အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label တီထွင်ဖန်တီးမှု. Show all posts
Showing posts with label တီထွင်ဖန်တီးမှု. Show all posts

Sunday, April 2, 2017

ကမ္ဘာ့ ပထမ ဦးဆုံးသော စကားပြောသည့် လိင်ဆက်ဆံဖော် အရုပ်




နောက်ဆုံးပေါ် လိင် ဆက်ဆံဖော် အရုပ် အဖြစ် စကား စမြည် ပြောဆိုနိုင်မယ့် ပထမ ဦးဆုံးသော လိင်ဆက်ဆံဖော် အရုပ်ကို တီထွင် လိုက်ပါတယ်။

အခု အသစ် တီထွင် လိုက်တဲ့ လိင်ဆက်ဆံဖော် အရုပ်ကို တီထွင်သူက ဒီအရုပ်မှာ တွေးခေါ် ဆင်ခြင်နိုင်မှု အသိဉာဏ်၊ ရှက်စနိုး ဖြစ်တတ်သော၊ ဖော်ဖော် ရွေရွေ ရွှင်ရွှင် ပြပြ နေတတ်သော၊ မနာလို တတ်သော၊ ရင်ဖို စိတ်လှုပ်ရှား တတ်သော၊ စိတ်အနှောင့် အယှက် ဖြစ်တတ်သာ၊ ကြင်နာ တတ်သော၊ လိင်ဆက်ဆံမှု ရမက်ရှိသော စတာတွေ အပါဝင် ကိုယ်ရည် ကိုယ်သွေး ၁၈ မျိုး ပါဝင်အောင် ဖန်တီးပြုလုပ် ထားတယ်လို့ သိရပါတယ်။

ကိုယ်နှစ်သက်တဲ့ပုံစံအရ ဒီအရုပ်ကို ပိုအရေးပါအောင် ပြောင်းလဲလို့လည်း ရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံထဲမှာ Real Dool ကုမ္ပဏီရဲ့ ဦးဆောင်အရာရှိချုပ်နဲ့ စက်ရုပ်အဆင့်မြင့်တီထွင်သူ မက်တ်မက်မူလန်က “လိင်ကိစ္စနဲ့ ပတ်သက်ပြီး မင်းဘယ်လို ခံစားရသလဲ” လို့ အရုပ်ကို မေးမြန်း ထားပါတယ်။

စကားမပြောခင်မှာ တကယ့်သက်ဝင်နေတဲ့ လူလိုဖြစ်နေတဲ့ ဟာမိုနီလို့အမည်ပေးထားတဲ့ အရုပ်က “လိင်ကိစ္စဆိုတာ ကမ္ဘာပေါ်မှာ အရမ်းစိတ်ဝင်စားစရာ စွဲမက်စရာ အကောင်းဆုံးတွေထဲက တစ်ခုပါ၊ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားတယ်လို့ ကျမ မထင်ဘူး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။

သုံးစွဲသူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှတ်မိနေမယ့် “ပုံသေမှတ်ဉာဏ်နဲ့” စကားပြောတဲ့ လိင်ဆက်ဆံဖော် အရုပ်တွေ မေလ ထွက်ရှိမှာ ဖြစ်ပြီး ဝယ်ယူ သုံးစွဲသူ စိတ်ကြိုက် ကိုယ်ရည် ကိုယ်သွေးနဲ့ အရုပ်တွေကို မှာယူနိုင် တယ်လို့ ဒေးလီးစတားမှာ သတင်းမှာ ရေးသား ထားပါတယ်။

လိင်ဆက်ဆံဖော်အရုပ်မှာ ရှိတဲ့ အေပီပီ/app က သုံးစွဲမယ့်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အရုပ်တွေမှာ စိတ်ကြိုက် သီးခြားကိုယ်ရည်ကိုယ်သွေးဖြစ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

“ဒီစက်ရုပ်ကို တီထွင်လိုက်ရတဲ့ စိတ်ကူးက ကိုယ်လိုချင်တဲ့ လက်တွဲဖော် မရရှိခဲ့တဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ” လို့ မက်မူလန်က ပြောပါတယ်။

“ငါဗိုက်ဆာတယ် ဘာစားရင်ကောင်းမလဲ” လို့ သူ့ကို မင်းမေးနိုင်တယ်။ “မင်းရဲ့အကြိုက်ဆုံး အစားအစာက ပီဇာလို့ ငါ့ကို ပြောဖူးတယ်၊ ပီဇာစားသင့်တယ်လို့ သူမက ပြန်ပြောလိမ့်မယ်”လို့ မက်မူလန်က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူတစ်ဦးကတော့ “ဈေးဝယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လို ခံစားရလဲလို့ မေးပေးပါ။ အကယ်၍ ဒါကို သူမ ဂရုမစိုက်ဘူး ဆိုရင်တော့ ကျနော် ဝယ်မယ်လို့” အင်စတာဂရမ်မှာ ဟာသအနေနဲ့ ရေးထား ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199017

Read More »

Wednesday, December 21, 2016

စက်ရုပ်နဲ့ လူသားတို့ရဲ့ လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုပေး လာနိုင်ဖွယ် ရှိ




စက်ရုပ်တွေနဲ့ လက်ထပ် ခြင်းကို ဗြိတိန် နိုင်ငံတွင် လာမယ့် (၃၅) နှစ် အတွင်းမှာပဲ ခွင့်ပြု ပေးနိုင်ဖွယ် ရှိတယ်လို့ သိရ ပါတယ်။

Sex Robot တွေဟာ လာမယ့်နှစ် လောက်မှာ ဈေးကွက်ထဲ ၀င် ဖို့ ရှိပါတယ် ။ နောက်ပိုင်း ကျရင်တော့ ပိုင်ရှင်ဖြစ်သူဟာ စက်ရုပ်အပေါ် မေတ္တာ သက်ဝင် သွားနိုင် တာကြောင့် စက်ရုပ်နဲ့ လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြု ပေးတာတွေ ရှိလာတော့ မယ်လို့ေ ဒါက်တာ David Levy ကပြောပါတယ်။

ဒါပေမယ့်လည်း စက်ရုပ်နဲ့ လူသားကြားက အချစ်ကို အသိအမှတ် ပြုပြီး၊ သူတို့နှစ်ဦးကို လက်ထပ် ထိမ်းမြားဖို့ ခွင့်ပြုသင့်၊ မပြုသင့်ဆိုတဲ့ အပေါ်မှာတော့ အငြင်းပွား မှုတွေ ရှိနေ ပါတယ်။



ဒေါက်တာ David Levy ဟာ Love and Sex with Robots ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူပါ။ ဥပဒေပြုရေးဆွဲသူအာဏာပိုင်တွေအနေနဲ့ လူသားနဲ့ စက်ရုပ်တို့ရဲ့ လက်ထပ်ခြင်းကိုခွင့်ပြုပေး သင့်တယ်။ sex robots တွေအပေါ် အမြင်ကို ပြောင်းလဲ ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

“စက်ရုပ်နဲ့လူသားကြားက အချစ်ကို လက်ခံပေးလာနိုင်သူ အရေအတွက်ဟာ တစ်စတစ်စပိုများ လာတယ်။ ဒါကြောင့် အစိုးရအာဏာပိုင်တွေဘက်ကလည်း စက်ရုပ်နဲ့ လူသားကြားက ဆက်ဆံရေး အပေါ် အလေးထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ပေးသင့်တယ်။ စက်ရုပ်နဲ့လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြုပေးဖို့ ကိစ္စမှာ အဓိက အတား အဆီး ကတော့ ဘုရားကျောင်းတွေ ဖြစ်လာမှာပါ” လို့ဒေါက်တာ David Levy ကပြောခဲ့ ပါတယ်။



လိင်တူလက်ထပ်ထိမ်းမြားခြင်းဟာ ဘာသာတရားအရ ကန့်ကွက်စရာအကြောင်းပြချက်ဖြစ်ခဲ့ပေ မယ့်၊လူသားနဲ့စက်ရုပ်ကြားမှာတော့ ကန့်ကွက်စရာအကြောင်းပြချက် မဟုတ်ပါဘူးလို့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ Love and Sex with Robots conference မှာပြောခဲ့ပါတယ်။

ဒီအပြော တွေကြောင့် ခရစ်ယာန်ဘာသာဝင်တွေဘက်ကနေ ချက်ချင်းဆိုသလို တုံ့ပြန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။



ခရစ်ယာန်သီလရှင်တစ်ပါးကတော့ “လူသားတွေကြားက ပတ်သက်ဆက်နွယ်မှုဆိုတာ ကွန်ပျူတာပရိုဂရမ်နဲ့ စစ်တုရင် ထိုးနေတာမျိုးမဟုတ်ပါဘူး။ပြီးတော့ သမ္မကျမ်းစာထဲမှာ လူအချင်းချင်းလက်ထပ်လို့ မရဘူးဆိုတဲ့ တားမြစ်ချက်မပါဘူးလို့” ပြောခဲ့ပြီး ဒေါက်တာ David ရဲ့စကားလုံးကို ပြန်လည်ချေပခဲ့ပါတယ်။



ဒါပေမယ့်လည်း လူသားနဲ့စက်ရုပ်ရဲ့ လက်ထပ်ခြင်းကို အစိုးရဘက်က ပြန်လည်စဉ်းစားပေးသွား မယ့် အနေအထားမှာရှိပါတယ်။”စက်ရုပ်ကလူသားကို လက်ထပ်ဖို့ အတွက် လိုအပ်ချက် (၃) ခုပဲလို တယ်။

ဒါတွေကတော့ ခွင့်ပြုမှု၊ နားလည်ပေးမှုနဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ပါ။လက်ထပ်ဖို့ကို ခွင့်ပြုတယ် ဆိုရင် ကွာရှင်းဖို့ကိုလည်း ခွင့်ပြုတဲ့ ဥပဒေဆိုတာလည်းလိုလာမှာပါ” လို့ ဒေါက်တာ David ကပြောခဲ့ပါတယ်။

လိင်တူလက်ထပ်ခြင်းထက် ပိုမိုရှုပ်ထွေးတဲ့စက်ရုပ်နဲ့လူသားကြားက အချစ်ကို လူ့အသိုင်းအ၀ိုင်းက နားလည် လက်ခံခွင့်ပြု ပေးနိုင် မလား ဆိုတာ ကတော့
စောင့်ကြည့် ရမယ့် ကိစ္စ တစ်ခုပါ။



Reff; the sun

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Thursday, December 8, 2016

လိင်နှင့် အိမ်မှု အလုပ်မျိုးစုံ လုပ်နိုင်မည့် Robot များ မကြာမှီ ထုတ်လုပ်နိုင်မည်




နည်းပညာရှင် တွေရဲ့ အဆိုအရ မကြာမြင့်မှီ ကာလမှာ Sex Robot တွေဟာ အိမ် အလုပ်တွေ ဖြစ်တဲ့ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်း၊ ဆေးသုတ်ခြင်း စတဲ့ ဗာဟီရ ကိစ္စရပ် တွေမှာ ၀င်ရောက် လုပ်ကိုင် နိုင်တော့မှာ ဖြစ်တယ်လို့ The Sun သတင်းစာမှာ ဖော်ပြ ထားပါတယ်။

အလုပ်ခွင် အခြေအနေ




လူပေါင်း များစွာနဲ့ လည်ပတ် aနတဲ့ ဘဏ်တွေနဲ့ လောင်းကစား ကုမ္မဏီတွေဟာ စက်ရုပ်တွေ ကိုသာ အလုပ် ခွင်မှာ ခန့်ထား လိုက်ရင် နှစ်စဉ် လုပ်အားခ ပေါင် ၃ သောင်းခန့် သက်သာမှာ ဖြစ်ပါတယ်။

စက်ရုပ်တွေကို အလုပ်ခွင်မှာ စတင် တပ်ဆင် မယ်ဆိုရင် ၎င်း ပမာဏရဲ့ ငါးဆသာ ကုန်ကျမှာမို့ ရေရှည်မှာ လူသားတွေ အတွက် အလုပ် အကိုင် ရှားပါး လာနိုင်တယ်လို့ သူဌေးကြီး Mark က အထက်ပါ စကားကို ဆိုခဲ့ခြင်း ဖြစ်ပါတယ်။



အမျိုးသမီး တို့ရဲ့ အခန်း ကဏ္ဍ


ဟိုးအရင် တုန်းက အိမ်ထောင် သားမွေး ကိစ္စရပ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီး ကိစ္စချင်း ညီမျှမှ ဖြစ်နိုင် ခဲ့ပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကလေး မွေးရုံ အတွက် ဆိုရင် ဖန်ပြွန်သန္ဓေသား စနစ်ကို အလုပ်အကိုင် မပြတ်ပဲ အမျိုးသမီးတွေ ကိုယ်ဝန် လွယ်စရာ မလိုပဲ မွေးဖွားနိုင်တဲ့ ခေတ်ဖြစ်လာပါပြီ။

တစ်နည်း ဆိုရသော် အမျိုးသား တစ်ယောက် ကလေး လိုချင်ရင် မမျိုးဥ လှူမယ့် သူသာ ရှိပါစေ အဆင်ပြေ
နိုင်တဲ့ ကိစ္စရပ် တစ်ခု ဖြစ်လာ ခဲ့ပါပြီ။ ဒီလိုနဲ့ အမျိုးသမီး တွေရဲ့ အခန်း ကဏ္ဍဟာ ခေတ်ပေါ် နည်းပညာ
 တွေကြောင့် မှေးမှိန် သွားမယ်လို့ ဟောကိန်း ထုတ်ခဲ့ ကြပါတယ်။



ဒါ့အပြင် မကြာသေး ခင်ကမှ Sex Robot တွေကို မိမိနှစ်သက်ရာ Cele တစ်ယောက် ယောက်ရဲ့ မျက်နှာမျို စိတ်ကြိုက် မှာယူနိုင် တော့မှာလို့ သက်ဆိုင်ရာ တွေက ထုတ်ပြ န်ခဲ့ပါတယ်။

လက်ရှိ အချိန် ထိတော့ လူတစ်ယောက်ရဲ့ အထိ အတွေ့မျိုး ပေးနိုင် စွမ်းတဲ့ အာသာဖြေ စက်ရုပ်တွေ ဈေး
ကွက်ထဲ ၀င်ရောက် လာခဲ့ပါပြီ။

မကြာမှီမှာ အပြန်အလှန် စကားပြော ပေးမယ့် စက်ရုပ်တွေ ကိုပါ တီထွင် နိင်တော့မယ်လို့ RealDoll မှာ ပညာရှင် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ David Levy က ဆိုပါတယ်။



အနာဂတ်မှာ လူသားတွေ အလုပ် ဆုံးရှုံး ကြတော့မှာလား ?


အောက်စဖို့ တက္ကသိုလ် ကလည်း မကြာမြင့်မှီ ကာလ အတွင်းမှာ စက်ရုပ်တွေ အစားထိုး လိုက်တာနဲ့ အလုပ် ဆုံးရှုံးနိုင်ချေ ရှိတဲ့ အသက်မွေး ၀မ်းကြောင်း ပညာသည် 60 ကျော်ရဲ့ ရာထူးတွေကို ဖော်ပြ ခဲ့ပါတယ်။

အဆိုပါ ရာထူးတွေဟာ အများပြည်သူ ကြင်လည်ရာ ရာထူးတွေသာ ဖြစ်နေလို့ စက်ရုပ်တွေ ပေါ်လာရင် အမျိုးသမီး တွေသာမက အမျိုးသား တွေပါ အလုပ် လက်မဲ့ ဖြစ်သွား နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။

source: thesun.co.uk

From : နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com

Read More »

Tuesday, November 1, 2016

နားမကြားသူများအတွက် ဂီတသံခံစားနိုင်မည့် ဆိုဖာ




ပါကစ္စတန် နိုင်ငံမှာ နားမကြားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက် ဂီတသံ နားဆင် နိုင်မယ့် ဆိုဖာကို ပထမဆုံး မိတ်ဆက် ပေးနိုင် ခဲ့ပြီလို့ စီစီတီဗွီ သတင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြ ပါတယ်။

ဒီဆိုဖာမှာ အာရုံ ခံနိုင်တဲ့ မော်တာတွေ တပ်ဆင် ထားပြီး အဲဒီကနေ တဆင့် ဒရမ် သံတွေနဲ့ တူရိယာ သံတွေကို နားဆင်နိုင် မယ်လို့ ဆိုပါတယ်။

ဒါဟာ ဂီတကို နားဆင်ဖို့ ခက်ခဲတဲ့ အခြေ အနေမှာ အလင်းရောင်တွေ၊ တုန်ခါ မှုတွေနဲ့ အသစ် ဖန်တီး ထားတာမျိုး ဖြစ်ပြီး တရုတ် နည်းပညာသုံး ဖက်စပ် တီထွင်မှု ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174255

Read More »

Monday, August 22, 2016

ရေတွင်ပါသော ဗက်တီးရီးယားများကို မိနစ်၂၀ တွင်း သုတ်သင်ပေးနိုင်သော ကိရိယာကို တီထွင်




နယူးယောက် ၊ ၂၂-၈-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ စတန်းဖို့စ် တက္ကသိုလ်မှ သုတေသီ များသည် ရေတွင် ပါဝင်သော ဗက်တီးရီးယား မျိုးစုံကို မိနစ် ၂၀ အတွင်း ၉၉.၉ ရာခိုင်နှုန်း ကုန်စင်အောင် သုတ်သင် ပေးနိုင်သော ကိရိယာကို တီထွင် ထုတ်လုပ် ထားပြီး ယင်း ကိရိယာသည် အရွယ်အစား အားဖြင့် တံဆိပ်ခေါင်း တစ်ခု မျှသာ ရှိကြောင်း သိရသည်။

" ဗက်တီးရီးယား ရှိနေတဲ့ရေကို နေရောင်ပြ လိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် အဲဒါ အနည်းဆုံး ၄၈ နာရီ ထားမှ ရတာပါ။ အခုကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ ကိရိယာကို ထည့်ထားလိုက်မယ် ဆိုရင် နေရဲ့ အလင်းရောင် စဉ်တန် ကို ပိုပြီးကျယ်ပြန့် ပြည့်စုံစွာ ဆွဲယူပေးတဲ့ အတွက် ရေကိုသန့် စင်စေတဲ့နှုန်း ကလည်း ချက်ချင်း လိုလိုပဲ မြန်ဆန် မြင့်တက် သွားခြင်းဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။

" ဒီရေသန့် ကိရိယာက အမှတ်တမဲ့ ကြည့်လိုက်ရင် အမည်းရောင် ဖန်စကလေးနဲ့ တူပါတယ်။ ဒါပေမယ့် အဲဒီကိရိယာ ကို သန့် စင်ချင်တဲ့ ရေထဲကို ထည့်ပြီး နေရောင် ပြ လိုက်တာနဲ့  ဗက်တီးရီးယား တွေကို မိနစ် ၂၀ အတွင်း သန့်စင်ပေး ပါတယ်။

နေရောင်ခြည်က သူလုပ်စရာ ရှိတာတွေကို အလိုအလျောက် လုပ်သွားပြီး ဒီကိရိယာက အဲဒီဖြစ်စဉ်ကို အဆပေါင်းများစွာ မြန်ဆန်စေတာ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

နေ၏စွမ်းအင်သည် ခရမ်းလွန် ရောင်ခြည်တွင် အနည်းငယ်သာ ပါဝင်ပြီး မျက်စိဖြင့် မြင် ရသော နေရောင်ခြည်တွင် အများဆုံး ပါဝင်ခြင်း ဖြစ်ကြောင်း၊ မြင်ရသော
နေရောင်ခြည်တွင် စွမ်းအင် ၅၀ ရာခိုင်နှုန်း ပါဝင်ပြီး ခရမ်းလွန် ရောင်ခြည်တွင် စွမ်းအင် ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း၊ မြင်ရသော နေရောင်ခြည်က ဖော်ပြပါ ကိရိယာ၏ အီလက်ထရွန် များကို ဆွဲဆောင်ကြောင်း၊ ယင်း အီလက်ထရွန် များက ရေ၏ ဓာတ်ပြုမှု ဖြစ်စဉ်ကို လှုံ့ဆော် ပေးကြောင်း၊ ယင်း လှုံ့ ဆော်မှုကြောင့် ဟိုက်ဒရိုဂျင် ပါရောက်ဆိုက် ထွက်ရှိပြီး ဗက်တီးရီးယား များကို သုတ်သင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိရိယာထဲတွင် မိုလိုင်ဒီနမ် ဒိုင်ဆာလဖိုက် အကန့် ငယ် အများအပြား ပါဝင်ကြောင်း၊ အမှတ်တမဲ့ကြည့် လိုက်လျင် လက်ဗွေရာနှင့် တူကြောင်း၊ ယင်း ဆာလဖိုက် အကန့် ငယ်လေး များက နေရောင်ခြည်နှင့် အပြန်အလှန် ဓာတ်ပြုပြီး ဖော်ပြပါ အီလက်ထရွန် များကို လှုံ့ ဆော်ကာ ဗက်တီးရီးယား သုတ်သင်သည့်
ဖြစ်စဉ်ကို မြန်ဆန်စေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖော်ပြပါ ရေသန့် စင် ကိရိယာကို အမြောက်အမြား ထုတ်လုပ်၍ လည်းကောင်း၊ သန့် စင်လိုသည့် ရေပမာဏ အနည်းအများကို လိုက်၍ အရွယ်အစား အမျိုးမျိုး ထုတ်၍ လည်းကောင်း ဈေးကွက်တင်ပို့  နိင်ရန် စတင် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/08/blog-post_85.html

Read More »

Sunday, August 21, 2016

တရုတ်တွင် ကမ္ဘာ့အရှည်ဆုံး မှန်ကြိုးတံတားကြီး ဖွင့်လှစ်




ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး မှန်အခင်းတပ် ကြိုးတံတားကို တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူနန် ပြည်နယ်မှာ သြဂုတ် ၂၀ ရက်နေ့က ဖွင့်လှစ် လိုက်ပါတယ်။

အဗက်တာ Avatar ရုပ်ရှင် ဇာတ်ကားမှာ ပါတဲ့ ကျောက်တောင် ၂ ခုကို သွယ်တန်းတည် ဆောက်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြီးစီး ခဲ့တာပါ။

အရှည်မီတာ ၄၃၀ နဲ့ အမြင့်မီတာ ၃၀၀ ရှိပြီး အမေရိကန် ဒေါ်လာ ၃.၄ သန်း အကုန် အကျခံ တည်ဆောက် ထားတယ်လို့ အစိုးရပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။

အကျယ်မီတာ ၆ မီတာ ရှိတဲ့ တံတား အခင်းကို မှန်အချပ်ကြီး ၉၉ ချပ် နဲ့ ခင်းထား တာပါ။ ဒီကြိုးတံတားကြီးကို အစ္စရေး ဗိသုကာရှင် တဦးက ဒီဇိုင်း ထုတ်ထား တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အခုလို ကြိုးတံတား တွေဟာ အထူး ရေပန်းစားပြီး အဖွဲ့လိုက် ယောဂ ကျင့်တာတို့၊ ကြိုးတံတားအောက် ကြိုးဆွဲပြီး မင်္ဂလာဆောင် ကြတာ မျိုးတောင် ရှိပါတယ်။

အခုလထဲမှာပဲ ဟူနန်ပြည်နယ်ထဲက အခုလိုကြိုးတံတားအောက်မှာ ကြိုးပခတ်ချပြီး မင်္ဂလာစုံတွဲတတွဲ မင်္ဂလာဆောင်ခဲ့ကြပါသေးတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164826

Read More »

Friday, August 19, 2016

သင်္ဘောတပိုင်း လေယာဉ်တပိုင်း ကမ္ဘာ့အရှည်လျားဆုံး လေယာဉ်ကြီး စမ်းသပ်ပျံသန်း




ကမ္ဘာ့ အရှည်လျားဆုံး လေယာဉ် တမျိုးကို ဗြိတိန်နိုင်ငံက သြဂုတ် ၁၇ ရက်နေ့မှာ ပထမဆုံး အောင်အောင် မြင်မြင် စမ်းသပ် ပျံသန်းနိုင် ခဲ့ပါတယ်။

လေယာဉ် တပိုင်း၊ လေသင်္ဘော တပိုင်း တည်ဆောက် ထားတဲ့ ဒီလေယာဉ်ကို လန်ဒန်မြို့တော် မြောက်ဘက်က ဘက်ဒ်ဖို့ဒ် (Bedford) မြို့မှာ စမ်းသပ် မောင်းနှင်ခဲ့ကြတာပါ။

အခုတပတ် တနင်္ဂနွေနေ့က စမ်းသပ် ပျံသန်းဖို့ စီစဉ် ခဲ့ပေမယ့် စက်ပိုင်း ချွတ်ယွင်းချက် တချို့ ရှိခဲ့လို့ သြဂုတ် ၁၈ ရက်နေ့ကမှ စမ်းသပ် ခဲ့ကြတာပါ။

ဒီလေယာဉ်ဟာ အရှည်ပေ ၃၀၂ ပေ ရှိတဲ့ အတွက် ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် လေယာဉ် ထက်တောင် ပေ ၅၀ ပိုရှည် ပါတယ်။

အမြင့်ပေ ၂၀၀၀ ကို တက်ရောက်ဖို့ ၁၅ မိနစ် ကြာမြင့် ခဲ့ပါတယ်။

ဒီလေယာဉ်ကို အရင်က အမေရိကန်အစိုးရက တည်ဆောက် ခဲ့ပေမယ့် နောက်ပိုင်း အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီး ဗြိတိန် ကုမ္ပဏီတခုက ဆက်လက် တည်ဆောက် ခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၃၂ သန်းကျော် ကုန်ကျပြီး အတောင်ပံတပ် လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေရဲ့ အကောင်းဆုံးနည်းပညာတွေနဲ့ ပေါင်းစပ်တည်ဆောက် ထားတယ်လို့ ဆိုပါတယ်။

လူလိုက်ပါရင်တော့ လေထဲမှာ ၅ ရက်ဆက်တိုက် ပျံဝဲနိုင်ပြီး လူမပါရင်တော့ သီတင်း ၂ ပတ်ကျော် လေပေါ်မှာ နေနိုင်ပါတယ်။

Airlander 10 လို့ အမည်ပေး ထားပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပဲဖြစ်ဖြစ်၊ စစ်သုံးပဲဖြစ်ဖြစ်၊ အရပ်ဘက် ဝေဟင်စောင့်ကြည့်ရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပြီး ဘယ်လေယာဉ်တွေ ထက်မဆို ကာဗွန် ထုတ်လွှတ်မှု အနည်းဆုံးနဲ့ အသုံးပြုနိုင်မယ်လို့ အင်ဂျင်နီယာတွေက ပြောဆို ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164521

Read More »

Monday, July 25, 2016

ရဟတ်ယာဉ်ကဲ့သို့ ဆင်းနိုင်တက်နိုင်သည့် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်




လော့ခ်ဟိ မာတင် ကုမ္ပဏီထုတ် F-35 ဂျက် တိုက် လေယာဉ်ဟာ ဒီနှစ် ဖန်းဘရိုး လေယာဉ် ပြပွဲမှာ လူ စိတ်အ၀င် စားဆုံး ဖြစ်ခဲ့ ပါတယ်။ ဒါကလည်း တည်ဆောက်ဖူး သမျှ ဂျက်လေယာဉ် တွေထဲမှာ ခေတ်အမှီ ဆုံးမို့ ဖြစ်နိုင် ပါတယ်။

ဈေးအကြီးဆုံး ဖြစ်သလို တစင်းကို ဒေါ်လာ သန်း ၁၀၀ ကျသင့် ပါတယ်။ အဲဒီ ယာဉ်မှာ တန်ဖိုး အကြီးဆုံး အစိတ်အပိုင်း ကတော့ F135 ဂျက်အင်ဂျင်ပဲ ဖြစ်ပါတယ်။

“F-35 ဟာ ယနေ့ ကမ္ဘာမှာ စွမ်းအား အကြီးဆုံးနဲ့ အဆင့် အမြင့်ဆုံး ဂျက်တိုက် လေယာဉ်ပါ။ ဒီလေယာဉ်ကို F135 အင်ဂျင်နဲ့ တွန်းကန် ပျံသန်း တာပါ။ ဒီအင်ဂျင်က ကမ္ဘာ့ စွမ်းအား အကြီးဆုံး ပဉ္စမ မျိုးဆက် အင်ဂျင် ဖြစ်ပါတယ်။”

F-35 ဂျက်လေယာဉ်ကို ၃ စား ထုတ်လုပ် ပါတယ်။ ဒီက F-35B ကိုတော့ မတ်မတ် တက်နိုင်၊ ဆင်းသက်နိုင်တဲ့ STVOL ယာဉ်လို့ သိကြ ပါတယ်။ ဒီလေယာဉ်ဟာ သမားရိုးကျ ဂျက်တွေထက် ပြေလမ်း တိုတိုသာ လိုပြီး ရဟတ်ယာဉ်လို မြေပေါ် မတ်မတ် ဆင်းသက်နိုင် ပါတယ်။ ဒီလို ဆင်းသက်နိုင်အောင် F135 အင်ဂျင်က ပံ့ပိုး ပေးတာ ဖြစ်ပါတယ်။

“ဒီလေယာဉ်မှာ အသံထက်မြန်တဲ့ တွန်းအားပေးနိုင်တဲ့ အင်ဂျင်ပါသလို ကိုယ်ဖျောက်စွမ်းရည်တွေလည်း ပါတယ်။ ပြီးတော့ အလိုက်ပြောင်းပြီး မတ်မတ် တက်တာ၊ ပြေးလမ်း တိုတိုနဲ့ လေပေါ် တက်နိုင်တာ စတဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင် ထားပါတယ်။”

ဒီအင်ဂျင်ရဲ့ တွန်းကန်အားက ပေါင် ၄ သောင်းရှိပြီး အသံထက်မြန်နှုန်း ၁ ဒသမ ၆ (တနာရီ ၅၄၄ မိုင်နှုန်း) အလျင်ရှိပါတယ်။ ဒီအင်ဂျင်ထုတ်လုပ်တဲ့ ဖရက်ထ်အန်ဝစ်တနီ ကုမ္ပဏီဟာ ဒီနည်းပညာကို တိုးချဲ့တီထွင်ဖို့ ရန်ပုံငွေ ၁ ဒသမ ၅ ဘီလီယံကို မကြာသေးခင်က ရရှိခဲ့ပါတယ်။

“အခုဆိုရင် ဒီအင်ဂျင်ရဲ့ နောက်ထပ်စွမ်းရည်တွေ တိုးမြှင့်ဖို့နဲ့ F135 ကို မျိုးဆက်တဆက်စာ ရှေ့ပြေးနေစေမယ့် နည်းပညာသစ်ကို သရုပ်ပြဖို့ ကျနော်တို့က ပင်တဂွန်က တဆင့် အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။”

နိုင်ငံများစွာက အော်ဒါတွေ လှမ်းမှာ နေပြီမို့ လော့ခ်ဟိ ကုမ္ပဏီက လာမယ့် ဆယ်စုနှစ်တွေ အတွင်း F-35 ဂျက်လေယာဉ် အစင်း ၃၀၀၀ ရောင်းရ မယ်လို့ မျှော်လင့် ထားပါတယ်။

ဒီအတောအတွင်း F-35 ဟာ ဇူလိုင် ၁၇ ရက်နေ့ထိပြမယ့် ဖန်းဘရိုး လေကြောင်းပြပွဲမှာ ဆူဆူညံညံနဲ့ ပျံသန်းနေဦးမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160731

Read More »

Sunday, June 12, 2016

အံ့ဖွယ် တိရစ္ဆာန်ပုံစံတူ ခန္ဓာကိုယ်ဆေးခြယ် သရုပ်ပြ အနုပညာ (ရုပ်သံ)




ဒါဟာ တိရိစ္ဆာန် တကောင် မဟုတ်ပါဘူး။

ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ် ထားတဲ့ လူ ၅ ယောက်က ဖားတကောင်လို ပုံဖော် သရုပ်ပြ တင်ဆက်နေ တာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ဆေးခြယ် သရုပ်ဖော် အနုပညာရှင် ဂျိုဟန်နက်စ် စတော့တာရဲ့ သဘာဝနဲ့ အနီးစပ်ဆုံး ဖန်တီး ပုံဖော်ထားတဲ့ အနုပညာ လက်ရာတွေပါပဲ။

ကံကောင်း ထောက်မစွာပဲ သူအသုံးပြုတဲ့ သရုပ်ဖော်ပြ သတဲ့ သူတွေဟာ ကြွက်သားတွေ တခုတလေမှ မလှုပ်ရှားဘဲ တိရစ္ဆာန် ဇာတ်ကောင် ပုံတူအတိုင်း သရုပ်ပြနိုင်တာဟာ အံ့မခန်း အနုပညာပါပဲ။

စတော့တာဟာ ဒီပညာရပ်ကို ကိုယ်တိုင်လေ့လာသင်ယူမှုနဲ့ တတ်မြောက်လာသူ တဦးပါ။

ဖားပုံ၊ ၀ံပုလွေပုံ၊ ငါးပုံ စတဲ့ သူ့ရဲ့ အနုပညာဖန်တီးချက်တွေကို အောင်မြင်စွာ ပြသနိုင်ဖို့ အနည်းဆုံး ၅ လလောက် စိတ်ကူးခဲ့ရပြီး တိရစ္ဆာန်ဇာတ်ကောင်ပုံတူ တခုအတွက် အနည်းဆုံး အချိန် ၈ နာရီကြာ တင်ဆက်ကြရတာပါ။

နယူးယောက်မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ တိရစ္ဆာန်ပုံစံတူ ခန္ဓာကိုယ် ဆေးခြယ်အနုပညာ ဖန်တီးမှုတွေကို မြင်တွေ့ကြရမှာပါ။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/154467

Read More »

Friday, May 20, 2016

အင်္ဂါဂြိုဟ်ပေါ်တွင် လူနေထိုင်နိုင်မည့် အခြေနေ ဖန်တီးရန် စက်ရုပ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်နေ


NASA builds Valkyrie robots to get Mars ready for humans

နယူးယောက် ၊ ၂၀-၅-၂၀၁၆

အင်္ဂါဂြိုဟ် ပေါ်တွင် လူသားများ နေထိုင်နိုင်မည့် အခြေ အနေ တစ်ရပ် ဖန်တီး ပြုလုပ်ရန်နှင့် လိုအပ်သော အဆောက် အအုံ များ ဆောက်လုပ်ရန်၊ နာဆာက ၄င်းကိုယ်တိုင် ပြုလုပ် တပ်ဆင် ထားသော စက်ရုပ်လေးခုကို စေလွှတ်မည် ဖြစ်ကြောင်းနှင့် ၄င်းတို့ကို ကမ္ဘာမြေပြင် ပေါ်တွင် စတင် လေ့ကျင့် ပေးရန် စီစဉ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုပ်များသည် Valkyrie အမျိုးအစား ဖြစ်ပြီး ဟူစတန် ပြည်နယ် ၊ ဂျွန်ဆင် အာကာသစင်တာ ၌ တပ်ဆင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်လေးခု အနက် သုံးခုကို မက်ဆာချူးဆက် ပြည်နယ် နှင့် စကော့တလန်ရှိ တက္ကသိုလ်များထံ ငှားရမ်း ပေးထားကြောင်း၊ အမြင့်ခြောက်ပေ၊ အလေးချိန် ပေါင် ၃ဝဝ ရှိသော စက်ရုပ်များသည်
ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများနှင့် နေ့စဉ်ထိတွေ့ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

''ကျောင်းသား၊ ကျောင်းသူတွေက စက်ရုပ်တွေကို လမ်းလျှောက် ဖို့ လေ့ကျင့်ပေး ပါတယ်။ ပစ္စည်း ကိရိယာတွေကို ကိုင်တွယ် တတ်အောင်၊ လှေကားတွေ တက်တတ်အောင်၊ အဆင့်မြင့် အလုပ်ကိစ္စ တွေကို လုပ်တတ် လာအောင် လေ့ကျင့်ပေး နေပါတယ်။ အခု အချိန်မှာတော့ စက်ရုပ်တွေရဲ့ လှုပ်ရှားမှု တွေက စနစ်မကျ သေးဘဲ ရုပ်ဆိုး နေပါသေးတယ်။ ဒီစက်ရုပ် တစ်ခုကို အမေရိကန် ဒေါ်လာ နှစ်သန်း တန်ပါတယ်'' ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

နာဆာသည် Valkyrie စက်ရုပ်များကို ယခင်နှစ် အနည်းငယ်က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်များ ကျရောက် သည့်အခါ အသုံးပြုရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တက္ကသိုလ် များသို့ ပို့ဆောင်ကာ စက်ရုပ်များကို လှုပ်ရှားသွားလာ တတ်စေရန် လေ့ကျင့် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာသည် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ လွှတ်တင်ခြင်းကို ၂ဝ၃ဝ ပြည့်နှစ် နှစ်လယ်ပိုင်း တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ထိုအချိန် မတိုင်မီ Valkyrie စက်ရုပ်များကို စေလွှတ်ကာ လိုအပ်သည် များကို အဆင်သင့် ဖြစ်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_96.html

Read More »

Tuesday, May 17, 2016

အဝတ်မပါပဲ စားသောက်ရမယ့် ကိုယ်လုံးတီး စားသောက်ဆိုင် လန်ဒန်မှာ စတင်ဖွင့်လှစ်




ညစာ သွားစားတဲ့ အခါမှာ ၀တ်စုံ ရွေးချယ်မှု တွေနဲ့ ပတ်သက်ပြီး အာရုံနောက် စရာ မလိုဖို့ အတွက် လန်ဒန်မြို့ က ဥာဏ်ကြီးရှင် တစ်ချို့  က စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ် လိုက်ပါတယ်။

အဲဒီ စားသောက်ဆိုင် ကတော့ စားသုံး သူတိုင်း အ၀တ်ဗလာ နဲ့ ၀င်ရောက် စားသောက်ရတဲ့ ကိုယ်လုံးတီး စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

ထိုစားသောက်ဆိုင် နာမည်ကို Bunyadi လို့ အမည်ပေး ထားပြီး ဆိုင်တွင်း ပြင်ဆင် မှုတွေကို အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်သလို ဇွန်လမှာ စတင် ဖွင့်လှစ် တော့မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။



ထိုစားသောက်ဆိုင်မှာ ရရှိနိုင်မယ့် အစားအစာတွေ ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ကိုယ်တိုင် အိမ်တွင်း စိုက်ပျိုးထားတဲ့ ဟင်းသီး ဟင်းရွက်တွေ ဖြစ်ပြီး ထင်းစိုက်ပြီးရရှိတဲ့ မီးအပူ နဲ့ အကင်များကို ပြုလုပ်ရောင်းချမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

အထူးခြားဆုံး အရာကတော့ ထို စားသောက်ဆိုင်မှာ စားသုံး သူတိုင်းဟာ အ၀တ်မပါပဲ ၀တ်လစ်စလစ် နဲ့ စားသုံးရမှာ ဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်ထဲ ၀င်ဝင်ခြင်းမှာတော့ သင့်အနေနဲ့ ဘားဧရိယာကို တွေ့ရမှာပါ။

ထိုနေရာမှာတော့ လူတိုင်း အ၀တ်အစား ၀တ်ထား ကြပါတယ်။သင်ဟာ အ၀တ်အစား ၀တ်ထားဖို့ လိုအပ်ပါတယ်။ အစားအစာတွေ မှာကြားပြီးပြီ ဆိုရင်တော့ အ၀တ် လဲခန်းကို သွားရမှာပါ။ အ၀တ်လဲခန်း ထဲမှာတော့ သင့်ကို ၀တ်ရုံ တစ်ထည် ပေးမှာပါ။

ထိုဝတ်ရုံနဲ့ သတ်မှတ်ထားတဲ့ ၀တ်လစ်စလစ် စားပွဲဝိုင်းတွေ ဆီကို သွားရမှာဖြစ်ပြီး စားပွဲဝိုင်း တိုင်းကို သီးသန့် ဖြစ်နေစေဖို့ အကာ တွေ ထားရှိပေး ထားပါတယ်။



အလင်းရောင်ကိုလည်း မှိန်ပြပြသာ ထားရှိပေးထား တယ်လို့လည်း သိရပါတယ်။ သင့်စားပွဲဝိုင်းကို ရောက်ရင်တော့ ၀တ်ရုံကို ချွတ်ပြီး ၀တ်လစ်စလစ် အစားအသောက် စားသုံးရမှာ ဖြစ်ပါတယ်။

အ၀တ်အစား မချွတ်ချင် သူတွေ အတွက်တော့ အကာ မရှိတဲ့ စားပွဲဝိုင်းတွေမှာ စားသုံးနိုင်တယ် လို့လည်း သိရပါတယ်။ ဇွန်လ မှာ စတင်ဖွင့်လှစ်မယ့် ထိုစားသောက်ဆိုင် အတွက် ကြိုတင် စာရင်း သွင်းထားသူ ၄၀၀၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်။

Originally published at - http://knowledge.thithtoolwin.com/2016/04/blog-post_22.html

Read More »

Friday, March 18, 2016

အင်ဒိုနီးရှားတွင် ပလတ်စတစ် အမှိုက်မှ လောင်စာ ဖန်တီး ထုတ်ယူ (ရုပ်သံ)




အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အမှိုက် ပြဿနာ ကြီးမားနေချိန် ဒေသခံ အမျိုးသား တဦးက ပလတ်စတစ် အမှိုက်တွေ ကနေ သူ့ရဲ့ မော်တော် ဆိုင်ကယ် အသေးစား စကူတာ အတွက် လောင်စာကို ဖန်တီး ထုတ်ယူ လိုက်ပါတယ်။

ဂျကာတာမြို့စွန်က ဖို့မြေ အရပ်မှာ နေ့စဉ် အမှိုက်တန်ချိန် ၆၀၀၀ ကျော်ကို ရုန်းကန် ဖြေရှင်းနေ ရတာပါ။

အမှိုက်ပုံကြီး တွေကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ဆိုင်ရာ ဘေး အန္တရာယ်တွေ ခြိမ်းခြောက် နေပါတယ်။

ဒေသခံတွေက အမှိုက် ပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်း နေရလို့ တချို့က စိတ်ပျက် ခဲ့ကြပါတယ်။

စွန့်ဦး တီထွင်သူ လူငယ် ဟာမီဒီက ပလတ်စတစ် အမှိုက်ကနေ လောင်စာ ထုတ်လုပ် ခဲ့တာပါ။

“ပလတ်စတစ်ကို ရေနံစိမ်းကနေ ထုတ်ခဲ့ တာပါ၊ ကျနော် လုပ်တာက လုပ်ငန်းစဉ်ကို ပြောင်းပြန် လှန်ပြီး ပလတ်စတစ်ကို မူရင်းဘဝ ပြန်ရောက်အောင် လုပ်တာပါ၊ ဒါကြောင့် ပလတ်စတစ်ဟာ ရေနံ ဒါမှမဟုတ် တွင်းထွက် စွမ်းအင်ကို ပံ့ပိုးနိုင်တဲ့ စွမ်းအင် ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

ဟာမီဒီက သူဟာ နေ့စဉ် ပလတ်စတစ် အမှိုက် ၂၅ ကီလိုကို လောင်ကျွမ်းစေပြီး အငွေ့ကနေ တဆင့် လောင်စာရည်ဖြစ်အောင် လုပ်နိုင် တယ်လို့ ပြောပါတယ်။

ခုတော့ သူ့စကူတာလေးအတွက် လောင်စာအဖြစ်သာ သုံးနေပြီး ထုတ်လုပ်မှု တိုးမြှင့်ရာမှာ ကူညီချင်တယ်လို့လည်း ပြောပါတယ်။

“ကုန်ကြမ်းတွေ လွယ်လွယ်နဲ့ရနေတယ်၊ အရင်စမ်းသပ်မှုတွေ အောင်မြင်လို့ ဒေသခံ အစိုးရဆီကနေ ရန်ပုံငွေရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းထဲမှာ အော်ဂဲနစ် အမှိုက်ကနေ ဓာတ်မြေသြဇာ ထုတ်လုပ်တာနဲ့ ပလတ်စတစ်တွေကို တကျော့ပြန်သုံးတာတွေ ရှိပြီးသားပါ။

ပိုကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့ ခြေလှမ်းက သေးနေသေးတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ဂျကာတာမြို့မှာ လူဦးရေ ၁၀ သန်း နေထိုင်ပြီး သူတို့ကစွန့်ထုတ်တဲ့ အမှိုက်တွေကို စီမံခန့်ခွဲဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကြိုးစားနေပါတယ်။

ဒေသခံ အစိုးရတွေကိုလည်း ဟာမီဒီရဲ့ စီမံကိန်းလိုမျိုး စီမံကိန်းတွေကို ရန်ပုံငွေ ထောက်ပံ့ဖို့ ဆော်သြနေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139988


Read More »

Thursday, March 3, 2016

စကျင်ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတဖန်တီးနိုင်သည့်စက် တီထွင် (ရုပ်သံ)




ဆွီဒင်နိုင်ငံသား ဂီတပညာရှင် တဦးဟာ စကျင် ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတသံ ထွက်ပေါ် လာအောင် ဖန်တီးနိုင်တဲ့ စက် တမျိုးကို တီထွင်နိုင် ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၃၃ နှစ် အရွယ် မာတင်မိုလင် အမည်ရ အဲဒီ အမျိုးသားဟာ ဂီတပညာရှင် တဦး ဖြစ်ပြီး ဒီစက်ကို တီထွင်နိုင်ဖို့ အချိန် ၁၄ လ ကြာမြင့် ခဲ့တယ်လို့ ဆိုပါတယ်။

သူတီထွင် လိုက်တဲ့ စက်ဟာ စကျင် ကျောက်ခဲတွေကို လက်နဲ့ လှည့်ပြီး ဒရမ်၊ လျှပ်စစ် ပတ္တလား၊ လင်းကွင်းတွေနဲ့ အပြန် အလှန် ထိခတ်ပြီး တော့မှ ဂီတ သံစဉ်တွေ ထွက်ပေါ် လာအောင် ဖန်တီး ထားတာပါ။

နောက်ဆုံး အပြီးသတ် တီထွင်မှု ပြီးဆုံး ချိန်မှာတော့ မိုလင်ဟာ ဒီစက်ကို ဘယ်လို အသုံးပြုပြီး ဂီတသံတွေ ထွက်ပေါ် လာအောင် ဖန်တီးထား တယ်ဆိုတာကို ပြသတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဂီတအဖွဲ့ ၀င်တာဂတန်ရဲ့ တရားဝင် စာမျက်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် တင်ခဲ့တာပါ။

မိုလင်က ဒီစက်ကို တီထွင်ဖို့ အချိန် ၂ လလောက်သာ ကြာမြင့်မယ်လို့ မျှော်မှန်း ထားခဲ့ပေမယ့် မမျှော်လင့် ထားတဲ့ ပြဿနာ တချို့ကြောင့် ခုလောက်ထိ ကြာသွား ခဲ့ရတာ ဖြစ်တယ်လို့ ၀င်တာဂတန် ဂီတအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးခဲ့တာပါ။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137921


Read More »

Sunday, February 28, 2016

ကမ္ဘာ့ အပါးလွှာဆုံး တရုတ် ကွန်ဒုံး




တရုတ်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဟာ မကြာသေး ခင်ကမှ ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံးကို ထုတ်လုပ် ခဲ့တဲ့ အတွက် ကမ္ဘာ့ ဂင်းနက်စ် စံချိန် တင်နိုင် ခဲ့တယ်လို့ သိရ ပါတယ်။



အဆိုပါ ကမ္ဘာ့ အပါးလွှာဆုံး တရုတ်ကွန်ဒုံး ကတော့ AONI လို့ Aခ်ါတဲ့ အမှတ် တံဆိပ် ကုန်ပစ္စည်း တစ်မျိုး ဖြစ်ပြီး ယင်း ကွန်ဒုံးကို Guangzhou Daming Lianhe Rubber Products က ဖန်တီး ထုတ်လုပ် ထားတာပါ။



ကွန်ဒုံးရဲ့အထူကတော့ သုည ဒသမ ဝဝ၃၆ မီလီမီတာ ခန့်သာ ရှိပြီး လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံး အဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့တာ ဖြစ်တယ် လို့ People's Daily Online သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။



ဒါ့အပြင် ဂျပန်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ အိုကာမိုတိုကလည်း ကွန်ဒုံး အထူ သုည ဒသမ ဝဝ၃၈ မီလီမီတာ ခန့်ရှိတဲ့ ကွန်ဒုံးကို ထုတ်လုပ်ပြီး AONI ထက် အရင်ဆုံး စံချိန် တင်ခဲ့ဖူး ပါတယ်လို့ သိရ ပါတယ်။

Ref: Daily Mail

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup


Read More »

Tuesday, February 16, 2016

မလိုချင်သည့် ဦးနှောက် မှတ်ဥာဏ်များကို ဖျက်ပစ်နိုင်သည့် နည်းလမ်းတွေ့ရှိ




ပြန်မလို ချင်တော့တဲ့ ဦးနှောက် မှတ်ဥာဏ် အချို့ကို အပြီးတိုင် ဖျက်ဆီး လိုက်တယ် ဆိုတာ နည်းပညာ အခြေပြု သိပ္ပံ ဇာတ်ကားတွေ ထဲမှာပဲ တွေ့ရလေ့ ရှိပါတယ်။ အခုတော့ အပြင်မှာလည်း တကယ် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သက်သေပြ လိုက်ပါပြီ။

အထူးသဖြင့် အတိတ်မှာ ကိုယ့်အတွက် ဆိုးရွားတဲ့၊ နာကျင် ခဲ့ရတဲ့ မှတ်ဥာဏ်မျိုး ဆိုရင် ဘယ်သူမှ ပြန်သတိ မရချင် ကြပါဘူး။ အပြီးတိုင် မေ့ပစ်ဖို့ ဆိုတာလည်း မလွယ် လှပါဘူး။

ဒီနည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာတွေ့ ခဲ့ပြီဆိုတာ အမေရိကမှာ မှတ်တမ်း ရုပ်ရှင် တစ်ခုထဲမှာ ထည့်သွင်းပြသ လိုက်ပါတယ်။

မှတ်တမ်းရုပ်ရှင်နာမည်က Memory Hackers လို့ ခေါ်ပါတယ်။



လူသားတွေရဲ့ ဦးနှောက် မှတ်ဥာဏ်ဟာ မှတ်တမ်းတင် ထားတဲ့ ဗီဒီယို တိပ်ခွေ တစ်ခုနဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိပ်ခွေနဲ့ တူတဲ့ ဦးနှောက်ကြီးကို ပြန်ရစ် ကြည့်နိုင် သလို အပေါ်က နောက်ထပ် မှတ်ဥာဏ် တစ်ခု နဲ့လည်း အစားထိုးနိုင် တယ်လို့ မှတ်တမ်း ရုပ်ရှင် ရိုက်ကူး ခဲ့ကြသူတွေက ပြောပါတယ်။

PBS အဖွဲ့က သိပ္ပံပညာနဲ့ ပတ်သတ်တဲ့ လေ့လာ aတွ့ရှိချက် aတွကို မှတ်တမ်း ရုပ်ရှင် အနေနဲ့ ပြသလေ့ ရှိပါတယ်။

အောက်မှာ နမူနာ ကြည့်နိုင်ပါတယ်။



ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ ၁၂ နှစ်သားအရွယ် လူငယ်တစ်ဦးနဲ့ စမ်းသပ်ခဲ့တာပါ။ အဆိုပါ လူငယ်လေးမှာ ငယ်စဉ်က ဖြစ်ရပ်အချို့ကို အသေးစိတ်ပြန်မှတ်မိနေတဲ့ ရောဂါရှိနေပြီး အဲဒါတွေဟာဆိုးရွားလွန်းတာကြောင့် သူသတိမရချင်ခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ မှတ်ဥာဏ်ဆိုးအချို့ကို ချေဖျက်နိုင်ခဲ့ပါတယ်။

Source : Telegraph

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Friday, February 12, 2016

ကိုယ်လုံးတီးနဲ့ ဆရာမတွေ သင်ကြားပေးမယ့် အင်္ဂလိပ်စာ သင်တန်း တီဗီ အစီအစဉ်




ဘာသာစကား အသစ် တစ်ခုကို သင်ရတာဟာ ဆိုရင်တော့ ပျင်းစရာ ကောင်းပြီး ရှည်လျား လွန်းတဲ့ သင်ယူမှု တစ်ခု ပါပဲ။ အခု အချိန်မှာတော့ စပိန်နိုင်ငံက ရုပ်သံလိုင်း တစ်ခုဟာ သူတို့ရဲ့ အင်္ဂလိပ်စာ သင်တန်း တီဗီ အစီအစဉ် တွေကို တစ်မူ ထူးခြားစွာနဲ့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

သာမန် ဆရာမတွေနဲ့ မတူတဲ့ ညစ်ညမ်း မော်ဒယ် ဆရာမတွေကို ငှားရမ်းပြီး အင်္ဂလိပ်ဘာသာ စကားကို သင်တန်းသား ဖြစ်သူတွေ အလွယ်တကူ မှတ်မိနိုင်အောင် ဒီအစီအစဉ်မှာ ပို့ချပေးနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

ဒီမော်ဒယ်ဆရာမတွေဟာ ဆိုရင်တော့ တစ်ကိုယ်လုံးမှာ အဝတ်အစား ဝတ်ထားမှာ မဟုတ်ဘဲ ကိုယ်လုံးတီး ပုံစံနဲ့ပဲ အင်္ဂလိပ်စာ သင်ပေးသွားမှာ ဖြစ်ပါတယ်။



ဒီစပိန်ရုပ်သံလိုင်းဟာ ဆိုရင်တော့ ညစ်ညမ်း ရုပ်သံလိုင်း တစ်ခုဖြစ်ပြီး သူတို့ရဲ့ အခုလို လုပ်ဆောင် ချက်ကြောင့် ရုပ်သံလိုင်းကို ဖမ်းယူ ကြည့်ရှုသူဟာ ဆိုရင် တဖြည်းဖြည်းနဲ့ တိုးတက် လာနိုင်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။

အခုလို သင်ကြားပေးတာဟာဆိုရင်တော့ အစဉ်အလာအရ သင်ကြားမှုတွေကနေ ကွဲထွက်ပြီး သင်တန်းသားတွေအတွက် သင်ယူဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ ဒီစပိန်ရုပ်သံလိုင်းက ပြောပါတယ်။

ဒီအစီအစဉ်ကိုတော့ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခြင်းမရှိသေးဘဲ အမြည်းသဘောအနေနဲ့ ကြေညာခဲ့ရာမှာတော့ ကိုယ်လုံးတီးဆရာမတွေက သင်တန်းသားတွေကို တစ်မူထူးခြားစွာနဲ့ သင်ကြားပေးနေတာကို လူအတော်များများက နှစ်ခြိုက်ခဲ့ကြပါတယ်။



ဒီအစီအစဉ် အတွက် ဝက်ဘ်ဆိုက် အသစ်တစ်ခု ကိုလည်း လွှင့်တင်ခဲ့ပြီး သူတို့ရဲ့ အခုလို ရုပ်သံ အင်္ဂလိပ်စာ သင်တန်းတွေဟာ ဆိုရင် အင်္ဂလိပ်စာ aလ့လာသူ သင်တန်းသား aတွကို တခြား သင်တန်း aတွမှာထက် ပိုပြီး အာရုံစိုက်နိုင်စေမှာ jဖစ်တယ်လို့လည်း ဖော်ပြထားခဲ့ ပါသေးတယ်။

သူတို့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကတော့ www.dln.la ပဲဖြစ်ပါတယ်။



Ref : Dailymail

Originally published at - http://knowledge.thithtoolwin.com/2016/02/blog-post_5.html


Read More »

Sunday, January 24, 2016

စက်ရုပ် နည်းပညာသုံး လက်တဖက်နဲ့ သံမဏိလူသား (ရုပ်သံ)




အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်းမှာ နေထိုင်တဲ့ ၀ရမ်ဆူ မန်ဒနာ အမည်ရ အမျိုးသား တဦးဟာ မတော်တဆမှု တခုကြောင့် ၆ လကြာ အကြော သေနေတဲ့ လက်တဖက်ကို အသုံးပြုနိုင်ဖို့ သတ္တု ပစ္စည်း အပိုင်းအစတွေ သုံးပြီး တီထွင်ခဲ့တဲ့ အတွက် သံမဏိ လူသား အဖြစ် လူသိများ လာခဲ့ပါတယ်။

သူဟာ ၀ပ်ရှော့ ပိုင်ရှင် တဦးဖြစ်ပြီး သူ့ရဲ့ဘယ်ဖက်လက် တဖက်ဟာ အလုပ် မလုပ်နိုင် ခဲ့တဲ့ အတွက် အချိန်ကာလ အတော်ကြာ မိသားစု အကူအညီနဲ့ ရပ်တည် ခဲ့ရတာပါ။

စက်မှု သက်မွေး ပညာသင် အထက်တန်း ကျောင်းထွက် ၀ရမ်ဆူ မန်ဒနာဟာ ၀ပ်ရှော့ အလုပ်ရုံ အတွင်းက သတ္တုပစ္စည်း အစိတ် အပိုင်းတွေ အသုံးပြုပြီး ပြန်လည် လှုပ်ရှားနိုင်ဖို့ ခုလို တီထွင်နိုင် ခဲ့တာပါ။

ဝရမ်ဆူ မန်ဒနာက “ဒါဟာ ရှုပ်ထွေးတဲ့ ပစ္စည်းတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နက်နက်နဲနဲ တွေးထားတဲ့ စိတ်ကူးတွေပေါ် မူတည်နေတာပါ။ လူတိုင်းမှာ သူတို့စိတ်ကူး အတွေး အခေါ်တွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိဖူးကြတာပဲ။ အဲဒါဟာ (ကျနော်ဒီ လက်ကို တီထွင် ရခြင်းရဲ့)အဓိက အချက်ပါပဲ”လို့ ပြောပါတယ်။

သူ့ရဲ့တီထွင်မှုမှာ သိပ္ပံနည်းကျ စနစ်တွေ အသုံးပြုထား တာမျိုး မဟုတ်ပေမယ့် ဒါဟာ ဒေသတွင်း သတင်းမီဒီယာ တွေမှာတော့ ကျော်ကြား သွားခဲ့ပါတယ်။

“(ကျနော်တီထွင်ထားတဲ့) ဒီလက်မှာ (ဦးနှောက်လှိုင်းတွေမှ တဆင့် ထုတ်လွှတ်တဲ့ စွမ်းအင်ကနေ) အလို အလျောက် အယ်လ်အီးဒီ အလင်းဆီ ရောက်နိုင်ပြီး လှုပ်ရှားနိုင် ပါ တယ်”လို့ သူက ဆိုပါတယ်။

“ကျနော့်ရဲ့တီထွင်မှုဟာ ကျနော့်လိုပဲ အကြော သေနေတာ ဒါမှမဟုတ် မသန်စွမ်း သူတွေကို လှုံ့ဆော် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဘ၀ဟာ ရှင်သန်ရ ခက်ခဲပြီး လက်မြှောက် အရှုံးပေး လိုက်ဖို့ လွယ်ကူတဲ့ အတွက်ကြောင့် သူတို့ရဲ့ စိတ်ခွန်အား တွေကို မြှင့်တင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်”

သူ့ရဲ့တီထွင်မှုကြောင့် ဘာလီမြို့တော်ဝန်က လာရောက် လည်ပတ် ခဲ့ကာ ဆေး ကုသမှုတွေ ဆက်လက်လုပ်နိုင်ဖို့ အင်ဒိုနီးရှား ရူပီးငွေသန်း ၅၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) လှူဒါန်း ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာ တွေမှာ ဖော်ပြ ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132131


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...