အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 13, 2017

အသွင်သဏ္ဌာန် မျိုးစုံဖြင့် ပျံသန်းသည့် အံ့သြဖွယ်ရာ ဆက်ရက်အုပ်စု




အင်္ဂလန် နိုင်ငံ ကင်းဘရစ်ခ်ျ ရှိုင်းယား ကောင်တီမှာ ဆက်ရက် တွေရဲ့ အံ့သြ ဖွယ်ရာ သဘာဝ ဖြစ်ရပ်ကို ငှက်စောင့်ကြည့်သူ တဦးက အမိအရ ရုပ်သံ မှတ်တမ်း ရိုက်ခဲ့ ပါတယ်။

“ဒါက တကယ့် ငှက်အုပ်စု အကြီးကြီး တခုပါ။ နေ့အလင်းရောင် မှိန်လာတဲ့ အချိန်မှာ သူတို့ စတင်ပြီး ဒီလို ထူးခြား ဆန်းပြားတဲ့ အသွင် သဏ္ဌာန်တွေနဲ့ ပျံသန်း ပါတယ်” လို့ ဒီလို ငှက်တွေ ပျံသန်းတာကို ရုပ်သံ မှတ်တမ်း တင်ထားတဲ့ အယ်လ်ကစ်တ် ချင်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။

သဘာဝဗီဇတွေအကြောင်း ရေးသားပြီး ဓာတ်ပုံမှတ်တမ်းတင်သူ ကစ်တ်ချင်ကို သူ့ရဲ့သူငယ်ချင်းတဦးက သူရုပ်သံမရိုက်ကူးခင် တညက အလားတူပုံစံမျိုး ဆက်ရက်တွေ ပျံသန်းတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကစ်တ်ချင်က ဒီလို အလားတူပျံသန်းမှုမျိုး မြင်ရဖို့ ဆက်ရက်တွေ ပထမနေ့က ပျံသန်းခဲ့တဲ့နေရာကိုပဲ သွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော် အရင်က သိပ်ထူးထူးခြားခြားမဟုတ်တဲ့ ပျံသန်းမှုမျိုးကို ၂ ကြိမ်လောက်မြင်ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ တကယ့်ထူးခြားမှုပါပဲ” လို့ ကစ်တ်ချင်က ပြော ပါတယ်။

ငှက်များကာကွယ်စောင့်ရှောက်ရေး တော်ဝင်အသိုင်းအဝန်း (RSPB) ရဲ့ အပြောအရ ကျွဲဆက်ရက်တွေရဲ့ တတွတ်တွတ်မြည်သံ သဘာဝဖြစ်စဉ် ဆိုတာ ကောင်းကင် အထက်မှာ ငှက်ထောင်သောင်းပေါင်းများစွာ ထိုးဆင်းလာကာ ပတ်ချာလည် လှည့်လည်ပျံသန်းတာဖြစ်တယ်လို့ သိရပါတယ်။

သတ္တဝါတွေကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ပြီး လုံခြုံမှုရှိဖို့နဲ့ အနွေးဓာတ်ရဖို့ စတာတွေအပါအဝင် အကြောင်းများစွာကြောင့် ဆက်ရက်တွေ ဒီလိုပျံသန်းတယ်လို့ RSPB အင်တာနက်စာမျက်မှာ ရေးသားထားပါတယ်။

တချို့နေရာတွေမှာ ဒီသဘာဝဖြစ်စဉ်ဖြစ်တဲ့ ဆက်ရက်တွေ အစုလိုက် ထိုးဆင်းပတ်ချာလည် ပျံသန်းတာဟာ ဆက်ရက်ကောင်ရေပေါင်း ၁ သိန်း ဝန်းကျင်လောက်ထိ ဖြစ်တယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194539

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...