အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 26, 2015

မိုင်ဝက်ခန့်ရှိတဲ့ ဧရာမ ပင့်ကူအိမ်ပေါ်က သန်းနဲ့ ချီသော ပင့်ကူများ ထွက်ပေါ်




အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်၊ North Memphis တွင် အနည်းဆုံး မိုက်ဝက်ခန့် ရှိသော ပင့်ကူအိမ်ကြီး တစ်ခု ထွက်ပေါ် လာခဲ့ပြီး ၄င်းပေါ်မှာ သန်းနဲ့ ချီတဲ့ ပင့်ကူတွေ သွားလာနေ ကြတယ်လို့ သတင်း ရရှိပါတယ်။

ဒေသခံတွေက ကြောက်ရွံ့နေကြပေမဲ့ အန္တရာယ် တစ်စုံ တရာဖြစ်မှု မရှိ ခဲ့ကြောင်း Washington Post သတင်းဌာနက သတင်း ထုတ်ပြန် ပါတယ်။ ဒါဟာ ပင့်ကူငယ်လေးတွေ မျောလွင့်နေတဲ့ "ballooning" (မိုးပျံဗူဖောင်းစီးခြင်း) ရဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။

"မျိုးရင်း အများစုရဲ့ ပင်ကူငယ်လေး တွေဟာ ပင့်ကူမျှင်တွေကို ထုတ်လုပ် ကြပြီး ထုတ်လုပ်တဲ့ ပင်ကူမျှင်တွေက တစ်မီတာ လောက် ရှည်နိုင်တယ်။ သာမန်လေ တိုက်ခတ်မှုက 'ballooning' မိုးပျံ ဗူဖောင်းစီးခြင်းကို ဖြစ်ပေါ် စေပါတယ်။ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ပင့်ကူလေးတွေဟာ ပင့်ကူမျှင်ကို တစ်ပြိုင်နက်တည်း ထုတ်ကြတဲ့ အခါ အခုလိုပဲ တစ်ဆက်တည်း ပင့်ကူအိမ် အကြီးကြီး ဖြစ် လာစေတာပါ။" လို့ Tennessee Knoxville တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Susan Riechart ကပြော ပါတယ်။

"အိမ်နီးချင်းရဲ့ အိမ်မှာ ထိုင်စရာ နေရာတောင်မရှိဘူး။ နံရံတွေမှာရော၊ တံခါးတွေမှာရော သူတို့ချည်းပဲ။ အခု ပင့်ကူတွေ လိုက်သတ် နေရတာ တစ်နာရီလောက် ရှိပြီ။" လို့ Debra Lewis ဆိုသူက ပြောပြ ခဲ့ပါတယ်။

Ref: Time

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_46.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...