အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အတွေးခေါ်များ. Show all posts
Showing posts with label အတွေးခေါ်များ. Show all posts

Sunday, March 26, 2017

မိန်းကလေးများ နှစ်သက်လေ့ရှိတဲ့ ယောင်္ကျားလေး အမျိုးအစား (၅) မျိုး




လူများဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြ ပါဘူး။ ဒါပေမဲ့ တစ်ချို့သော အမျိုးသား တွေက မိန်းကလေး များကို အလွယ်တကူ ဆွဲဆောင်နိုင် ကြပါတယ်။ တစ်ချို့ ယောင်္ကျားလေး တွေကျတော့ လည်း မိန်းကလေး များကို ဆွဲဆောင်နိုင်စွမ်း မရှိကြ ပါဘူး။

ဒါဟာ လူချင်း တူနေပေမဲ့ မိန်းကလေး အများစု နှစ်သက်တဲ့ ပုံစံတွေ မရှိလို့ ဖြစ်နိုင်ပါတယ်။

အခုအောက်မှာတော့ မိန်းကလေး များကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေး များနဲ့ မိန်းကလေး များကို မဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများ အကြား ဘာကွာခြား နေသလဲ ဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

ဒီလို ကိုယ်ပိုင် ပုံစံတွေကို ကူးချလို့ မရပါဘူး။ ဒီကိုယ်ပိုင် ပုံစံတွေဟာ ကိုယ်ပိုင် ပုံစံသာဖြစ်ပြီး မိန်းကလေးတွေ ကလည်း ပုံစံတုနဲ့ ပြောဆို ဆက်ဆံတဲ့ သူတွေကို အလွယ် တကူ အကဲခ တ်နိုင် ကြပါတယ်။

၁။ စိတ်ကူးယဉ် ဆန်လွန်းတက်သော ယောင်္ကျားလေးများ



စိတ်ကူးယဉ် ဆန်တဲ့ ယောင်္ကျားလေး ဆိုတာ မိန်းကလေး တစ်ယောက်ကို ပန်းတွေ သွားပေးတတ်သူ၊ မွေးနေ့ လက်ဆောင်လေးတွေ ပို့ပေး တတ်သူဖြစ်ပြီး စိတ်ကူးယဉ် ဆန်ဆန် ပိုးပန်း တတ်တဲ့ သူကို တည်တည် တံ့တံ့ နေကြတဲ့ ယောင်္ကျားလေး တွေထက် မိန်းကလေးများက ပိုနှစ်သက် ကြပါတယ်။

၂။ ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ



ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ ဟာ မိမိကိုကိုယ်ကို အပြည့်အ၀ ယုံကြည်စိတ်ချမှု ရှိပြီး စကားပြောရာမှာလည်း ရဲရဲရင့်ရင့် ပြောတတ်ကြပါတယ်။

Relationships တစ်ခုမှာ ဆိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးဟာ မိမိချစ်သူရဲ့ လက်တွဲဖော်၊ သူငယ်ချင်း များနဲ့ ပါတ်သတ်ပြီး ဘယ်တော့မှ သ၀န် မတို တတ်သူ လည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ယောင်္ကျားလေးဟာ မိန်းကလေးဆီမှာ အတည်ပြုထောက်ခံချက်ကို တောင်းခံလေ့မရှိဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုဆက်ဆံတတ်တဲ့ အတွက် မိန်းကလေးများက ပို၍ နှစ်သက်ကြတာ ဖြစ်ပါတယ်။

၃။ ထောက်ထား ညှာတာ တတ်တဲ့ ယောင်္ကျားလေးမျိုး။



မိန်းကလေးတစ်ယောက်ကို အရင်ထိုင်စေတယ်၊ညစာစားရာမှာလည်း အရင်ထုတ်ရှင်းတတ်ပြီး မိန်းကလေးတစ်ယောက်ကို ထောက်ထားညှာတာ တတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးများဟာ ယေဘုယျအားဖြင့် နှစ်သက်လေ့ရှိတတ်ကြပါတယ်။

၎။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေးမျိုး။



လွတ်လွတ် လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေး ဆိုတာဟာ ရှင်းအောင် ပြောရရင်တော့ ပါတ်ဝန်းကျင်က လူဆိုးလို့ သတ်မှတ် ထားကြတဲ့ ယောင်္ကျား လေးများ ဖြစ်ကြ ပါတယ်။ ဒီလို ယောင်္ကျားလေး အများစုကို ငယ်ရွယ် သေးတဲ့ မိန်းကလေး များက နှစ်သက် ကြလေ့ ရှိကြ ပါတယ်။

မိန်းကလေး ငယ်ငယ်လေး တွေဟာ ဒီလို လွတ်လွတ် လပ်လပ်နေတဲ့ ယောင်္ကျားလေး တွေကို နှစ်သက်ကြပြီး ဒီယောင်္ကျားလေးကို နိုင်နင်းအောင် ကိုင်တွယ် လိုကြ ပါတယ် ။မိန်းကလေး အများစုက သူကိုကြည့်ပါလား ငါ့နဲ့တွေ့မှ ငြိမ်သွားတာ ဆိုတာမျိုးကို အရသာခံ ပြောလိုကြပြီး ဆပ်ကပ်ဆရာက အဆိုးဆုံး ကျားကို ယဉ်ပါးအောင် ထိန်းကျောင်း လိုတဲ့ သဘာဝနဲ့ ဆင်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ယောင်္ကျားလေး။



ဒီလို ယောင်္ကျားလေး များဟာ ရှိနေတဲ့ လူအုပ်ကို ပွဲကျအောင် လုပ်နိုင် တတ်တဲ့ သူဖြစ်ပြီး အနီး အပါးက သူတွေကို ပျော်ရွှင်စေတဲ့ သူမျိုး ဖြစ်ပါတယ်။ လူတိုင်းနဲ့ ကောင်း မွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်တဲ့ လူမျိုး ဖြစ်ပြီး လိမ္မာ ပါးနပ်တဲ့ သူမျိုးတွေလည်း ဖြစ်ပါတယ်။

ဒီလိုယောင်္ကျားလေးမျိုးရဲ့ ဆွဲဆောင်မှုတစ်ခုဟာ သူနဲ့ နရတဲ့ အချိန်များကို ရယ်မောအောင် လုပ်နိုင်ခြင်း ဖြစ်ပါတယ်။

From : SHWEMOM by arkarhein

Originally published at - http://www.shwemom.com

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...