အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 10, 2016

ကမ္ဘာ့ထိတ်လန့်ဖွယ် သတင်းဆိုးများ ဟောခဲ့သည့် အမျိုးသမီး ကြီး၏ ကြိုတင်ဟောကိန်းများ ရေပန်း စားနေ




ခေတ်သစ် မက်စီဒိုး နီးယား နယ်မြေ တစ်ခုမှာ မွေးဖွား ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ သေဆုံးခဲ့တဲ့ Vanga ဆိုသူ အမျိုးသမီး ကြီးဟာ သူမ အသက် ၁၂ အရွယ်တွင် ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာရ မျက်စိ ကွယ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ်မှ စတင်ကာ ကြိုတင် ဟောကိန်း ထုတ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

၁၉၃၀ ခုနှစ်တွေ လောက်မှာ ဘူဂေးရီးယားရဲ့ Petrich မှာ အခြေကျ ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်မှု အပေါ် သူမရဲ့ ကြိုတင် ဟောကိန်းမှု အပြီးနောက် သူမရဲ့
ကျော်ကြား မှုဟာ ဘူဂေးရီးယား နိုင်ငံအတွင်း အလျင် အမြန် ပျံ့နှံ့သွား ခဲ့ပါတယ်။

သူမကို၂၀ ရာစုနှစ်မှာ ဖြစ်ပွားတဲ့ ကြီးကျယ်တဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါ တယ်။

သူမထံသို့ အဒေါ့လ်ဖ် ဟစ်တလာအပါအဝင် ခေါင်းဆောင်အတော်များများ သွားရောက် မေးမြန်းခဲ့ကြပြီး Vanga ဟာ သူမ မသေဆုံးခင် ၁၉၉၆ ခုနှစ်မတိုင်မှီ ၂၀၀၄ ခုနှစ် တွင်ဖြစ်ပွါးခဲ့သည့် ဆူနာမီအကြောင်း၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Twin Tower အဆောက်အဦ တိုက်ခိုက်ခံရတဲ့ အကြောင်းအပါအဝင် ကမ္ဘာ့ထိတ်လန့်စရာ သတင်းဆိုးတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။

အခုလည်း သူမရဲ့ နောက်ဆုံး မကောင်းတဲ့ ဟောကိန်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ “မူဆလင်တွေ ဥရောပကို ကျူးကျော်တိုက်ခိုက်လိမ့်မယ်” ဆိုတဲ့ ဟောကိန်းကလည်း တကယ်ပဲ ဖြစ်လာတော့မယ့် ပုံပေါ်နေပါတယ်။

သူမ ဟောကိန်းထုတ်ခဲ့တာတွေကတော့ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ “အထူးစွမ်းအားရှိ” နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်။

အမေရိကန်နိုင်ငံအတွက် အစစ အရာရာဟာ စတင် ယိုယွင်း ပျက်ဆီး လာမှာဖြစ်ပြီး “အာဖရိကန် အမေရိကန်” သမ္မတ ဟာလည်း မြောက်ပိုင်းနိုင်ငံရဲ့ “နောက်ဆုံးသော” သက်ရှိ သမ္မတဖြစ် လာမယ် ဆိုတာတွေ၊ ၂၀၂၃ ရောက်ရင် ကမ္ဘာရဲ့ လည်ပတ်နေတဲ့ လမ်းကြောင်း ပြောင်းလဲပြီး ကမ္ဘာရဲ့ဆန့်ကျင်ဖက် “အစွန်းပိုင်း တွေကို လောင်ကျွမ်း အရည်ပျော်စေမယ်”၊ နောက် “အရှေ့အလည်ပိုင်း” ဟာ မီးလောင်မြိုက်ခံရမယ် ဆိုတာတွေပါ။

သူမကြိုတင်ဟောကိန်း ထုတ်ခဲ့တဲ့ အထဲမှာ ၁၉၈၀ ခုနှစ်မှာ ဟောခဲ့ တာကတော့ ထိတ်လန့် စရာ အကောင်းဆုံးပါ။

သူမဟောခဲ့တာက “ရာစုနှစ် အပြောင်းအလဲ ၁၉၉၉ ခုနှစ် သြဂုတ်လ ဒါမှမဟုတ် ၂၀၀၀ ခုနှစ်မှာ Kursk ဆိုတဲ့နေရာကို ရေလွှမ်းမိုးပြီး၊ ကမ္ဘာကြီးတစ်ခုလုံးဟာ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငိုကျွေးနေရမယ်”ဆိုတာပါပဲ။

သူမဟောခဲ့ တာက ဘာမှ အဓိပ္ပါယ် မရှိသလို ပါပဲ ဒါပေမဲ့ နောက် နှစ် ၂၀ အကြာ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ ရုရှနိုင်ငံရဲ့ Kursk လို့ အမည်ပေး ထားတဲ့ နျူးကလီးယား
ရေအောက် ယာဉ်ဟာ ရုတ်တရက် ထိခိုက် ပျက်ဆီး သွားခဲ့ ရပါတယ်။

Vanga အမျိုးသမီးကြီး ကြိုတင်ဟောကိန်း ထုတ်တဲ့အထဲမှာ သက္ကရာဇ် ၃၇၉၇ လောက်မှာဆိုရင် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှား ကျန်နေမဲ့သူ ဘယ်သူမှ မရှိတော့ပါဘူးတဲ့။

သူမဟောကိန်း ထုတ်ခဲ့တာတွေထဲက တချို့ကတော့
  • ၂၀၁၆ ခုနှစ်-မူဆလင်တွေ ဥရောပကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မယ်။
  • ၂၀၂၃ ခုနှစ်-ကမ္ဘာလည်ပတ်နေတဲ့ လမ်းကြောင်းမှာ အဓိကကျတဲ့ ပြောင်းလဲမှု ဖြစ်မယ်။
  • ၂၀၂၅ ခုနှစ်- စစ်ပွဲတွေကြောင့် ဥရောပမှာ လူတွေ ပျောက်ကွယ်သွားလိမ့်မယ်။
  • ၂၀၂၈ ခုနှစ်-ကမ္ဘာကြီးအတွက် စွမ်းအင် အရင်း အမြစ်တွေ ရှာဖွေဖို့ မျှော်လင့် ချက်နဲ့ ဗီးနပ်စ် ဂြိုပ်လိုမျိုး အခြား ဂြိုလ်တွေကို သွားရောက်ဖို့ ကြိုးစား ကြလိမ့်မယ်။
  • ၂၀၃၃ ခုနှစ်-ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အစွန်းတွေ အရည်ပျော်မှုကြောင့် ရေမျက်နှာပြင် မြင့်တက် လာမယ်။
  • ၂၀၇၆ ခုနှစ်-ကွန်မြူနစ်ဝါဒ ကူးစက်ပျံ့နှံ့မှုဟာ ဥရောပနဲ့ ကျန်တဲ့ကမ္ဘာနေရာတွေကို ပြန်ရောက် လာမယ်။
  • ၂၀၈၄ ခုနှစ်-သဘာဝတရားတွေ ပြန်လည်မွေးဖွားလာမယ်။
  • ၂၁၀၀ ခုနှစ်-ဂြိုလ်ရဲ့အမှောင်ခြမ်းမှာ နေအသစ်တစ်ခု ပေါ်ထွန်းလာမယ်၊ ဒီအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့ နယူကလီယာ စွမ်းအင်ကိုသုံးပြီး နေအတု တခုဖန်တီးမယ့် သိပ္ပံစီမံကိန်းကို ရည်ညွှန်းပုံရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167824

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...