အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 30, 2015

ကမ္ဘာ့ပထမဆုံး အနာဂတ် ရေအောက်ရွာ (ဓာတ်ပုံ)




ဒါဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ လူသားတွေ နေထိုင်နိုင်တယ် ဆိုတဲ့ အဖြေတခု ဖြစ်ပါသလား။

ဒါကို အသေ အချာ သက်သေ ပြနိုင်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဗိသုကာ ပညာရှင် ဗင်းဆင့် ကယ်လ်ဘောက်တ်ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်ပြီး ရေလှိုင်းတွေ အောက်မှာ တည်ဆောက်မယ့် အနာဂတ် ရေအောက်ရွာ ဒီဇိုင်းကို ဖန်တီး လိုက်ပါတယ်။



အေကွာ ရီယာလို့ အမည်ပေးထားတဲ့ အဲဒီ ရေအောက်ရွာကို ပင်လယ်တွင်းက ရရှိတဲ့ ရေမှော်ပင်နဲ့ အမှိုက်သရိုက်တွေကို ဖန်သား တာဝါ တည်ဆောက်မှု နည်းပညာ အသုံးပြု ဖန်တီး ထားတာပါ။

ရေအောက် အနက် မီတာ ၁၀၀၀ ထိ ဖန်တီး တည်ဆောက်ထားတဲ့ အဆောက်အဦး တခုချင်းစီမှာ လူပေါင်း ၂ သောင်းထိ နေနိုင် မယ်လို့ ဗြိတိန် အခြေစိုက် မေရာ သတင်းမှာ ဖော်ပြ ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် ဖန်တီး တည်ဆောက် ထားတဲ့ အတွက် မြေအောက် သဘာဝ စွမ်းအင် ရင်းမြစ်တွေ သုံးစွဲ စရာမလိုဘဲ စွမ်းအင်နဲ့ အပူကို ကိုယ်တိုင် ထုတ်လုပ်နိုင် လိမ့်မယ်လို့ ဆိုပါတယ်။



ရေအောက်ရွာ အဆောက် အဦး တွေကို ဂျယ်လီငါး ပုံသဏ္ဌာန် ခေါင်မိုး ထပ်အပေါ်က စတင် ၀င်ရောက်ရမှာ ဖြစ်ပါတယ်။

သောက်သုံး ရေသန့်ကိုတော့ ရေအောက် ဖိအားကို အသုံးပြုကာ ဆားကို ဖယ်ထုတ် ရယူမှာ ဖြစ်ပြီး သန့်စင်တဲ့လေ ရရှိနိုင်ဖို့ ကိုတော့ သဘာဝ အလျောက် လေထု မီးခိုးခေါင်းတိုင်မှ တဆင့် အပူစီး ကူးမှု ကနေ အောက်ဆီဂျင်ကို ပြန်လည် ရယူတဲ့ နည်းကို အသုံးပြု ထားပါတယ်။

ရေအောက်ရွာတွင်း နေထိုင်မှု ပုံစံတွေ ထဲမှာ ပြင်ပ ကမ္ဘာလိုပဲ အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ၊ ဥယျာဉ်တွေနဲ့ စိုက်ခင်းတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

ဓာတ်ပုံ – Solent News

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129050


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...