အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 20, 2016

အင်္ဂါဂြိုဟ်ပေါ်တွင် လူနေထိုင်နိုင်မည့် အခြေနေ ဖန်တီးရန် စက်ရုပ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်နေ


NASA builds Valkyrie robots to get Mars ready for humans

နယူးယောက် ၊ ၂၀-၅-၂၀၁၆

အင်္ဂါဂြိုဟ် ပေါ်တွင် လူသားများ နေထိုင်နိုင်မည့် အခြေ အနေ တစ်ရပ် ဖန်တီး ပြုလုပ်ရန်နှင့် လိုအပ်သော အဆောက် အအုံ များ ဆောက်လုပ်ရန်၊ နာဆာက ၄င်းကိုယ်တိုင် ပြုလုပ် တပ်ဆင် ထားသော စက်ရုပ်လေးခုကို စေလွှတ်မည် ဖြစ်ကြောင်းနှင့် ၄င်းတို့ကို ကမ္ဘာမြေပြင် ပေါ်တွင် စတင် လေ့ကျင့် ပေးရန် စီစဉ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုပ်များသည် Valkyrie အမျိုးအစား ဖြစ်ပြီး ဟူစတန် ပြည်နယ် ၊ ဂျွန်ဆင် အာကာသစင်တာ ၌ တပ်ဆင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်လေးခု အနက် သုံးခုကို မက်ဆာချူးဆက် ပြည်နယ် နှင့် စကော့တလန်ရှိ တက္ကသိုလ်များထံ ငှားရမ်း ပေးထားကြောင်း၊ အမြင့်ခြောက်ပေ၊ အလေးချိန် ပေါင် ၃ဝဝ ရှိသော စက်ရုပ်များသည်
ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများနှင့် နေ့စဉ်ထိတွေ့ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

''ကျောင်းသား၊ ကျောင်းသူတွေက စက်ရုပ်တွေကို လမ်းလျှောက် ဖို့ လေ့ကျင့်ပေး ပါတယ်။ ပစ္စည်း ကိရိယာတွေကို ကိုင်တွယ် တတ်အောင်၊ လှေကားတွေ တက်တတ်အောင်၊ အဆင့်မြင့် အလုပ်ကိစ္စ တွေကို လုပ်တတ် လာအောင် လေ့ကျင့်ပေး နေပါတယ်။ အခု အချိန်မှာတော့ စက်ရုပ်တွေရဲ့ လှုပ်ရှားမှု တွေက စနစ်မကျ သေးဘဲ ရုပ်ဆိုး နေပါသေးတယ်။ ဒီစက်ရုပ် တစ်ခုကို အမေရိကန် ဒေါ်လာ နှစ်သန်း တန်ပါတယ်'' ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

နာဆာသည် Valkyrie စက်ရုပ်များကို ယခင်နှစ် အနည်းငယ်က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်များ ကျရောက် သည့်အခါ အသုံးပြုရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တက္ကသိုလ် များသို့ ပို့ဆောင်ကာ စက်ရုပ်များကို လှုပ်ရှားသွားလာ တတ်စေရန် လေ့ကျင့် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာသည် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ လွှတ်တင်ခြင်းကို ၂ဝ၃ဝ ပြည့်နှစ် နှစ်လယ်ပိုင်း တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ထိုအချိန် မတိုင်မီ Valkyrie စက်ရုပ်များကို စေလွှတ်ကာ လိုအပ်သည် များကို အဆင်သင့် ဖြစ်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_96.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...