အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ဆုရဓာတ်ပုံများ. Show all posts
Showing posts with label ဆုရဓာတ်ပုံများ. Show all posts

Wednesday, March 23, 2016

ကမ္ဘာ့မှတ်တမ်း ၂ ကြိမ်တင်နိုင်ခဲ့သည့် ခွေးမလေး




ပျူရင်ဟာ ဂျပန်နိုင်ငံမှ ခွေးမလေး တကောင်ဖြစ်ပြီး ခုချိန် မှာတော့ သူ့ရဲ့စွမ်းရည် တွေကြောင့် ကမ္ဘာ့ မှတ်တမ်း ၂ ကြိမ် တင်နိုင် ခဲ့ပါပြီ။

သူဟာ ဘောလုံးပေါ်တက်ကာ ခရီး အကွာ အဝေး ၁၀ မီတာထိ ရောက်အောင် အောက်ကို လိမ့်မကျဘဲ အချိန် ၁၁ ဒသမ ၉ စက္ကန့် ကြာအောင် စွမ်းရည် ပြသနိုင် ခဲ့လို့ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်ခဲ့တာပါ။

ဒါဟာ ဒုတိယ အကြိမ် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ခွေးကလေးများ နေ့မှာ ဒီဆုကို လက်ခံ ရရှိ ခဲ့တာပါ။

ပထမအကြိမ် ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပြီး ခုရရှိတဲ့ဆုနဲ့ မတူညီပါဘူး။

ပျူရင်ဟာ ပိုင်ရှင်ဖြစ်သူ မာကိုတို ကူမာဂိုင် ပစ်ပေးတဲ့ ဘောလုံး ၁၄ လုံးကို လက်သည်းတွေ အသုံးပြုပြီး ဂိုးကာကွယ်ပေးနိုင်ခဲ့လို့ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့တာပါ။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအယ်ဒီတာချုပ် ခရေ့ဂ်ျဂလန်ဒေးက “ပျူရင်ဟာ အံ့သြလောက်စရာ အရည်အချင်းတွေနဲ့ မှတ်တမ်း ၂ ကြိမ်ဝင်ခဲ့ပြီး စူပါစတား ဖြစ်လာခဲ့ပြီ။ တကယ့်စွမ်းအားကြီးတဲ့ ဗုံးတလုံးလိုပဲ” လို့ ပြောပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140644


Read More »

Wednesday, October 14, 2015

၂၀၁၅ ခုနှစ် မြို့ပြလူနေထိုင်မှုဘ၀နှင့် လုပ်ငန်းခွင်ဆိုင်ရာ ဆုရဓာတ်ပုံများ


အမေရိကန်နိုင်ငံ အခြေစိုက် ကူးသန်း ရောင်းဝယ်ရေးနဲ့ အိမ်ခြံမြေ ၀န်ဆောင်မှု အဖွဲ့ဟာ နှစ်စဉ် မြို့ပြ လူနေထိုင်မှု ဘ၀နဲ့ လုပ်ငန်းခွင် ဆိုင်ရာ ဓာတ်ပုံဆု တွေကို ကျင်းပခဲ့တာ ခုနှစ်ဆိုရင် ၉ ကြိမ်မြောက် ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ပညာရှင် အဆင့်နဲ့ အပျော်တမ်း ၀ါသနာရှင်တွေ ပါဝင် ယှဉ်ပြိုင်တဲ့ ပုံပေါင်း ၂ သောင်း ၁ ထောင်ကျော် ရှိတယ်လို့ အဲဒီ အဖွဲ့ရဲ့ အင်တာ နက် စာမျက်နှာမှာ ဖော်ပြ ပါတယ်။

ဒီနှစ်အတွက် ဆုတဲ့ ဓာတ်ပုံတွေကို သည်ဂါးဒီးယန်း သတင်းမှာ ဖော်ပြပါတယ်။

၁။ နှင်းမုန်တိုင်း နေ့များလို့ အမည်ပေး ထားတဲ့ မိုဘိုင်း အမျိုးအစား ရိုက်ကူးမှု ကဏ္ဍ မှာ ဆုရတဲ့ ဓာတ်ပုံဖြစ်ပြီး တရုတ်နိုင်ငံမှ ကိုကူးလျူးက ချီကာဂိုမြို့ကုန်သွယ်ရေး ဘုတ်အ ဖွဲ့ အဆောက် အအုံကို ရိုက်ကူး ထားတာပါ။



၂။ ဈေးထဲကသားငါးတန်းလို့ အမည်ပေးထားတဲ့ ပုံကတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ပီတာဂရင်းနေးက ရိုက်ကူးခဲ့ပြီး အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆုရရှိခဲ့တာပါ။



၃။ အမေရိကဒေသ ဆိုင်ရာ ဆုရရှိ ခဲ့တဲ့ ဒီပုံကတော့ ဆောင်းရာသီ လုပ်ငန်းခွင်လို့ အမည်ပေး ထားပြီး ကနေဒါနိုင်ငံ၊ ကာလ်ဂယ်ရီ နိုင်ငံတကာ လေဆိပ်မှာ ရေခဲနဲ့ နှင်းတွေ ဖယ်ရှားတဲ့ လုပ်ငန်းခွင်ကို ခရစ္စတိုဖာ မာတင်က ရိုက်ကူး ခဲ့ပါတယ်။



၎။ ကာတာနိုင်ငံ၊ ဒိုဟာမြို့က နာရီပြင်ဆရာတယောက်ရဲ့ပုံကို ရိုက်ကူးထား ခဲ့တဲ့ ပုံကတော့ ဖိလစ်ပိုင် ဓာတ်ပုံဆရာ အော်စကာ ရီယာ လူဘင်က ရိုက်ကူးပြီး ဆုရတဲ့ ပုံပါ။
နာရီ အလိုက် သတ်မှတ်ပြီး ရိုက်ကူးတဲ့ မြို့ပြ လူနေထိုင်မှု ဘ၀နှင့် လုပ်ငန်းခွင် ဆိုင်ရာ ဆုရ ဓာတ်ပုံတွေ ကတော့ အောက်မှာ ဖော်ပြ ထားပါတယ်။



အလုပ်သမားများ – ၁၃.၀၀ နာရီ (မတ်ခ်ျဖီကယ်အလန်း)


လုပ်ငန်းခွင်တွင်းမှာ – ၁၆.၀၀ နာရီ (အန်ခစ်နာရန်း)


ခွေးများနှင့်လမ်းလျှောက်သူ – ၁၅.၀၀ နာရီ (ဂျိုဟန်နာဆိဂ်မန်း)


လွှမ်းမိုးမှုကို စီမံခန့်ခွဲခြင်း – ၀၀.၀၀ နာရီ (ပက်ဒရိုမက်ချာဒိုဂင်းမရေးလင်းစ်)


လမ်းဆုံ – ၀၄.၀၀ နာရီ (ဂျိုချုဝါချာယို)


လူသားပြတိုက် – ၁၄.၀၀ (ဂျို့ခ်ျမာလပ်ဖ်ဖရေးရီးယား)


ဘုံနေထိုင်မှုအခန်း – ၀၂.၀၀ (ဆူဂျန်ဆာကာ)


ဒီဂျစ်တယ်ခေတ် အတွဲ-၂ – ၂၂.၀၀ နာရီ (မာတင်ဖော်တစ်ဂ်ျဆစ်)


အရှေ့တိုင်း အစားအစာ – ၂၃.၀၀ နာရီ (မားကို့စ်ဆိုဘရယ်)


အသင့်ခေါ်ဆောက်လုပ်ရေးလုပ်ငန်းခွင် – ၁၀.၀၀ နာရီ (ဂျီရော့ဖ်ဝီလျံ)


by DVB

Original link - http://burmese.dvb.no/archives/116545


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...