အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မျိုးရိုးဗီဇများ. Show all posts
Showing posts with label မျိုးရိုးဗီဇများ. Show all posts

Sunday, April 24, 2016

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း




လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ်။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4) ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6) ဥပေက္ခာသမား

ဆိုပြီး (၇) မျိုး ခွဲခြား ထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ်။ ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (၇) နဲ့ စားရပါမယ်။ ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ် စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (၀) လောဘ။

သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။

ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။

ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။

ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (၁) ဒေါသ။

စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။

စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။

ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။

စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။

အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (၂) မောဟ။

သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။

တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။

အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။

ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။

အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်း (၃) မေတ္တာ။

သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်
မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။
သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။

ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။

ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း (၄) ဂရုဏာ

ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။

ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။

သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။

ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။

သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော် များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း (၅) မုဒိတာ။

မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ် တိုးတတ် တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေ ကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။

မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့ စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။
ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။

မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း (၆) ဥပေက္ခာ။

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေ တတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။

ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။

ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။

အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။

ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။

အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

စံဇာဏီဘို

Originally published at - https://www.facebook.com/Barlarlarcom

Read More »

Saturday, March 5, 2016

ရှက်တတ်တဲ့ ကလေးတွေကို ဘယ်လို ဆက်ဆံသင့်လဲ




၁ - ဘယ်လို အခြေ အနေမှာ ကလေးတွေ ရှက်တတ်တယ် ဆိုတာ လေ့လာပါ။

၂ - ကလေးတွေကို ရှက်တတ် တယ်လို့ သူတို့ကို မပြောပါနဲ့။ ရှက်တတ်တဲ့ ကလးအဖြစ် တံဆိပ် မကပ်ပါနဲ့။



၃ - ကလေးတွေနဲ့ နှစ်ကိုယ်ကြား ဆွေးနွေးပါ။ သူတို့ ရှက်နေရတဲ့ အကြောင်းအရင်းကို မဟုတ်ဘဲ သူတို့ ဝါသနာ၊ လူတွေ ကြားထဲ သူတို့ နေချင်တဲ့ ပုံစံတွေကို ဆွေးနွေး ရမှာ ဖြစ်ပါတယ်။ သူတို့မှာ ရှိတဲ့ ဝါသနာကို အားပေးပါ။ သူတို့နဲ့ ကိုက်မယ် ထင်တဲ့ ဝါသနာကို ဖန်တီးပေးပါ။

၎ - သူတို့ကို စကားပြောခွင့် ပေးပါ။၊ သူတို့ပြောချင်နေတဲ့ အကြောင်းတွေကို နားထောင်ပေးပါ။

၅ - သူတို့အားသန်တာ ၊ သူတို့ကျွမ်းကျင်ရာ လေးတွေကို အမြဲ ကိုယ့်ဘက်က ပြောပေးပါ။



၆ - ရှက်တတ်တဲ့ ကလေးတွေ အတွက် အပေါင်းအဖော် ရလာအောင် မသိမသာ ဖန်တီးပေးပါ။

၇ - အတန်းထဲမှာ ဆိုရင် ပွင့်ပွင့် လင်းလင်းနဲ့ ဖော်ရွေတဲ့ လူနားမှာ ထားပါ။

၈ - ရှက်နေတဲ့ ကလေးကို ပိုရှက်အောင် လုပ်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

Photos & Source: wikiHow

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Friday, December 11, 2015

မျိုးတုံးတော့မည့် ခွေးလေးများကို ဖန်ပြွန်သန္ဓေ အကူဖြင့် ပထမဆုံး မွေးဖွား (ရုပ်သံ)




မျိုးတုံးတော့မယ့် အခြေအနေ ရှိနေတဲ့ ခွေးလေး တွေကို ပထမဆုံး ဖန်ပြွန်သန္ဓေ အကူအညီနဲ့ ပထမဆုံး မွေးဖွားနိုင် ခဲ့တယ်လို့ အမေရိကန် သုသေသန ပညာရှင်တွေက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ကော်နယ် တက္ကသိုလ်က သုသေသန ပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့ အခုလို ပထမဆုံး အောင်အောင် မြင်မြင် မွေးဖွားနိုင် ခဲ့ပြီး မျိုးတုံးနိုင်တဲ့ တိရစ္ဆာန် တွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခွေးနဲ့ လူအကြား ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ် ကုသရေးတွေ အတွက် ထိရောက် အောင်မြင်နိုင် တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အိမ်မွေး ဘီဂလ် beagles ခွေးသားပေါက် ၇ ကောင်ကို လူသားတွေကို ဖန်ပြွန်သန္ဓေနဲ့ မွေးဖွားသလို ခွေးအမတကောင်နဲ့ အငှားကိုယ်ဝန်ဆောင် မွေးဖွားခဲ့တာပါ။

၁၉၇၀ နှစ်တွေကတည်းက အခုလို မွေးဖွားနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဖန်ပြွန်သန္ဓေသားကို အအေးခံထိန်းသိမ်းနိုင်ရေးမှာ အတော်ခက်ခဲရှိခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

အခုတော့ အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပြီး အခုလို ကျန်းမာသန်စွမ်းတဲ့ ဘီဂလ် ခွေးသားပေါက် ၇ ကောင် မွေးဖွားနိုင်ခဲ့တယ်လို့ သုသေသနအဖွဲ့ခေါင်းဆောင် အဲလက် ထရားဗက်စ်က ပြောဆိုပါတယ်။

ဒီနည်းအတိုင်း မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တိရစ္ဆာန်တွေကို ဆက်လက် ထိန်းသိမ်းနိုင်တော့မှာဖြစ်ပြီး တိရစ္ဆာန်ဆေးပညာလောကရဲ့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ကျန်းမာရေးသတင်းဂျာနယ်ကြီးတစောင်ဖြစ်တဲ့ ပါလော့စ်ဝမ်း plos one journal မှာ ရေးသားဖော်ပြထားပါတယ်။



By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126458

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 6, 2015

ဖေဖေ့ကို တက်တူး ထိုးပေးခဲ့တဲ့ ပညာသင် သမီးလေး




ဖလော်ရီဒါသား ဖေဖေ Brad "Bob-Tat" Bellomo ဟာ သမီးလေး ဖြစ်သူ ၄နှစ် အရွယ် Chloe အား စတော်ဘယ်ရီသီးပုံ တက်တူးကို သူ့လက်မောင်းပေါ်မှာ ထိုးခွင့်ပေး ခဲ့တာ ဖြစ်ပါတယ်။

“ ဘယ်လိုပုံလဲ ဆိုတာ သိချင်လား။ ဒါလေးက ချစ်ဖို့ ကောင်းသားဗျ။” လို့ Bellomo က ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့ ပါတယ်။

ခန္ဓာကိုယ် အပြည့်နီးပါး တက်တူး အပျံစားတွေပြည့်နေတဲ့ Bellomo က သမီးလေး Chole က သူ့ရဲ့အရည်အသွေးကို အစမ်းလေ့ကျင့်တဲ့ အနေနဲ့ သူ့လက်မောင်းပေါ်မှာ အပ်မပါဘဲ ပုံဆွဲကျင့်နေတဲ့ ဓါတ်ပုံကိုလည်း တင်ထား ပါသေးတယ်။

“အလေးချိန်ပါတဲ့ စက်ကို ထိန်းချုပ်ပြီး စိတ်ချရဖို့ အတွက် အဖေ့စကား နားထောင်ပြီး အဆင်သင့်ဖြစ်အောင် လေ့ကျင့်နေတာလေ” လို့ Bellomo က ခေါင်းစဉ် တပ်ဖော်ပြ ထားတာ ဖြစ်ပါတယ်။

Largo, Fla မှာရှိတဲ့ 3rd Eye တက်တူး စတူဒီယိုမှာ Chole က ကရိယာတွေ သုံးပြီး သူ့အဖေရဲ့ လက်မောင်းမှာ တက်တူး ထိုးပေးခဲ့ တာ ဖြစ်ပါတယ်။

Bellomo ကBay News 9 ကို ပြောပြချက်အရ Chole ဟာ တခြား တက်တူး ပညာရှင်တွေ အလုပ် လုပ်ပုံကို အချိန်ပေး လေ့လာပြီး သူ့ရဲ့ဖန်တီးမှုကို ပြုလုပ်ရေးဆွဲ ခဲ့တာလို့ သိရပါတယ်။ Chole ကလည်း ချစ်စရာကောင်းလို့ စတော်ဘယ်ရီသီး ပုံလေးကို ရွေးခဲ့တာလို့ ဆိုပါတယ်။

အင်္ဂါနေ့မနက်ပိုင်းမှာတော့ ဒီပိုစ့်ဟာ Likes ပေါင်း ၁၂၀,၀၀၀ နီးပါးရရှိပြီး ၁၄,၀၀၀ ကျော် Share ခဲ့ကြပါသတဲ့။ တစ်ချို့ကလည်း အကောင်းဘက်က ထင်မြင်ချက်ပေးခဲ့သလို တစ်ချို့ကလည်း “ ဆိုးဝါးတဲ့ ထိန်းကျောင်းပြုစုမှု “ လို့ အဆိုးဘက်ကနေ ရေးသားခဲ့ကြပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_5.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Saturday, October 10, 2015

မျိုးရိုးဗီဇ လွှမ်းမိုးသွားတဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ ကိုယ်ပွား လေးများ



ဖခင်ငယ်စဉ်က ဓါတ်ပုံနှင့် သမီးပုံ

ပုံတွေကို ကြည့်မယ် ဆိုရင် ကလေး တစ်ယောက်တည်း တွေရဲ့ ပုံတွေပဲ ဖြစ်မယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ တူညီတဲ့ အသက် အရွယ် တစ်ခုမှာ အမှတ် မထင် ရိုက်ထား မိတဲ့ ပုံတွေက အဖေ့ ကိုယ်ပွားသား၊ အမေ့ ကိုယ်ပွား သမီးတွေ ဖြစ်စေခဲ့ တာပဲ ဖြစ်ပါတယ်။



Facebook နဲ့ Reddit မှာ တင်ထားတဲ့ ဒီပုံတွေ အရဆိုရင် သစ်ပင်ပေါ်က ကြွေကျ သွားတဲ့ ပန်းသီးဟာ တစ်ခါ တလေမှာ သိပ်အဝေးကြီး ရောက်မသွား တတ်ပါဘူး။ မျိုးရိုး ဗီဇတွေ ပေါင်းစပ်တယ် ဆိုတာ တကယ့်ကို ရှုပ်ထွေးတဲ့ ကိစ္စရပ် တစ်ခုပါ။

ပိုပြီးလွှမ်းမိုးမှု ရှိတဲ့ မိဘရဲ့မျိုးရိုး ဗီဇပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇတွေ ဖြစ်လာတယ် ဆိုတာ အခြေခံ အချက်ပါပဲ။ ဥပမာအားဖြင့် အမေရဲ့ ဆံပင်က သဘာဝရွှေရောင်၊ အဖေက ဆံပင် အနက်ဆိုရင် သူတို့ ကလေးရဲ့ ဆံပင်က အနက်ဖြစ်လာဖို့ ပိုများ ပါတယ်။ ဆံပင် အနက်ရှိတဲ့ မျိုးရိုးဗီဇက ဆံပင်ရွှေရောင် မျိုးရိုးဗီဇကို လွှမ်းမိုးလို့ပါပဲ။



ဒီလို ကိစ္စမှာ ကြည့်မယ် ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဘက် အပေါ် လွှမ်းမိုးမှု များတဲ့ မျိုးရိုးဗီဇတွေ အမြောက်အများ ရှိမှသာ ကိုယ်နဲ့ တူတဲ့ ကိုယ့်ကိုယ်ပွားလေး တစ်ယောက် ထွက်ပေါ် လာနိုင်တယ် ဆိုတာ နားလည် သွားပါတယ်။ ဒါမျိုး ဆိုတာက ရှာမှ ရှားပါပဲ။



ရှားတော့ ရှားတယ်၊ ရှိတယ် ဆိုတာ ကလည်း ထင်ရှား ပါတယ်။ Facebook ပေါ်မှာ share ထားတဲ့ အနေအထား တစ်မျိုးတည်း၊ ၀တ်စုံ တစ်မျိုးတည်းနဲ့ အသက်တူတဲ့ အခြေအနေမှာ ရိုက်ထားတဲ့ အဖေနဲ့သား၊ အမေနဲ့ သမီး ပုံတူတွေကို ကြည့်ကြည့် မယ်ဆိုရင် အံ့အားသင့်ကုန်မှာပါ။

အမျိုးသမီး တစ်ယောက် ဆိုရင် မျိုးဆက် ၃ဆက်ရဲ့ ဓာတ်ပုံတွေ ကိုတောင် တင်ထား လိုက်ပါ သေးတယ်။ သူရယ်၊ သူ့အမေရယ်၊ သူ့သမီးတို့ရဲ့ အသက် ၂နှစ်မှာ ရိုက်ကူး ထားကြတဲ့ ပုံတူတွေပါ။

Original link - http://health.thithtoolwin.com/2015/10/blog-post_10.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...