အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 18, 2016

စိတ်ပညာနဲ့ သိပ္ပံနည်းကျ လက်ထပ်ဖို့ အကောင်းဆုံး အသက်ရွယ်




အိမ်ယာ တည်ထောင် လူတို့ဘောင်မှာ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်၊ မြတ်နိုး ကြတယ်၊ လက်ထပ် ပေါင်းသင်း ကြတယ်-ဆိုတဲ့ အကြောင်း အရာတွေကို အရေးကြီး လူမှုရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ရှုမြင် ဆောင်ရွက် ကြပါတယ်။

ဒါပေမယ့် သိပ္ပံနည်းကျ အရတော့ လက်ထပ်သင့်တဲ့ အရွယ်နဲ့ လက်မထပ်သင့်တဲ့ အရွယ် ရယ်လို့ ရှိပါတယ်။



အသက် 20 အောက်၊ သို့မဟုတ် အသက် 20 မှ အသက် 29 အောက် အသက် အရွယ်ဟာ လက်ထပ်ဖို့ရန် မသင့်သေးတဲ့ အချိန်လို့ ဆိုပါတယ်။

1995 ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်း အရတော့ အဲဒီ အသက်အရွယ်တွေမှာ လက်ထပ် ခဲ့ကြသူတွေဟာ အသက်အရွယ် ငယ်ရွယ်ရင် ငယ်ရွယ် သလောက်၊ ကွာရှင်းမှုမှာ လက်ထပ်ပြီး 5 နှစ်မှ 10 နှစ် အတွင်း ဖြစ်ပေါ်ပါတယ်။

အမေရိကန်မှာ ပြုစုထားတဲ့ ကွာရှင်းမှုရာခိုင်နှုန်းတွေကတော့-

  • အသက် 20 မှ 24 နှစ် 36.6 (% မ ) – 38.8 (% ကျား)
  • အသက် 25 မှ 29 နှစ် 16.4 (% မ ) – 22.3 (% ကျား)
  • အသက် 30 မှ 34 နှစ် 8.5 (% မ ) – 11.6 (% ကျား )
  • အသက် 35 မှ 39 နှစ် 5.1 (% မ ) – 6.5 (% ကျား ) -တို့ ဖြစ်ပါတယ်။



ဒါကြောင့် သိပ္ပံနည်းကျ အရ ဆိုရင်တော့ လက်ထပ်ဖို့ အကောင်းဆုံး အသက်အရွယ်ဟာ 30 နှစ်နောက်ပိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

အသက်အရွယ် ငယ်ရွယ်စဉ်မှာ အချစ်ကို လက်ခံ လိုက်ကြတဲ့ လူငယ်တော်တော် များများဟာ အသက်အရွယ် ငယ်ရွယ်မှုနဲ့ မဆိုင်တော့တဲ့ အသိဉာဏ်တွေ ၀င်လာပါတယ်။

ဥပမာအားဖြင့် အချစ်ကိုတောင် လက်ခံနိုင်တဲ့ အချိန်မှာ အခြားကိစ္စရပ်တွေကိုလည်း ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်ပြီလို့ ယူဆ ကြပါတယ်။

ဒီလိုဖြစ်ရခြင်း အကြောင်းအရင်း မှာလည်း ဟိုမုန်းတွေ တက်ကြွနေတဲ့ အသက်အရွယ်ဖြစ်လို့ ဟောဟောဒိုင်းဒိုင်း ဆုံးဖြတ်ကြချိန် ဖြစ်ပါတယ်။

ဒီလိုနဲ့ အသက်အရွယ် ကြီးရင့်လာတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ချက်တွေ မရေရာတော့ဘဲ ကွာရှင်းမှု မြင့်တက် သွားရခြင်း ဖြစ်ပါတယ်။



အသက် 29 သို့မဟုတ် 30 နောက်ပိုင်းမှာ လက်ထပ် ကြတဲ့ သူတွေဟာ ကွာရှင်းမှုနှုန်း ဘာကြောင့် နည်းသွား တာလဲဆိုတဲ့ အဖြေ ကလည်း ရှိပြီးသား ဖြစ်ပါတယ်။

အသက်အရွယ် အရ အရာရာကို စဉ်းစား ဆင်ခြင်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေ မှန်သမျှကို စိတ်ခံစားမှု ဦးစားပေးနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်တော့တဲ့ အတွက်၊ အမှားနည်း ပါတယ်။

ဒီအတွက် ပြင်ဆင်ရန် သိပ်ရှိလေ့ မရှိပါဘူး။ ဒါပေမယ့် ဒီအသက်အရွယ်ထိ ကလေး သူငယ်စိတ် မပျောက်သေးတဲ့ သူတွေကတော့ ချွင်းချက် အနေနဲ့ ရှိနေ ပါသေးတယ်။

ဒါကြောင့်လည်း 9% နီးပါးမှ 11 % အထိ ကွာရှင်းမှုတွေက ရှိနေသေးတာ ဖြစ်ပါတယ်။

source : time.com

From : SHWEMOM by နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com/math-says-this-is-the-perfect-age-to-get-married/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...