အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

ဇနီးဖြစ်သူကို ကျောပိုးပြီး ပြိုင်ရတဲ့ ကုန်းပိုးပြိုင်ပွဲ (ရုပ်သံ)




အမေရိကန် နိုင်ငံမှာ မိမိ ဇနီးမယားကို လင်ယောက်ျားက ကျောပိုးပြီး ပြိုင်ရတဲ့ ကုန်းပိုး ပြိုင်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။

၁၆ ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဖလော်ရီဒါ၊ တောင်ကယ်ရိုလိုင်းနား၊ ကော်လိုရာဒို ဒေသတွေက စုံတွဲပေါင်း ၃၀ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတာပါ။

အဲဒီပြိုင်ပွဲကို မိန်းပြည်နယ် ဆန်းဒေးမြစ် အနီးက မြက်ခင်းဖုံး တောင်စောင်းတွေ ပေါ်မှာ ကျင်းပတာ ဖြစ်ပြီး နှစ်စဉ် စုံတွဲပေါင်း ၅၀ ထက်မနည်း ပါဝင် ယှဉ်ပြိုင် ကြတာပါ။

အခက်အခဲ အတား အဆီးပေါင်း ၂၇၈ ခုကို ဖြတ်ကျော်နိုင်မှ အဲဒီ ချန်ပီယံဆုကို ရရှိတာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူ အမျိုးသားရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာနဲ့ ဆု ကြေးငွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ နယူးဟမ့်ရှိုင်းယား ပြည်နယ်၊ လက်ဘနွန်မြို့မှ ဆမ်ဘာကလေ နဲ့ စတက်ဖ်ရိတ်ဂတ်တို့ စုံတွဲက ကြာချိန် ၁ နာရီ ၅ မိနစ် ၃၀ စက္ကန့်နဲ့ ဆွတ်ခူးရ ရှိခဲ့ ကြပါတယ်။

သူတို့စုံတွဲ အတွက် ဒါဟာပထမ အကြိမ် ယှဉ်ပြိုင် ဖူးတာ ဖြစ်ပြီး မနှစ်က ပြိုင်ပွဲမှာ ဒု တိယ ရရှိခဲ့တဲ့ မိန်းပြည်နယ်၊ ပို့တ်လန်းမြို့မှ မိုက်ခ်ကရက်စ်နဲ့ အန်နာလီနာရှနိုက်ဒါတို့ စုံတွဲက ကြာချိန် ၁ နာရီ ၁၀ မိနစ် ၇ စက္ကန့်နဲ့ ခုနှစ်မှာလည်း ဒုတိယဆုကို ရရှိ ခဲ့ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115995


ြ

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...