အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရှားပါးမြင်ကွင်းများ. Show all posts
Showing posts with label ရှားပါးမြင်ကွင်းများ. Show all posts

Monday, March 13, 2017

အသွင်သဏ္ဌာန် မျိုးစုံဖြင့် ပျံသန်းသည့် အံ့သြဖွယ်ရာ ဆက်ရက်အုပ်စု




အင်္ဂလန် နိုင်ငံ ကင်းဘရစ်ခ်ျ ရှိုင်းယား ကောင်တီမှာ ဆက်ရက် တွေရဲ့ အံ့သြ ဖွယ်ရာ သဘာဝ ဖြစ်ရပ်ကို ငှက်စောင့်ကြည့်သူ တဦးက အမိအရ ရုပ်သံ မှတ်တမ်း ရိုက်ခဲ့ ပါတယ်။

“ဒါက တကယ့် ငှက်အုပ်စု အကြီးကြီး တခုပါ။ နေ့အလင်းရောင် မှိန်လာတဲ့ အချိန်မှာ သူတို့ စတင်ပြီး ဒီလို ထူးခြား ဆန်းပြားတဲ့ အသွင် သဏ္ဌာန်တွေနဲ့ ပျံသန်း ပါတယ်” လို့ ဒီလို ငှက်တွေ ပျံသန်းတာကို ရုပ်သံ မှတ်တမ်း တင်ထားတဲ့ အယ်လ်ကစ်တ် ချင်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။

သဘာဝဗီဇတွေအကြောင်း ရေးသားပြီး ဓာတ်ပုံမှတ်တမ်းတင်သူ ကစ်တ်ချင်ကို သူ့ရဲ့သူငယ်ချင်းတဦးက သူရုပ်သံမရိုက်ကူးခင် တညက အလားတူပုံစံမျိုး ဆက်ရက်တွေ ပျံသန်းတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကစ်တ်ချင်က ဒီလို အလားတူပျံသန်းမှုမျိုး မြင်ရဖို့ ဆက်ရက်တွေ ပထမနေ့က ပျံသန်းခဲ့တဲ့နေရာကိုပဲ သွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော် အရင်က သိပ်ထူးထူးခြားခြားမဟုတ်တဲ့ ပျံသန်းမှုမျိုးကို ၂ ကြိမ်လောက်မြင်ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ တကယ့်ထူးခြားမှုပါပဲ” လို့ ကစ်တ်ချင်က ပြော ပါတယ်။

ငှက်များကာကွယ်စောင့်ရှောက်ရေး တော်ဝင်အသိုင်းအဝန်း (RSPB) ရဲ့ အပြောအရ ကျွဲဆက်ရက်တွေရဲ့ တတွတ်တွတ်မြည်သံ သဘာဝဖြစ်စဉ် ဆိုတာ ကောင်းကင် အထက်မှာ ငှက်ထောင်သောင်းပေါင်းများစွာ ထိုးဆင်းလာကာ ပတ်ချာလည် လှည့်လည်ပျံသန်းတာဖြစ်တယ်လို့ သိရပါတယ်။

သတ္တဝါတွေကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ပြီး လုံခြုံမှုရှိဖို့နဲ့ အနွေးဓာတ်ရဖို့ စတာတွေအပါအဝင် အကြောင်းများစွာကြောင့် ဆက်ရက်တွေ ဒီလိုပျံသန်းတယ်လို့ RSPB အင်တာနက်စာမျက်မှာ ရေးသားထားပါတယ်။

တချို့နေရာတွေမှာ ဒီသဘာဝဖြစ်စဉ်ဖြစ်တဲ့ ဆက်ရက်တွေ အစုလိုက် ထိုးဆင်းပတ်ချာလည် ပျံသန်းတာဟာ ဆက်ရက်ကောင်ရေပေါင်း ၁ သိန်း ဝန်းကျင်လောက်ထိ ဖြစ်တယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194539

Read More »

Monday, February 27, 2017

မြွေတကောင်ကို အသေအကျေ တိုက်ခိုက် ခဲ့သည့် ကင်းခြေများ




ကင်းခြေများ တွေကို ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါတွေလို့ သတ်မှတ် မထားကြ ပေမယ့် အန္တရာယ် ရှိတာတော့ ငြင်းလို့ မရပါဘူး။

သူတို့ကို ပိုးနသန်ကောင် တွေနဲ့ မှားလေ့ ရှိကြပေမယ့် သဘော သဘာဝ ကတော့ မတူညီ ကြပါဘူး။

ကင်းခြေများတကောင်မှာ သာမန်အားဖြင့်တော့ ကျောရိုးဆစ်ငယ်ပေါင်း ၁၂ ဆစ်ကနေ အဆစ် ၁၀၀ ကျော်ထိ ရှိနိုင်ပြီး အရွယ်အစားကတော့ ၃၀ စင်တီမီတာ (၁ ပေ) လောက်အထိ ကြီးထွားနိုင်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြွေတကောင်ကို အသေအကျေ တိုက်ခိုက်ခဲ့တဲ့ ကင်းခြေများနီတကောင်ရဲ့ အစွမ်းကို တွေ့မြင်ရမှာပါ။

မြွေဟာ ကင်းခြေများနီကြီးအနားကို တရွေ့ရွေ့ရောက်လာခဲ့ချိန်မှာ ကင်းခြေများဟာ ဘာမှ မလုပ်ခဲ့သေးဘဲ ငြိမ်နေခဲ့တာပါ။

ဒါပေမယ့် ရုတ်တရက်ပဲ အလစ်မှာ မြွေရဲ့ အလယ်ပိုင်းနေရာကို ကိုက်ခဲပစ်လိုက်ချိန်မှာတော့ မြွေဟာ အငိုက်မိခဲ့ရပါတော့တယ်။

မြွေဟာ ဘယ်လိုပဲ ရုန်းကန်ပေမယ့် မလွတ်နိုင်ဘဲ ရှိနေခဲ့ပြီး ပြန်ပြီး မပေါက်သာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကင်းခြေများနီကြီးဟာ လုံးဝကို မလွှတ်တမ်း ကိုက်ခဲထားခဲ့ပြီး မြွေရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခြေထောက်တွေနဲ့ ကုတ်ကာ လုံးထွေးထားခဲ့တာပါ။

အချိန်အတော်ကြာခဲ့ချိန်မှာတော့ မြွေဟာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သေဆုံးသွားခဲ့တာကို တွေ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191916

Read More »

Sunday, February 5, 2017

သိမ်းငှက်အကောင် ၈၀ ကို လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည့် ဆော်ဒီမင်းသား




ဆော်ဒီ မင်းသားဟာ သိမ်းငှက် အကောင် ၈၀ အတွက် လေယာဉ် လက်မှတ် ဝယ်ပြီး သိမ်းငှက်တွေကို လေယာဉ်နဲ့ သယ်ဆောင် သွားတဲ့ ပုံကို သူ့ရဲ့ ရက်ဒစ် posted the image on Reddit လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က တင်ခဲ့ ပါတယ်။

အဲ့ဒီပုံနဲ့ အတူ “လေယာဉ် ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်းက ဒီဓာတ်ပုံကို ပို့လိုက် တာပါ၊ ဆော်ဒီ မင်းသားမှ သူ့ရဲ့ သိမ်းငှက် အကောင် ၈၀ အတွက် လေယာဉ် လတ်မှတ်ဝယ်” စတာတွေ ရေးထားတဲ့ စာကိုလည်း ပုံရဲ့အထက်မှာ ရေးသား ထားပါတယ်။

အရှေ့အလယ်ပိုင်း လေကြောင်းလိုင်းတွေမှာ နိုင်ငံကူး လတ်မှတ် (ပတ်စပို့) ရှိတဲ့ ငှက်တွေကို လေယာဉ် စီးခွင့် ပြုထားပြီး အများစု ကတော့ ငှက်ပိုင်ရှင် တွေရဲ့ လက်ပေါ်မှာ နားပြီး လေယာဉ် စီးကြ တယ်လို့ စီအန်အန်ရဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ သတင်းမှာ ဖော်ပြ ထားပါတယ်။

အရှေ့အလယ်ပိုင်းမှာတော့ သိမ်းငှက်တွေဟာ သိပ်ကို အရေးပါတဲ့ သင်္ကေတ အဆင့်အတန်းပါ။ အချို့သိမ်းငှက်ပိုင်ရှင်တွေအတွက် သူတို့တွေ လေယာဉ် အထူး တန်းနဲ့ပဲ ခရီးသွားသွား၊ ဈေးသက်သာတဲ့ လေယာဉ်နဲ့ပဲ ခရီး သွားသွား သူတို့ရဲ့ငှက်တွေ လှောင်အိမ် မပါပဲ သူတို့နဲ့ အတူ လေယာဉ်စီးဖို့ ကလည်း လုပ်ရိုး လုပ်စဉ် အစဉ်အလာ တခုလို ဖြစ်လာ တာပါ။

လေယာဉ် ခရီးသည်တင် နေရာမှာ ချစ်စရာငှက်တွေနဲ့ ပြည့်နေတဲ့ ဓာတ်ပုံဟာ ဒီတစ်ပတ် ထဲမှာ လူမှု ကွန်ရက် စာမျက်နှာ ထက် ပျံ့နှံ့ထင်ရှား နေပါတယ်။

သိမ်းငှက်တွေက ဆော်ဒီအာရေးဗီယားရဲ့ ဂျက်ဒက်ဆိပ်ကမ်းမြို့ကို သွားဖို့ လေယာဉ် စီးနေ ကြတာပါ။ ပြီးတော့ ဒီဓာတ်ပုံကလည်း လေယာဉ်မောင်း အနေနဲ့ အလုပ် လုပ်တဲ့ သူ့ရဲ့ သူငယ်ချင်းက ရိုက်ပေး တာပါလို့ ရက်ဒစ်ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒီပုံကို တင်ထားတဲ့ အမက်ရာဆာက စီအန်အန်ကို ပြောပါတယ်။

အဲ့ဒီ လေကြောင်းလိုင်းတွေမှာ သိမ်းငှက်တွေနဲ့ လေယာဉ်စီးရတာက သိပ်မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီလို တစ်ကြိမ်မှာ သိမ်းငှက် ၆ ကောင်သာ လေယာဉ် စီးခွင့်ပြုတဲ့ ခရီးသည်တင် လေယာဉ်မှာ သိမ်းငှက်တွေအများကြီး တစ်ကြိမ်တည်းမှာ လေယာဉ်စီးနေတာကသာ အလွန့်အလွန်ကို ထူးဆန်းနေတာပါ။

အရှေ့အလယ်ပိုင်းဒေသမှာတော့ သိမ်းငှက်တွေကို သတ္တိ၊ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ လွတ်လပ်မှု သင်္ကေတတွေအဖြစ် သတ်မှတ်ထားပါတယ်။

လွန်ခဲ့တဲ့ရာစုနှစ်ပေါင်း များစွာကို ပြန်ကြည့်မယ်ဆိုရင် သိမ်းငှက်တွေနဲ့ အမဲလိုက်ခြင်း ဆိုတဲ့ အားကစား၊ သိမ်းငှက်ဖြင့် လေ့ကျင့်ပေးတဲ့ အတတ်ဆိုတာ ရှိခဲ့ပါတယ်။

အဲ့ဒီကစားနည်းဟာ အရှေ့အလယ်ပိုင်းရဲ့ အရေးကြီးတဲ့ သိသာထင်ရှားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်လာပြီး ယူနက်စကို လူသားမျိုးနွယ်စာရင်းရဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်သော အမွေအနှစ်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

ရှေးရိုးရာအရ ဒီငှက်တွေကို အစာအဖြစ် အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ဒီငှက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ မွေးမြူလာကြတာပါ။

၂၀၀၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း UAE အစိုးရမှ သိမ်းငှက် အကောင်ပေါင်း ၂ သောင်း ၈ ထောင်ကျော်အတွက် နိုင်ငံကူးလက်မှတ် လုပ်ပေးခဲ့ပါတယ်။ ဒီနိုင်ငံကူးလက်မှတ်ဟာ ၃ နှစ် သက်တမ်းခံပြီး အမေရိကန်ဒေါ်လာ ၁၃၀ ကုန်ကျတယ်လို့လည်း သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187638

Read More »

Thursday, January 26, 2017

အဖော်ကွဲ အာဖရိက မြင်းကျား ခြင်္သေ့ အစာဖြစ်သွား




အာဖရိက မြင်းကျား တွေဟာ အုပ်စုဖွဲ့ သွားလာ နေထိုင်လေ့ ရှိကြပြီး အမြင်အာရုံ စူးရှတယ်လို့ သိထားကြ သလို အရောင်တွေ ကိုတောင် ခွဲခြားနိုင်စွမ်း ရှိကာ ရန်သူကို လှမ်းမြင်နိုင်တဲ့ အမြင် စွမ်းရည်တွေ ရှိကြပါတယ်။

သူတို့ဟာ ရန်မူ တိုက်ခိုက်လေ့ ရှိတဲ့ သတ္တဝါမျိုး မဟုတ်ဘဲ မြက်ပင်တွေနဲ့ သစ်ဥသစ်ဖုတွေကိုသာ စားသုံးလေ့ ရှိကြပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင် ထဲမှာတော့ အုပ်စုထဲကနေ ကွဲထွက် လာပြီး ခြင်္သေ့နဲ့ ပက်ပင်း တိုးကာ တိုက်ခိုက်ခံ ခဲ့ရတဲ့ မြင်းကျား တကောင်ရဲ့အဖြစ်ကို တွေ့ကြရမှာပါ။

အဲဒီမြင်းကျားဟာ အုပ်စုထဲမှ တကောင်တည်း ကွဲထွက် ကျန်နေ ခဲ့ချိန် ခြင်္သေ့ရဲ့ အလစ်အငိုက် တိုက်ခိုက် ခံခဲ့ရတာပါ။

ခြင်္သေ့ဟာ ရုတ်တရက်ပဲ မြင်းကျားရဲ့ခန္ဓာကိုယ်ပေါ်ကို ခုန်အုပ်ပြီး ကိုက်ခဲလိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ မြင်းကျားဟာ မရုန်းကန်နိုင်ခဲ့ဘဲ မြေပြင်ဆီ လဲကျသွားခဲ့ချိန်မှာတော့ ခြင်္သေ့က သူ့ရဲ့လည်ပင်းကို ကိုက်ခဲပစ်လိုက်ပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ ခန္ဓာကိုယ်အရွယ်အစား မကွာလှတဲ့ ခြင်္သေ့နဲ့ မြင်းကျားတို့ဟာ လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်စရာရှိပေမယ့် သဘာဝတရားအရ ခြင်္သေ့ကို အရှုံးပေးခဲ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186091

Read More »

Friday, December 16, 2016

အသားစားသုံးမှုရှောင်ရန် လီဗာပူးမြို့လယ်ခေါင် ၀စ်လစ်စလစ်ဖြင့် လှုံ့ဆော်သည့် အမျိုးသမီး




တကယ်လို့များ သင့် အနေနဲ့ လီဗာပူးမြို့ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ် ညစာ ပန်းကန်ပြားကြီး တခုပေါ်မှာ အမျိုးသမီး တဦးကို ၀စ်လစ်စလစ် အခြေအနေနဲ့ တွေ့ရမယ် ဆိုရင် ဒါဟာ အမြင်အာရုံ မှောက်မှားမှု တခု မဟုတ်ပါဘူး။

ဒါဟာ တိရစ္ဆာန် အခွင့်အရေး ဆိုင်ရာ လှုပ်ရှား တက်ကြွသူများ အဖွဲ့တဖွဲ့ ဖြစ်တဲ့ ပက်တာ (PETA) အဖွဲ့ရဲ့ စည်းရုံး လှုံ့ဆော် ပညာပေး လှုပ်ရှားမှု တခုပါပဲ။

အမျိုးသမီးဟာ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ်ညစာ ပန်းကန်ပြားကြီး ပေါ်မှာ ၀စ် လစ်စလစ် အနေအထားနဲ့ လဲလျောင်းနေ ခဲ့ကာ သူ့ကိုယ်ပေါ်မှာတော့ ဟင်းအနှစ်တွေ လိမ်းကျံကာ ဘေးမှာ ဟင်းသီး ဟင်းရွက်တွေနဲ့ အတူ သရုပ်ပြ ခဲ့တာပါ။

လော့ဒ်လမ်းမကြီး ပေါ်က ဒီလှုပ်ရှားမှုဟာ ပက်တာ အဖွဲ့ရဲ့ “သင့်ရဲ့ ပန်းကန် ပြားပေါ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သိနိုင်ဖို့ – အသီး အရွက်တွေသာ စားသုံးပါ” အမည်ရတဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြပါတယ်။

ပက်တာအဖွဲ့ဟာ ခရစ္စမတ်ကာလ အတွင်း လူတွေကို အသား ၀ယ်ယူ စားသုံးမှုတွေ မလုပ်ဖို့ လှုံ့ဆော်တဲ့ အနေနဲ့ ခုလိုသရုပ်ပြ ကြတာပါ။

အဆိုပါအဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ အယ်လီဆာ အယ်လန်က “ပက်တာအဖွဲ့ အနေနဲ့ ခရစ္စမတ် ကာလမှာ လူတွေကို ငြိမ်းချမ်းမှုနဲ့ အသားတွေ မစားသုံးခြင်းဖြင့် တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးရာ ရောက်တဲ့ ကောင်းမြတ်တဲ့ စိတ်တွေ ဖြစ်လာစေဖို့ ခုလိုလှုံ့ဆော်မှုတွေ လုပ်တာပါ” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179975

Read More »

Sunday, December 11, 2016

တောနက်ထဲမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ အတူတူ ကြီးပြင်းခဲ့တဲ့ ကောင်မလေး




Tippi Degre လို့ အမည်ရတဲ့ Mowgli ကလေး မလေးဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ နေ့စဉ် အချိန်ကုန်ကာ ကစားလိုက်၊ သွားလိုက် စားလိုက် လုပ်နေ ခဲ့ပါတယ်။



Tippi ရဲ့ သတင်းကို ကြားသိပြီး ကင်မရာ ဆရာတွေက သူမနဲ့ ဘော်ဒါ အပေါင်းအသင်း တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။



အသက် ၆ နှစ် အရွယ် Tippi ဟာ Abu လို့ အမည်ရတဲ့ ဆင်ကြီးကို အကိုလို ပေါင်းသင်း နေထိုင် ပါတယ်။



ချီတာ ကျားသစ်ကြီးနဲ့ Linda လို့ အမည်ရတဲ့ ငှက်ကုလားအုပ် မကြီး ကလည်း သူမရဲ့ အပျင်းတော်ပြေ တွေ ပါဘဲ။



Tippi ဟာ အာဖရိကတိုက် Windhoek, Namibia မှာ အခြေချ နေထိုင်တဲ့ ပြင်သစ် ဓာတ်ပုံ ဆရာ စုံတွဲ Sylvie Robert နဲ့ Alain Degre တို့ရဲ့ သမီး ဖြစ်ပါတယ်။



Tippi တို့ မိသားစုတွေဟာ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ဘော့စ်ဝါနာ၊ နမ်ဘီးယား နိုင်ငံရဲ့တောနက်တွေ ထဲမှာ တစ်လှည့်စီ နေထိုင်ရင်း သားရိုင်း တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို မှတ်တမ်း တင်နေကြ သူတွေ ဖြစ်ပါတယ်။



အခု အခါမှာတော့ Tippi ဟာ ကမ္ဘာကျော် ကလေး တစ်ယောက် ဖြစ်နေပါပြီ။ သူမနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အယ်လ်ဘမ် တွေကို Tippi: My Book Of Africa လို့ အမည် ပေးထားကာ သတင်း မီဒီယာတွေမှာ ဝေေ၀ ဆာဆာ ဖော်ပြနေ တာကို တွေ့ရ ပါတယ်။

source : thesun.co.uk

From : မဒီလေး (Shwemom)

Originally published at - http://www.shwemom.com

Read More »

Saturday, December 10, 2016

တရုတ်တွင် ကမ္ဘာ့အကြီးဆုံး အသည်းပုံ သဘာဝမြေကျွံ ဂလိုင်ပေါက်ကြီး တွေ့ရှိ




တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှန်ဇီခရိုင် အတွင်းရှိ ဟန်ဇွန်းမြို့မှာ ကမ္ဘာ့ အကြီးဆုံး သဘာဝ ဂလိုင်ပေါက် အစု အဝေးကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒီသဘာဝမြေကျွံဂလိုင်ပေါက်ကြီးတွေရဲ့ စုစုပေါင်း အရေအတွက်က ၄၉ ခုရှိပြီး ကမ္ဘာ့အကြီးဆုံး သဘာဝမြေကျွံဂလိုင်ပေါက် အရေအတွက်လည်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

ဒီသဘာဝဂလိုင်ပေါက်ကြီး ၄၉ ခုထဲက အံ့သြစရာအကောင်းဆုံးတစ်ခုကတော့ ၁၃၀ မီတာကျော် အနက်ရှိတဲ့ အသည်းပုံဂလိုင်ပေါက်ကြီးပါ။ ဒီဂလိုင်ပေါက်ကြီးကို တီရန်ဇူရန်လို့ အမည်ပေးထားပြီး ဂလိုင်ပေါက်ထဲကို ကျောက်ခဲပစ်ချမယ်ဆိုရင် ၇ စက္ကန့်ကြာတဲ့အခါမှ ဂလိုင်ရဲ့အောက်ခြေကို ကျောက်ခဲထိတဲ့ အသံကြားရတယ်လို့ ဆိုထားပါတယ်။

မြေပြင်အထက်မှ လေယာဉ်အနိမ့်ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံမှာ ဂလိုင်ပေါက်ကို အသည်း ပုံစံတွေ့မြင် ရမှာပါ။

ဒီလိုရှားပါးလှတဲ့ သဘာဝပထဝီ ပုံပန်းသွင်ပြင်မျိုးဟာ နှစ်ပေါင်း ၅ သိန်းလောက်ကြာမှ ဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။ ဒီရှားပါးလှတဲ့ သဘာဝ အသည်းပုံမြေကျွံ ဂလိုင်ပေါက်ကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179285

Read More »

Monday, December 5, 2016

မြွေဟောက် ဘယ်လို အဆိပ်ထုတ် တိုက်ခိုက်သလဲ




ဘီဘီစီရဲ့ ရုပ်သံ ရိုက်ကူး သူနဲ့ ဆာဒေးဗစ်ဒ် အတန် ဘရောက်ဖ် (BBC Earth and Ideas) တို့ မှတ်တမ်းတင် ရိုက်ကူး ထားတဲ့ ထူးခြား ဆန်းပြားလှတဲ့ မြွေဟောက်ရဲ့ အဆိပ်ထုတ် တိုက်ခိုက် မှုကို ဗွီဒီယို ရုပ်သံထဲမှာ ရှုမြင် ရမှာပါ။

ဒီရုပ်သံထဲမှာ ဆာဒေးဗစ် အတန်ဘရောက်ဖ်က မြွေတွေဟာ သူတို့စားမယ့် သတ္တဝါကို ကိုက်သတ်နိုင်တာ အပြင် မကိုက်ဘဲ တားဆီး အန္တရာယ်ပြုနိုင် တာတွေကို ရှင်းလင်း သရုပ်ပြ ခဲ့ပါတယ်။

ရုပ်သံထဲမှာမြင်ရမယ့် မိုဇမ်ဘစ်မြွေဟောက် အမျိုးအစားဟာ သူရှင်းပြခဲ့ သလို မကိုက်ဘဲ အန္တရာယ်ဖြစ် aစနိုင်တဲ့ ထူးခြားတဲ့နည်းလမ်းကို လုပ်ဆောင် ကြတယ် လို့လည်း ဆိုပါတယ်။

လုံခြုံစိတ်ချရဖို့ ဆာဒေးဗစ် ဘရောက်ဖ်က ဓာတ်တမျိုး သုတ်လိမ်း ထားတဲ့ မျက်နှာ အကာကို ဝတ်လိုက်ပြီး မြွေရှေ့တည့်တည့်မှာ ရပ်ပါတယ်။

မြွေကိုစိုက်ကြည့်ချိန်မှာ မြွေက အဆိပ်တွေကို သူ့ရဲ့မျက်နှာရှေ့ တည့်တည့်ကို မှုတ်ထုတ်ပြီး တိုက်ခိုက် လိုက်တာပါ။

အဆိပ်တွေကို မှုတ်ထုတ် တိုက်ခိုက်တဲ့ aနရာမှာ ချက်ကောင်းဖြစ်တဲ့ မျက်လုံးတွေရဲ့နေရာကို ရောက်အောင် မှုတ်ထုတ် တယ်လို့ သူက ရှင်းပြ ခဲ့ပါတယ်။

အဲ့ဒီနောက်မှ မျက်နှာ အကာမှာ သုတ်လိမ်းထားတဲ့ ဓာတ်နဲ့ မြွေဆိပ်ပေါင်းပြီး ပန်းရောင် အစက်အပြောက်တွေ ဖြစ်သွားပါတယ်။

ဆာဒေးဗစ်က ဒီပန်းရောင် အစက် အပြောက်တွေကို ရချင်တာ လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် ဒီပန်းရောင် အစက်တွေထဲက တစက်သာ သူ့မျက်လုံးထဲ ဝင်ရင် မျက်လုံး ကွယ်နိုင်ပြီး ဆိုးဆိုး ရွားရွား နာကျင်မှု ဒဏ်ကိုလည်း ခံစား ရနိုင်တယ်လို့ ရှင်းပြ ခဲ့ပါတယ်။

ဒီလိုမြွေမျိုးကိုတွေ့ရင် နီးနီးကပ်ကပ် မနေမိဖို့ သတိပေး သလိုပဲ လို့လည်း ဆိုပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178576

Read More »

Saturday, December 3, 2016

မြွေကို တိုက်ခိုက်ခဲ့သည့် အာဖရိကန် ရှဥ့်




ရှဥ့်တွေဟာ များသော အားဖြင့် ချိုမြိန်တဲ့ အစေ့ အဆံတွေ ကိုသာ စားကြလေ့ ရှိတယ်လို့ သိထား ကြတာပါ။

ဒါပေမယ့် တချို့ရှဥ့်တွေ ကျတော့ တကယ်တမ်း မခံမရပ်နိုင် လောက်အောင် ဆာလောင် လာပြီဆိုရင် သူတို့ဟာ အသား ဘက်ကို လှည့်ပြီး စားသောက်ဖို့ ကြိုးစား ကြတာကို ဒီရုပ်သံ ဗွီဒီယိုဖိုင်က သက်သေ ခံနေ ပါတယ်။

ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြတဲ့ ရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အာဖရိကန် ရှဥ့်ကလေး တကောင်ဟာ မြွေတကောင်ကို အစာ အဖြစ် စားသောက်ဖို့ တိုက်ခိုက် ခဲ့တာကို တွေ့ရပါတယ်။

ရှဥ့်ကလေးဟာ အဲဒီမြွေရဲ့ အမြီးပိုင်းကို ကိုက်ခဲ့ချိန်မှာ မြွေဟာ နာကျင်မှုကြောင့် လူးလွန့်ကာ လျှောထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်ဘဲ ရှိနေခဲ့တာပါ။

အဲဒီနောက်တော့ မြွေဟာ သူ့ကို ပြန်ပေါက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ ရှဥ့်ဟာ နောက်ကို ပြန်ဆုတ်နေခဲ့ပြီး အခါကောင်း စောင့်နေခဲ့တာကို တွေ့ရပါတယ်။

ရှဥ့်ဟာ မြွေရှိရာဆီ တိုးကပ်လာခဲ့ပြီး ကိုက်ဖို့ ကြိုးစားလိုက်၊ ပြန်ဆုတ်လိုက်နဲ့ ရှိနေခဲ့တာပါ။

တကြိမ်မှာတော့ ရှဥ့်ဟာ မြွေရဲ့ဦးခေါင်းကို ကိုက်လိုက်နိုင်ပြီး ခဲထားခဲ့ချိန်မှာ မြွေဟာ မလှုပ်ရှားနိုင်ဘဲ ရှိခဲ့တာပါ။

အဲဒီနောက်တော့ မြွေဟာ ရှဥ့်ကို ပြန်တိုက်ဖို့ မကြိုးစားတော့ဘဲ လျှောထွက်ပြေး ခဲ့ချိန်မှာ ရှဥ့်ဟာ သူ့ရဲ့အမြီးပိုင်းကို ခဲကာ စားသောက်ဖို့ ကြိုးစား ခဲ့ကြတာကို တွေ့ရ ပါတယ်။

အင်းဆက်တွေ၊ ဥတွေနဲ့ တခြားအကောင်ဗလောင်ငယ်တွေကိုသာ အသားအဖြစ် စားသောက်ကြတာဖြစ်ပေမယ့် ဒီတိုက်ခိုက်မှုကတော့ တကယ့်ကို အံ့သြစရာပါပဲ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178373

Read More »

Thursday, December 1, 2016

ခြင်္သေ့အုပ်ကို တကောင်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အာဖရိကန်ကျွဲ




အာဖရိကန် ကျွဲ အမျိုး အစား မျိုးစိတ် တွေဟာ အာဖရိက ဒေသမှာသာ တွေ့ရနိုင်တဲ့ မျိုးစိတ် တမျိုးပါ။

သူတို့ဟာ သစ်တော၊ မြက်ခင်း လွင်ပြင်နဲ့ မြေနိမ့်ပိုင်း မိုးသစ်တော တွေထဲမှာ အုပ်စုဖွဲ့ နေထိုင်လေ့ ရှိပါတယ်။

အာဖရိကန် ကျွဲတွေဟာ ကြီးမားတဲ့ သတ္တဝါ မျိုးစိတ် ထဲမှာ ပါဝင်ပြီး အလျား ၆ ဒသမ ၈ ပေကနေ ၁၁ ပေထိ၊ အမြင့် ၃ ဒသမ ၂ ပေကနေ ၅ ဒသမ ၆ ပေထိ၊ ကိုယ်အလေး ချိန်ပေါင် ၆၆၀ ကနေ ၁၉၀၀ ထိ ရှိနိုင် ပါတယ်။

ကြီးမားတဲ့ ဦးခေါင်း၊ ကျယ်ပြန့်တဲ့ ရင်အုပ်၊ သန်မာတဲ့ ခြေထောက်တွေရှိတဲ့ ဒီကျွဲတွေဟာ သာမန်နွားထီးတကောင်ထက် ၄ ဆ ပိုမိုသန်စွမ်းပါတယ်။

ဒါပေမယ့် အုပ်စုဖွဲ့အခြေအနေနဲ့ နေထိုင်လေ့ရှိတဲ့ အခြေအနေနဲ့ တကောင်တည်းရှိနေတဲ့ အခြေအနေဟာ ကွာခြားမှုရှိနေပါလိမ့်မယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခြင်္သေ့အုပ်စုတစုနဲ့ ရင်ဆိုင်တွေ့ချိန်မှာ တကောင်တည်း ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး လွတ်မြောက်သွားခဲ့တဲ့ အာဖရိကန်ကျွဲတကောင်ရဲ့ ကြိုးပမ်းမှုကို တွေ့ရမှာပါ။

သူတို့ဟာ တခါတရံမှာ ထောင်နဲ့ချီတဲ့ ကျွဲအုပ်စုကြီးအဖြစ် သွားလာလေ့ရှိပေမယ့် ဒီတခါမှာတော့ အလှည့်အပြောင်းတခုလို ရင်ဆိုင်ခဲ့ရပုံ ပေါ်ပါတယ်။

ခုလို တကောင်တည်း ကွဲထွက်လာတဲ့ သူကတော့ သားကောင်ဖြစ်ရတဲ့ ထုံးစံတခုပါပဲ။

ခြင်္သေ့အုပ်စုဟာ အမဲဖျက်ဖို့ ကျွဲဆီကို ချဉ်းကပ်ခဲ့ကြချိန်မှာ ရင်ဆိုင်ခဲ့ပုံတွေကို ဒီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။

ရေပတ်လည်ဝိုင်းထားတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ဘေးကဝိုင်းထားတဲ့ ခြင်္သေ့တွေကြားက အာဖရိကန်ကျွဲရဲ့ အဖြစ်ဟာ မတွေးဝံ့စရာပါပဲ။

ဒါပေမယ့် သူတို့မှာ ထူးခြားတဲ့ တုံ့ပြန်မှုတွေနဲ့ မထင်မှတ်ထားတဲ့ မှတ်ဉာဏ်တမျိုးကို ပိုင်ဆိုင်ကြပါတယ်။

ရေထဲမှာ သူ့ကို ကိုက်ခဲနေတဲ့ ခြင်္သေ့တွေကို ပြန်လည်တုံ့ပြန်ဖို့ ဟန်ပြင်လိုက်ချိန်မှာ ခြင်္သေ့တွေဟာ ကမ်းပေါ်ကနေပဲ စောင့်ကြည့်နေကြပါတော့တယ်။

ခြင်္သေ့တွေဟာ သူတို့ထက် အရွယ်အစားပိုကြီးမားတဲ့ ကျွဲဆီကို မချဉ်းကပ်လာရဲပဲ ရှိနေခဲ့တာပါ။

ခြင်္သေ့တွေက ရေထဲဆင်းလာဖို့ ကြိုးစားလိုက်၊ ကျွဲက ပြန်ပြီးမာန်ပြင်လိုက်ချိန်မှာ ကမ်းပေါ်ပြန်တက်လိုက်နဲ့ ရှိနေခဲ့ကြတာဖြစ်ပြီး ကျွဲဟာ ရေထဲကနေ အချိန်အတော်ကြာတဲ့ထိ မလှုပ်ရှားဘဲ ရှိနေခဲ့ပါတယ်။

အဲဒီနောက်တော့ ကျွဲဟာ ရေကန်ရဲ့ အခြားတဘက်ဆီ ကူးခပ်သွားခဲ့ချိန်မှာတော့ ခြင်္သေ့တွေဟာ မလိုက်နိုင်တော့ပဲ လွတ်မြောက်သွားခဲ့တာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178112

Read More »

Saturday, November 12, 2016

နွားကို မျိုထားတယ် ထင်ပြီး မြွေဥ ၁၀၀ ပါသည့် မြွေမကြီးကို ရွာသားများက သတ်မိ




နိုင်ဂျီးရီးယား နိုင်ငံ ရွာသား တွေဟာ မြွေကြီးက နွားကောင် ပေါက်လေးကို မျိုထား တယ်လို့ ထင်ပြီး မြွေကြီးကို သတ်ဖြတ် လိုက်ပါတယ်။

လယ်သမား တွေရဲ့ နွားကို စားတယ်လို့ ထင်ပြီး မြွေကြီးကို သတ်လိုက်တာ ဖြစ်ကြောင်း ဒေသခံ သတင်း ဌာန တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတင်း ထုတ်ပြန် ထားပါတယ်။

ဒါပေမယ့် ရွာသား တွေက မြွေရဲ့ဗိုက်ကို ခွဲလိုက်ချိန် မှာတော့ မြွေက ကိုယ်ဝန် ရှိနေတာ ဖြစ်ပြီး ဘာကနွားကို သတ်ဖြတ် လိုက်လည်း ဆိုတာတော့ ရှင်းရှင်းလင်း မသိ ရသေးပါဘူး။

မြွေဥ ဒါဇင်ပေါင်း များစွာက မြွေရဲ့ကိုယ်ထဲ ကနေ ထွက်ကျ နေပြီး အဲဒီဒေသမှာ မြွေဥ တွေက ရတောင့်ရခဲစားစရာတွေ ဖြစ်နေလို့ ဒီဥတွေကို ဒေသခံ တွေက အလျင် အမြန်ပဲ ယူဆောင် သွားကြ ပါတယ်။

မြွေက ဘာအမျိုး အစားလဲ ဆိုတာ မသိပေမယ့် မြွေအတော် များများက တကြိမ် တည်းမှာ ဥပေါင်း ၁၀၀ ထိ ဥနိုင် တယ်လို့ သိရ ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175754

Read More »

Wednesday, October 26, 2016

အမျိုးသားရဲ့သုတ်နဲ့ စီမံချက်ပြုတ်မည့်သင်တန်း လန်ဒန်မှာ ဖွင့်လှစ်ဖို့ရှိ ဟုဆို




တစ်ခါ တလေ ကျတော့လည်း အနောက် ဥရောပရဲ့ ပုံမှန် မဟုတ်တဲ့ လုပ်ဆောင်ချက်တွေဟာ လူထု အကြားမှာ လူကြိုက် များနေတတ် တာမျိုး ရှိတတ် ပါတယ်။

အခုလည်း လန်ဒန်မှာဖွင့်မယ့် အချက်အပြုတ် သင်တန်းမှာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ စီမံတဲ့ အစာအစာတွေ အတွက် သင်ယူမှုတွေ ပို့ချ သွားမယ်လို့ independent.co.uk မှာ ဖော်ပြ သွားခဲ့ ပါတယ်။

တကယ် ဖွင့်လှစ်ဖြစ်မယ် မဖြစ်ဖူး ဆိုတာတော့ သေချာ တပ်အပ် မပြောနိုင်ပေမယ့် ဒီသင်တန်းကို တက်ရောက် လိုသူတွေ ကလည်း ထောင်ချီ Booking လုပ်နေလို့ သက်ဆိုင်ရာ အဖွဲ့ကတော့ လက်မလည် ဘူးလို့ သိရပါတယ်။

ဒီသင်တန်းကို တက်ရောက် လိုသူတွေ အနေနဲ့ ကိုယ်တိုင် ထုတ်လုပ် ထားတဲ့ အမျိုးသား သုတ်ပိုး / ခင်ပွန်းသည်ရဲ့ သုတ်ပိုးတွေကို သီးသန့် ယူလာ ခဲ့ရမယ်လို့ ဆိုထား ပါတယ်။



သင်တန်းကို တာဝန် ယူမယ့် စာဖိုမှူးက ယူလာတဲ့ သုတ်ကို အသုံးပြုပြီး ဟင်းအမယ်ပေါင်း များစွာကို ဘယ်လို စီမံချက်ပြုတ် ရမလဲ ဆိုတာကို သင်ပြပေး သွားမှာလို့ ဆိုပါတယ်။

ဒီသင်တန်းကို အကောင်အထည် ဖော်မယ့်သူ ကတော့ Paul Phoenhauer ဖြစ်ပြီး၊ Natural Harvest ဆိုတဲ့ အမည်နဲ့ အတူ ‘ A collection of semen-based recipes’ ဆိုတဲ့ ဆောင်ပုဒ် ကလေးနဲ့ ဖြည့်စွက် ထားပါတယ်။

ဒီသင်တန်းကြော်ငြာဟာ လူစိတ်ဝင်စားမှု များပြားပြီး ပြစ်တင် ဆဲရေးခြင်းလည်း အလွန်အမင်း ခံထား ရပါတယ်။

ဒါပေမယ့် ကမ္ဘာကျော် အွန်လိုင်းရောင်းဝယ်ရေး ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ Amazon မှာတော့ ဒီကြော်ငြာဟာ 4 Stars အထိ Rate ရထားတဲ့ ကြော်ငြာတစ်ခု အဖြစ် ရပ်တည်နေ တယ်လို့ သိရပါတယ်။



လောလောဆယ်တော့ သင်တန်း ဖွင့်ရက်ကို အတိအကျ ကြေငြာ မထားပေမယ့် လာမယ့် အပတ်အတွင်းမှာ ဖြစ်ဖို့ရှိတယ်လို့ အဲဒီ အစီအစဉ်ကို စတင် အကောင်ထည် ဖော်ခဲ့တဲ့ တရားဝင် blog.wonderush.com လို့အမည်ရတဲ့ Blog မှာ ကြေငြာ ထားတယ်လို့ သိရပါတယ်။

ဒီသင်တန်းနဲ့ပတ်သက်ပြီး အချို့သတင်းစာတွေ ကတော့ ဒါဟာ လူစိတ်ဝင်စားမှု များပြားအောင် မသမာတဲ့ နည်းနဲ့ အဆန်းထွင် တာလို့ စွပ်စွဲခဲ့ ကြပါတယ်။

source : independent.co.uk

From : Shwe Mom - ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/cooking-with-semen-class-is-coming-to-london/

Read More »

Wednesday, September 28, 2016

အပေါ်ပိုင်းဗလာ ယာဉ်ထိန်း ရုရှား အမျိုးသမီးများ




ရုရှား လူမျိုးတွေရဲ့ လုပ်ဆောင်မှုမျိုး သင် အရင်က တွေ့ဘူးမှာ မဟုတ်ပါဘူး။

ရုရှားနိုင်ငံက ရဲတွေက ကားသမားတွေ ကားကို အရှိန်လျှော့ မောင်းနှင်ကြဖို့ နည်းလမ်း သုံးပြီး လုပ်ဆောင် လိုက်ကြ ပါတယ်။ နည်းလမ်းကတော့ အပေါ်ပိုင်း အ၀တ် အစား မပါဝင်တဲ့ အမျိုးသမီး နှစ်ဦးက အရှိန်လျော့ ရမယ့် နှုန်းရေးထားတဲ့ ဆိုင်းဘုတ် ကိုင်ပြ ထားတာပါ။

ဒီလို စမ်းသပ် လုပ်ဆောင် လိုက်တာက တကယ်ကို သိသာတဲ့ အောင်မြင်မှု ရရှိခဲ့ ပါတယ်။ ဘရိတ်ကို အုတ်ပြီး မောင်းသွားကြတဲ့ အများစုကတော့ အမျိုးသားတွေ ပါပဲ။

မော်စကိုမြို့ကနေ ၄၀၀ ကီလိုမီတာ အကွာ အဝေးမှာ ရှိတဲ့ Nizhny Novgorod နယ်ရဲ့ အသေ အပျောက်များတဲ့ နေရာမှာ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆ မှုတွေနဲ့ အသေအပျောက် အများဆုံး နိုင်ငံဖြစ်ပြီး တစ်နှစ်ကို အသေ အပျောက် ၃ သောင်းထက် မနည်း ရှိပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလဲ အပေါ်ပိုင်း အ၀တ်အစား မပါတဲ့ အမျိုးသမီးတွေက လုံခြုံ စိတ်ချရမှု အတွက် ဆိုင်ကယ် ဦးထုတ်ဆောင်း၊ ဒေါက်မြင့်ဖိနပ်စီး ပြီး ပညာပေး ဟန်ရေးပြခဲ့ ပါသေးတယ်။

Ref : UPI

Originally published at - http://knowledge.thithtoolwin.com/2016/09/blog-post_26.html

Read More »

Tuesday, September 13, 2016

ကြောက်မက်ဖွယ် ချောက်ကမ်းပါးစွန်းတွင် စတန့်ထွင်ကပြကြသူများ




တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူနန် ခရိုင် ထဲက ဇန်ဂျီရာဂျီ သဘာဝ ဥယျာဉ်ထဲမှ တောင်စောင်း ချောက်ကမ်းပါးစွန်း တခုပေါ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က အကအဖွဲ့ တဖွဲ့ဟာ စတန့်ထွင် ကပြခဲ့ ကြပါတယ်။

အဲဒီတောင်စောင်းဟာ အမြင့်မီတာ ၁၃၀၀ ကျော်ရှိပြီး အမေရိကန် ဘန်တလု(ပ်) အကအဖွဲ့ ၀င်တွေဟာ စိတ်လှုပ်ရှားဖွယ် သရုပ်ဖော် ကကွက်တွေကို စတန့်ထွင် ကပြ ခဲ့ကြတာပါ။

ဘန်တလု(ပ်)အကဟာ သဘာဝတရားရဲ့ ဖြစ်တည်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကမ္ဘာမြေရဲ့ဆွဲအားကို လူ့စိတ်ဝိညာဉ်နဲ့ ဆန့်ကျင်ကပြ သရုပ်ဖော်ရတာမျိုး ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အကအဖွဲ့ဝင်တွေဟာ ကြည့်ရှုသူ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုတွေ၊ ကကွက်တွေနဲ့အတူ ကြိုးစား အားထုတ် ခဲ့ကြတာကို တွေ့ရပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168085

Read More »

Sunday, September 4, 2016

မိဘမဲ့ဝက်ပေါက်ကလေးများကို မိခင်မေတ္တာဖြင့်စောင့်ရှောက်သည့် ခွေးမကြီး




ခွေးတွေဟာ လူတွေရဲ့ အကောင်းဆုံး အဖော်မွန် အဖြစ် ရှိနေ ခဲ့ကြရာ ကနေ ခုတဖန် သူတို့ဟာ ၀က်ပေါက် ကလေးတွေ အတွက်လည်း ချစ်ခြင်းမေတ္တာ ပေးစွမ်းနိုင် သူတွေ အဖြစ်လည်း ရှိနေတယ် ဆိုတာ ဒီရုပ်သံ ဗွီဒီယိုဖိုင်က သက်သေပြ နေပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျူးဘားနိုင်ငံ၊ ပလေယာ လာဂါမြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သြ စတေးလျနိုင်ငံအခြေစိုက် အေဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားပြီး ကျန်နေခဲ့တဲ့ ၀က်ပေါက်ကလေးတွေကို လင်ဒါအမည်ရတဲ့ ခွေးမကြီးက နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ။

ပိုင်ရှင်ဖြစ်သူ အစ်ဂနိုစီယို အက်စတီဗက်ဇ်က “၀က်ကလေးတွေရဲ့ မိခင်ဝက်မကြီး သေသွားတဲ့နောက်မှာ ၀က်ပေါက်ကလေးတွေ ကျန်နေခဲ့တယ်။ အိမ်မှာ ခွေးမကြီးကလည်း မွေးထားကာစဆိုတော့ (သဘောတူမယ်ဆိုရင်) ခွေးပေါက်ကလေးတွေနဲ့ အတူတူထားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောပါတယ်။

“ပထမဆုံးရက်မှာတော့ ခွေးမကြီးဟာ ချီတုံချတုံဖြစ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ နို့တိုက်ပါတယ်။ ၁ ပါတ် လောက်အကြာမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ သူ့ရင်သွေးတွေလိုပဲ ပြု စုစောင့်ရှောက်နေပါတယ်။”

လက်ရှိမှာတော့ ခွေးမကြီးနဲ့ ၀က်ပေါက်ကလေးတွေရဲ့ ဒီအဖြစ်အပျက်ဟာ ကျော်ကြားနေပြီး ဒေသတွင်းက စိတ်ဝင်စားသူတွေက လာရောက်ကြည့်ရှုနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166934

Read More »

Saturday, August 27, 2016

အမျိုးသမီးက ဆိုင်ကယ်၊ တိုက်ခန်းတို့ဖြင့် အမျိုးသားကို လက်ထပ်ခွင့်တောင်း




ဒီနေ့ခတ် လူပုံ အလယ်မှာ အမျိုးသားက အမျိုးသမီး တွေကို လက်ထပ်ခွင့် တောင်းခံတာတွေ ခေတ်စား လာပေမယ့် တရုတ်နိုင်ငံ မှာတော့ အမျိုးသမီးက မော်တော် ဆိုင်ကယ် အသစ်၊ တိုက်ခန်းကို ပူးတွဲ ပိုင်ဆိုင်ခွင့်နဲ့ အမျိုးသားကို လက်ထပ်ခွင့် တောင်းခံ ခဲ့ပါတယ်။

အမျိုးသားက ဘယ်လို ပြန်ဖြေ ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။



သြဂုတ် ၂၄ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ချန်ဒူးမြို့က ဈေးဝယ် စင်တာတခုမှာ ဟာလေဒေးဗစ်ဆင် ဆိုင်ကယ်နဲ့ မင်္ဂလာ ၀တ်စုံကို ဆင်မြန်း ထားတဲ့ အမျိုးသမီး တဦးကို တွေ့ရ တယ်လို့ တရုတ် လူထုနေ့စဉ် အွန်လိုင်း သတင်းက ရေးပါတယ်။

ဒီနောက် ရည်းစားကို လက်ထပ်ခွင့် တောင်းပြီး လက်ထပ် ခဲ့ရင် သူပိုင်တဲ့ တိုက်ခန်း လိုင်စင်မှာလည်း အမျိုးသား နာမည်ကို ထည့်သွင်း ပေးမယ်ဆိုပြီး ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။



တိုက်ခန်း လိုင်စင် မိတ္တူ တစောင်ကို အမျိုးသမီးက ယူလာ ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အမျိုးသားက အမျိုးသမီးရဲ့ လက်ထပ်ခွင့် တောင်းဆိုချက်ကို လက်ခံ ခဲ့ပါတယ်။

သတင်းဓာတ်ပုံ –People’s Daily, China

by DVB

Originally published at - http://burmese.dvb.no/archives/165750

Read More »

တရုတ်နိုင်ငံ ကွင်ဟေးကန်က ထူးဆန်းသည့် ရေဆင်နှာမောင်းများ




တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ကွင်ဟေး ခရိုင်က ကွင်ဟေး ရေကန်မှာ ရေဆင် နှာမောင်းတွေ ဖြစ်နေ တာကို ထူးထူး ခြားခြား တွေ့ရမှာ ဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက်က ဖြစ်ပေါ် ခဲ့တဲ့ ဒီ ရေဆင် နှာမောင်းဟာ တခုကို ၅ မိနစ် နီးပါး ကြာမြင့်ပြီး ခရီးသွား တွေက ဖုန်းကနေ တဆင့် ဒီဖြစ်ရပ်ကို မှတ်တမ်း တင်ထား ပါတယ်။

လေပူနဲ့ လေအေးတွေ စီးဆင်းရင်း ဒီနေရာမှာ ဆုံမှတ် ဖြစ်ကာ ဖြစ်ပွား လာတာ ဖြစ်ပြီး ရေဆင်နှာမောင်းကို ရေပေါ်မှာ ဖြစ်တဲ့ တော်နာဒို လို့လည်း တချို့က ခေါ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ၁ နာရီ အတွင်းမှာ ရေဆင်နှာမောင် ၉ ခုအထိ ဖြစ်ခဲ့ဖူး တယ်လို့ ဆိုပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/165738

Read More »

Sunday, August 21, 2016

တင်ကျီးငှက်ဖြင့် တရုတ်ရိုးရာ ငါးဖမ်းနည်း




တရုတ်နိုင်ငံ တောင်ပိုင်းမှာ တံငါသည် တွေက တင်ကျီးငှက်ကို အသုံးပြုပြီး ငါးတွေကို ဖမ်းလေ့ ရှိ ပါတယ်။

ဒီလို ဖမ်းဖို့ အတွက် တင်ကျီးငှက် တွေကို ပထမဆုံး လေ့ကျင့် သင်ကြားပေး ထားရတာ ဖြစ်ပါ တယ်။

ဒီနောက် သူတို့ကို ရေထဲ လွှတ်ပြီး ငါးတွေကို ဖမ်းခိုင်း ရပါတယ်။ ဒီလို ဖမ်းတဲ့ နေရာမှာ ငါးတွေကို အရှင်ဖမ်း ရမှာဖြစ်ပြီး တံငါသည်ရဲ့ ပိုက်ထဲကို ပြန်ထည့်
ပေးရမှာ ဖြစ်ပါတယ်။

ဒီငါးဖမ်းတဲ့ အလေ့အ ထကို တခြားဒေသက ခရီးသွား ဧည့်သည်တွေက လာရောက် ကြည့်ရှုလေ့ရှိ ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164864

Read More »

Sunday, August 14, 2016

မလေးရှားတွင် အစွယ်ပြောင်းပြန် ပေါက်နေသည့် ဆင်တွေ့ရှိ




မလေးရှား နိုင်ငံက ဆီအုန်း စိုက်ပျိုးရေး ခြံတခြံမှာ ပြီးခဲ့တဲ့ တပတ်က ဆင်စွယ် ပြောင်းပြန် ပေါက်နေတဲ့ ဆင် တကောင်ကို ဒေသခံ တောရိုင်း တိရစ္ဆာန် သုတသန အဖွဲ့ တဖွဲ့က တွေ့ရှိ မှတ်တမ်း တင်ခဲ့ ပါတယ်။

အခုလို ဆင်စွယ် နောက်ပြန် ပေါက်တဲ့ ဆင်မျိုးဟာ အတော်ကို ရှားပါး ပေမယ့် မလေးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေ တုန်းကလည်း တွေ့ရှိ ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် တုန်းကလည်း တကောင် တွေ့ရှိ ခဲ့ပြီး ဘာကြောင့် ဒီဆင်တွေမှာ ဆင်စွယ်နောက်ပြန် ပေါက်တယ် ဆိုတာ မသိ ရသေးပါဘူး။

အခုလိုဆင်စွယ် နောက်ပြန်ပေါက်တဲ့ ဆင်တွေဟာ တခြားဆင်တွေကို ရန်ဆိုင် တွန်းလှန်တဲ့ အခါမှာ အတော်ကို ခက်ခဲ မယ်လို့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။

ဒါကြောင့် အဲ့ဆင်တွေ အတွက် သင့်တော်တဲ့ နေရာတွေ့ရင် ပြောင်းရွှေ့ ထားဖို့လည်း စီစဉ်နေပြီး နောက်ယောင်ခံ ကိရိယာ တပ်ဆင်ပြီး ကာကွယ် စောင့်ရှောက် သွားမယ်လို့ ဌာနက ပြောဆို ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/163847

Read More »

Friday, August 12, 2016

ရေမြွှာအိတ်မပေါက်ဘဲ မွေးဖွားလာသည့် အံ့ဖွယ်ကလေးငယ်




ဒါဟာ တကယ့်ကို အံ့အား သင့်စရာ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စ တခုပါပဲ။

မွေးကင်းစ ကလေးငယ် တဦးဟာ မွေးဖွား လာချိန်မှာ ရေမြွှာအိတ် အတွင်းမှာ ခွေ လျက်သား အခြေ အနေနဲ့ မွေးဖွား လာခဲ့တာ ဖြစ်ပြီး ဒါဟာ ကလေး မွေးဖွားမှု အကြိမ်ရေ ၈ သောင်းမှာမှ တကြိမ် ဖြစ်နိုင်ချေ ရှိတာမျိုးပါ။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၆ ရက်နေ့က စပိန်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမြွှာကလေး ၂ ဦးမှာ တဦးက သာမန်အခြေအနေနဲ့ မွေးဖွားအပြီးမှာ နောက်တဦးက ရေမြွှာ အိတ်အတွင်းမှာ မပေါက်ဘဲ မွေးဖွားလာခဲ့တာပါ။

ဆေးရုံမွေးခန်းစားပွဲပေါ်မှာတွေ့ရတဲ့ ကလေးငယ်ဟာ ရေမြွှာလုံးအတွင်း ချက် ကြိုးတွေနဲ့ ချိတ်ဆက်လျက်သား ခွေခွေကလေး ကွေးနေပြီး လှုပ်ရှားနေတာကို တွေ့ရပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ ကလေးမွေးဖွားမှုဖြစ်စဉ်မှာ ရေမြွှာအိတ်ဟာ ပေါက်ထွက်ပြီးမှ ကလေးကို မွေးဖွားလာရမှာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆရာဝန်တွေဟာ ခွဲစိတ်ခန်းသုံး ကပ်ကြေးကို အသုံးပြုပြီး ကလေးငယ်ကို အပြင်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်စဉ်တခုဖြစ်တာမို့ ဆရာဝန်တွေ နဲ့ သူနာပြုဆရာမတွေဟာ ၀ိုင်းအုံရောက်ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုဘ်အအင်တာနက်စာမျက်နှာပေါ်မှာ တနေ့တည်းတင် ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၆ ဒဿမ ၈ သန်းထက်မနည်း ရှိခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/163481

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...