အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label သတင်းဆန်းများ. Show all posts
Showing posts with label သတင်းဆန်းများ. Show all posts

Wednesday, December 21, 2016

မူးနေတဲ့ မိခင်ကြောင့် မွေးကင်းစကလေး ကြွက်ကြီးတွေရဲ့ စားသောက်ခြင်းကို ခံရ




အသက် 26 နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မိမိ ရင်သွေးငယ်အား လုံလောက်တဲ့ အစောင့် အရှောက် ပေးရန် ပျက်ကွက်မှုနဲ့ တောင်အာဖရိက နိုင်ငံ Johannesburg မြို့ ရဲတပ်ဖွဲ့ ဖမ်းဆီး ထားပါတယ်။

အဆိုပါ ကလေး မိခင်ဟာ တစ်ညလုံး သောက်စား မူးရူးနေပြီး၊ မိမိရဲ့ သုံးလ အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေး ဘာဖြစ် နေတယ် ဆိုတာကို ဂရုမစိုက်နိုင်တဲ့ အထိ ဖြစ်နေ ခဲ့ပါတယ်။

အဆိုပါ ကလေး ငယ်လေးဟာ ဧရာမ ကြွက်ကြီးတွေရဲ့ အရှင် လတ်လတ် ကိုက်ဖြတ် စားသောက် တာကို ခံခဲ့ရပြီး သေဆုံး ခဲ့ပါတယ်။ ကလေး ငယ်လေးရဲ့ ရုပ် အလာင်းဟာ အသားစ အကြွင်း အကျန် အနည်းငယ်သာ ရှိတော့ပြီး အိပ်ယာ တစ်ခုလုံး သွေးတွေ ဖုံးလွှမ်းနေ ခဲ့ပါတယ်။



အိမ်နီး နားချင်းတွေဟာ ကလေးရဲ့စူးစူးဝါးဝါး ငိုသံကြောင့် အခန်းထဲကို ချိုးဖောက် ၀င်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကလေး မလေးမှာ မျက်လုံးတွေ၊ လျှာနဲ့၊ လက်ချောင်းလေး တွေဟာ ကြွက်တွေရဲ့ ရက်ရက် စက်စက် စားခြင်းကို ခံထားရပြီး သတိလစ် နေပြီလို ဆိုပါတယ်။

အခြား ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်တွေမှာလည်း ကြွက်သွားရာတွေနဲ့ ကိုက်ဖဲ့ရာတွေကို တွေ့ခဲ့ရပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကို ချက်ချင်း အကြောင်းကြား ခဲ့ရပါတယ်။ အဲဒီ အချိန်ထိ ကလေးမိခင်ဟာ အိမ်ကို ပြန်မရောက်သေးပါဘူး။ ဒေသခံတွေဟာ မိခင်ရဲ့ လုပ်ရပ်ကို အလွန်စိတ်ဆိုးနေခဲ့ပြီး သူမကို ချုပ်နှောင် ထားရာ ရဲစခန်းရှေ့ မှာတောင် လူစုဝေးမှု ဖြစ်ခဲ့ ပါသေးတယ်။



၎င်းတို့က ” ထောင်ထဲမှာ အဲဒီအမျိုးသမီးကို ပုပ်အောင် ထားပေးပါ … မိခင် မဖြစ်ထိုက်သူ” စသဖြင့် ပြောခဲ့ ကြပါတယ်။ ဒီအဖြစ် အပျက်ဟာ ပြီးခဲ့တဲ့ စနေတနင်္ဂနွေ ရုံးပိတ်ရက်မှာ ဖြစ်ပေါ် ခဲ့တာဖြစ်ပါတယ်။

ထိုညက မိခင်ဖြစ်သူဟာ သေဆုံးသူ ကလေးမလေးရဲ့ အမွှာဖြစ်တဲ့ Lucky အမည်ရ သားငယ်ကိုသာ ညဘက်ထွက်ချိန်မှာ အပြင်ဘက်ကို ခေါ်သွားခဲ့တာ
ဖြစ်ပါတယ်။

ယခုအခါမှာတော့ ကာယကံရှင်အမျိုးသမီးရဲ့ ခင်ပွန်းကိုပါ ဥပဒေအရ ချုပ်နှောင် ထားတယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင် အမျိုးသမီး ကလည်း အခုအဖြစ် အပျက်နဲ့ ပတ်သက်ပြီး ” ဒီမိန်းမက အပြင်ထွက်နေ ရတာကိုပဲ ကျေနပ်နေသူပါ … ပြီးခဲ့တဲ့ အပတ်ကလည်း ကလေးနှစ်ယောက် စလုံး ဆေးရုံ တင်ခဲ့ရပြီး .. .ဘာကြောင့် ဆေးရုံ တင်ရတယ် ဆိုတာတော့ မသိပါဘူး … “လို့ ပြောခဲ့ပါတယ်။

2011 ခုနှစ်တုန်း ကလည်း ကိပ်တောင်း မြို့မှာ Lunathi Dwadwa အမည်ရ အသက် 3 နှစ် အရွယ် ကောင်မလေးလည်း ကြွက်တွေရဲ့ ၀ိုင်းဝန်း စားသောက် ခံရခြင်းကြောင့် သေဆုံး ခဲ့ပါတယ်။ တောင်အာဖရိက မြို့တော် ကိပ်တောင်းနဲ့ အကြီးဆုံး မြို့တော် Johannesburg မြို့တွေမှာ ကြွက်တွေ သောင်းကျန်း နေပြီး မြို့ရဲ့ သန့်ရှင်းမှုနဲ့ အမှိုက် စွန့်ပစ်မှုမှာ အလွန်အားနည်းနေ ပါတယ်။

ကြွက်တော်တော် များများဟာ အရွယ်ရောက် ပြီးသား ကြောင်ကြီးေ လောက်တောင် ခန္ဓာကိုယ် အရွယ်အစား ရှိပြီး၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခြင်း မရှိတဲ့ ကလေးတွေ အတွက်တော့ အလွန်ကို အန္တရာယ် များပါတယ်။

အုပ်စုလိုက် လှုပ်ရှားကြတဲ့ ကြွက်အုပ်တစ်အုပ်ဟာ အသားစ 3 စတုံလောက်ကို မိနစ်ပိုင်းအတွင်း အလုအယက်နဲ့ ကုန်အောင် စားနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

စက်ရုပ်နဲ့ လူသားတို့ရဲ့ လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုပေး လာနိုင်ဖွယ် ရှိ




စက်ရုပ်တွေနဲ့ လက်ထပ် ခြင်းကို ဗြိတိန် နိုင်ငံတွင် လာမယ့် (၃၅) နှစ် အတွင်းမှာပဲ ခွင့်ပြု ပေးနိုင်ဖွယ် ရှိတယ်လို့ သိရ ပါတယ်။

Sex Robot တွေဟာ လာမယ့်နှစ် လောက်မှာ ဈေးကွက်ထဲ ၀င် ဖို့ ရှိပါတယ် ။ နောက်ပိုင်း ကျရင်တော့ ပိုင်ရှင်ဖြစ်သူဟာ စက်ရုပ်အပေါ် မေတ္တာ သက်ဝင် သွားနိုင် တာကြောင့် စက်ရုပ်နဲ့ လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြု ပေးတာတွေ ရှိလာတော့ မယ်လို့ေ ဒါက်တာ David Levy ကပြောပါတယ်။

ဒါပေမယ့်လည်း စက်ရုပ်နဲ့ လူသားကြားက အချစ်ကို အသိအမှတ် ပြုပြီး၊ သူတို့နှစ်ဦးကို လက်ထပ် ထိမ်းမြားဖို့ ခွင့်ပြုသင့်၊ မပြုသင့်ဆိုတဲ့ အပေါ်မှာတော့ အငြင်းပွား မှုတွေ ရှိနေ ပါတယ်။



ဒေါက်တာ David Levy ဟာ Love and Sex with Robots ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူပါ။ ဥပဒေပြုရေးဆွဲသူအာဏာပိုင်တွေအနေနဲ့ လူသားနဲ့ စက်ရုပ်တို့ရဲ့ လက်ထပ်ခြင်းကိုခွင့်ပြုပေး သင့်တယ်။ sex robots တွေအပေါ် အမြင်ကို ပြောင်းလဲ ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

“စက်ရုပ်နဲ့လူသားကြားက အချစ်ကို လက်ခံပေးလာနိုင်သူ အရေအတွက်ဟာ တစ်စတစ်စပိုများ လာတယ်။ ဒါကြောင့် အစိုးရအာဏာပိုင်တွေဘက်ကလည်း စက်ရုပ်နဲ့ လူသားကြားက ဆက်ဆံရေး အပေါ် အလေးထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ပေးသင့်တယ်။ စက်ရုပ်နဲ့လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြုပေးဖို့ ကိစ္စမှာ အဓိက အတား အဆီး ကတော့ ဘုရားကျောင်းတွေ ဖြစ်လာမှာပါ” လို့ဒေါက်တာ David Levy ကပြောခဲ့ ပါတယ်။



လိင်တူလက်ထပ်ထိမ်းမြားခြင်းဟာ ဘာသာတရားအရ ကန့်ကွက်စရာအကြောင်းပြချက်ဖြစ်ခဲ့ပေ မယ့်၊လူသားနဲ့စက်ရုပ်ကြားမှာတော့ ကန့်ကွက်စရာအကြောင်းပြချက် မဟုတ်ပါဘူးလို့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ Love and Sex with Robots conference မှာပြောခဲ့ပါတယ်။

ဒီအပြော တွေကြောင့် ခရစ်ယာန်ဘာသာဝင်တွေဘက်ကနေ ချက်ချင်းဆိုသလို တုံ့ပြန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။



ခရစ်ယာန်သီလရှင်တစ်ပါးကတော့ “လူသားတွေကြားက ပတ်သက်ဆက်နွယ်မှုဆိုတာ ကွန်ပျူတာပရိုဂရမ်နဲ့ စစ်တုရင် ထိုးနေတာမျိုးမဟုတ်ပါဘူး။ပြီးတော့ သမ္မကျမ်းစာထဲမှာ လူအချင်းချင်းလက်ထပ်လို့ မရဘူးဆိုတဲ့ တားမြစ်ချက်မပါဘူးလို့” ပြောခဲ့ပြီး ဒေါက်တာ David ရဲ့စကားလုံးကို ပြန်လည်ချေပခဲ့ပါတယ်။



ဒါပေမယ့်လည်း လူသားနဲ့စက်ရုပ်ရဲ့ လက်ထပ်ခြင်းကို အစိုးရဘက်က ပြန်လည်စဉ်းစားပေးသွား မယ့် အနေအထားမှာရှိပါတယ်။”စက်ရုပ်ကလူသားကို လက်ထပ်ဖို့ အတွက် လိုအပ်ချက် (၃) ခုပဲလို တယ်။

ဒါတွေကတော့ ခွင့်ပြုမှု၊ နားလည်ပေးမှုနဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ပါ။လက်ထပ်ဖို့ကို ခွင့်ပြုတယ် ဆိုရင် ကွာရှင်းဖို့ကိုလည်း ခွင့်ပြုတဲ့ ဥပဒေဆိုတာလည်းလိုလာမှာပါ” လို့ ဒေါက်တာ David ကပြောခဲ့ပါတယ်။

လိင်တူလက်ထပ်ခြင်းထက် ပိုမိုရှုပ်ထွေးတဲ့စက်ရုပ်နဲ့လူသားကြားက အချစ်ကို လူ့အသိုင်းအ၀ိုင်းက နားလည် လက်ခံခွင့်ပြု ပေးနိုင် မလား ဆိုတာ ကတော့
စောင့်ကြည့် ရမယ့် ကိစ္စ တစ်ခုပါ။



Reff; the sun

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...