အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မှဲ့အကြောင်း. Show all posts
Showing posts with label မှဲ့အကြောင်း. Show all posts

Thursday, February 18, 2016

ခန္ဒာကိုယ် အတွက် မှဲ့ ဗေဒင်




ထင်ထင် ရှားရှား ရှိသော မှဲ့ကိုသာ မှဲ့ဟု ဆိုလို ပါသည်။ ဗေဒင် ဖြစ်သောကြောင့် လက်တွေ့ ဖြစ်ရမည်ဟု မဆိုလိုပါ။

မိမိ၏ ယုံကြည်မူနှင့် သာ သက်ဆိုင် ပါသည်။
  1. - ပုခုံးရိုး ပတ်ဝန်းကျင်တွင် မှဲ့ရှိသော သူသည် စိတ်တည်ငြိမ်မူ အားနည်း၏။
  2. - ပုခုံးတွင် မှဲ့ရှိသော သူသည် စွန့်စားချင်တဲ့ စိတ်ဓာတ်ရှိ၏။
  3. - ရင်သား အလယ်တွင် မှဲ့ရှိသော သူသည် သူတပါး အတွက် ဆိုရင် ကူညီ ချင်တဲ့စိတ် အမြဲရှိ၏။
  4. - ချိုင်းအောက်တွင် မှဲ့ရှိသော သူသည် အရာရာကို သိတတ်သည်။
  5. - ဗိုက်တွင် မှဲ့ရှိသော သူသည် ပျော်ပျော် နေတတ်၏။
  6. - ချက်ပတ်ဝန်းကျင်တွင် မှဲ့ရှိသော သူသည် အလွန် ချစ်ခင် တတ်၏။
  7. - ခါးရိုး ပတ်ဝန်းကျင်တွင် မှဲ့ရှိသောသူသည် လွတ်လွတ် လပ်လပ် နေတတ်၏။
  8. - လက်မောင်းတွင် မှဲ့ရှိသော သူသည် ဆွေမျိုး သားချင်းကို သိတတ်သည်။
  9. - တံထောင်ဆစ်အောက်တွင် မှဲ့ရှိသော သူသည် ငွေကြေး အသုံးအစွဲ ကြမ်းတတ်၏။
  10. - ဗိုက်အောက်ပိုင်းတွင် မှဲ့ရှိသော သူသည် စကား အပြောအဆို ကောင်း၏။
  11. - ပေါင်တွင် မှဲ့ရှိသော သူသည် လက်ထပ်ပြီးလျှင် ဆင်းရဲ ဒုက္ခ များတတ်သည်။
  12. - ပေါင်အတွင်းပိုင်းတွင် မှဲ့ရှိသော သူသည် ဆင်းရဲ ဒုက္ခ ခံရပြီးလျှင် အောင်မြင်မည်။
  13. - ခြေသလုံး အောက်ပိုင်းတွင် မှဲ့ရှိသော သူသည် မွေးရပ်ဒေသမှ အခြား အရပ်သို့ သွားလိုသည်။
  14. - ခြေဖမိုးပေါ်တွင် မှဲ့ရှိသော သူသည် မိဘခြေရာနင်းမည်။
  15. - ခြေဖဝါးတွင် မှဲ့ရှိသော သူသည် ကလေး ဘဝကတည်းက ရှိလျှင် အလွန်ကံကောင်မည်။
  16. - လည်ပင်း အနောက်တွင် မှဲ့ရှိသောသူသည် တစ်ခုခု သူတပါးနှင့် နှိုင်းယှဉ်လို့ မရအောင် တော်တတ်သည်။
  17. - ပုခုံးကျောဘက်တွင် မှဲ့ရှိသော သူသည် သူတပါး၏ အလိမ် ခံရတတ်သည်။
  18. - ကျောလယ်တွင် မှဲ့ရှိသော သူသည် ကျော၏အပေါ်သို့ ရောက်လေလေ ဘဝ လက်တွဲဖော်က ကောင်းလေလေ။
  19. - ခါးအနောက်တွင် မှဲ့ရှိသော သူသည် တက်တက် ကြွကြွ နေတတ်သူ ဖြစ်မည်။
  20. - တင်ပါးတွင် မှဲ့ရှိသော သူသည် လူမူ ဆက်ဆံရေး အပိုင်း သတိထားပါ။
  21. - တင်ပါး အပေါ်တွင် မှဲ့ရှိသော သူသည် ခေါင်းဆောင်ဖြစ်နိုင်သည်။
အမှန် အမှားကို chelmo မှ တာဝန် မယူပါ။ အားလုံး ပျော်ရွှင်နိုင် ပါစေလို့ ဆုတောင်းလျက်။

Happiness Is To You

Chelmo Team

Originally published at - https://www.facebook.com/searchmyanmar/posts/1027328130643457?fref=nf


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...