အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label လူမှုဆက်ဆံရေး. Show all posts
Showing posts with label လူမှုဆက်ဆံရေး. Show all posts

Sunday, April 2, 2017

လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ အတွက် သော့ချက် (၇) ခု




လက်ရှိ လုပ်နေ ရတဲ့အလုပ်က ပျင်းရိစရာ ကောင်းလာ တယ်လို့ ခံစားနေ ရပါသလား။ ဒါတွေ ကိုချည်း ထပ်ခါ တလဲလဲ လုပ်နေရလို့ ပင်ပန်း နေပြီလား။ မနက် မိုးလင်းတာနဲ့ အိမ်ကို ကျောခိုင်းပြီး အလုပ်ကို လာရတာဟာ စိတ်ညစ် စရာ ၀မ်းနည်းစရာ အဖြစ် ခံစားနေ မိပြီလား။ ကံကောင်း ထောက်မစွာနဲ့ပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ အတွက် အချက်ကလေး တစ်ချို့ကို တွေ့ရှိ ထားပါတယ်။

၁။ အရာအားလုံးကို မှန်ကန်တဲ့စိတ်ထားနဲ့ စတင်ပါ

ပျော်ရွှင်မှုဆိုတာ များသောအားဖြင့်တော့ ကိုယ်တိုင်ရွေးချယ်ရတဲ့ အခွင့်အရေးတစ်ခုပါပဲ။ အကောင်းမြင်စိတ်ကိုသာ ရင်ဝယ်ပိုက်ထားရင် ကံကောင်းခြင်းတွေ သင့်ဆီရောက်လာမှာပါ။ အလုပ်နဲ့ပတ်သတ်လာရင် အကောင်းဘက်ကမြင်ကြည့်ပါ။ ကဖျက်ယဖျက်စိတ်တွေ အ၀င်မခံပါနဲ့။ ခပ်မြန်မြန်မောင်းထုတ်လိုက်ပါ။ အလုပ်ထဲမှာ ကိုယ့်ကိုပျော်အောင်လုပ်နိုင်တဲ့လူ ဒါမှမဟုတ် ကိုယ်နဲ့အတူတူ ရယ်မောတတ်သူတွေအနားမှာနေပါ။

၂။ အဆိုးတွေကို မောင်းထုတ်ရှင်းလင်းပါ

အလုပ်တိုင်းမှာ အဆိုးမြင်ဝါဒီသမားတွေ ရှိပါတယ်။ သူတို့က ကိစ္စသေးသေးမွှားမွှားလေးတွေကိုတောင် အမြဲတမ်း စောဒကတက်နေကြသူတွေ။ သူတို့နားမှာနေရင်တော့ ကိုယ့်ရဲ့  အကောင်းမြင်စိတ်ကလေးနဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားပါလိမ့်မယ်။ ဖြစ်နိုင်သမျှ ဝေးဝေးရှောင်ပါ။ အရာရာကို မကောင်းတဲ့စိတ်နဲ့ပြောနေတဲ့စကားတွေ ရုံးတွင်းကအတင်းအဖျင်းတွေကို လိုက်ပြီးဖြေရှင်းမနေပါနဲ့။ တကယ်တော့ အတင်းဆိုတာ သူတို့ပြဿနာတွေနဲ့ ကိုယ့်အရည်အချင်းကို အဆိပ်ခပ်နေကြသူတွေဆီက ဆင်းသက်လာတာပါပဲ။

၃။ ကျေးဇူးတင်တတ်ပါစေ

ကျေးဇူးစကားရဲ့  ကြီးမြတ်မြတ်မှုကို သင် ဘယ်တုန်းကမှ လေးလေးနက်နက် မတွက်ဆခဲ့ဘူးမဟုတ်လား။ သင့်အလုပ်ရှင်နဲ့ သင့်လုပ်ဖော်ကိုင်ဘက်တွေကို ကျေးဇူးတင်ပါ။ သူတို့ကို ကျေးဇူးတင်ပါတယ်လို့ ထုတ်ပြောလိုက်တာဟာ လောက၀တ် ယဉ်ကျေးမှုတစ်ခုသာမကဘဲ သူ့တို့အတွက် စိတ်ခွန်အားကို ပေးလိုက်တာဖြစ်တယ်။ သင်က လူတွေကို ကြင်နာတဲ့အခါ သင့်စိတ်ခံစားမှုတွေက သင့်ကို ပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ သင့်နံဘေးက တစ်ချို့လူတွေဟာ သင့်အတွက် ခွန်အားတွေဖြစ်နေတတ်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဖို့ မကြောက်ပါနဲ့။ ဒီလိုပြောလိုက်ရင် သင်နဲ့သူ့ကြားက ပေါင်းသင်းဆက်ဆံရေးဟာ ပိုလို့တောင် ခိုင်မြဲလာပါလိမ့်မယ်။ ဒါ့အပြင် သင့်အပေါ်ကို အသေးအမွှားလေးတွေကအစ သင့်ဆီကို ပိုကောင်းတာလေးတွေ ပေးလာပါလိမ့်မယ်။ အဲ့ဒါ သင့်ကို ပျော်ရွှင်စေမှာပေါ့။

၎။ သည်းခံနိုင်တဲ့ အတိုင်းအတာ

အလုပ်ထဲမှာ ပျော်ချင်တဲ့သင့်အတွက် အရေးကြီးအချက်တွေထဲက တစ်ခုကတော့ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကို ကိုယ်တိုင်သိထားခြင်းပါပဲ။ စိတ်တည်ငြိမ်သူတွေနဲ့ အကောင်းမြင်သမားတွေမှာတောင်မှ ဒေါသစိတ် အနဲငယ်စီ ရှိကြပါတယ်။ သူတို့နဲ့ ပြဿနာမဖြစ်ချင်ဘူးဆိုရင်တော့ သူတို့ သည်းမခံနိုင်လောက်တဲ့အရာတွေကို သွားမထိပါနဲ့။ ကိုယ့်ရဲ့  သည်းခံနိုင်မှုကုန်ဆုံးချိန်ကိုလဲ ကိုယ်တိုင်နားလည်ထားရင် ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ပြုပြင် ဆင်ခြင်မိပြီး မကောင်းတာတွေ မလုပ်မိဖို့ ကန့်သတ်ထားပါ။ ဒီလိုမှမဟုတ်ရင်တော့ ၂ဘက်လုံးမှာ အဆိုးတွေချည်း ဖြစ်လာနိုင်ပါတယ်။

၅။ အလုပ်ရှင်ကို လေးစားပါ

သူဌေးကို ချိုသာပျော့ပြောင်းစွာ လေးစားစွာဆက်ဆံတာနဲ့ မျက်နှာချိုသွေးတာက အကွာကြီးပါ။ အလုပ်ရှင်ကို လေးလေးစားစားဆက်ဆံတဲ့အခါ သင်နဲ့သူ့ကြားမှာ နားလည်မှု ယုံကြည်မှုတွေ တိုးပွားလာပါလိမ့်မယ်။ သင့်ရဲ့  အလုပ်လုပ်နိုင်စွမ်းလဲ ပိုမိုမြင့်မားလာသလို သင့်လစာတွေ အပိုဆုကြေးတွေကိုလဲ ပိုမိုတိုးလာစေပါတယ်။ ရိုးသားကြိုးစားမယ် ပြီးတော့ မြင့်မြင့်မှန်းမယ်ဆိုရင် သင့်ရည်မှန်းချက်တွေပြည့်ဝကာ သင့်ကိုလဲ ပျော်ရွှင်စေမှာဖြစ်တယ်။ ဒေါသကြီးလွယ်တဲ့ အလုပ်ရှင်တွေဟာ ချိုသာပျော့ပြောင်းမှုနဲ့ လေးစားမှုကို မလွန်ဆန်နိုင်တာမို့လို့ အလုပ်ရှင်နှင့် သင့်ကြားမှာ လေးစားစွာနဲ့ သိမ်မွေ့စွာပြောဆိုခြင်းက သင့်ကို အောင်မြင်မှု ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။

၆။ အမုန်းဆုံးအလုပ်တစ်ခုကိုဖြေရှင်းခြင်းဖြင့် လုပ်ငန်းစပါ

လူတိုင်းမှာ ကြိုက်တဲ့အလုပ်တွေရော မကြိုက်တဲ့အလုပ်တွေရော ရှိပါတယ်။ ကိုယ်မုန်းတီးရတဲ့အလုပ်တွေ အပါအ၀င်ပေါ့။

တကယ်လို့ သင် ဒါမျိုးကြုံလာပြီဆိုရင် သူတို့ကို အရိုးရှင်းဆုံးနည်းလမ်းတွေနဲ့ စတင်ဖြေရှင်းခြင်းဖြင့် သင့်ရဲ့  အလုပ်အပေါ်စိုးရိမ်မှုတွေကို တိုက်ထုတ်ပစ်ပါ။ ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာကတော့ ရှင်းပါတယ်။ လုံးဝမနှစ်သက်တဲ့အလုပ်တစ်ခုကို ပြုလုပ်ဖို့ ကြုံရတဲ့အခါ ကိုယ်တို့က အချိန်ဆွဲနိုင်သမျှ ဆွဲထားတတ်ကြတယ်။ ဒါပေမဲ့လည်း ဒါကို အနှေးနဲ့အမြန်ဆိုသလို လုပ်ရမှာပဲဆိုတဲ့စိတ်က သင့်ကို လေးလံစေပြီး ပျော်ရွှင်မှုတွေကို ဖျက်ဆီးတတ်ပါတယ်။ ဒီလိုမျိုး မလုပ်ချင်တဲ့အလုပ်ကိုပဲ မနက်ခင်းစောစော လုပ်ငန်းဝင်ခါစတည်းက ဖြေရှင်းပစ်လိုက်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ သင်နှစ်သက်တဲ့အလုပ်တွေက သင့်ကို ပျော်ရွှင်စာ စောင့်နေပါလိမ့်မယ်။ အဲ့တာက ဘာနဲ့တူသလဲဆိုရင် ပေါ့ရွှတ်ရွှတ်အသီးအရွက်တွေစားပြီး သင်အကြိုက်ဆုံးအချိုပွဲကို စားရတာနဲ့ တူပါတယ်။

၇။ အပြုံးတွေနဲ့ ၀န်းရံထားပါ

ရယ်မောခြင်းဆိုတာ အလွယ်ကူဆုံးနည်းပါ။ ဒါပေမဲ့ သိပ်အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါ။ အရယ်အပြုံးကင်းတဲ့နေ့ဟာ လူ့ဘ၀ထဲက နေ့ကောင်းတစ်နေ့ကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါကြောင့် အရမ်းအရမ်းကို အရေးကြီးတဲ့အချက်က သင်ကိုယ်၌ကရော သင့်ပတ်ဝန်းကျင်မှာ အပြုံးတွေနဲ့ တန်ဆာဆင်ပါ။ သင်စိတ်ဓါတ်ကျနေချိန်မှာတောင် ရယ်မောခြင်းက သင့်ကို ပိုမိုတိုးတက်ကောင်းမွန်တဲ့ စိတ်ဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့အရာဆိုတာ သင်နှစ်သက်တဲ့ ဓါတ်ပုံတစ်ပုံလဲ ဖြစ်နိုင်သလို ဟာသတစ်ပုဒ်လဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်နေနေ သင့်အတွက် အဓိပ္ပာယ်ရှိပြီး သင့်ကိုပျော်ရွှင်စေမယ်ဆို အဲ့ဒီလိုအရာတွေနဲ့ နေပါ။ သင့်ကို ပိုမိုပျော်ရွှင်စေတဲ့ လူတွေနဲ့ အရာဝတ္ထုတွေဟာ တိမ်ထူထူကိုဖောက်ထွင်းလာတဲ့ နေရောင်ခြည်နဲ့တူပါတယ်။ သင့်ကိုယ်ရေးကိုယ်တာတွေကြောင့် အလုပ်ထဲမှာ မပြုံးမရယ် ခပ်တည်တည်ကြီးမနေပါနဲ့။

Source : LifeSpan

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/relationships/-id6464679.html


Read More »

Friday, February 19, 2016

ရုပ်မချောပေမဲ့ လှအောင် ဘယ်လိုနေမလဲ




၁ - ခန္ဓာကိုယ်ပုံစံ

ရုပ်ရည်ပိုင်း အားနည်းပေမဲ့ ခန္ဓာကိုယ် ပိုင်းက ပြင်ဆင်လို့ ရပါတယ်။ ဥပမာ- လက်ပြင် ကုန်းရင် ပြင်ဆင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။

၂ - သန့်ရှင်းစွာ

ဆံပင်၊အသားအရေ စတာတွေကို သန့်သန့်ရှင်းရှင်း ထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပါ။

၃ - ယုံကြည်မှု

ယုံကြည်မှုရှိမယ်လို့ ထင်တဲ့ အရာမျိုးကို လေ့လာ ဆည်းပူးပါ။ ဥပမာ - ရုပ်ရည် အားနည်းနေပေမဲ့ နယ်ပယ် တစ်ခုမှာ ထူးချွန် တာမျိုးပါ။



၎ - ဆံပင်ပုံစံ

ဆံပင်ဟာ ဒုတိယ မျက်နှာပါ။ ရုပ်ရည်ပြေပြစ် သူတောင် လိုက်ဖက်တဲ့ ဆံပင်ပုံစံ မရှိရင် ရုပ်ဆိုး သွားတတ် ပါတယ်။ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရှာဖွေပြီး ညှပ်ပါ။

၅ - မျက်နှာ

မျက်နှာကို ဂရုစိုက်ပါ။ ပုံမှန်ပေါင်းတင်ပါ။ ဖြစ်နိုင်ရင် ယုံကြည်ရတဲ့ တန်ဖိုးမြင့် အလှကုန် ပစ္စည်းကိုပဲ သုံးပါ။



၆ - မိတ်ကပ်

မိတ်ကပ်သုံးပါ။ အလွန်အကျွံ ပြင်ဆင် တာမျိုးကို မလိုအပ်ဘဲ မလုပ်ပါနဲ့။


၇ - စိတ်ထားကောင်းပါ


စိတ်ထားကောင်းဖို့ လိုပါတယ်။ ကိုယ့် စိတ်ထားဟာ မျက်နှာမှာ ဖော်ပြပါတယ်။ တစ်ချို့လူတွေဟာ ရုပ်ရည်ပိုင်း အားနည်းပေမဲ့ လူချစ် လူခင် ပေါတာ စိတ်ထားကြောင့်ပါ။



၈ - ပြုံးပါ

မျက်နှာ ချိုတာကလည်း လူတွေကို ဆွဲဆောင်နိုင် ပါတယ်။ အမြဲပြုံးပါ။

၉ - အဝတ်အစား

လိုက်ဖက်တဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။ ခေတ်စားနေတဲ့ စတိုင်တွေ နောက်ကို မလိုက်ပါနဲ့။

၁၀ - အစားအသောက်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေပဲစားတဲ့ အလေ့အကျင့်လည်း ရှိပါ။ နေ့စဉ် အသီးအနှံ ဖျော်ရည် တစ်ခွက် သောက်ပါ။

Photos & Source: wikiHow

Originally published at -


Read More »

Saturday, December 12, 2015

လူယုံကြည်မှု ရနိုင်စေသည့် ကိုယ် အမူအယာ (၅) မျိုး




ဤ ကိုယ်ဟန် အမူအရာ မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောနည်း ဆိုင်ရာ လျှို့ဝှက်ချက် ငါးချက်နှင့် လူတို့၏ ယုံကြည်မှု ကို ရယူ လိုက်ပါ။

စီးပွားရေး လုပ်ငန်းတွင် ဖြစ်စေ၊ တသီးပုဂ္ဂလ ဆက်ဆံရေး များတွင်ဖြစ်စေ၊ အဆင်ပြေ ချောမွေ့မှု ရှိကာ အောင်မြင်မှု ရရှိစေ ရန် ကျွန်ုပ်တို့အားလုံး လိုအပ်သော အရာ တစ်ခု ရှိပါသည်။

Trust ခေါ် ယုံကြည်မှုပင် ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံး သည် လူအများက ကျွန်ုပ်တို့အား ယုံကြည် လာကြစေရန် ကြိုးပမ်း ကြသည်သာ ဖြစ်သည်။ သို့သော် ယုံကြည်မှု ဆိုသည်မှာ တည်ဆောက်ရန် ခက်ခဲသော အရာ ဖြစ်သည်မှာ အမှန်တရားပင် ဖြစ်သည်။

ကံကောင်းစွာပင် ချက်ချင်းပင် ပိုမို၍ ယုံကြည် စိတ်ချ အားကိုးရသော ပုံစံပေါက် စေရန် သင် လုပ်ဆောင်နိုင်သော အရာများ ရှိပါသည်။ ဤဆောင်းပါးတွင် ကိုယ်ဟန် အမူအရာ မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောနည်း ဆိုင်ရာ လျှို့ဝှက်ချက် ငါးချက်နှင့် လူတို့၏ ယုံကြည်ချက်ကို မည်သို့ ရယူနိုင်သည်ကို တင်ပြ လိုက်ပါသည်။

(၁) မျက်လုံးများက ပြောပြနေ ပါသည်။

ယုံကြည်မှု တည်ဆောက်သော အခါ သင်မှတ်မိ လိုသည့် ပထမဆုံးသော အရာမှာ မျက်လုံးချင်း ဆက်သွယ်မှု ပင်ဖြစ်ပါသည်။ မျက်လုံးချင်း ဆုံကာ ဆက်သွယ် မိခြင်းသည် လူတစ်ယောက်နှင့် တွေ့တိုင်း ကျွန်ုပ်တို့၏ မသိစိတ်တွင် ဂရုပြုမိသော အရာများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

ခြေထောက်ကို ထိလိုက်ကြွလိုက်ဖြင့် အဆက်မပြတ် နေရာရွေ့နေပြီး ဟိုဟို ဒီဒီ ကြည့်နေ တတ်သော လူစားမျိုးနှင့် စကားပြောဆိုရန် သင်ကြိုးစား ခဲ့ဖူး ပါသလား။

မျက်လုံးချင်း ဆက်သွယ်မှု ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခြင်းသည် စိတ်ဝင်စားမှု မရှိခြင်း၊ အာရုံပျက် နေခြင်းနှင့် မရိုးမသား ဖြစ်ခြင်း ကိုပင်လျှင် တဖက်သူအား အဓိပ္ပါယ် သက်ရောက် စေပါသည်။ သင်စကားပြောသည့် အချိန်တိုင်း ကောင်းမွန် တည်ငြိမ်သော မျက်လုံးချင်း ဆက်သွယ်မှု ရှိနေစေရန် သေချာအောင် ပြုလုပ်ပေးပါ။

(၂) ဂုဏ်ယူ ၀ံ့ကြွားမှု ရှိပြီး၊ ဘာမဆို ရင်ဆိုင် လုပ်ကိုင်နိုင်သည့် ပုံစံမျိုး နေပါ။

သင်သည် ခေါင်းဆောင်မှု နေရာ တစ်မျိုးမျိုး ဆီသို့ ကြိုးစား လုပ်ကိုင်နေသူ တစ်ဦး ဦးဖြစ်ပါက သင့်ဘာသာ သင် မေးသင့်သော မေးခွန်းတစ်ခုမှာ “သင်၏ ပုခုံး များအား မည်သို့ ထားသနည်း။” ဟူသော မေးခွန်းပင်ဖြစ်သည်။

သင်၏ ကိုယ်နေဟန်ထားမှ ပြောဆိုနေသော စကားများသည် သင် ယူဆကောင်း ယူဆထား သည်ထက် ပိုမို၍ အရေး ပါလှ ပါသည်။ ခါးကိုင်းထားသော အနေ အထားနှင့် ပုခုံးတွဲကျ နေသော အနေ အထားများသည် ယုံကြည်ချက် မရှိခြင်း သို့မဟုတ် ကြိုးစား အားထုတ်မှု မရှိခြင်းတို့ကို တဖက်သူအား အဓိပ္ပါယ် သက်ရောက်စေ ပါသည်။

အကယ်၍ သင်သည် ယုံကြည်ချက်ပြည့်ဝပြီး၊ လုပ်ကိုင်နိုင်စွမ်း ရှိသူ တစ်ဦးအဖြစ် အခြား သူများအား မြင်စေ လိုပါက ဝံ့ဝံ့ကြွားကြွားနှင့် ဘာမဆို ရင်ဆိုင်လုပ်ကိုင်နိုင်သည့် ပုံစံမျိုးနေကာ သင့်ပုခုံးများ ကို နောက်ဘက်သို့ မတ်မတ် ဆွဲထား လိုက်ပါ။

(၃) ဖွင့်ထားသော လက်များ (ဖက်လဲတလင်း ပုံစံပြခြင်းကို ဆိုလို)

သင့်လက်များ မည်သို့ ထားရမည် ဆိုပါက ဖွင့်ထားသော အနေအထား ထားရန် သတိရ လိုက်ပါ။ သင်၏ လက်များကို တောင့်တောင့်ကြီး ထားခြင်း သို့မဟုတ် သင်၏ နောက် ဘက်တွင် လက်ယှက် ဆုတ်ကိုင် ထားခြင်းပြုပါက ဟန်များသော ပုံစံအဖြစ် အမြင်ခံရ မည်ဖြစ် သကဲ့သို့ သင်၏ ရင်ဘတ်ရှေ့တွင် လက်ပိုက်၍ ထားပါကလည်း ခြိမ်းခြောက်နေသော ပုံစံမျိုး ဖြစ်ကောင်းဖြစ်နေမ ည်ဖြစ်သည်။

အကယ်၍ လက်ပိုက်ရမည် ဆိုပါကလည်း သင်၏ ကိုယ်နေဟန် ထားကို လျော့တိ လျော့ရဲနှင့် လှိုက်လှဲမှု ရှိသော ပုံစံထားပါ။ ဤသို့ ပြုခြင်းသည် သင့်အား ဖိတ်ခေါ်မှု ရှိသော ပုံစံပေါက် စေမည် ဖြစ်ပြီး၊ လူတို့အား သင့်အပေါ် ယုံကြည် လာစေမည့် အကြောင်းရင်းမျိုး ပိုမိုပေးစွမ်းရာ ရောက်ပါသည်။

(၄) သင့်ဘာသာသင် ကူညီမှုပေး လိုက်ပါ။

မကြာခဏပင် လူတို့သည် သူတို့၏ လက်များကို မည်သို့ထားရမည်ကိုပင် မသိဘဲဖြစ်နေတတ်ပါသည်။ လက်သည်း ကိုက်ခြင်း၊ လက်မချင်း လှည့်ကာ ကစားနေခြင်းနှင့် လက်ချောင်း ကလေးများ ဂဏာ မငြိမ်ဖြစ်ခြင်း စသည် တို့အားလုံးသည် စိတ်ပူပန် လှုပ်ရှားမှုနှင့် စိုးရိမ်စိတ် ရှိမှုတို့၏ အပြင်ဘက် သင်္ကေတများပင် ဖြစ်ပါသည်။

၎င်းတို့ကို ရှောင်ရှားပါ။ လက်များကို သင်၏ရှေ့တွင်ထားခြင်း၊ လက်ဟန်ခြေဟန်ပြခြင်းနှင့် သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါး ပုံစံမျိုး သင့်လက်များကိုထားခြင်းသည် အကောင်းဆုံး ပင်ဖြစ်သည်။

နောက်တစ်ချက် သတိထားရမည့်အရာမှာ လက်ဆွဲနှုတ်ဆက်ခြင်းပင် ဖြစ်ပါသည်။ သင်၏ လက်ဆွဲနှုတ်ဆက် ပုံသည် တင်းတင်း ရင်းရင်း ရှိသင့်သော်လည်း ဖိညှစ် ထားသလိုမျိုး မဖြစ်သင့်ပါ။ ပြီးလျှင် တစ်ဖက်လူနှင့် မျက်လုံးချင်း သေချာစွာ ဆုံလျှက် လက်ဆွဲနှုတ်ဆက် ခြင်းမျိုး ဖြစ်ရန် သေချာစွာ ပြုလုပ်ပါ။ တစက္ကန့်ကြာမျှ မျက်လုံးချင်း ဆုံမှုနှင့် လက်ဆွဲနှုတ်ဆက်ခြင်းနှင့် အတူ အပြုံး ကလေးပါ ပါရှိခြင်း တို့သည် ယုံကြည်ချက် တည်ဆောက်ရန် အတွက် အလွန် အံ့ဩဖွယ် ကောင်းသည့် အရာများ စွမ်းဆောင် ပေးလိမ့်မည် ဖြစ်သည်။

(၅) ကျွန်ုပ်က သင်၏ ကြည့်မှန် အဖြစ် ရောင်ပြန်ဟပ်ပေးပါမည်။

ယုံကြည်ချက်တည်ဆောက်ရန်အတွက် တစ်ခုတည်းသော အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ အခြား သူများကို သင်က သူတို့အား နားလည် ပေး၍ ရကြောင်း သိစေခြင်းပင် ဖြစ်သည်။

အခြားလူ တစ်ယောက် ပြောနေ သည်ကို နားထောင်နေသော အခါ သူ သို့မဟုတ် သူမ၏ ခံစားချက် များကို မှန်တစ်ချပ်တွင် ရောင်ပြန် ပြန်ဟပ်သလို ပြောနိုင်အောင် လေ့ကျင့်ပါ။

စိတ်ဝင်စားမှုကို ပြသရန် ခေါင်းငြိမ့်ပြပါ။ တစ်ဖက်လူက သတင်း ကောင်းတစ်ခုခု ပြောကြားသော အခါ ပြုံးပြပါ။ သတင်းဆိုး ဖြစ်သော အခါ မျက်မှောင်ကျုံ့ပေးပါ။ မည်သူ့ကို မဆို နားထောင်နေသော အခါတွင် သင်သည် မျှဝေ ခံစားပေးနိုင်ပြီး၊ ပါဝင် ပတ်သက် နေကြောင်းပြသနိုင်ရန် သေချာစွာ ပြုလုပ်ပေးပါ၊

တစ်ဖက်သော သူ သို့မဟုတ် သူမထံမှ တစ်စုံ တစ်ခု ကြားနာ သိရှိရပြီး၊ လေးစားမှု ပြသနေရုံ သာမက သင်သည် စစ်မှန် ရိုးသားသော သူတစ်ဦး ဖြစ်ခြင်းနှင့် ယုံကြည် ထိုက်လောက်ဖွယ် ရှိခြင်းတို့ကို ပြသနေရာလည်း ရောက်ပါသည်။

Inc.com မှ RHETT POWER ၏ Gain People's Trust With These 5 Body Language Secrets ကို ကိုးကား ဘာသာပြန်ဆို ထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Original link - http://mizzimaburmese.com/article/8461

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...