အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 16, 2016

မလိုချင်သည့် ဦးနှောက် မှတ်ဥာဏ်များကို ဖျက်ပစ်နိုင်သည့် နည်းလမ်းတွေ့ရှိ




ပြန်မလို ချင်တော့တဲ့ ဦးနှောက် မှတ်ဥာဏ် အချို့ကို အပြီးတိုင် ဖျက်ဆီး လိုက်တယ် ဆိုတာ နည်းပညာ အခြေပြု သိပ္ပံ ဇာတ်ကားတွေ ထဲမှာပဲ တွေ့ရလေ့ ရှိပါတယ်။ အခုတော့ အပြင်မှာလည်း တကယ် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သက်သေပြ လိုက်ပါပြီ။

အထူးသဖြင့် အတိတ်မှာ ကိုယ့်အတွက် ဆိုးရွားတဲ့၊ နာကျင် ခဲ့ရတဲ့ မှတ်ဥာဏ်မျိုး ဆိုရင် ဘယ်သူမှ ပြန်သတိ မရချင် ကြပါဘူး။ အပြီးတိုင် မေ့ပစ်ဖို့ ဆိုတာလည်း မလွယ် လှပါဘူး။

ဒီနည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာတွေ့ ခဲ့ပြီဆိုတာ အမေရိကမှာ မှတ်တမ်း ရုပ်ရှင် တစ်ခုထဲမှာ ထည့်သွင်းပြသ လိုက်ပါတယ်။

မှတ်တမ်းရုပ်ရှင်နာမည်က Memory Hackers လို့ ခေါ်ပါတယ်။



လူသားတွေရဲ့ ဦးနှောက် မှတ်ဥာဏ်ဟာ မှတ်တမ်းတင် ထားတဲ့ ဗီဒီယို တိပ်ခွေ တစ်ခုနဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိပ်ခွေနဲ့ တူတဲ့ ဦးနှောက်ကြီးကို ပြန်ရစ် ကြည့်နိုင် သလို အပေါ်က နောက်ထပ် မှတ်ဥာဏ် တစ်ခု နဲ့လည်း အစားထိုးနိုင် တယ်လို့ မှတ်တမ်း ရုပ်ရှင် ရိုက်ကူး ခဲ့ကြသူတွေက ပြောပါတယ်။

PBS အဖွဲ့က သိပ္ပံပညာနဲ့ ပတ်သတ်တဲ့ လေ့လာ aတွ့ရှိချက် aတွကို မှတ်တမ်း ရုပ်ရှင် အနေနဲ့ ပြသလေ့ ရှိပါတယ်။

အောက်မှာ နမူနာ ကြည့်နိုင်ပါတယ်။



ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ ၁၂ နှစ်သားအရွယ် လူငယ်တစ်ဦးနဲ့ စမ်းသပ်ခဲ့တာပါ။ အဆိုပါ လူငယ်လေးမှာ ငယ်စဉ်က ဖြစ်ရပ်အချို့ကို အသေးစိတ်ပြန်မှတ်မိနေတဲ့ ရောဂါရှိနေပြီး အဲဒါတွေဟာဆိုးရွားလွန်းတာကြောင့် သူသတိမရချင်ခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ မှတ်ဥာဏ်ဆိုးအချို့ကို ချေဖျက်နိုင်ခဲ့ပါတယ်။

Source : Telegraph

Originally published at - http://www.duwun.com.mm/lifestyle/


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...