
တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ကွင်ဟေး ခရိုင်က ကွင်ဟေး ရေကန်မှာ ရေဆင် နှာမောင်းတွေ ဖြစ်နေ တာကို ထူးထူး ခြားခြား တွေ့ရမှာ ဖြစ်ပါတယ်။
သြဂုတ် ၂၄ ရက်က ဖြစ်ပေါ် ခဲ့တဲ့ ဒီ ရေဆင် နှာမောင်းဟာ တခုကို ၅ မိနစ် နီးပါး ကြာမြင့်ပြီး ခရီးသွား တွေက ဖုန်းကနေ တဆင့် ဒီဖြစ်ရပ်ကို မှတ်တမ်း တင်ထား ပါတယ်။
လေပူနဲ့ လေအေးတွေ စီးဆင်းရင်း ဒီနေရာမှာ ဆုံမှတ် ဖြစ်ကာ ဖြစ်ပွား လာတာ ဖြစ်ပြီး ရေဆင်နှာမောင်းကို ရေပေါ်မှာ ဖြစ်တဲ့ တော်နာဒို လို့လည်း တချို့က ခေါ်ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ၁ နာရီ အတွင်းမှာ ရေဆင်နှာမောင် ၉ ခုအထိ ဖြစ်ခဲ့ဖူး တယ်လို့ ဆိုပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/165738

No comments: