အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 9, 2015

မသေခင် မင်္ဂလာဆောင်ချင်လို့ Sex Doll နဲ့ လက်ထပ်ခဲ့တဲ့ ကင်ဆာရောဂါသည် အမျိုးသား




သေခါနီးနေပြီ ဖြစ်တဲ့ တရုတ်နိုင်ငံ က ကင်ဆာ ရောဂါသည် အမျိုးသား တစ်ဦးဟာ အိမ်ထောင်ပြုချင်စိတ် ရှိနေပါတယ်။ ဒါပေမယ့် သူဟာ သူ့ရဲ့ ဇနီးဟောင်းကို မုဆိုးမ ဖြစ်စေ ချင်ပုံ မရပါဘူး။

ဒါကို ဖြေရှင်းခဲ့တဲ့ သူ့ရဲ့ နည်းလမ်းကတော့ Sex Doll လို့ခေါ်တဲ့ စိတ်ဖြေဖျောက်တဲ့ အမျိုးသမီး ပုံစံ အရုပ်နဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ မင်္ဂလာဆောင် ဓါတ်ပုံတွေဟာ တရုတ်နိုင်ငံ တစ်ဝှမ်းမှာ ပျံ့နှံ့ ကျော်ကြားသွားခဲ့ပါတယ်။

ဘေဂျင်းမြို့မှာ နေထိုင်တဲ့ ထို အမျိုးအသားဟာ သူမသေဆုံးခင်မှာ ဖန်စီ ဖြစ်တဲ့ မင်္ဂလာဆောင် ဓါတ်ပုံတွေကို လိုချင်သွားခဲ့သူပါ။ ဒါကြောင့် သူဟာ မကြာသေးမီက မှ ထုတ်လုပ်ထားတဲ့ အမျိုးသမီး ပုံစံ Sex Doll တစ်ရုပ်ကို ၀ယ်ယူပြီး မင်္ဂလာဆောင် ၀တ်စုံကို ပါ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

အမည်မသိရတဲ့ အသက် ၂၈ နှစ်အရွယ် ကင်ဆာရောဂါသည် အမျိုးသားဟာ ထို အရုပ် နဲ့ Ballroom ထဲမှာလည်း တွဲကခဲ့ပါသေးတယ်။ ဒါကို ဝေဖန်သူအချို့ကတော့ Sex Doll တွေအတွက် ဈေးကွက်ဖြန့်ကျက်မှု လုပ်နေတာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

"ထိုအမျိုးသားဟာ သေနိုင်ဖွယ်ရာရှိတဲ့ ကင်ဆာရောဂါကို တစ်ကယ်ခံစားနေရတာပါ။ တစ်ပါးသူတစ်ယောက်ရဲ့ ခံစားချက်ကို မနာကျင်စေလိုတဲ့အတွက် သူဟာ လူတစ်ယောက်အစား ဖန်တီးထားတဲ့ အရုပ်တစ်ရုပ်ကိုလက်ထပ်ခဲ့တာပါ" လို့ CCTV သတင်းဌာန က ဖော်ပြခဲ့ပါတယ်။

ထို ဓါတ်ပုံတွေကို ရိုက်ပေးခဲ့တဲ့ ဓါတ်ပုံဆရာ အမျိုးသမီးကတော့ ထိုအမျိုးသားအပေါ်ဝေဖန်မှုတွေကို ကန့်ကွက်ခဲ့ပြီးသူမ အနေနဲ့ ထိုအမျိုးသား ရဲ့ အရုပ်တစ်ရုပ်ကို လက်ထပ်ခဲ့မှုကို သဘောမကျပေမယ့် သူဟာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်အတိုင်း လေးစားခံ ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/sex-doll.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...