အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 28, 2016

အပေါ်ပိုင်းဗလာ ယာဉ်ထိန်း ရုရှား အမျိုးသမီးများ




ရုရှား လူမျိုးတွေရဲ့ လုပ်ဆောင်မှုမျိုး သင် အရင်က တွေ့ဘူးမှာ မဟုတ်ပါဘူး။

ရုရှားနိုင်ငံက ရဲတွေက ကားသမားတွေ ကားကို အရှိန်လျှော့ မောင်းနှင်ကြဖို့ နည်းလမ်း သုံးပြီး လုပ်ဆောင် လိုက်ကြ ပါတယ်။ နည်းလမ်းကတော့ အပေါ်ပိုင်း အ၀တ် အစား မပါဝင်တဲ့ အမျိုးသမီး နှစ်ဦးက အရှိန်လျော့ ရမယ့် နှုန်းရေးထားတဲ့ ဆိုင်းဘုတ် ကိုင်ပြ ထားတာပါ။

ဒီလို စမ်းသပ် လုပ်ဆောင် လိုက်တာက တကယ်ကို သိသာတဲ့ အောင်မြင်မှု ရရှိခဲ့ ပါတယ်။ ဘရိတ်ကို အုတ်ပြီး မောင်းသွားကြတဲ့ အများစုကတော့ အမျိုးသားတွေ ပါပဲ။

မော်စကိုမြို့ကနေ ၄၀၀ ကီလိုမီတာ အကွာ အဝေးမှာ ရှိတဲ့ Nizhny Novgorod နယ်ရဲ့ အသေ အပျောက်များတဲ့ နေရာမှာ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆ မှုတွေနဲ့ အသေအပျောက် အများဆုံး နိုင်ငံဖြစ်ပြီး တစ်နှစ်ကို အသေ အပျောက် ၃ သောင်းထက် မနည်း ရှိပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလဲ အပေါ်ပိုင်း အ၀တ်အစား မပါတဲ့ အမျိုးသမီးတွေက လုံခြုံ စိတ်ချရမှု အတွက် ဆိုင်ကယ် ဦးထုတ်ဆောင်း၊ ဒေါက်မြင့်ဖိနပ်စီး ပြီး ပညာပေး ဟန်ရေးပြခဲ့ ပါသေးတယ်။

Ref : UPI

Originally published at - http://knowledge.thithtoolwin.com/2016/09/blog-post_26.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...