတာပါ။ အခုကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ ကိရိယာကို ထည့်ထားလိုက်မယ် ဆိုရင် နေရဲ့ အလင်းရောင် စဉ်တန် ကို ပိုပြီးကျယ်ပြန့် ပြည့်စုံစွာ ဆွဲယူပေးတဲ့ အတွက် ရေကိုသန့် စင်စေတဲ့နှုန်း ကလည်း ချက်ချင်း လိုလိုပဲ မြန်ဆန် မြင့်တက် သွားခြင်းဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။

" ဒီရေသန့် ကိရိယာက အမှတ်တမဲ့ ကြည့်လိုက်ရင် အမည်းရောင် ဖန်စကလေးနဲ့ တူပါတယ်။ ဒါပေမယ့် အဲဒီကိရိယာ ကို သန့် စင်ချင်တဲ့ ရေထဲကို ထည့်ပြီး နေရောင် ပြ လိုက်တာနဲ့  ဗက်တီးရီးယား တွေကို မိနစ် ၂၀ အတွင်း သန့်စင်ပေး ပါတယ်။

နေရောင်ခြည်က သူလုပ်စရာ ရှိတာတွေကို အလိုအလျောက် လုပ်သွားပြီး ဒီကိရိယာက အဲဒီဖြစ်စဉ်ကို အဆပေါင်းများစွာ မြန်ဆန်စေတာ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

နေ၏စွမ်းအင်သည် ခရမ်းလွန် ရောင်ခြည်တွင် အနည်းငယ်သာ ပါဝင်ပြီး မျက်စိဖြင့် မြင် ရသော နေရောင်ခြည်တွင် အများဆုံး ပါဝင်ခြင်း ဖြစ်ကြောင်း၊ မြင်ရသော
နေရောင်ခြည်တွင် စွမ်းအင် ၅၀ ရာခိုင်နှုန်း ပါဝင်ပြီး ခရမ်းလွန် ရောင်ခြည်တွင် စွမ်းအင် ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း၊ မြင်ရသော နေရောင်ခြည်က ဖော်ပြပါ ကိရိယာ၏ အီလက်ထရွန် များကို ဆွဲဆောင်ကြောင်း၊ ယင်း အီလက်ထရွန် များက ရေ၏ ဓာတ်ပြုမှု ဖြစ်စဉ်ကို လှုံ့ဆော် ပေးကြောင်း၊ ယင်း လှုံ့ ဆော်မှုကြောင့် ဟိုက်ဒရိုဂျင် ပါရောက်ဆိုက် ထွက်ရှိပြီး ဗက်တီးရီးယား များကို သုတ်သင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိရိယာထဲတွင် မိုလိုင်ဒီနမ် ဒိုင်ဆာလဖိုက် အကန့် ငယ် အများအပြား ပါဝင်ကြောင်း၊ အမှတ်တမဲ့ကြည့် လိုက်လျင် လက်ဗွေရာနှင့် တူကြောင်း၊ ယင်း ဆာလဖိုက် အကန့် ငယ်လေး များက နေရောင်ခြည်နှင့် အပြန်အလှန် ဓာတ်ပြုပြီး ဖော်ပြပါ အီလက်ထရွန် များကို လှုံ့ ဆော်ကာ ဗက်တီးရီးယား သုတ်သင်သည့်
ဖြစ်စဉ်ကို မြန်ဆန်စေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖော်ပြပါ ရေသန့် စင် ကိရိယာကို အမြောက်အမြား ထုတ်လုပ်၍ လည်းကောင်း၊ သန့် စင်လိုသည့် ရေပမာဏ အနည်းအများကို လိုက်၍ အရွယ်အစား အမျိုးမျိုး ထုတ်၍ လည်းကောင်း ဈေးကွက်တင်ပို့  နိင်ရန် စတင် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/08/blog-post_85.html

Read More »

Sunday, August 21, 2016

တရုတ်တွင် ကမ္ဘာ့အရှည်ဆုံး မှန်ကြိုးတံတားကြီး ဖွင့်လှစ်




ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး မှန်အခင်းတပ် ကြိုးတံတားကို တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူနန် ပြည်နယ်မှာ သြဂုတ် ၂၀ ရက်နေ့က ဖွင့်လှစ် လိုက်ပါတယ်။

အဗက်တာ Avatar ရုပ်ရှင် ဇာတ်ကားမှာ ပါတဲ့ ကျောက်တောင် ၂ ခုကို သွယ်တန်းတည် ဆောက်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြီးစီး ခဲ့တာပါ။

အရှည်မီတာ ၄၃၀ နဲ့ အမြင့်မီတာ ၃၀၀ ရှိပြီး အမေရိကန် ဒေါ်လာ ၃.၄ သန်း အကုန် အကျခံ တည်ဆောက် ထားတယ်လို့ အစိုးရပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။

အကျယ်မီတာ ၆ မီတာ ရှိတဲ့ တံတား အခင်းကို မှန်အချပ်ကြီး ၉၉ ချပ် နဲ့ ခင်းထား တာပါ။ ဒီကြိုးတံတားကြီးကို အစ္စရေး ဗိသုကာရှင် တဦးက ဒီဇိုင်း ထုတ်ထား တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အခုလို ကြိုးတံတား တွေဟာ အထူး ရေပန်းစားပြီး အဖွဲ့လိုက် ယောဂ ကျင့်တာတို့၊ ကြိုးတံတားအောက် ကြိုးဆွဲပြီး မင်္ဂလာဆောင် ကြတာ မျိုးတောင် ရှိပါတယ်။

အခုလထဲမှာပဲ ဟူနန်ပြည်နယ်ထဲက အခုလိုကြိုးတံတားအောက်မှာ ကြိုးပခတ်ချပြီး မင်္ဂလာစုံတွဲတတွဲ မင်္ဂလာဆောင်ခဲ့ကြပါသေးတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164826

Read More »

Friday, August 19, 2016

တရုတ်တွင် ခေတ်စားလာသည့် ခွေးရေကူးကန်




တရုတ်နိုင်ငံ ချန်ဒူးမှာ ခွေးရေကူး ကန်တွေဟာ ဒီနှစ် နွေရာသီမှာ အရမ်း ခေတ်စား လူသိများ လာပါတယ်။

ခွေးတွေ ရေကူးမယ် ဆိုရင်တော့ ကြိုတင် အကြောင်းကြားပြီး ရက်ယူ ရတယ်လို့ တရုတ် စီအန်အန် သတင်းက ရေးပါတယ်။

ရေမကူး တတ်တဲ့ ခွေးတွေ အတွေက် ရေပေါ်မှာ ပေါလောမျော ပေါ်နိုင်တဲ့ ဘုတ်ပြားတွေ၊ အင်္ကျီတွေ၊ ဘောတွေကို ရေကူးကန်က ပံ့ပိုးပေး ထားပါတယ်။

ရေကိုလည်း သတ်မှတ် ပီအိတ်ခ်ျ အဆင့်ကို ထားရှိ ထားသလို ခွေးအကောင် ၃၀ လောက် ကူးနိုင် တယ်လို့ ဆိုပါတယ်။

ရေကူးကန် ပိုင်ရှင်က သူ့ရဲ့ခွေးကလေး ရေကူးဖို့ အတွက် လုပ်ဆောင် ခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေးကွက် ရှိတယ်ဆိုတာကို သတိထား မိပြီး ချဲ့ထွင် ခဲ့တာ ဖြစ်ပါတယ်။

ရေကူးကန် အတွင်း မဆင်းမှီ ခွေးတွေက ရောဂါ မရှိကြောင်း စစ်ဆေးပြီးမှ ရေကူးကန် အတွင်း ဆင်းခွင့် ရမှာ ဖြစ်ပါတယ်။

အမွေးထူထူ အကောင်ကြီးကြီး ဆိုရင်တော့ ရေကူးခ ပိုမိုပေး ရတယ်လို့လည်း ဆိုပါတယ်။

သတင်းဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164560

Read More »

Wednesday, August 10, 2016

ရွှေလက်တွဲလိုက်သည့် လူပုလေးစုံတွဲ ဂင်းနက်စ် စံချိန်ဝင်ရန် မျှော်လင့်




ပေါ်လိုနဲ့ ကတ်ယူ စီယာတို့ စုံတွဲရဲ့ ၂ ယောက်ပေါင်း အရပ် အမြင့်ဟာ ၅ ပေ ၁၀ လက်မ (၁၇၈ စင်တီမီတာ နီးပါး) သာရှိပြီး လက်ရှိ မှာတော့ ကမ္ဘာ့ အရပ် အပုဆုံး စုံတွဲတွေ အဖြစ် သတ်မှတ် ခံရဖို့ အလား အလာ ရှိနေတာပါ။

သူတို့ ၂ ဦးစလုံးဟာ ဘရာဇီးနိုင်ငံမှ ဖြစ်ပြီး တဦးနဲ့ တဦး မေတ္တာ မျှနေကြ တာပါ။

အရပ်အမြင့် ၈၉ ဒသမ ၅ စင်တီမီတာရှိတဲ့ ကတ်ယူစီယာ လီယာ ရိုချီဒိုနဲ့ အရပ် အမြင့် ၈၈ ဒသမ ၅ စင်တီမီတာ အမြင့်ရှိတဲ့ ပေးလို ဂါဘရီယယ် ဒါဆေးလ်ဗား ဘာရော့စ် တို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလတည်းက တွေ့ဆုံ ချစ်ကျွမ်း ၀င်ခဲ့ကြ တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ပါတယ်။

လက်ရှိမှာတော့ သူတို့ရဲ့ လက်တွဲစေ့စပ်ထိမ်းမြားမှုဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် စာအုပ်မှာ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင် ဖော်ပြနိုင်ဖို့
မျှော်လင့်နေကြတာပါ။

လက်ရှိ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင်ထားတာကတော့ ဘရာဇီးနိုင်ငံကပဲ ဒေါက်ဂလပ်စ် မိုင်စတာ ဘရီဂါဒါဆေးလ်ဗားနဲ့ ကလော်ဒီယာ ပယ်ရီရာယာ ရိုချာတို့ဖြစ်ကာ ၂ ယောက်ပေါင်း အရပ်အမြင့် ၁၈၀ စင်တီမီတာ ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162970

Read More »

Sunday, August 7, 2016

၂၀၁၆ ခုနှစ်အတွင်း လေယာဉ် မတော်တဆ ပျက်ကျမှုများ




ဇန်န၀ါရီ ၈ – ဆွီဒင် အခြေစိုက် West Air Sweden Flight 294 ဟာ အာကယော်ရေ လှောင် တမံအနီးမှာ CRJ 200 ကုန်တင် သင်္ဘော တစင်းပေါ် ပျက်ကျခဲ့ပြီး နှစ်ဘက် ယာဉ် ပေါ်ပါ အမှုထမ်းတွေ အားလုံး သေဆုံး ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ – အဲဘတ်စ် A321 အမျိုးအစား Daaollo လေကြောင်းလိုင်းမှ Flight 159 လေယာဉ်ဟာ ဆိုမာလီယာနိုင်ငံ၊ အေဒင်အက်ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာပျံသန်းစဉ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ သေခံဗုံးဖောက်ခွဲမှုတရားခံတဦးကတော့ လေယာဉ်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ – Tara Air Flight 193 လေယာဉ်တစီးဟာ မုန်တိုင်းကြားမှာ ပျံသန်းစဉ်မှာ နီပေါနိုင်ငံ၊ မိုင်ဒီးခရိုင်၊ ဒေနာဒေသမှ တောင်စောင်းတခုပေါ် ပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါ လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ – နီပေါနိုင်ငံမှာAir Kasthamandap PAC 750XL လေယာဉ်ဟာ ဆင်း သက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်း ၂ ဦးသေဆုံးပြီး ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မတ် ၁၉ – ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Flydubai Flight 981 လေယာဉ်တစီးဟာ ရုရှားနိုင်ငံ၊ ရော့စတော့ဗွန်ဒွန်လေဆိပ်ဆီ ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၆၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

မတ် ၂၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 181 လေယာဉ်တစီးဟာ ပျံ သန်းနေစဉ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဆိုက်ပရပ်စ်နိုင်ငံ၊ လန်နာကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှာမှ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဧပြီ ၄ – ဂျကာတာနိုင်ငံ၊ ပါဒနာ ကပ်ဆမာလေဆိပ်မှာ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Batik Air Flight 7703 လေယာဉ်ဟာ ATR 42 လေယာဉ်တစီးနဲ့ ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဧပြီ ၁၃ – Sunbird လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ပါပူအာ နယူးဂီနီနိုင်ငံ၊ ကီ အန်ဂါဆိပ်ကမ်းမြို့ဆီ ဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ် ပျက်ကျခဲ့ပြီး
လေယာဉ် ပေါ်ပါသူ ၁၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၉ – EC225L Super Puma ရဟတ်ယာဉ်ငယ်တစီးဟာ နော်ဝေနိုင်ငံ၊ တူရေးကျွန်း ဆီ ဆင်းသက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်းတဦး သေဆုံးခဲ့ပါတယ်။

မေ ၁၈ – Silk Way လေကြောင်းလိုင်းပိုင် Antonov An-12 လေယာဉ်တစီးဟာ အာဖ ဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ လေယာဉ်စက်ပိုင်းချို့ယွင်းမှုတခုဖြစ်ပြီး ပျက်ကျခဲ့လို့ ၇ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 804 လေယာဉ်တစီးဟာ မက်ဒီ တာရေးနီးယန်းပင်လယ်အရှေ့ပိုင်း မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် စုစုပေါင်း ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးကို သေဆုံးသွားခဲ့ပြီလို့ ယူဆနေကြပါ တယ်။



by DVB

Originally published at - http://burmese.dvb.no/archives/162574

Read More »

Friday, July 29, 2016

မြစ်ကမ်းပေါ်က တွေ့ ရှိခဲ့တဲ့ ဂြိုလ်သား အလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက်




အလွန် ထူးဆန်းတဲ့ ဦးခွံ နဲ့ အလောင်း တစ်ခုကို ဒေသခံ နှစ်ယောက်ဟာ ကိုဗာရှီ မြစ်ကမ်း ဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သား အရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက် အခဲ တွေ့လျက် ရှိပါတယ်။

၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့ သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါ အလောင်းကောင်ကို အမှတ် မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဂြိုလ်သားအလောင်းကို တွေ့ ရှိခဲ့သူနှစ်ယောက်ဟာ ပထမက စွန့် ပစ်ထားတဲ့ ကြက်သန္ဓေသားလောင်း တစ်ခုဖြစ်မယ်လို့ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒီအသေကောင်ဟာ ငါး ဒါမှမဟုတ် ကြက်ငှက်နွယ်ဝင် တစ်ကောင်ကောင်ရဲ့ အလောင်းမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဦးခေါင်းခွံက ထူးဆန်းပြီး လည်ပင်းနဲ့ တောင်ပံတွေလည်း မပါရှိဘူး” လို့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

Krasnoyarsk မြို့ က ဇီဝရူပတက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အသေကောင်ကို စစ်ဆေး လေ့လာခဲ့ပြီး အဆိုပါဇီဝရုပ်ကို အဖြေမရှာနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။

နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ အတွက် ဂြိုလ်သားအလောင်းကို Moscow မြို့ ကို ပို့ သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref: Mirror

Originally published at - http://knowledge.thithtoolwin.com/2016/07/blog-post_22.html

Read More »

Monday, July 25, 2016

ရဟတ်ယာဉ်ကဲ့သို့ ဆင်းနိုင်တက်နိုင်သည့် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်




လော့ခ်ဟိ မာတင် ကုမ္ပဏီထုတ် F-35 ဂျက် တိုက် လေယာဉ်ဟာ ဒီနှစ် ဖန်းဘရိုး လေယာဉ် ပြပွဲမှာ လူ စိတ်အ၀င် စားဆုံး ဖြစ်ခဲ့ ပါတယ်။ ဒါကလည်း တည်ဆောက်ဖူး သမျှ ဂျက်လေယာဉ် တွေထဲမှာ ခေတ်အမှီ ဆုံးမို့ ဖြစ်နိုင် ပါတယ်။

ဈေးအကြီးဆုံး ဖြစ်သလို တစင်းကို ဒေါ်လာ သန်း ၁၀၀ ကျသင့် ပါတယ်။ အဲဒီ ယာဉ်မှာ တန်ဖိုး အကြီးဆုံး အစိတ်အပိုင်း ကတော့ F135 ဂျက်အင်ဂျင်ပဲ ဖြစ်ပါတယ်။

“F-35 ဟာ ယနေ့ ကမ္ဘာမှာ စွမ်းအား အကြီးဆုံးနဲ့ အဆင့် အမြင့်ဆုံး ဂျက်တိုက် လေယာဉ်ပါ။ ဒီလေယာဉ်ကို F135 အင်ဂျင်နဲ့ တွန်းကန် ပျံသန်း တာပါ။ ဒီအင်ဂျင်က ကမ္ဘာ့ စွမ်းအား အကြီးဆုံး ပဉ္စမ မျိုးဆက် အင်ဂျင် ဖြစ်ပါတယ်။”

F-35 ဂျက်လေယာဉ်ကို ၃ စား ထုတ်လုပ် ပါတယ်။ ဒီက F-35B ကိုတော့ မတ်မတ် တက်နိုင်၊ ဆင်းသက်နိုင်တဲ့ STVOL ယာဉ်လို့ သိကြ ပါတယ်။ ဒီလေယာဉ်ဟာ သမားရိုးကျ ဂျက်တွေထက် ပြေလမ်း တိုတိုသာ လိုပြီး ရဟတ်ယာဉ်လို မြေပေါ် မတ်မတ် ဆင်းသက်နိုင် ပါတယ်။ ဒီလို ဆင်းသက်နိုင်အောင် F135 အင်ဂျင်က ပံ့ပိုး ပေးတာ ဖြစ်ပါတယ်။

“ဒီလေယာဉ်မှာ အသံထက်မြန်တဲ့ တွန်းအားပေးနိုင်တဲ့ အင်ဂျင်ပါသလို ကိုယ်ဖျောက်စွမ်းရည်တွေလည်း ပါတယ်။ ပြီးတော့ အလိုက်ပြောင်းပြီး မတ်မတ် တက်တာ၊ ပြေးလမ်း တိုတိုနဲ့ လေပေါ် တက်နိုင်တာ စတဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင် ထားပါတယ်။”

ဒီအင်ဂျင်ရဲ့ တွန်းကန်အားက ပေါင် ၄ သောင်းရှိပြီး အသံထက်မြန်နှုန်း ၁ ဒသမ ၆ (တနာရီ ၅၄၄ မိုင်နှုန်း) အလျင်ရှိပါတယ်။ ဒီအင်ဂျင်ထုတ်လုပ်တဲ့ ဖရက်ထ်အန်ဝစ်တနီ ကုမ္ပဏီဟာ ဒီနည်းပညာကို တိုးချဲ့တီထွင်ဖို့ ရန်ပုံငွေ ၁ ဒသမ ၅ ဘီလီယံကို မကြာသေးခင်က ရရှိခဲ့ပါတယ်။

“အခုဆိုရင် ဒီအင်ဂျင်ရဲ့ နောက်ထပ်စွမ်းရည်တွေ တိုးမြှင့်ဖို့နဲ့ F135 ကို မျိုးဆက်တဆက်စာ ရှေ့ပြေးနေစေမယ့် နည်းပညာသစ်ကို သရုပ်ပြဖို့ ကျနော်တို့က ပင်တဂွန်က တဆင့် အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။”

နိုင်ငံများစွာက အော်ဒါတွေ လှမ်းမှာ နေပြီမို့ လော့ခ်ဟိ ကုမ္ပဏီက လာမယ့် ဆယ်စုနှစ်တွေ အတွင်း F-35 ဂျက်လေယာဉ် အစင်း ၃၀၀၀ ရောင်းရ မယ်လို့ မျှော်လင့် ထားပါတယ်။

ဒီအတောအတွင်း F-35 ဟာ ဇူလိုင် ၁၇ ရက်နေ့ထိပြမယ့် ဖန်းဘရိုး လေကြောင်းပြပွဲမှာ ဆူဆူညံညံနဲ့ ပျံသန်းနေဦးမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160731

Read More »

Friday, April 15, 2016

နယ်သာလန်နိုင်ငံက ရာဇဝတ်သားရှားပါးမှုကြောင့် ထောင်တွေပိတ်ပစ်နေရ




နယ်သာလန် နိုင်ငံမှာတော့ ရာဇဝတ်မှု ကျူးလွန်မှု အနည်းဆုံး ညွှန်းကိန်းကို ရောက်ရှိလျက် ရှိနေတယ်လို့ သိရ ပါတယ်။ ဒါ့ကြောင့် နယ်သာလန် နိုင်ငံက ထောင်တွေမှာ ထောင်သားတွေ မရှိသလောက် ရှားပါးနေပြီး ထောင်တွေကို ပိတ်ပစ်နေ ရတယ်လို့ သိရပါတယ်။

ဒတ်ခ်ျအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ ရာဇဝတ်မှုဖြစ်ပွားနှုန်းဟာ လာမယ့် ငါးနှစ်အတွင်းမှာ တစ်နှစ်ကို ၀.၉ ရာနှုန်း ကျဆင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ထောင်အခန်းပေါင်း ၁၃၅၀၀ ဟာဆိုရင်တော့ အသုံးပြုမှုမရှိတော့ဘဲ ထောင်ကြီးငါးခုကို ပိတ်သိမ်းရနိုင်တယ်လို့ သိပါတယ်။ ဒါဟာဆိုရင်တော့ ထောင်လုပ်သားတွေအတွက်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘဲ ထောင်လုပ်သား ၁၉၀၀ မှာ လူ ၇၀၀ လောက်ဟာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပြီး အလုပ်ပြောင်းရွှေ့မှုတွေ ပြုလုပ်ပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပြည်သူပြည်သားတွေရဲ့ စည်းကမ်းလိုက်နာမှုတွေကြောင့် ထောင်တွေပိတ်ရတော့မှာဖြစ်ပြီး နယ်သာလန်နိုင်ငံကတော့ သူတို့ရဲ့ ထောင်တွေကို အနီးအနားနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ နော်ဝေတို့ကို ငှားရမ်းဖို့ စီစဉ်နေလျက်ရှိပါတယ်။

ဘယ်လ်ဂျီယံက ထောင်သား ၃၀၀ လောက်ဟာ ဆိုရင်တော့ နယ်သာလန်ထောင်တစ်ခုဖြစ်တဲ့ တေးလ်ဘက်ဂ်ထောင်မှာ ကျခံသွားစေတော့မှာဖြစ်ပြီး နော်ဝေထောင်သား ၂၄၀ လောက်ဟာလည်း နယ်သာလန်က ဒရန်သီထောင်မှာပဲကျခံသွားရတော့မှာပါ။

နယ်သာလန်နိုင်ငံကတော့ ပိုလျှံနေတဲ့ ထောင်တွေကို ငှားရမ်းဖို့အတွက် နော်ဝေနိုင်ငံနဲ့ သုံးနှစ်စာချုပ်ချုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး ရာဇဝတ်မှုကျဆင်းတာကတော့ နယ်သာလန်နိုင်ငံအတွက်တော့ ဂုဏ်ယူစရာဖြစ်လို့ နေပါတယ်။

Ref : Telelgraph

Originally published at - http://knowledge.thithtoolwin.com/2016/03/blog-post_54.html

Read More »

Thursday, March 31, 2016

၂၂၅ ပေါင် အလေးမတုံးကို မပြသည့် အသက် ၇၈ နှစ်အရွယ် အာဂ အဘွားအို




အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ် ပြည်နယ်မှ အသက် ၇၈ နှစ် အရွယ် အဘွားအို တဦးဟာ အလေးချိန် ၂၂၅ ပေါင်ရှိတဲ့ အလေးမ တုံးကို အံ့သြဖွယ် မပြနိုင် ခဲ့ပြီးနောက်မှာတော့ အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစား လာခဲ့ပါတယ်။

အရှေ့အယ်လ်တန်ရွာမှာနေထိုင်တဲ့ အဘွားအို ရှာလေ၀က်ဘ်ဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ မြေးဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အားကစားလေ့ကျင့်ရေးခန်းမတခုမှာ စတင်ကစားခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။

အဲဒါဟာ သူ့ရဲ့ဘ၀မှာ ပထမဆုံး အလေးမကစားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဘွားအိုဝက်ဘ်က အားကစားခန်းမက နည်းပြဟာ မကြာခင်မှာပဲ သူ့မှာ အလေးမနိုင်တဲ့ စွမ်းရည်ရှိနေတာကို သိရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျမရဲ့ အားကစားနည်းပြက ကျမရဲ့ သန်စွမ်းမှုကို သိပြီးတဲ့နောက်မှာ သူဟာ အလေးချိန်တွေ ထပ်တိုးလေ့ကျင့်ပေးခဲ့တယ်” လို့ Today.com သတင်းကို ၀က်ဘ်က ဖြေခဲ့တာပါ။

အဘွားအိုဝက်ဘ်ဟာ ခုချိန်မှာတော့ အီလီနွိုက်စ်ပြည်နယ်နဲ့ မစ်ဆူအီပြည်နယ်တွေမှာ သူ့ရဲ့သက်တမ်းအလိုက် အလေးမနိုင်မှုစံချိန်ကို တင်ထားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

လာမယ့်ဇွန်လမှာ ကျင်းပမယ့် အလေးမပြိုင်ပွဲမှာတော့ အလေးချိန် ၂၆၀ ကို မပြနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။

အမေရိကန်နာမည်ကျော် NFL ဘောလုံးသမား ဂျေဂျေဝပ်တ်ကလည်း တွစ်တာအင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အဘွားအိုဝက်ဘ်ကို အားပေးချီးကျူး ခဲ့ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142437


Read More »

Tuesday, February 23, 2016

တရုတ်နိုင်ငံတွင် အသက်မပြည့်သေးသည့် ကလေး မင်္ဂလာပွဲ ကျင်းပ



တရုတ်နိုင်ငံတွင် အသက်မပြည့်သေးသည့် ကလေးမင်္ဂလာပွဲ ကျင်းပ (ဓာတ်ပုံ)
ဒီဗွီဘီ by ဒီဗွီဘီ

တရုတ်နိုင်ငံမှာ အသက် ၁၆ နှစ် အရွယ်သာ ရှိကြသေးတဲ့ မင်္ဂလာ ဇနီးမောင်နှံရဲ့ ဓာတ်ပုံတွေ အွန်လိုင်း အင်တာနက် စာမျက်နှာတွေပေါ် တင်ခဲ့ ချိန်မှာ နိုင်ငံသား တွေဟာ ရုတ်တရက် အံ့သြ ထိတ်လန့် ခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံရဲ့ တည်ဆဲ ဥပဒေ အရ လက်ထပ်လို့ ရတဲ့ အသက် အပိုင်း အခြားဟာ အမျိုးသားကို ၂၂ နှစ်၊ အမျိုးသမီးကို ၂၀ နှစ်ပြည့်မှသာ လက်ထပ်နိုင် တယ်လို့ သတ်မှတ် ထားလို့ပါပဲ။


ခုလက်ထပ်လိုက်တဲ့ မင်္ဂလာမောင်နှံ ၂ ဦးလုံးဟာ ဂွမ်ရှီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မာရှန်ခရိုင်တွင်းမှဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အင်တာနက် စာမျက်နှာတွေပေါ် သူတို့မင်္ဂလာပွဲပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာ နိုင်ငံသားတွေကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာပါ။

တချို့ကလည်း သတို့သားဖြစ်သူဟာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးတယ်လို့ ဝေဖန်ခဲ့ကြချိန်မှာ သတို့သမီးဖြစ်သူ ၀ူက သူတို့ ၂ ဦးလုံးဟာ လွန်ခဲ့တဲ့ တနှစ်ကျော်တည်းက သိကျွမ်းခဲ့ကြပြီး သတို့သားရဲ့အသက်ဟာ ၁၆ နှစ်ဖြစ်တယ်လို့ နမ်ဂူအိုမောနင်းသတင်းကို ဖြေခဲ့ပါတယ်။

သူတို့ရဲ့မင်္ဂလာပွဲကို နှစ်ဘက်မိဘတွေ သဘောတူညီခဲ့ကြပြီး ဆွေမျိုးသားချင်းတွေလည်း တက်ရောက်ခဲ့ကြတာပါ။

တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားမှု ပြုမယ်ဆိုရင် လက်ထပ်ထိမ်းမြားမှုကို ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်တဲ့အတွက် ခုကျင်းပခဲ့တဲ့ မင်္ဂလာပွဲဟာ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

သတို့သမီး ၀ူကတော့ သူတို့ရဲ့မင်္ဂလာပွဲဟာ မိဘဆွေမျိုးတွေရှေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး လက်ထပ်ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံတင်တာကိုတော့ သူတို့အသက်ပြည့်ချိန်မှာ ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒီလက်ထပ်မင်္ဂလာပွဲ ကျင်းပခွင့်ပြုခဲ့တဲ့ မိဘတွေနဲ့ သူတို့နှစ်ဦးကို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝေဘိုအသုံးပြုသူတဦးက “သူတို့ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ။ မိသားစုဆိုတာ ဘာလဲ ဆိုတာတွေကို ဘယ်လိုသိနိုင်ဦးမလဲ။ ဒီလက်ထပ်မှုက တကယ့်ကို မဖြစ်နိုင်တာပဲ။ သူတို့တွေ အသက်ကြီးလာကြရင် သူတို့အမြင်တွေ ပြောင်းလဲသွားကြမှာပဲ။ အဲဒီအချိန်ကျရင် သူတို့ဟာ ကွာရှင်းလိုက်ဖို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်” လို့ ဝေဖန်လိုက်တာပါ။

တခြား ဝေဘိုအသုံးပြုသူတဦးကတော့ “ညီမလေး၊ မင်းအရွယ်ရောက်လာရင် မင်း ဒါကို နောင်တရနေလိမ့်မယ်” လို့ ရေးခဲ့ပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136494


Read More »

Friday, February 12, 2016

ကိုယ်လုံးတီးနဲ့ ဆရာမတွေ သင်ကြားပေးမယ့် အင်္ဂလိပ်စာ သင်တန်း တီဗီ အစီအစဉ်




ဘာသာစကား အသစ် တစ်ခုကို သင်ရတာဟာ ဆိုရင်တော့ ပျင်းစရာ ကောင်းပြီး ရှည်လျား လွန်းတဲ့ သင်ယူမှု တစ်ခု ပါပဲ။ အခု အချိန်မှာတော့ စပိန်နိုင်ငံက ရုပ်သံလိုင်း တစ်ခုဟာ သူတို့ရဲ့ အင်္ဂလိပ်စာ သင်တန်း တီဗီ အစီအစဉ် တွေကို တစ်မူ ထူးခြားစွာနဲ့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

သာမန် ဆရာမတွေနဲ့ မတူတဲ့ ညစ်ညမ်း မော်ဒယ် ဆရာမတွေကို ငှားရမ်းပြီး အင်္ဂလိပ်ဘာသာ စကားကို သင်တန်းသား ဖြစ်သူတွေ အလွယ်တကူ မှတ်မိနိုင်အောင် ဒီအစီအစဉ်မှာ ပို့ချပေးနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

ဒီမော်ဒယ်ဆရာမတွေဟာ ဆိုရင်တော့ တစ်ကိုယ်လုံးမှာ အဝတ်အစား ဝတ်ထားမှာ မဟုတ်ဘဲ ကိုယ်လုံးတီး ပုံစံနဲ့ပဲ အင်္ဂလိပ်စာ သင်ပေးသွားမှာ ဖြစ်ပါတယ်။



ဒီစပိန်ရုပ်သံလိုင်းဟာ ဆိုရင်တော့ ညစ်ညမ်း ရုပ်သံလိုင်း တစ်ခုဖြစ်ပြီး သူတို့ရဲ့ အခုလို လုပ်ဆောင် ချက်ကြောင့် ရုပ်သံလိုင်းကို ဖမ်းယူ ကြည့်ရှုသူဟာ ဆိုရင် တဖြည်းဖြည်းနဲ့ တိုးတက် လာနိုင်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။

အခုလို သင်ကြားပေးတာဟာဆိုရင်တော့ အစဉ်အလာအရ သင်ကြားမှုတွေကနေ ကွဲထွက်ပြီး သင်တန်းသားတွေအတွက် သင်ယူဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ ဒီစပိန်ရုပ်သံလိုင်းက ပြောပါတယ်။

ဒီအစီအစဉ်ကိုတော့ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခြင်းမရှိသေးဘဲ အမြည်းသဘောအနေနဲ့ ကြေညာခဲ့ရာမှာတော့ ကိုယ်လုံးတီးဆရာမတွေက သင်တန်းသားတွေကို တစ်မူထူးခြားစွာနဲ့ သင်ကြားပေးနေတာကို လူအတော်များများက နှစ်ခြိုက်ခဲ့ကြပါတယ်။



ဒီအစီအစဉ် အတွက် ဝက်ဘ်ဆိုက် အသစ်တစ်ခု ကိုလည်း လွှင့်တင်ခဲ့ပြီး သူတို့ရဲ့ အခုလို ရုပ်သံ အင်္ဂလိပ်စာ သင်တန်းတွေဟာ ဆိုရင် အင်္ဂလိပ်စာ aလ့လာသူ သင်တန်းသား aတွကို တခြား သင်တန်း aတွမှာထက် ပိုပြီး အာရုံစိုက်နိုင်စေမှာ jဖစ်တယ်လို့လည်း ဖော်ပြထားခဲ့ ပါသေးတယ်။

သူတို့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကတော့ www.dln.la ပဲဖြစ်ပါတယ်။



Ref : Dailymail

Originally published at - http://knowledge.thithtoolwin.com/2016/02/blog-post_5.html


Read More »

Wednesday, February 10, 2016

ယူအေအီးက ပျော်ရွှင်မှုရေးရာ ၀န်ကြီး ခန့်အပ်၍ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး နိုင်ငံဖြစ်လို




ရီယာ့၊ ဖေဖော်ဝါရီ - ၁၀

အထူးသဖြင့် လက်ရှိ ရေနံဈေးနှုန်း ဖြင့်တော့ ပျော်ရွှင်မှုကို ငွေကြေးဖြင့် ၀ယ်ယူ၍ မရနိုင် ကောင်းပါ။ ထို့ကြောင့် အာရပ် စော်ဘွားများ ပြည်ထောင်စု ယူအေအီးကို အုပ်စိုးသူ များက တစ်မူ ထူးခြားသည့် စိတ်ကူး တစ်ခု ရလာကြသည်။

ယင်းမှာ ပျော်ရွှင်မှု ရေးရာဌာန ၀န်ကြီး တစ်ဦး ခန့်အပ်ရန် ဆုံးဖြတ် လိုက်ကြခြင်းပင် ဖြစ်သည်။

အကြီးဆုံး အမိုးအကာ အတွင်း စကိတ်ကွင်းကြီးနှင့် အုန်းထန်းပင် သဏ္ဍာန် ကျွန်း တစ်ကျွန်းကြောင့် လူသိများသည့် ပါရှန်း ပယ်လယ်ကွေ့ နိုင်ငံဖြစ်ရုံမျှနှင့် မလုံလောက် တော့ပါ။

ပျော်ရွှင်မှုရေးရာဌာနတွင် သာမဟုတ်ပါ။ ခန္တီစ ကလည်း ရှားပါးပြတ်လပ် နေပါသည်။ ထို့ကြောင့် အစိုးရ အနေဖြင့် ခန္တီစရေးရာ ၀န်ကြီး တစ်ဦးလည်း ခန့်အပ် ရပါလိမ့်မည်။

ယူအေအီးကို အုပ်ချုပ် နေသည့် ရှိတ်စော်ဘွား များက နိုင်ငံ၏ ၄၄နှစ်တာ သမိုင်း ကာလတွင် အကျယ်ပြန့်ဆုံး အစိုးရ ပြန်လည် ဖွဲ့စည်းမှု ပြုလုပ်မည်ဟု ကြေညာ ခဲ့ရာ ယင်းတို့ အထဲတွင် ပျော်ရွှင်မှုနှင့် ခန္တီစရေးရာ ၀န်ကြီးသစ် နှစ်ဦး ခန့်အပ်ရန်လည်း ပါဝင်နေသည်။

ဒူဘိုင်းအုပ်ချုပ်သူနှင့် နိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သည့် ရှိတ် မိုဟမ္မတ် ရာရှစ် အယ်လ် မာ့တွမ်က တွစ်တာတွင် ဘုရင့်အမိန့်ဒီဂရီနှင့်တကွ ကြေညာခဲ့ခြင်းပင် ဖြစ်သည်။

‘ဒါက ခရီးသစ်တစ်ခုရဲ့အစပဲ။ လူတွေကို ပေးဆပ်တာပဲ။ ပြည်သူတွေကို ဂရုစိုက်ပြီး အကျိုးတော်ဆောင်ပေးနိုင်ဖို့ ဘုရားသခင်က ကျနော်တို့ကို ကူညီဖို့ တောင်းဆိုပါတယ်’ဟု ရှိတ် မိုဟမ္မတ်က အာရပ်ဘာသာ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

ပျော်ရွှင်မှုနှင့် ခန္တီစမှာ ဗျူရိုကရေစီယန္တရား ပြောင်းလဲမှုတွင် သိသာထင်ရှားသည့် အပြောင်းအလဲနှစ်ခုဖြစ်ပြီး ၀န်ကြီးသစ်နှစ်ဦး၏ လုပ်ပိုင်ခွင့်များကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11002


Read More »

Wednesday, January 27, 2016

မိန်းမ ၂ ယောက် မယူလျှင် ထောင်ဒဏ်တသက် ကျခံရမည်ဟု အီရီထရီးယား အစိုးရ ကြေညာ



ဓာတ်ပုံ - Punch Newspaper

မိန်းမ ၂ ယောက် မယူပါက ထောင်ဒဏ် ကျခံ ရမယ်လို့ အာဖရိက တိုက်က အီရီထရီးယား နိုင်ငံ အစိုးရက ကြေညာ လိုက်ပါတယ်။

ဘုရားရဲ့ ဥပဒေကို အခြေခံပြီး တိုင်းပြည်မှာ အမျိုးသား ပြတ်လပ်မှု အတွက် အီရီထရီးယန်း သာသာနာရေး ၀န်ကြီး ဌာနက အခုလို ဆုံးဖြတ် လိုက်တာလို့ ဆိုပါတယ်။

အမျိုးသား တိုင်းက အမျိုးသမီး ၂ ဦးကို လက်ထပ် ရမှာဖြစ်ပြီး ငြင်းဆန်တဲ့ သူက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တသက် ကျခံ ရမယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

အမျိုးသားတွေ နောက်မိန်းမ မယူဖို့ တားမြစ်တဲ့ အမျိုးသမီး တွေကိုလည်း ထောင်ဒဏ် တသက် ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၈-၂၀၀၀ ခုနှစ် အထိ အီသီယိုးပီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လျော့နည်း သွားတဲ့ လူဦးရေကို ဖြည့်တင်းဖို့ အမျိုးသား တွေက မိန်းမ များများယူပြီး ကလေး များများမွေးဖို့ အစိုးရက တိုက်တွန်း နေတာ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် လူဦးရေ ၄ သန်းသာရှိတဲ့ တိုင်းပြည်မှာ စစ်သား ၁ သိန်းခွဲ နီးပါး သေဆုံး ခဲ့ပြီး လက်ရှိတော့ နိုင်ငံလူဦးရေ ၆ သန်းနီးပါး ရှိနေပါတယ်။

ဒီကြေညာချက်ကို လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။

ကြေညာချက်အပေါ် အမျိုးသားအများစုက စိတ်လှုပ်ရှားနေပေမယ့် တချို့က လူ့အခွင့်အရေးနဲ့ မညီသလို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို စွက်ဖက်တယ်လို့ ဆိုပါတယ်။

အမျိုးသမီး အများစုကတော့ ဒီကြေညာချက်ကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132507


Read More »

Wednesday, December 30, 2015

အမည်မဖော်လိုသူ အလှူရှင်က ထီလက်မှတ် စောင်ရေ ၂၀၀၀ ခန့်ကို ဓာတ်လှေကား အတွင်း ထားရစ်ခဲ့




တိုချီဂီ ၊ ၃၀-၁၂-၂၀၁၅

ဂျပန်နိုင်ငံ တိုချီဂီစီရင်စု တိုချီဂီမြို့တော် ၌ အမည် မဖော် လိုသူ အလှူရှင် တစ်ဦးက ထီလက်မှတ် စောင်ရေ ၂ဝဝဝ ခန့်နှင့် ပေါက်ဂဏန်း ပါသည့် ထီလက်မှတ်မှ ရရှိသော အကျိုး အမြတ်ကို ရေဘေးသင့် ဒုက္ခသည် များကို ပေးအပ်ရန် တောင်းဆို ထားသည့် စာတစ်စောင်ကို ဓာတ်လှေကား အတွင်း ထားရစ် ခဲ့ကြောင်း ဂျပ န်ရဲတပ်ဖွဲ့ ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ဂျပန်ယန်းငွေ ၆ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၄၉၈ဝ) နှင့် တန်ဖိုးညီမျှသည့် ထီလက်မှတ်များ နှင့် အလှူရှင်၏ တောင်းဆိုစာ တို့ကို တိုချီဂီမြို့ မြို့တော်ခန်းမ ယာဉ်ရပ်နားကွင်း ဓာတ်လှေကား အတွင်း၌ အဘွားအို တစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

ထီလက်မှတ်များနှင့် တောင်းဆိုစာ ထည့်သွင်းထားသော စက္ကူအိတ် ပေါ်တွင် တိုချီဂီမြို့တော် အုပ်ချုပ်ရေးရုံး နှင့် မြို့တော်ဝန် တို့ထံ လိပ်မူထားကြောင်း ဂျပန်ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်မည့် နှစ်သစ်ကူးအကြို ထီကံစမ်းပွဲ၌ ထီလက်မှတ် တစ်စောင်၏ အမြင့်ဆုံး ဆုကြေးမှာ ယန်းငွေ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ သန်း) ဖြစ်ကြောင်း သိရသည်။ ဓာတ်လှေကား အတွင်း တွေ့ရှိခဲ့သည့် ထီလက်မှတ် များကို ပိုင်ရှင်အဖြစ် တောင်းဆိုသူ ပေါ်လာချိန်ထိတိုင် ငါးလကြာ ထိန်းသိမ်း ပေးထားမည် ဖြစ်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ယခုနှစ် နွေရာသီအတွင်း တိုချီဂီ စီရင်စု၌ မိုးသည်းစွာ ရွာသွန်း၍ ရေလွှမ်းမိုးမှု များကြောင့် လူခုနစ်ဦး သေဆုံးပြီး လူနေအိမ် ရာပေါင်းများစွာ ပျက်စီး ခဲ့ရကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2015/12/blog-post_679.html


Read More »

ကမ္ဘာ့ပထမဆုံး အနာဂတ် ရေအောက်ရွာ (ဓာတ်ပုံ)




ဒါဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ လူသားတွေ နေထိုင်နိုင်တယ် ဆိုတဲ့ အဖြေတခု ဖြစ်ပါသလား။

ဒါကို အသေ အချာ သက်သေ ပြနိုင်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဗိသုကာ ပညာရှင် ဗင်းဆင့် ကယ်လ်ဘောက်တ်ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်ပြီး ရေလှိုင်းတွေ အောက်မှာ တည်ဆောက်မယ့် အနာဂတ် ရေအောက်ရွာ ဒီဇိုင်းကို ဖန်တီး လိုက်ပါတယ်။



အေကွာ ရီယာလို့ အမည်ပေးထားတဲ့ အဲဒီ ရေအောက်ရွာကို ပင်လယ်တွင်းက ရရှိတဲ့ ရေမှော်ပင်နဲ့ အမှိုက်သရိုက်တွေကို ဖန်သား တာဝါ တည်ဆောက်မှု နည်းပညာ အသုံးပြု ဖန်တီး ထားတာပါ။

ရေအောက် အနက် မီတာ ၁၀၀၀ ထိ ဖန်တီး တည်ဆောက်ထားတဲ့ အဆောက်အဦး တခုချင်းစီမှာ လူပေါင်း ၂ သောင်းထိ နေနိုင် မယ်လို့ ဗြိတိန် အခြေစိုက် မေရာ သတင်းမှာ ဖော်ပြ ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် ဖန်တီး တည်ဆောက် ထားတဲ့ အတွက် မြေအောက် သဘာဝ စွမ်းအင် ရင်းမြစ်တွေ သုံးစွဲ စရာမလိုဘဲ စွမ်းအင်နဲ့ အပူကို ကိုယ်တိုင် ထုတ်လုပ်နိုင် လိမ့်မယ်လို့ ဆိုပါတယ်။



ရေအောက်ရွာ အဆောက် အဦး တွေကို ဂျယ်လီငါး ပုံသဏ္ဌာန် ခေါင်မိုး ထပ်အပေါ်က စတင် ၀င်ရောက်ရမှာ ဖြစ်ပါတယ်။

သောက်သုံး ရေသန့်ကိုတော့ ရေအောက် ဖိအားကို အသုံးပြုကာ ဆားကို ဖယ်ထုတ် ရယူမှာ ဖြစ်ပြီး သန့်စင်တဲ့လေ ရရှိနိုင်ဖို့ ကိုတော့ သဘာဝ အလျောက် လေထု မီးခိုးခေါင်းတိုင်မှ တဆင့် အပူစီး ကူးမှု ကနေ အောက်ဆီဂျင်ကို ပြန်လည် ရယူတဲ့ နည်းကို အသုံးပြု ထားပါတယ်။

ရေအောက်ရွာတွင်း နေထိုင်မှု ပုံစံတွေ ထဲမှာ ပြင်ပ ကမ္ဘာလိုပဲ အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ၊ ဥယျာဉ်တွေနဲ့ စိုက်ခင်းတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

ဓာတ်ပုံ – Solent News

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129050


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...