အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စိတ်ထားမြင့်မြတ်သူများ. Show all posts
Showing posts with label စိတ်ထားမြင့်မြတ်သူများ. Show all posts

Friday, January 27, 2017

ရေစီးထဲ မျောပါမည့် ခွေးကလေးကို ကယ်တင်ခဲ့သည့် အဖော် ခွေးကလေး




မြစ်ပြင် ရေစီး ကြမ်းကြမ်း ထဲကို မျောပါ တော့မယ့် ဆဲဆဲ ဖြစ်နေ ခဲ့တဲ့ ခွေးကလေးရဲ့ အသက်ကို သက်စွန့် ဆံဖျား ကယ်တင် ခဲ့တဲ့ အဖော် ခွေး ကလေး တကောင်ရဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်း စားနေ ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ ကော်ဒိုဗာမြို့မှ ရေစီးသန်တဲ့ မြစ်တခု အနီးမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အနက်ရောင် လက်ဘရေဒေါ (Labrador) အမျိုးအစား ခွေးကလေးဟာ သခင်ဖြစ်သူ အမျိုးသားတဦးနဲ့အတူ မြစ်ကမ်းဘေးမှာ ရှိနေခဲ့တာဖြစ်ပြီး သခင်က တုတ်တချောင်းကို လွှဲပစ်လိုက်ချိန်မှာ သူက လိုက်ဖမ်းဖို့ ကြိုးစားခဲ့တာပါ။

သူဟာ ရေထဲကျသွားတဲ့တုတ်ကို ဖမ်းမိခဲ့ပေမယ့် ကံမကောင်းစွာပဲ မြစ်ရေစီးကြောင်းကြားထဲကို ပြုတ်ကျခဲ့ပြီး မျောပါတော့မလို ဖြစ်ခဲ့တာပါ။

အဲဒီအချိန်မှာ ကမ်းပေါ်မှ သူ့ရဲ့အဖော် အ၀ါရောင်ခွေးကလေးက သူ့ကို ကယ်တင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

သူဟာ ရေထဲက ခွေးကလေးဆီမှ ကိုက်ချီထားတဲ့ တုတ်ချောင်းကို ပါးစပ်နဲ့ လှမ်းကိုက်ဆွဲယူပြီး ကမ်းပေါ်ကို ဆွဲတင်နိုင်ခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရာဖဲလ် ဖရန့်ဆီယူလီ အမည်ရသူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ ချိန်မှာတော့ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သောင်း ၅ ထောင် ၉ ရာကျော် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186213

Read More »

Wednesday, December 7, 2016

ယောကျာ်း တစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး




ယောက်ျား တစ်ယောက် အလုပ်ကိုင် အောင်မြင်ဖို့ ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့ မိခင်၊ ဖခင်တွေက အဓိက ပံ့ပိုးမှုတွေ ပေးခဲ့ ရတာပါ။ ဒါပေမဲ့ အိမ်ထောင် ရက်သား ကျလာတဲ့ အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီး အဓိက ကျသွားပါပြီ။

ပံ့ပိုးတယ်ဆိုတဲ့ အရာဟာ ငွေကြေးပိုင်း ရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချက်တွေနဲ့လည်း အများကြီး ဆက်နွယ်နေ ပါသေးတယ်။

မိန်းမ တစ်ယောက်ဟာ ယောကျာ်း တစ်ယောက်ကို အအောင်မြင်ဆုံး နေရာကို တွန်းပို့ နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချ တတ်ပါသေးတယ်။

ဒီတော့ မိန်းမ တစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိက ကျတတ်သလဲ ဆိုတာနဲ့ ဘယ်လို အချက်လေးတွေ ပိုင်ဆိုင် ထားရမလဲ ဆိုတာကို ကြည့်လိုက် ကြရအောင်။

၁။ သဘောထားကြီးပြီး လူအကဲခတ် တော်တဲ့ မိန်းမ

သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့ မျက်တောင် တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲ ဆိုတာကို အကဲခတ် ခန့်မှန်း သိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့ အတူ ပျော်ရွှင်မှုတွေကို ခံစားပေး တတ်ပါတယ်။

သင်မျက်မှောင် တစ်ချက် ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်က ပျော်ရွှင်ချင်ယောင် ဆောင်ပြ ဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစား နားလည် ဖြေရှင်းပေး တတ်ပါတယ်။

၂။ ဂုဏ်သတင်း ကျော်ဇော် မွှေးပျံ့တဲ့ မိန်းမ

သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေ တတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူး ဂုဏ်ရှိန်တွေ ရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင့်ကို နေရာပေး လေးလေး စားစား ဆက်ဆံ တတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံ တောက်ပ စေပါတယ်။

၃။ သဘာဝ အလှလေးနဲ့ အေးချမ်းတဲ့ မိန်းမ

သူမရဲ့အလှဟာ ပန်းလေး တစ်ပွင့်လို မတောက်ပ နေပေမဲ့ အေးချမ်းမှု ရှိပါတယ်။ သင်ကြည့် လိုက်တိုင်း သူမဟာ အေးချမ်းတဲ့ အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာ နေပါလိမ်မယ်။

သင့်ရဲ့ လုပ်ငန်းခွင် ထဲမှာ သင့်တွက် အထောက်အပံ့ မပေးနိုင်ပေမဲ့ တခြား မိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကို အေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။

၎။ ဦးနှောက်ပြေးတဲ့ မိန်းမ

သူမဟာ အင်မတန်မှ ထိုးထွင်း ဥာဏ်ရှိပြီး သင့် အခက်ခဲလေး တစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့ သူမျိုးပါ။
စီးပွားရေး လုပ်တဲ့ အခါမှာလည်း သင့်ကို နောက်ကွယ် ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ ရအောင် ပို့ဆောင်ပေးတဲ့ သူမျိုးပါ။

၅။ ပေါ့ပေါ့ ပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းမ

ဒီလိုမိန်းမ တွေဟာ သင်ဘာပဲ လုပ်လုပ် အမြဲတစေ ယုံကြည်ချက် အပြည့်နဲ့ အားပေး တတ်ပါတယ်။ သင် အောင်မြင် သွားခဲ့ ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင် တက်ပြမှာ မဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ ရင်လည်း ငြူစူ ပြောဆိုနေမှာ မဟုတ်ပါဘူး။

အရမ်း စိတ်ညစ်နေတဲ့ အချိန်မှာ သင့်ကို နွေးထွေးစွာ အားပေး ပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက် တွေနဲ့ ပြတ်သားမှု တွေကြောင့် သင်ဟာ လဲရာမှ ချက်ချင်းတောင် ပြန်ထ ထိုင်နိုင် လောက်အောင် သူမ စွမ်းဆောင်နိုင် ပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ မိန်းမ

သူမဟာ အင်မတန်မှ မိမိကိုယ်ကို အမြဲလိုလို အပြင်ဆင် ပိုင်းမှာရော ဂုဏ်သိက္ခာ ပိုင်းတွေ မှာပါ ခြယ်သပြင်ဆင် နေလေ့ ရှိပါတယ်။ သူမဟာ ဘယ်တော့ မဆို သူကြောင့် သင်နံမည် ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့ အခါမှာလည်း သူ့ကြောင့် သင်ဟာ အလိုလို နေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမ မျိုးပါ။

ဘယ်တော့မှ သူ့ အလှကြောင့် သင့်ရဲ့ ပူပန်မှုတွေကို အနေထိုင် တွေနဲ့ ဖျောက်ဖျက် ပစ်တတ် ပါတယ်။

၇။ တာဝန်ယူတတ်တဲ့ မိန်းမ

သူမဟာ သင့်ရဲ့ဝင်ငွေ ထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲ စီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာ သုံးပြီး သင့်ကို ဘယ်တော့မှ စားဝတ်နေရေး အတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့ နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ် အပြည့်လည်း ရှိတတ် ပါတယ်။

၈။ စကားပြောဆို ကျွမ်းကျင်တဲ့ မိန်းမ

သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင် တတ်ပြီး အပေါင်းသင်း ဆံ့တဲ့သူ ဖြစ်ပါ လိမ့်မယ်။ သူမနဲ့ စကားပြော လိုက်တိုင်း လူတိုင်း စိတ်ချမ်းသာ ရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေ မျိုးမှာ ဘာပြော ရမလဲ ဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်း ဆွဲဆောင်နိုင်ပါတယ်။ သူမကြောင့်ပဲ သင်ဟာ ဒိထက် ကျယ်ပြန့်တဲ့ အသိုင်းဝိုင်း တစ်ခုကို သိကျွမ်းခွင့် ရနိုင်တာ မျိုးလည်း ဖြစ်တတ်ပါတယ်။

၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့ မိန်းမ

သူမဟာ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ အင်မတန်မှ ပညာသား ပါပြီး အရာရာ စိတ်ချ ရပါတယ်။ ဘယ်တော့မှ သေးသေး မွှားမွှား ကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီ မရောက်စေပဲ ဖြေရှင်း တတ်ပါတယ်။

သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှ မထိခိုက်စေပဲ အိမ်မှု ကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင် စီမံတတ်ပြီး သင့်ကို အလုပ် လုပ်တဲ့ နေရာမှာ စိတ်အပြည့် ၀ရအောင် လွှတ်ထားပေး တတ်ပါတယ်။

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2015/04/blog-post_207.html

Read More »

Wednesday, December 30, 2015

အမည်မဖော်လိုသူ အလှူရှင်က ထီလက်မှတ် စောင်ရေ ၂၀၀၀ ခန့်ကို ဓာတ်လှေကား အတွင်း ထားရစ်ခဲ့




တိုချီဂီ ၊ ၃၀-၁၂-၂၀၁၅

ဂျပန်နိုင်ငံ တိုချီဂီစီရင်စု တိုချီဂီမြို့တော် ၌ အမည် မဖော် လိုသူ အလှူရှင် တစ်ဦးက ထီလက်မှတ် စောင်ရေ ၂ဝဝဝ ခန့်နှင့် ပေါက်ဂဏန်း ပါသည့် ထီလက်မှတ်မှ ရရှိသော အကျိုး အမြတ်ကို ရေဘေးသင့် ဒုက္ခသည် များကို ပေးအပ်ရန် တောင်းဆို ထားသည့် စာတစ်စောင်ကို ဓာတ်လှေကား အတွင်း ထားရစ် ခဲ့ကြောင်း ဂျပ န်ရဲတပ်ဖွဲ့ ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ဂျပန်ယန်းငွေ ၆ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၄၉၈ဝ) နှင့် တန်ဖိုးညီမျှသည့် ထီလက်မှတ်များ နှင့် အလှူရှင်၏ တောင်းဆိုစာ တို့ကို တိုချီဂီမြို့ မြို့တော်ခန်းမ ယာဉ်ရပ်နားကွင်း ဓာတ်လှေကား အတွင်း၌ အဘွားအို တစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

ထီလက်မှတ်များနှင့် တောင်းဆိုစာ ထည့်သွင်းထားသော စက္ကူအိတ် ပေါ်တွင် တိုချီဂီမြို့တော် အုပ်ချုပ်ရေးရုံး နှင့် မြို့တော်ဝန် တို့ထံ လိပ်မူထားကြောင်း ဂျပန်ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်မည့် နှစ်သစ်ကူးအကြို ထီကံစမ်းပွဲ၌ ထီလက်မှတ် တစ်စောင်၏ အမြင့်ဆုံး ဆုကြေးမှာ ယန်းငွေ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ သန်း) ဖြစ်ကြောင်း သိရသည်။ ဓာတ်လှေကား အတွင်း တွေ့ရှိခဲ့သည့် ထီလက်မှတ် များကို ပိုင်ရှင်အဖြစ် တောင်းဆိုသူ ပေါ်လာချိန်ထိတိုင် ငါးလကြာ ထိန်းသိမ်း ပေးထားမည် ဖြစ်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ယခုနှစ် နွေရာသီအတွင်း တိုချီဂီ စီရင်စု၌ မိုးသည်းစွာ ရွာသွန်း၍ ရေလွှမ်းမိုးမှု များကြောင့် လူခုနစ်ဦး သေဆုံးပြီး လူနေအိမ် ရာပေါင်းများစွာ ပျက်စီး ခဲ့ရကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2015/12/blog-post_679.html


Read More »

Tuesday, December 15, 2015

အယ်ဇိုင်းမားရောဂါ ခံစားနေရသည့် အမေကို မအိပ်ခင် ကပြသည့် ထိုင်းမင်းသမီး (ရုပ်သံ)




ထိုင်းနိုင်ငံက လူမှုရေး ကွန်ရက် မှာတော့ အိပ်ရာ မ၀င်ခင် အယ်ဇိုင်းမား ရောဂါ ခံစားနေ ရတဲ့ အမေကို မင်းသမီးက ကပြနေတဲ့ ရုပ်သံ ဖိုင်ကို ပြန့်နှံ့နေ ပါတယ်။

မင်းသမီး နာပါပါ ပတ်တန်ထရာကွန်းက အိပ်ရာ မ၀င်ခင် အမေ ပြုံးပျော်ရွှင်ဖို့ ကပြနေတဲ့ ဒီရုပ်ဖိုင်က ဒီဇင်ဘာ ၁၄ ရက်က စတင် ပျံ့နှံ့ သွားတာ ဖြစ်ပါတယ်။

ပတ်ရဲ့ အင်စတာဂရမ် အကောင့်မှာ ရုပ်သံဖိုင်ကို ကြိုက်နှစ်သက်သူ ၂သောင်း ၂ ထောင် အထိ ရှိသွားပြီ ဖြစ်ပါတယ်။

အယ်ဇိုင်မား aရာဂါခံစား aနရတဲ့ အမေကို ဖုန်းက ပေါ့ပ် သီချင်းဖွင့်ပြီး ကပြခဲ့ရာမှာ အမေ ကလည်း သမီးကို ပြန်လည် တုံ့ပြန် ခဲ့ပါတယ်။

စီးပွားရေး ရုပ်သံ တင်ဆက်မှုနဲ့ နာမည်ကြီးတဲ့ ပတ်က အမေ အတွက် ကကြပါစို့ ဆိုပြီး ရေးသား ခဲ့သလို အမေကို ကောင်းကောင်း အိပ်စေချင် သလို အိမ်မက် လှလှ မက်စေချင် တယ်လို့ ပြောပါတယ်။

အင်တာနက် အသုံးပြုသူတွေက အသက် ၂၉ နှစ် မင်းသမီးရဲ့ အပြုအမှုကို ချီးကျူးခဲ့ပြီး တခြားသူတွေ အတွက် နမူနာကောင်း တခု ဖြစ်တယ်လို့ ပြောဆိုနေ ကြပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126997


Read More »

Thursday, November 12, 2015

၁၁ နှစ်အရွယ် ကလေးငယ် ကိုယ်အင်္ဂါလှူဒါန်းမှု လူ ၆ ဦးအသက် ကယ်တင်နိုင်




တရုတ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးဟာ သေဆုံးပြီးတဲ့ နောက်မှာ သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းခဲ့ပြီး အဲဒီလှူဒါန်းမှုဟာ လူ ၆ ဦးရဲ့အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။



စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေမှာတော့ အထွေထွေရောဂါကုဆေးရုံ တရုံမှာ သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မဖယ်ထုတ်ခင် ခွဲစိတ်ခန်းတွင်းပုံတွေကို တွေ့ရပါတယ်။

တွန်ယာ့ထင်အမည်ရ အဲဒီမိန်းကလေးငယ်ဟာ နာတာရှည် အာရုံကြောရောဂါ ခံစားခဲ့ရပြီး ကြွက်သားအားနည်းမှုဖြစ်ကာ ရက်ပေါင်း ၅၀ ကျော် သတိလစ် မေ့မြောနေခဲ့ပြီးနောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဘေဂျင်းနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

သူသေဆုံးပြီးနောက်မှာ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ မျက်ကြည်လွှာ စတာတွေကို လှူဒါန်းမှာဖြစ်ပြီး အဲဒါဟာ လူနာ ၆ ဦးရဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အဲဒီမိန်းကလေးငယ်ရဲ့ မိဘတွေက မေ့မြောနေရာကနေ ပြန်လည်နိုးထလာဖို့ မျှော်လင့်ချက် မရှိတော့ချိန်မှာ တခြားနည်းလမ်းတခုနဲ့သာ အသက်ရှင်သန်စေချင်ပြီး သူ့ရဲ့ကိုယ်အင်္ဂါတွေကို လှူဒန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ဆေးဝါးကုသမှုအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်း လိုအပ်မှု မြင့်တက်နေတာဖြစ်ပြီး နှစ်စဉ်ခန့်မှန်းခြေ လူနာပေါင်း ၃ သိန်းကျော်ဟာ အလှူရှင် စောင့်နေကြရတာပါ။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအရ သေဆုံးသွားတဲ့သူကို အကောင်းပကတိ မြေမြှုပ်သင်္ဂြိုဟ်ဖို့ လိုက်နာရတဲ့အတွက် လူနာအယောက် ၃၀ မှာ တယောက်လောက်သာ ကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ကုသခံယူမှု အောင်မြင်တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီလတုန်းက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံသား ၁၀ သန်းမှာ ၆ ဦးလောက်သာ သေဆုံးပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုတွေလုပ်ကြပြီး ကမ္ဘာပေါ်မှာ အနိမ့်ဆုံးနှုန်းဖြစ်တယ်လို့ စီစီတီဗွီသတင်းက ဆိုပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122143

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Wednesday, October 28, 2015

မွေးကာစ ကျားသစ်ပေါက်လေးကို ပါးစပ်ချင်းတေ့ပြီး အသက်ကယ်ခဲ့တဲ့ တိမွေးကု




လျှောမွေးဖြစ်တဲ့ ကျားသစ် ပေါက်လေးကို တိမွေးကု ဆရာဝန်က ပါးစပ်ချင်းတေ့ပြီး အသက်ရှူနိုင်ဖို့ ကူညီပေး ခဲ့ပါတယ်။

ကျားသစ်ပေါက် လေးကို အနမ်းပေးခဲ့တဲ့ တိမွေးကု ဆရာဝန် ဒေါက်တာ Patricia Garridoက ကျားသစ်ပေါက်လေးကို Ali လို့ နာမည်ပေး ခဲ့ပါတယ်။

Ali ရဲ့ မိခင် Xena ဟာ ကျားလေးတွေကို မွေးပြီးတာနဲ့ စားပစ် နေတာကြောင့် ဗိုက်ခွဲမွေးဖို့ အတွက် တိရိစ္ဆာန်ရုံ ကနေ ခေါ်ထုတ် ခဲ့ရတာပါ။

“သတ္တ၀ါ တစ်ကောင် အသက်စ ရှင်ပြီး ကျွန်တော်တို့ရဲ့ အကူအညီကြောင့် အသက်စ ရှူတာကို မြင်ရတဲ့ အတွေ့အကြုံက အံ့သြစရာပါပဲ။ ပြောမပြနိုင်လောက်အောင်ပေါ့ဗျာ။” လို့ တိမွေးကု ဆရာဝန် Antonio Rodriguez ကပြောပါတယ်။

ကျားသစ်ပေါက်လေးကို ဗိုက်ခွဲမွေးရာမှာ တိမွေးကု ဆရာဝန်၊ သူနာပြုနဲ့ အကူ အားလုံးပေါင်း ၁၂ယောက် ပါဝင်ခဲ့ ပါတယ်။ ကျားသစ်ပေါက် ထီးလေး Ali ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာတော့ သူတို့အားလုံး စိတ်ချမ်းသာ ခဲ့ရပါတယ်။

Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_29.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 22, 2015

မျက်မမြင်အဖိုးအိုကို ၃၁ နှစ်တာလုံး စေတနာနဲ့ ပြုစုပေးခဲ့တဲ့ အသက် ၆၀ အမျိုးသမီးကြီး




“ခင်ရာဆွေမျိုး၊ မိန်ရာ ဟင်းကောင်း”ဆိုတဲ့ မြန်မာ စကားပုံ တခုလို သွေးတော် သားစပ်မှ ဆွေးမျိုး ဖြစ်ရတယ် မဟုတ်ပါဘူး။ သွေးမတော် သားမစပ် ဘဲနဲ့လည်း ရှေးရေစက် သံယောဇဉ် တွေကြောင့် မခွဲမခွာ အတူနေထိုင် ကြ ချစ်ခင်စုံမက် ကြရတယ်ဆိုတာ တရုတ်ပြည် Chongqing ကျေးလက် ဒေသရှိ ရွာလေး တရွာက မိသားစု မရှိဘဲ နေထိုင် နေရတဲ့ မျက်မမြင် အဘိုးအို တဦးရဲ့ အဖြစ်က သက်သေပြ နေပါတော့တယ်။



အဖြစ်က ဒီလိုပါ။ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အသက် ၂၉ နှစ် အရွယ် တရွာတည်းနေ ဂျန်ဖန်မင်း ဆိုသူ အမျိုးသမီးနဲ့ သူ့ခင်ပွန်း တို့ဟာ အဆိုပါ မျက်မမြင် အဖိုးအိုကို ပြုစု စောင့်ရှောက်ဖို့ အတွက် သူတို့ရဲ့ မိသားစုထဲသို့ ခေါ်ဆောင် လာခဲ့ ပါတော့တယ်။



“ဖန်မင်းဟာ ကျနော့ သမီး အရင်း ထက်ကို ပိုကောင်း ပါတယ်။ သူ ကျနော့ကိုသာ မစောင့်ရှောက် ခဲ့ဘူး ဆိုရင် ကျနော် ဒီနေ့ ထက်ထိ အသက်ရှင် နေထိုင်နိုင်မှာ မဟုတ်ပါဘူး။ သူသာ ကျနော့ကို ပြုစု ခဲ့မယ် ဆိုရင် အသက် ၁၀၀ အထိ နေနိုင်မှာပါ” လို့ အဖိုးအိုက BTV သတင်းဌာနမှ သတင်းထောက်ကို ပြောပါတယ်။



အဆိုပါ လင်မယားနှစ်ဦးဟာ သူတို့ရဲ့ ကလေးငယ် သုံးဦးကိုလည်း ပြုစု ပျိုးထောင်ရင်း အဖိုးအိုကိုလည်း ကျွေးမွေး စောင့်ရှောက် ခဲ့ကြတာပါ။ ဇန် အမျိုးသမီးဟာ အဖိုးအိုအား လုအဖေလို့ စခေါ်ပြီ ဆိုကတည်းက သူတို့ရဲ့ သားသမီးတွေ ကလည်း အဖိုးလို့ လိုက်ခေါ်ကြပြီး မိသားစု တခုလို နွေးထွေးမှုကို ခံစား လာရကာ လုအဖိုးအို အတွက် စိုးရိမ်ကြောင့်ကြမှု တွေပါ ကွယ်ပျောက် ခဲ့ရတာပါ။



ကြင်နာသနားတတ်တဲ့ လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အဖိုးအိုရဲ့ ဝေယျာဝစ္စ ကိစ္စမှန်သမျှ အပြင် အောက်ခြေသိမ်း အလုပ်မှန် သမျှကိုပါ မညဉ်းမညူ စတမ်း လုပ်ကိုင် လာခဲ့ပေးတာပါ။

အဆိုပါ လင်မယားနှစ်ဦးရဲ့ ဆင်းရဲနွမ်းပါးတဲ့ ငွေးကြေး၏ အခြေအနေကြောင့် ဇန်ဖန်မင်းရဲ့ အမျိုးသား ဖြစ်သူဟာ မြို့တက်ပြီး တနှစ်ပတ်လုံး အလုပ် သွားရောက် လုပ်ကိုင်နေ ရတာပါ။ ဒါ့ကြောင့် ဇန် အမျိုးသမီး ကသာ လုအဖိုးအိုကို ဒီနှစ်ပိုင်းတွေမှာ တောက်လျှောက် ပြုစု လုပ်ကိုင်ပေး ခဲ့ရပါတယ်။



“ကျမ အမျိုးသားနဲ့ အတူ ကျမ အလုပ် လုပ်ဖို့ စီစဉ်ခဲ့ ပါသေးတယ်။ ဒါပေမယ့် လုအဖေကို ထားခဲ့ရမယ် ဆိုရင် သူ့ကို ပြုစုပေးမ ယ့်သူ ရှိမှာ မဟုတ်ဘူး။ သူ့ကို တယောက်တည်း မထားခဲ့ရက် ပါဘူးရှင်” လို့ ဇန်အမျိုးသမိးက ဆိုပါတယ်။

“သူ့ဘ၀တလျှောက်လုံးကို ပြုစုကျွေးမွေးဖို့ ကျမတို့တွေ ကတိပေး ခဲ့ပါတယ်။ ဒီကတိကို အမြဲ ထိန်းသိမ်း ထားမှာပါ” လို့ ယခုဆိုရင် အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ ဇန်ဖန်မင်းက BTV သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။

Ref: CCTVnews

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_67.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 18, 2015

ခန္ဓာကိုယ်ကို တံတားလို ခင်းပြီး ရွှံ့နွံထဲက စုံတွဲကို ကယ်ခဲ့သည့် တံငါသည် (ရုပ်သံ)




ထိုင်းနိုင်ငံ၊ ကရာဘိ ခရိုင်ထဲမှာ ရွှံ့နွံထဲက နော်ဝေနိုင်ငံသား စုံတွဲကို တံငါသည် တဦးက သူရဲကောင်း ဆန်ဆန် ကယ်တင် ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြ ပါတယ်။

အသက် ၄၄ နှစ် အရွယ် ချက်ယူဘွန် ချန်ဒါဟာ ရွှံ့နွံထဲမှာ နစ်နေတဲ့ အဲဒီ သက်ကြီးရွယ်အို စုံတွဲကို တွေ့ခဲ့ပြီး ရွှံ့နွှံထဲကို ချက်ချင်း ဆင်းဆယ်ယူ ကယ်တင် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကယ်တင်ရာမှာ တံငါသည်ဟာ ပထမတော့ နွံထဲနစ်နေတဲ့ စုံတွဲကို လက်နဲ့ ဆွဲယူ ကယ်တင် ပေမယ့် မရတာနဲ့ သူ့ခန္ဓာ ကိုယ်ကို ရွှံ့နွံပေါ် မှောက်လိုက်ပြီး တဦးချင်းကို တက်စေပြီးမှ ကယ်တင် ခဲ့တာပါ။

အဲဒီလို ကယ်တင် ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ ပြီးတဲ့နောက် မှာတော့ သူဟာ သူရဲကောင်း တဦးလို ဖြစ်လာပြီး အများက ချီးကျူးနေ ကြပါတယ်။

ချက်ယူဘွန် ချန်ဒါက “အမျိုးသမီးက ကိုယ်ခန္ဓာက မလေးတော့ အလွယ် တကူပြန်တက်နိုင် ပါတယ်။ အမျိုးသားက နည်းနည်း ကိုယ်အလေးချိန် များတော့ ကျနော် ခုထိ ပခုံးတွေ နာနေတယ်။ ကောင်းကောင်း လမ်းမလျှောက် နိုင်သေးဘူး” လို့ပြောပါတယ်။

နောက်ပိုင်းမှာ အဲဒီနော်ဝေနိုင်ငံသား စုံတွဲဟာ ကရာဘီ မြို့ဝန်နဲ့အတူ ချက်ယူဘွန်ချန်ဒါရဲ့ အိမ်ကိုသွားပြီး ကျေးဇူး တင်ကြောင်းနဲ့ ငွေကြေး တချို့ပေးခဲ့ တယ်လို့သတင်းက ဆိုပါတယ်။

ချက်ယူဘွန် ချန်ဒါကတော့ “ကျနော်ဘာမှ ပြန်မရ ချင်ပါဘူး။ ကျနော်သိတာ တခုပဲ ရှိတယ်။ သူတို့စုံတွဲ ဒုက္ခရောက် နေတာကို ကျနော်မြင်တယ်။ တခုတည်းသော စိတ်က သူတို့ကို ကယ်တင်ဖို့ပဲ” လို့ပြောပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117172

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...