အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ပရဟိတသမားများ. Show all posts
Showing posts with label ပရဟိတသမားများ. Show all posts

Monday, November 2, 2015

မသန်စွမ်း စေတနာ့ ယာဉ်ထိန်းရဲဝန်ထမ်း




တရုတ်ပြည် ဖုဂျင်း ခရိုင် Xiamen မြို့တွင်းရဲ့ ကိုင်တန် ဆိုတဲ့ လမ်းဆုံ လမ်းခွ တနေရာမှာ ထူးခြားလှသော ယာဉ်ထိန်းရဲ တဦးကို တွေ့မြင် ရပါလိမ့်မယ်။ သူကတော့ ခြေထောက် တဖက်တည်းနဲ့ ဂျိုင်းထောက်ကို အားပြုနေ ရပြီး ယာဉ်များ၊ လမ်းသွား လမ်းလာများ အဆင်ပြေ ချောမွေ့ နေစေဖို့ လမ်းညွှန်ပြသ ပေးနေတဲ့ ယာဉ်ထိန်းရဲ တဦးပါ။

သူ့ရဲ့အမည်ကတော့ ဇီကွီမင်း ဆိုသူဖြစ်ကာ ခြေထောက်တဖက်တည်းရှိတဲ့ စေတနာ့ဝန်ထမ်းယာဉ်ထိန်းရဲ တဦးပဲဖြစ်ပါတယ်။ ယဉ်တွေ လမ်းသွားလမ်းလာတွေသွားလာရ အဆင်ပြေစေဖို့ လမ်းညွှန်ပြသပေးနေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ တပတ်လောက်က အွန်လိုင်းစာမျက်နှာတွေထက်မှာ ပျံ့နှံ့လာခဲ့ရာမှ မီလျံနဲ့ချီတဲ့ အင်တာနက်သုံးစွဲသူတွေအကြား လူသိများလာခဲ့တာပါ။



ဆဲလ်ဖုန်းရောင်းဝယ်ရေးစတိုးဆိုင်တခုရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ ဇီကွီမင်းဟာ မတော်တဆ ယာဉ်တိုက်မှုတခု ကြောင့် သူ့ရဲ့ညာဘက်ခြေထောက်ကို ဆုံရှုံးခဲ့ရတာပါ။ တနေ့ လမ်းသွားလမ်းတာတွေ အရမ်းကို ရှုပ်ထွေး များပြားနေတဲ့ ဈေးလမ်းတခုမှာ သူ လမ်းလျှောက်နေတုန်း စည်းမဲကမ်းမဲ့ လမ်းသွားလမ်းလာတွေက သူ့အား တွန်းတိုက်လိုက်မိတဲ့အတွက်ကြောင့် လမ်းပေါ်သို့ လဲကျသွားကာ ကုန်တင်ကားတစီးအောက်သို့ ရောက်သွားခဲ့ရတာကြောင့် အခုလို မသန်စွမ်းဘ၀ကို ရရှိခဲ့ရတာလို့ သိရပါတယ်။

Xiamen မြို့ရဲ့ အာဏာပိုင်အစိုးရက ဒီနှစ် ဧပြီလလောက်မှာ စေတနာ့ယာဉ်ထိန်းရဲဝန်ထမ်းတွေ စတင် စုဆောင်းခေါ်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ဇီကွီမင်းဟာ ကြိမ်ဖန်များစွာ လျှောက်လွှာတင်ခဲ့ရာက နောက်ဆုံးမှာ ယာဉ်ထိန်းရဲဝန်ထမ်း တဦးဖြစ်လာခဲ့ပါတော့တယ်။



လအနည်းငယ်အတောအတွင်းမှာပဲ ဇီကွီမင်းဟာ လမ်းပြောင်းပြန်မောင်းတဲ့ ဆိုင်ကယ်သမားတွေ လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ နမော်နမဲ့လမ်းလျှောက်တာတွေကို အောင်မြင်စွာ ရပ်တန့်ပစ်နိုင်ခဲ့ပါတော့တယ်။

သူ့ဖြစ်ပျက်ခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အသုံးချပြီး ပြည်သူတွေအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားလည် လိုက်နာသဘောပေါက်စေဖို့ ဆောင်ရွက်သွားချင်ပါတယ်လို့ သူကဆိုပါတယ်။

Ref: CCTV news

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/11/blog-post.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...