အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 7, 2015

အသက်တရာကျော်အထိ ဓါတ်ပုံများ ရိုက်ကူးဆဲဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဓါတ်ပုံ ဂျာနယ်လစ်



ဂျပန်နိုင်ငံရဲ့ အမျိုးသမီး ဓာတ်ပုံ ဂျာနယ်လစ် ဆူနဲကို ဆာစံမိုတို (phot- petapixel.com)

ဆူနဲကို ဆာစံ မိုတိုဟာ ဂျပန်နိုင်ငံရဲ့ပထမ ဦးဆုံး ဓါတ်ပုံ ဂျာနယ်လစ် တစ်ဦး အဖြစ် နာမည် ကျော်ကြားခဲ့တဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ဓါတ်ပုံ ဂျာနယ်လစ် ပညာနဲ့ အသက် (၂၅)နှစ် ကတည်းက စတင်လို့ အသက်မွေး ၀မ်းကျောင်း ပြုခဲ့ပြီး ဂျပန်စစ် မတိုင်ခင်နဲ့ စစ်ပြီး အချိန်များ အား မှတ်တမ်း တင်ခဲ့ ပါတယ်။


အသက် ၂၀ အရွယ်တုန်းက ဆာစံမိုတို

သူမဟာ ကမ္ဘာ့ အသက်အကြီးဆုံး ဓါတ်ပုံဆရာ တစ်ဦး အနေနဲ့ ထင်ပေါ် ကျော်ကြားခဲ့ပြီး ဒီနှစ် စက်တင်ဘာလမှာ အသက် (၁၀၁)နှစ် ပြည့်ခဲ့ပါပြီ။ သို့ပေမယ့် သူမဟာ ယခုထက်ထိ ဓါတ်ပုံများကို ရိုက်ကူး နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အနေနဲ့ ဆာစံမိုတိုဟာ သူမရဲ့ ဓါတ်ပုံ ဂျာနယ်လစ် သက်တမ်း (၇၀) အတွင်းမှာ ရိုက်ကူးခဲ့တဲ့ ပုံများကို ပြန်လည် စုစည်း တင်ပြဖို့ ကြိုးစားနေ တယ်လို့ ဂျပန်သတင်း ဌာန တစ်ခုဖြစ်တဲ့ NHK က ဖော်ပြ ထားပါတယ်။

ပြီးခဲ့သောနှစ်က သူမရဲ့ ဘယ်ဖက် လက်နဲ့ ခြေထောက်နှစ်ဖက် စလုံး ကျိုးခဲ့ရလို့ လှုပ်ရှားမှု နည်းပါး သွားရပေမယ့် ဓါတ်ပုံရိုက်တဲ့ ၀ါသနာ ကတော့ ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

သူမဟာ ပြန်လည် သန်စွမ်း လာဖို့ အတွက် လေ့ကျင့် ခန်းများ ပြုလုပ်နေတဲ့ အပြင် တစ်ချိန် တည်းမှာပဲ “ဟနအခါရီ” သို့မဟုတ် “ ဖူးပွင့်ဝေဆာ နေသောပန်းကလေး” လို့ အမည်ပေး ထားတဲ့ သူမရဲ့ပရောဂျက် တစ်ခုအတွက် ပန်းပွင့်များကို ဓါတ်ပုံ ရိုက်ကူးလျက် ရှိပါတယ်။ သူမဟာ အဲဒီပရောဂျက်လေးကို လွန်သွား ခဲ့ပြီဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း ဓါတ်ပုံဆရာ၊ ဆရာမများကို ရည်စူး ဂုဏ်ပြုတဲ့ အနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။


အသက် ၉၂ အရွယ်က ဆာစံမိုတို

အဖွား ဆာစံမိုတိုက “ကျွန်မတို့ တတွေဟာ ဘ၀မှာ ပျင်းရိခြင်း မရှိအောင် နေထိုင် တတ်ဖို့ လိုပါတယ်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးဘဲ အရာရာကို အကောင်းမြင် တတ်ဖို့ အရမ်း အရေးကြီး ပါတယ်။ လူတိုင်းကို သိစေ ချင်တာ တခုကတော့ မိမိကိုယ်ကို သတိတရားနဲ့ နေထိုင် တတ်အောင် လေ့ကျင့်ပါ။ ဒါမှ ဘ၀မှာ ရှေ့ဆက် လှမ်းဖို့ ဖြစ်နိုင်မယ်။” လို့ NHK သတင်း ဌာနကို ဆိုခဲ့ ပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ ။http://petapixel.com/2015/10/05/japans-first-female-photojournalist-is-still-shooting-at-the-age-of-101/

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...