အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

ဗိုက်နာပြီး ရင်ပူကာ ခွဲစိတ်ရာမှ သည်းခြေကျောက် အလုံးပေါင်း ၁၂၀၀၀ ခန့် တွေ့




အိန္ဒိယ အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ် ထဲမှ အံ့ဖွယ် သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ကို ဖယ်ရှားပေး ခဲ့ရတဲ့ အတွက် ဆရာဝန် တစ်ယောက်ဟာ အံ့အားသင့် ခဲ့ရပါတယ်။ ယခုလို သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ထွက်ရှိ လာတာဟာ ကမ္ဘာ့ စံချိန်တစ်ခု ဖြစ်မယ်လို့လည်း ယူဆရ ပါတယ်။

အသက် ၅၁နှစ် ရှိပြီဖြစ်တဲ့ Minati Mondal ဟာ ၂လကြာ ဗိုက်နာပြီး ရင်ပူတဲ့ ဝေဒနာကို ခံစား ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂ပတ်က သူမဟာ အိန္ဒိယနိုင်ငံ Kolkata မြို့၊ Debdoot Sevayan ဆေးရုံကို လာရောက်ပြ သခဲ့ပြီး စမ်းသပ်မှုတွေနဲ့ အာထရာစောင်း ရိုက်ပြီးတဲ့နောက်မှာ သူမ သည်းခြေကျောက် တည်နေမှန်း သိခဲ့ရ ပါတယ်။

သူမရဲ့ သည်းခြေ အိတ်ထဲမှာ ဆားနဲ့ ကိုလက်စထရောတွေ ပါဝင်တဲ့ အခဲတွေရှိနေ ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်များများ သည်းခြေကျောက်တွေကို တွေ့ရမယ်လို့ ဆရာဝန်တွေက ထင်မှတ် မထားခဲ့ပါဘူး။

သူမကို ၄နာရီကြာ ခွဲစိတ် ခဲ့ရပြီး ၂မီလီမီတာမှ ၅မီလီမီတာ အရွယ်အစားရှိတဲ့ ကျောက်တွေကိုဖယ်ရှားဖို့ မိနစ် ၅၀ အချိန်ယူ ခဲ့ရတယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_6.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...