အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 18, 2016

ဘရာဇီးလ်တွင် မျောက်တကောင် အရက်သောက်ပြီး ဓားကိုင်သောင်းကျန်း (ရုပ်သံ)




ဘရာဇီးလ်နိုင်ငံ စားသောက်ဆိုင် တခုမှာ ရန်လိုနေတဲ့ မျောက်တကောင်ဟာ မီးဖိုချောင်သုံး ဓားတလက်ကို ကိုင်ဆောင်ပြီး သောင်းကျန်း ခဲ့လို့ ကယ်ဆယ်ရေး သမားတွေကို ခေါ်ခဲ့ရ တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြ ပါတယ်။

ဘရာဇီးလ်နိုင်ငံ၊ ပါရေးဘာပြည်နယ်၊ ပါတို့စ်ဒေသတွင်း စားသောက်ဆိုင် တဆိုင်ထဲမှာ မျောက်တကောင်ဟာ ဓားကိုင်ပြီး စားပွဲပေါ်က အရက်ခွက်တွေ တွန်းချတာတွေ လူတယောက် aနာက်ကို လိုက်တာတွေ ပြုလုပ် ခဲ့တာကြောင့် ဒေသတွင်း မီးသတ်ဌာနဆီ အကူအညီတောင်း ခံခဲ့ရတာပါ။

အဲဒီအမျိုးသားဟာ မျောက်လိုက်မှုကြောင့် သူ့အဖော်အမျိုးသမီးကို ဆိုင်တွင်းမှာ ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာပါ။

မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆော်လ်လော်ရန်တီနိုက အဲဒီမျောက်ဟာ အဲဒီလိုသောင်းကျန်းတာတွေ မလုပ်ခင်မှာ ရမ်အရက်တခွက်ကို သောက်ထားခဲ့တယ်လို့ ပြောပါတယ်။

ဒေသတွင်းမျက်မြင်သက်သေတွေက အဆိုပါမျောက်ဟာ ဆိုင်ရဲ့ခေါင်မိုးကို ဓားနဲ့ ကုတ်ခြစ်နေတာကို ရုပ်သံမှတ်တမ်းယူထားခဲ့ကြပါတယ်။

နောက်ဆုံးမှာ အဲဒီမျောက်ကို ကယ်ဆယ်ရေးသမားတွေက ဖမ်းမိခဲ့ပြီး တောထဲကို ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135808


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...