အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နံမည်ကြီးများ. Show all posts
Showing posts with label နံမည်ကြီးများ. Show all posts

Saturday, December 19, 2015

တက္ကဆက် ပြည်နယ် ရဲတပ်ဖွဲ့က Star Wars ရုပ်ရှင်သစ် ထွက်ရှိမှု ကို ဂုဏ်ပြု




တက္ကဆက် ပြည်နယ် ရဲ တပ်ဖွဲ့ဟာ Star Wars ရုပ်ရှင် သစ်ထွက်ရှိမှု ကို ဂုဏ်ပြုတဲ့အနေနဲ့ Star Wars ထဲက ဇာတ်ကောင်တွေ အတိုင်း ၀တ်ဆင် ပြီး ဗီဒီယို ရိုက်ကူး ခဲ့ကြပါတယ်။

Fulshear မြို့ နယ် ရဲစခန်းက Facebook မှာ တင်ထားတဲ့ ဗီဒီယို မှာတော့ သူတို့ ဌာန အနေနဲ့ ရဲ ကားတစ်စီး ဘယ်လို ဆုံးရှုံး ခဲ့တယ်ဆိုတာကို ပါ ရှင်းလင်း ဖော်ပြ ထားပါတယ်။

ထိုဗီဒီယိုထဲမှာ ပြသထား တာကတော့ ရဲအရာရှိ တစ်ယောက်ဟာ SUV ကားတစ်စီးကို ရပ်နားခိုင်း လိုက်ပြီး ဒရိုင်ဘာ ကို ကားထဲက ထွက်လာခိုင်းလိုက်ပါတယ်။

ကားထဲက ထွက်လာတဲ့ ဒရိုင်ဘာကတော့ Star Wars ထဲက ဇာတ်ကောင် Chewbacca ဖြစ်ပြီး Han Solo ကတော့ ခရီးသည် ထိုင်ခုံကနေ ဆင်းလာ ခဲ့ပြန်ပါတယ်။

Captain Solo က သူတို့ဟာ Star Wars: The Force Awakens ရုပ်ရှင် မိတ်ဆက်ပွဲကို ဖိတ်ကြားခံရတဲ့ အထူး ဧည့်သည်တွေ ဖြစ်တယ်လို့ ပြောနေစဉ်မှာပဲ ကားနောက်ခန်းထဲက Sith Lords တွေဖြစ်ကြတဲ့ Darth Vader နဲ့ Darth Maul တို့က ဆင်းလာ ခဲ့ပါတယ်။

အဲဒီနောက် ရဲအရာရှိက သူဟာလည်း Force ရဲ့  တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ အတွက် သူ့ကိုပါ ရုပ်ရှင် မိတ်ဆက်ပွဲကို ခေါ်သွားဖို့ တောင်းဆို လိုက်ပါတယ်။ အဲဒီနောက် ရဲအရာရှိလည်း Star Wars အဖွဲ့ နဲ့အတူ လိုက်ပါသွားပြီး သူ့ရဲ့ ရဲကားကို နောက်မှာ ချန်ထား ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့  ရဲကားကို တစ်စုံ တစ်ယောက်က ခိုးယူ သွားတာတွေ့ လိုက်ရပါတယ်။

Fulshear မြို့ ရဲစခန်းကတော့ Star Wars ဇာတ်လမ်းထွက်ရှိမှု ကို အောက်မှာ တင်ထားတဲ့ ဗီဒီယို အတိုင်း ဂုဏ်ပြု လိုက်ပါပြီ။


Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/star-wars.html


Read More »

Thursday, December 10, 2015

IS တွေရဲ့ အကြမ်းဖက်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟောကိန်း ထုတ်ခဲ့တဲ့ မျက်မမြင် အမျိုးသမီး




၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ ကုန်သွယ်ရေး စင်တာကို အကြမ်းဖက် သမားတို့  လေယာဉ်နဲ့  ၀င်တိုက်ခဲ့မှု၊ ၂၀၀၄ ခုနှစ် ဆူနာမီ တို့ ကို ကြိုတင်ခန့် မှန်းခဲ့တဲ့ ဘူဂေးရီးယား လူမျိုး၊ စိတ်တန်ခိုးရှင် မျက်မမြင် အမျိုးသမီး တစ်ဦးဟာ ISIS တို့ ရဲ့ ထကြွမှုကိုလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အလွန် ကတည်းက ကြိုတင်ခန့် မှန်း ခဲ့တယ်လို့ ဆိုပါတယ်။

Baba Vanga လို့ အမည် ရတဲ့ အကြား အမြင်ရ အမျိုးသမီးဟာ ၂၀၁၆ ခုနှစ်မှာ ဥရောပ တိုက်ကို မူဆလင် အကြမ်းဖက် သမားတွေ ကျူးကျော် နှောင့်ယှက် လိမ့်မယ်လို့  ကျောချမ်း စရာ ဟောကိန်း ထုတ်ခဲ့ ပါတယ်။

သူမဟာ ၂၀၁၀ ခုနှစ် အာရပ်နွေဦးမှာ စတင်ပြီး ဆီးရီးယားမှာ ကြီးမားတဲ့ မူဆလင် စစ်ပွဲကြီး တစ်ခုဖြစ်လိမ့် မယ်လို့ ကြိုမြင် ခဲ့ပြီး၊ ၂၀၄၃ ခုနှစ် ရောက်ရင် မူဆလင်ပိုင်နက် ထူထောင်မှုရဲ့ အလယ် ဗဟိုဟာ ရောမမြို့ ဖြစ်ကာ ဒီစစ်ပွဲ အဆုံးသတ် သွားလိမ့်မယ်လို့ ကြိုမြင် ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ်၊ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်တဲ့ Vanga ဟာ သူမရဲ့ အကြားအမြင် ဆရာမ သက်တမ်း နှစ် ၅၀ အတွင်းမှာ ရာကျော် ချီတဲ့ ခန့် မှန်း မှုတွေကို ပြုလုပ် ခဲ့သူဖြစ် တယ်လို့ သိရ ပါတယ်။

Vanga ရဲ့ ခန့် မှန်းမှုတွေဟာ ၈၅ ရာခိုင်နှုန်း မှန်ကန်မှု ရှိတာကြောင့် Balkans ဒေသရဲ့ Nostradamus (နာမည်ကျော် ပြင်သစ်ရှေ့ ဖြစ်ဟောသူ) လို့ နာမည်ကျော်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခု အခါမှာတော့ Vanga ဟာ ISIS တို့ ထကြွ သောင်းကျန်းမှု ကိုလည်း ခန့် မှန်းခဲ့ တယ်လို့ သူမကို ယုံကြည် သူတွေက ဆိုနေကြပြီး နောက်နှစ် အကုန်မှာ ဥရောပဟာ လူတစ်ကောင် ကြွက်တစ်မြီးမှ မရှိဘဲ လုံးဝ မြေရိုင်းကြီး ဖြစ်သွား လိမ့်မယ်လို့ Vanga က ခန့် မှန်း ထားတယ်လို့ သိရပါတယ်။

Vanga ရဲ့ နာမည်ကျော်ခန့် မှန်းမှုတစ်ချို့ ကတော့ -

၁၉၅၀ ပြည့်နှစ် အတွင်းခန့် မှန်းမှု - ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ၂၀၀၄ ခုနှစ် ဆူနာမီ

“ အအေးပိုင်းဒေသတွေ ပူနွေးလာပြီး မီးတောင်တွေ အသက်ဝင် လာလိမ့်မယ်။ လူတွေမြို့ တွေရှိတဲ့ ကမ်းခြေကြီး တစ်ခုကို လှိုင်းလုံးကြီး တစ်လုံးက ဖုံးလွှမ်း သွားပြီး အရာ အားလုံးဟာ ရေအောက်မှာ ပျောက်ကွယ် သွားလိမ့်မယ်”

၁၉၈၉ ခုနှစ်ခန့် မှန်းမှု - နယူးရော့ခ် အမြွှာတာဝါကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ မှာ အကြမ်းဖက် သမားတို့  တိုက်ခိုက်မှု

“ အမေရိကန် ညီအစ်ကို ( ညီအစ်ကို တာဝါနှစ်ခုကို ဆိုလို ပုံရ) ဟာ စတီးငှက်တွေ ( ပြန်ပေးဆွဲခံလေယာဉ်) တွေရဲ့ တိုက်ခိုက်မှု ခံရပြီး ပြိုလဲ ကျလိမ့်မယ်။”

၁၉၈၀ ခုနှစ်မှာ ခန့်မှန်းမှု - ၂၀၀၀ ခုနှစ် ရုရှားနျူရေငုပ် သဘောင်္ Kursk နစ်မြှပ်မှု

“ ရာစုနှစ် အကူး အပြောင်း၊ ၁၉၉၉ ခုနှစ် ဒါမှမဟုတ် ၂၀၀၀ ခုနှစ် သြဂတ်စ်လမှာ ၊ Kursk ဟာ ရေတွေနဲ့ ဖုံးလွှမ်းပြီး တစ်ကမ္ဘာလုံး ပူဆွေး ငိုကြွေးကြ ရလိမ့်မယ်”

Barack Obama ရွေးချယ်ခံရမှု

Vanga ဟာ လေးဆယ့် လေးကြိမ်မြောက် အမေရိကန် သမ္မတဟာ အာဖရိကန်၊ အမေရိကန် လူမည်း တစ်ယောက် ဖြစ်မယ်လို့ ခန့် မှန်း ခဲ့တယ်လို့ ဆိုပြီး၊ ဒါဟာ နောက်ဆုံး အမေရိကန်သမ္မတ ဖြစ်လိမ့်မယ် လို့ လည်း ခန့် မှန်း ခဲ့တာကြောင့် ကျွန်တော်တို့ တွေ သူမရဲ့ ခန့် မှန်းချက် မှန်လား ဆိုတာ စောင့်ကြည့် ရပါဦးမယ်။

Original link - http://knowledge.thithtoolwin.com/2015/12/isis_9.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, December 7, 2015

အသက်တရာကျော်အထိ ဓါတ်ပုံများ ရိုက်ကူးဆဲဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဓါတ်ပုံ ဂျာနယ်လစ်



ဂျပန်နိုင်ငံရဲ့ အမျိုးသမီး ဓာတ်ပုံ ဂျာနယ်လစ် ဆူနဲကို ဆာစံမိုတို (phot- petapixel.com)

ဆူနဲကို ဆာစံ မိုတိုဟာ ဂျပန်နိုင်ငံရဲ့ပထမ ဦးဆုံး ဓါတ်ပုံ ဂျာနယ်လစ် တစ်ဦး အဖြစ် နာမည် ကျော်ကြားခဲ့တဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ဓါတ်ပုံ ဂျာနယ်လစ် ပညာနဲ့ အသက် (၂၅)နှစ် ကတည်းက စတင်လို့ အသက်မွေး ၀မ်းကျောင်း ပြုခဲ့ပြီး ဂျပန်စစ် မတိုင်ခင်နဲ့ စစ်ပြီး အချိန်များ အား မှတ်တမ်း တင်ခဲ့ ပါတယ်။


အသက် ၂၀ အရွယ်တုန်းက ဆာစံမိုတို

သူမဟာ ကမ္ဘာ့ အသက်အကြီးဆုံး ဓါတ်ပုံဆရာ တစ်ဦး အနေနဲ့ ထင်ပေါ် ကျော်ကြားခဲ့ပြီး ဒီနှစ် စက်တင်ဘာလမှာ အသက် (၁၀၁)နှစ် ပြည့်ခဲ့ပါပြီ။ သို့ပေမယ့် သူမဟာ ယခုထက်ထိ ဓါတ်ပုံများကို ရိုက်ကူး နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အနေနဲ့ ဆာစံမိုတိုဟာ သူမရဲ့ ဓါတ်ပုံ ဂျာနယ်လစ် သက်တမ်း (၇၀) အတွင်းမှာ ရိုက်ကူးခဲ့တဲ့ ပုံများကို ပြန်လည် စုစည်း တင်ပြဖို့ ကြိုးစားနေ တယ်လို့ ဂျပန်သတင်း ဌာန တစ်ခုဖြစ်တဲ့ NHK က ဖော်ပြ ထားပါတယ်။

ပြီးခဲ့သောနှစ်က သူမရဲ့ ဘယ်ဖက် လက်နဲ့ ခြေထောက်နှစ်ဖက် စလုံး ကျိုးခဲ့ရလို့ လှုပ်ရှားမှု နည်းပါး သွားရပေမယ့် ဓါတ်ပုံရိုက်တဲ့ ၀ါသနာ ကတော့ ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

သူမဟာ ပြန်လည် သန်စွမ်း လာဖို့ အတွက် လေ့ကျင့် ခန်းများ ပြုလုပ်နေတဲ့ အပြင် တစ်ချိန် တည်းမှာပဲ “ဟနအခါရီ” သို့မဟုတ် “ ဖူးပွင့်ဝေဆာ နေသောပန်းကလေး” လို့ အမည်ပေး ထားတဲ့ သူမရဲ့ပရောဂျက် တစ်ခုအတွက် ပန်းပွင့်များကို ဓါတ်ပုံ ရိုက်ကူးလျက် ရှိပါတယ်။ သူမဟာ အဲဒီပရောဂျက်လေးကို လွန်သွား ခဲ့ပြီဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း ဓါတ်ပုံဆရာ၊ ဆရာမများကို ရည်စူး ဂုဏ်ပြုတဲ့ အနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။


အသက် ၉၂ အရွယ်က ဆာစံမိုတို

အဖွား ဆာစံမိုတိုက “ကျွန်မတို့ တတွေဟာ ဘ၀မှာ ပျင်းရိခြင်း မရှိအောင် နေထိုင် တတ်ဖို့ လိုပါတယ်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးဘဲ အရာရာကို အကောင်းမြင် တတ်ဖို့ အရမ်း အရေးကြီး ပါတယ်။ လူတိုင်းကို သိစေ ချင်တာ တခုကတော့ မိမိကိုယ်ကို သတိတရားနဲ့ နေထိုင် တတ်အောင် လေ့ကျင့်ပါ။ ဒါမှ ဘ၀မှာ ရှေ့ဆက် လှမ်းဖို့ ဖြစ်နိုင်မယ်။” လို့ NHK သတင်း ဌာနကို ဆိုခဲ့ ပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ ။http://petapixel.com/2015/10/05/japans-first-female-photojournalist-is-still-shooting-at-the-age-of-101/

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Saturday, October 24, 2015

အိုင်းရွန်းမန်း ၀တ်စုံ ဖန်တီးခဲ့သူ ၀တ်စုံကို ပြသ (ရုပ်သံ)




ရုပ်ရှင် ဇာတ်ကား အိုင်းရွန်းမန်း ထဲက အိုင်းရွန်းမန်း ၀တ်ဆင်တဲ့ ၀တ်စုံကို ဖန်တီးပြီး ပြသ ခဲ့ပါတယ်။

ဒီဝတ်စုံဟာ ၉ လက်မခွဲ မြင့်ပြီး ၉၅ ပေါင်လေးကာ အိုင်းရွန်းမန်း နောက်ဆုံး ဇာတ်ကားမှာ ၀တ်ဆင် ခဲ့တဲ့ ၀တ်စုံ ဖြစ်ပါတယ်။

ဝတ်စုံကို သောမတ် ဒီပတ်ထရီလိုက ၁၆ နာရီကြာ ဖန်တီးခဲ့ သလို ဒေါ်လာ ၆ သောင်း နီးပါး ကုန်ကျ ခဲ့ပါတယ်။ ကုန်ကျ စရိတ်မှာ သူတို့ လုပ်အားကို ထည့်တွက် ထားခြင်း မရှိပါဘူး။

အရင် သီတင်းပတ် နယူးယောက်မှာ ကျင်းပ သွားတဲ့ ComicConမှာ လူကြိုက် များခဲ့ပြီး အကောင်းဆုံး ပြသနိုင်တဲ့ အရာတခု အဖြစ် မှတ်တမ်း ၀င်ခဲ့ ပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118135

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...