အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော် (ရုပ်သံ)




တောင်ကိုရီးယား နိုင်ငံ၊ ဆိုလ်း မြို့တော်မှာ နိုဝင်ဘာ ၆ ရက်နေ့က ကိုရီးယား ကင်မ်ချီ ပွဲတော်ကို လူ ၂ ထောင်လောက် တက်ရောက် အားပေးခဲ့ ကြပါတယ်။ ဒီ ကိုရီးယား ရိုးရာ ကင်မ်ချီ ဂေါ်ဖီထုပ် ချဉ်ဟာ ၂၀၁၃ ခုနှစ်မှာ ကုလသမဂ္ဂ အထိန်း အသိမ်းခံ ရိုးရာ အမွေအနှစ် စာရင်း သွင်းခံခဲ့ ရပါတယ်။

အခုပွဲတော်ဟာ ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ အမွေအနှစ် စာရင်း အသွင်းခံ ရတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတာလို့ ပွဲတော် စီစဉ်ကျင်းပသူ တဦးက ပြောဆိုပါတယ်။ နိုင်ငံခြားသူ ၁၀၀၀ လောက် ပါဝင်ပြီး ပါဝင်တက်ရောက်သူ အားလုံး ၂ ထောင်လောက် ရှိတယ်လို့လည်း ပြောဆိုပါတယ်။

အသက် ၂၁ နှစ်အ ရွယ် ဒိန်းမတ်နိုင်ငံသူတဦးက ဒီ ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော်ဟာ ကြီးကျယ်ခမ်းနားပြီး ပျော်စရာကောင်းတယ်။ သူ ပါဝင်ခွင့်ရတာ ၀မ်းသာတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကိုရီးယားသူတဦးကလည်း သူတို့လုပ်တဲ့ ကင်မ်ချီတွေကို မိသားစုတွေကို လိုက်လံဝေငှတာ ပျော်စရာကောင်းတယ်။ နောက်နှစ်တွေ လည်း ကျင်းပခွင့်ရရင် ပါဝင်မယ်လို့ပြောဆိုပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က ပွဲတော်က ထွက်တဲ့ ကင်ချီအားလုံး ၂၅ တန်ကျော် ရရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တနှစ်ကို ကင်မ်ချီတန်ချိန် ၁ သန်းခွဲလောက် ထုတ်လုပ် စားသုံး တယ်လို့ ကမ္ဘာ့ ကင်မ်ချီ အဖွဲ့ချုပ်က ပြောဆို ပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120626

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...