အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

ဆီးလမ်းကြောင်းက တဆင့် ဆီးအိမ်ထဲကို ဝါယာကြိုး ဝင်သွားတဲ့ အမျိုးသား




အမျိုးသား တစ်ယောက် ဆေးရုံလာပြပြီး သူ့ကို ဓာတ်မှန် ရိုက်ကြည့် လိုက်တဲ့ အခါ သူ့ဆီးအိမ်ထဲမှာ သတ္တု ဝါယာကြိုး တစ်ခွေ ရှိနေတာကို သိမြင် ခဲ့ရပါတယ်။

ဆီးအိမ်ထဲကို အမျိုးသား လိင်အင်္ဂါ လမ်းကြောင်းက တဆင့် ဝါယာကြိုး ဝင်သွားတဲ့ နောက် အဲဒီ ရှက်ကြောက်နေတဲ့ အမျိုးသားဟာ ဆေးရုံကို လာရောက် ပြသခဲ့ ပါတယ်။

သူ့အသက်က ၂၅နှစ်ပါ။ သူ့ရဲ့ ဓာတ်မှန် ရိုက်ချက်တွေက သူ့ဆီးအိမ် ထဲမှာ ဘာရှိနေတယ် ဆိုတာကို ပြခဲ့ ပါတယ်။ တင်ပဆုံ နေရာတစ်ဝိုက် မှာပေါ်နေတဲ့ သတ္တု ဝါယာကြိုးခွေကို သဲသဲကွဲကွဲ မြင်နေရ ပါတယ်။

ဒီအဖြစ်ကတော့ တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Nanchang မှာဖြစ်ခဲ့တာပါ။ CT ရိုက်ချက်တွေကို ကြည့်ပြီး ဒါကို ဘယ်လို ဖယ်ထုတ် ရမယ်ဆိုတာကို ဆရာဝန်တွေ တိုင်ပင်နေကြပါတယ်။

သူ့ဆီးအိမ် ပိုးမဝင်ဖို့ အတွက်ကို ဝါယာကြိုးကို ဖယ်ဖို့ရာ သူခွဲစိတ် ခံရပါလိမ့်မယ်။

သတ္တု ဝါယာကြိုးခွေ ဘယ်လို ဝင်သွားလဲ ဆိုတာ ပြောပြဖို့ သူက ငြင်းဆန် နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က နှလုံးခွဲစိတ်တဲ့ အခါ သွားကြားထိုးတံ တွေ့ခဲ့တဲ့ ထူးဆန်း သတင်းလည်း ရှိပါသေးတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_55.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

1 comment:

  1. ဘယ်လိုများထည့်လိုက်တာလဲမသိဘူးတော်တော်ဆော့တယ်နော်

    ReplyDelete

Related Posts

Related Posts Plugin for WordPress, Blogger...