အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 25, 2016

ဝီစကီသောက်တာက အသက်ရှည်ခြင်း လျှို့ဝှက်ချက်လို့ အသက် ၁၁၀ အမျိုးသမီး ပြော




ဗြိတိန်နိုင်ငံရဲ့ အသက်အရှည်ဆုံး အမျိုးသမီးတွေထဲက အမျိုးသမီးကြီးတဦးဟာ ဒီကနေ့မှာ သူမရဲ့ ၁၁၀ နှစ်မြောက်မွေးနေ့ကို ကျင်းပနေပြီး သူမရဲ့အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကတော့ ဝီစကီသောက်တာလို့ ပြောလိုက်ပါတယ်။

သူမရဲ့မိတ်ဆွေတွေက “သိပ်ကိုအံသြစရာကောင်းတဲ့ ဂရေ့စ်လို့” အမည်ပေးထားတဲ့ ဂရေ့စ်ဂျုံးဟာ ယူကေနိုင်ငံရဲ့ ၁၀ ယောက်မြောက် အသက်အကြီးဆုံး အမျိုးသမီးတဦးပါ။

သူမက သူဒီလိုအသက်ရှည်နေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ညတိုင်းသူမဟာ နာမည်ကြီး Grouse Single malt ဝီစကီတခွက် သောက်ပါသတဲ့

ဘရော့ဒ်ဝေး မှနေပြီး ကလေး တယောက် မိခင်ဖြစ်တဲ့ ဂရေ့စ်က “ကျမ ဘယ်တော့မှ ညဖက်မှာ သောက်ဖို့ကို မပျက် ကွက်ဘူး ကျမညဖက်ကို ဝီစကီ တမျိုးတည်း ကိုပဲ သောက်တယ်” “ဝီစကီက ရှင်တို့တွေ အတွက် တကယ်ကို ကောင်းတာပါ ကျမအသက် ၅၀ ရောက် ကတည်းက ဒီလို ညဖက် တခွက် ပုံမှန်သောက် ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ပုံမှန်သောက် ခဲ့တာပါ

အခုထိလည်း ဒီလိုသောက်တာကို ရပ်ဖို့စိတ်ကူးမရှိဘူး” လို့ပြောခဲ့ပါတယ်။ ‘ကျမဆရာဝန်ကလဲပြောတယ် “ဂရေ့စ် ဝီစကီ ဆက်သောက်ပါ” “ဒါက ခင်ဗျားနှလုံး အတွက် ကောင်းတယ်” လို့ သူမက ဖြည့်ပြော ခဲ့ပါတယ်။

ကျမအသက် ၆၀ တုန်းကလိုပဲ ခံစားရတုန်းပါ ကျမနေလည်း ကောင်းတယ်။ စိတ်ဓာတ်လည်း ခိုင်မာနေတာပါပဲ။ အခုတခေါက်နဲ့ဆို ကျမဘုရင်မကြီးဆီကလည်း ကတ် ၇ ကတ်ရပြီးပြီ ဒီနှစ်ကတော့ အရမ်းကိုကောင်းတဲ့ တနှစ်ပါပဲ။

အမျိုးသမီး ဦးထုတ်နဲ့အခြားကုန်ပစ္စည်း စက်ရုံပိုင်ရှင်ဟောင်းတဦးဖြစ်တဲ့ သူမဟာ သူမရဲ့အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီမွေးနေ့ကို ဘက်လန်းဒ်ဟောထဲမှာ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့အတူ ကျင်းခဲ့တာပါ။ နေ့လယ်စာစားပြီးချိန်မှာတော့ ဂုဏ်ပြုတဲ့ ဝီစီတခွက်လည်း သောက်ခဲ့ပါသေးတယ်။

သူမရဲ့ အသက် ၇၈ နှစ်အရွယ် သမီးဖြစ်သူ မက်ကသီကတော့ “ကျမအမေက အင်မတန်ထူးခြားတဲ့ အမျိုးသမီးကြီးပါ သူမကဝတ်စားတတ်တယ်၊ လှတယ်၊ ညဏ်လည်းကောင်းတယ်။ ပြီးတော့ တကယ့်ကိုသန်မာဖျတ်လတ်ပြီး ခုထိလည်း အဲဒီအတိုင်းရှိနေတုန်းပါ” လို့ ပြောပါတယ်။

မစ်စက်ဂျုံးကို ဗစ်တိုးရီးယားဘုရင်မ သေဆုံးပြီး ၅ နှစ်အကြာဖြစ်တဲ့ ၁၉၀၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ လစ်ဗားပူးလ်မှာ မွေးဖွားခဲ့ပြီး၊ သူမဟာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ၂၇ ဆက်ကိုလည်း မှီခဲ့ပါတယ်။

ဘုရင်မကြီးထံက စာ ၇ စောင်လည်း လက်ခံရရှိပြီး ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းကနေ အသက်ရှင်ကျန်ရစ်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169720

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...