
မက်ဒရစ် ၊ ၁၄-၂-၂၀၁၆
စပိန်နိုင်ငံ၌ ခြောက်နှစ် နီးပါးကြာ ရုံးတက်ရန် ပျက်ကွက် ခဲ့သော အစိုးရ ဝန်ထမ်း တစ်ဦး ကို ၄င်း၏ ရုံးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒဏ်ငွေ ရိုက်၍ အပြစ်ပေး ခဲ့ကြောင်း သိရသည်။
ဂျိုအာချင်ဂါစီယာ အမည်ရှိ အဆိုပါ အမှုထမ်းသည် ၄င်း၏ အရာရှိနှင့် မျက်နှာချင်းဆိုင် ရုံးခန်း၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သော်လည်း ရုံးတက်ရန် ပျက်ကွက် နေခြင်းကို အထက် အရာရှိက ကနဦး သတိပြု မိခဲ့ခြင်း မရှိပေ။
ဂါစီယာ သည် လုပ်သက် နှစ် ၂ဝ ပြည့် ဂုဏ်ပြုဆုကို ချီးမြှင့်ခံခဲ့ ရပြီးနောက် ရုံးသို့ လာရောက်ခြင်း မရှိတော့ သည်ကို အရာရှိများက ရိပ်မိ ခဲ့ခြင်း ဖြစ်သည်။
အသက် ၆၉ နှစ် အရွယ်ရှိ ဂါစီယာသည် စပိန်နိုင်ငံ တောင်ပိုင်း ကာဒစ်ခ်မြို့ရှိ စွန့်ပစ်ရေ ပြန်လည် သုံးစွဲရေး ဆိုင်ရာ စီမံကိန်း ရေးဆွဲရေး တွင် ကြီးကြပ်သူ အဖြစ် တာဝန် ထမ်းဆောင် နေသူဖြစ်ပြီး ၄င်း၏ တစ်နှစ် လစာငွေမှာ စတာလင်ပေါင် ၂၇ဝဝဝ ရှိသည်။
by ပြည်ချစ်သား
Originally published at - http://www.pyichitthar.com/2016/02/blog-post_77.html






No comments: