ထင်ထင် ရှားရှား ရှိသော မှဲ့ကိုသာ မှဲ့ဟု ဆိုလို ပါသည်။ ဗေဒင် ဖြစ်သောကြောင့် လက်တွေ့ ဖြစ်ရမည်ဟု မဆိုလိုပါ။
မိမိ၏ ယုံကြည်မူနှင့် သာ သက်ဆိုင် ပါသည်။
- - ပုခုံးရိုး ပတ်ဝန်းကျင်တွင် မှဲ့ရှိသော သူသည် စိတ်တည်ငြိမ်မူ အားနည်း၏။
- - ပုခုံးတွင် မှဲ့ရှိသော သူသည် စွန့်စားချင်တဲ့ စိတ်ဓာတ်ရှိ၏။
- - ရင်သား အလယ်တွင် မှဲ့ရှိသော သူသည် သူတပါး အတွက် ဆိုရင် ကူညီ ချင်တဲ့စိတ် အမြဲရှိ၏။
- - ချိုင်းအောက်တွင် မှဲ့ရှိသော သူသည် အရာရာကို သိတတ်သည်။
- - ဗိုက်တွင် မှဲ့ရှိသော သူသည် ပျော်ပျော် နေတတ်၏။
- - ချက်ပတ်ဝန်းကျင်တွင် မှဲ့ရှိသော သူသည် အလွန် ချစ်ခင် တတ်၏။
- - ခါးရိုး ပတ်ဝန်းကျင်တွင် မှဲ့ရှိသောသူသည် လွတ်လွတ် လပ်လပ် နေတတ်၏။
- - လက်မောင်းတွင် မှဲ့ရှိသော သူသည် ဆွေမျိုး သားချင်းကို သိတတ်သည်။
- - တံထောင်ဆစ်အောက်တွင် မှဲ့ရှိသော သူသည် ငွေကြေး အသုံးအစွဲ ကြမ်းတတ်၏။
- - ဗိုက်အောက်ပိုင်းတွင် မှဲ့ရှိသော သူသည် စကား အပြောအဆို ကောင်း၏။
- - ပေါင်တွင် မှဲ့ရှိသော သူသည် လက်ထပ်ပြီးလျှင် ဆင်းရဲ ဒုက္ခ များတတ်သည်။
- - ပေါင်အတွင်းပိုင်းတွင် မှဲ့ရှိသော သူသည် ဆင်းရဲ ဒုက္ခ ခံရပြီးလျှင် အောင်မြင်မည်။
- - ခြေသလုံး အောက်ပိုင်းတွင် မှဲ့ရှိသော သူသည် မွေးရပ်ဒေသမှ အခြား အရပ်သို့ သွားလိုသည်။
- - ခြေဖမိုးပေါ်တွင် မှဲ့ရှိသော သူသည် မိဘခြေရာနင်းမည်။
- - ခြေဖဝါးတွင် မှဲ့ရှိသော သူသည် ကလေး ဘဝကတည်းက ရှိလျှင် အလွန်ကံကောင်မည်။
- - လည်ပင်း အနောက်တွင် မှဲ့ရှိသောသူသည် တစ်ခုခု သူတပါးနှင့် နှိုင်းယှဉ်လို့ မရအောင် တော်တတ်သည်။
- - ပုခုံးကျောဘက်တွင် မှဲ့ရှိသော သူသည် သူတပါး၏ အလိမ် ခံရတတ်သည်။
- - ကျောလယ်တွင် မှဲ့ရှိသော သူသည် ကျော၏အပေါ်သို့ ရောက်လေလေ ဘဝ လက်တွဲဖော်က ကောင်းလေလေ။
- - ခါးအနောက်တွင် မှဲ့ရှိသော သူသည် တက်တက် ကြွကြွ နေတတ်သူ ဖြစ်မည်။
- - တင်ပါးတွင် မှဲ့ရှိသော သူသည် လူမူ ဆက်ဆံရေး အပိုင်း သတိထားပါ။
- - တင်ပါး အပေါ်တွင် မှဲ့ရှိသော သူသည် ခေါင်းဆောင်ဖြစ်နိုင်သည်။
Happiness Is To You
Chelmo Team
Originally published at - https://www.facebook.com/searchmyanmar/posts/1027328130643457?fref=nf
No comments: