အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထူးခြားဖြစ်ရပ်ဆန်းများ. Show all posts
Showing posts with label ထူးခြားဖြစ်ရပ်ဆန်းများ. Show all posts

Monday, June 26, 2017

ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းဖြင့် ထိတ်လန့်ဖွယ် မွေးဖွားလာသည့် မိန်းကလေး




အိန္ဒိယ နိုင်ငံ ဆေးရုံ တရုံမှာ မွေးကင်းစ ကလေးငယ် တဦးဟာ ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းပါပြီး ထိတ်လန့်ဖွယ် အသွင် အပြင်နဲ့ မွေးဖွား လာခဲ့ ပြီးနောက် ဒေသတွင်း နာမည်ကြီး နေခဲ့ ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘီဟာခရိုင်၊ လာခီဆရိုင်ဒေသထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုလို မွေးဖွားလာခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ကြည့်ရှုလိုသူတွေဟာ ဆေးရုံရှေ့မှာ ဝိုင်းအုံနေခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပုံပျက်ပန်းပျက်သွင်ပြင်နဲ့ မွေးကင်းစကလေးငယ်ဟာ ခန္ဓာကိုယ်မှာ ဆေးကုသရေးကိရိယာတွေနဲ့ ချိတ်ဆက်လျက်သား အခြေအနေနဲ့ ဆေးရုံ အခန်းတွင်းမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ ဆာဗီတာဒေဝီကတော့ သူ့ရဲ့ သမီးဖြစ်သူ ခုလို ဆုံးရှုံးခဲ့ရတဲ့အပေါ် တကယ့်ကို စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ဒါဟာ ကောင်းဖို့အတွက်ပဲလို့ ကျမ ထင်မိပါတယ်။ တကယ်လို့များ သမီးလေးဟာ ခုလို ပုံပျက်ပန်းပျက် အခြေအနေနဲ့ အသက်ဆက်ရှင်နေခဲ့ရမယ်ဆိုရင်လည်း နေ့စဉ် သူ့ရဲ့ ရှင်သန်မှုဟာ သေဆုံးနေတာပါပဲ။”

လယ်သမားတဦးဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဆူရက်ရှ်ဆောကတော့ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ သမီးငယ်ဟာ နတ်ဘုရားက ကျိန်စာတိုက်တာဖြစ်တယ်လို့ ပြောလိုက်တာပါ။

“သမီးအတွက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား ကျနော်မသိခဲ့ပါဘူး။ နတ်ဘုရားတွေက ကျနော်တို့အပြစ်တွေအတွက် ကျိန်စာတိုက်တာပဲဖြစ်ရမယ်။”

ကလေးငယ်ကို မွေးဖွားပြီးချင်း အထူးကြပ်မတ်ကုသဆောင်ဆီ ရွှေ့ပြောင်းကုသမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ပါဘူး။

ကလေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ မူကက်ရှ် ကူးမားကတော့ ဒါဟာ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မိခင်ဝမ်းဗိုက်တွင်းမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ အမြွှာကလေး ၂ ဦးအဖြစ် ဆက်လက်မကြီးထွားနိုင်ဖြစ်ကာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာလို့ ဒေါက်တာ မူကက်ရှ် ကူးမားက ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214491

Read More »

Thursday, May 25, 2017

ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ




စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သူများနဲ့ မတူ တမူ ထူးခြားစွာ ဆောင်ခဲ့ ပါတယ်။ ၀တ်စုံဖိုး လုံးဝ အကုန်မခံပဲ ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ ကိုယ်လုံး တီးနဲ့ မင်္ဂလာ ဆောင်ခဲ့ ကြတာပါ။

ဒီလို ထူးဆန်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ တဲ့ အမျိုးသား ကတော့ ဗြိတိန်မှာမွေးတဲ့ Jeff Adams အသက် (၅၄) နဲ့ အမျိုးသမီး ကတော့ နယူးဇီလန်မှ Sue ဖြစ်ပြီး အသက် ကတော့ (၄၇) ပါ။



သူတို့ စုံတွဲရဲ မင်္ဂလာပွဲ ကိုတော့ သြစတြေးလျ နိုင်ငံ Toowoomba မြို့မှာ ဧပြီလက ကျင်းပ ခဲ့တာပါ။ မြေး (၆) ယောက်ရဲ့ အဖိုး၊ အဖွားတွေပါ။ မုန့်ဖုတ်ဆိုင် ၀န်ထမ်း Sue က ပြောရာမှာ”ဒါဟာ ကျွန်မ လိုချင်တဲ့ မင်္ဂလာ ပွဲမျိုး ဆင်နွှဲနိုင်တဲ့ အခွင့် အရေးပဲ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ပထမဆုံး လက်ထပ်ခဲ့ တုန်းက အဲ့နေ့ကို အရမ်းမုန်း ခဲ့တာပဲ” လို့ ဆိုပါတယ်။ ဒီတစ်ကြိမ် လက်ထပ်တဲ့ အခါမှာတော့ သူမရဲ့ အတွေ့ အကြုံဟာ ထူးခြားပြီး တခြား လူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူမကတော့ ဂရုမစိုက် ဘူးလို့ ကလေး သုံးယောက်ရဲ့ မိခင် Sue က ပြောပါတယ်။

သူမ အဖို့ကတော့ ဒီတစ်ကြိမ် မင်္ဂလာပွဲမှာ သတို့ သမီး ၀တ်စုံ အတွက် စိတ်ပူပန်ဖို့ လုံးဝ မလိုခဲ့ ဘူးလို့ ပြောခဲ့ ပါတယ်။



Sue နဲ့ Jeff တို့ဟာ (၂၀၁၅) ခုနှစ်က အွန်လိုင်းပေါ်မှာ ဆုံဆည်း ခဲ့ကြ သူတွေပါ။ နောက်ဆုံး မှာတော့ သူတို့ဟာ Queensland ပြည်နယ်မှာပဲ မိနစ် (၂၀)လောက် ခြားတဲ့ နေရာမှာ နေနေ ကြတယ် ဆိုတာကို သိခဲ့ တာပါ။

သူတို့ နှစ်ဦးဟာ သုံးနှစ်ခွဲလောက် အတူနေ ခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်လုံးတီး ချွတ်တွေ လမ်းသလား ကြတယ်လို့ နာမည် ကြီးတဲ့ Byron Bay ကမ်းခြေကို အလည် အပတ် သွားခဲ့ ပါတယ်။

ဒါ့အပြင် လုံးတီး ချွတ်တွေ ခေတ်စားတဲ့ အပမ်းဖြေ နေရာ တွေရှိရာ ဥရောပ၊ ခရိုအေးရှား တို့လည်း (၂၀၁၆) ဇွန်လက အလည်သွား ခဲ့ကြပါတယ်။

Jeff ဟာ (၂၀၁၆) အောက်တိုဘာမှာတော့ Toowoomba မြို့က Eagle View မှာ လက်ထပ်ခွင့် တောင်းခဲ့ပြီး လက်ထပ် ပွဲကိုလည်း အဲ့ဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။



ဧပြီမှာတော့ အပမ်းဖြေ စခန်းရဲ့ အသည်းပုံ ဥယျာဉ် ခြံထဲမှာ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ တခြား မသိတဲ့ တစိမ်းတွေ ကိုပါ ဖိတ်ပြီး လက်ထပ်ပွဲကို ကျင်းပ ခဲ့တာပါ။

မင်္ဂလာ ၀တ်စုံ ကတော့ မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း ပုံမျိုးနဲ့ လက်ထပ် ခဲ့တာပါ။ နောက်ဆုံး မင်္ဂလာ ကိတ်ပေါ်မှာ တင်ထားတဲ့ အရုပ်က အစ အ၀တ်အစား ဗလာ ကျင်းနေ ခဲ့တာပါ။



သတို့သမီးရဲ့ ကိုယ်ပေါ်မှာတော့ အပြာရောင် ဘောင်းဘီ သိုင်းကြိုးကွင်းနဲ့ အဖြူရောင် ခေါင်းဆောင်း ပုဝါစပဲ ရှိပါတယ်။သတို့သား Jeff ကလည်း ဗလာ ကျင်းနေတဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားတဲ့ ပန်းက လွဲလို့ ဘာမှ မရှိပါဘူး။



သူတို့ နှစ်ယောက်ရဲ့ ဆွေမျိုး အသိုင်း အ၀ိုင်း ကတော့ ရှက်လို့ ဆိုပြီး မင်္ဂလာပွဲကို မလာခဲ့ ကြပါဘူး။ ကိုယ်လုံးတီး နေရတာကို မှ အရမ်း ကြိုက်နေတဲ့ Jeff ကတော့’ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ အားပေး လိုက်တာပဲ၊ လူတွေ ဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြောက်နေ ကြတယ်၊

ဒါက နည်းနည်းတော့ ထိတ်လန့် စရာ နည်းပါ၊ မင်းသာ ကိုယ်လုံးတီး ချွတ်နဲ့ ဆိုရင် ငယ်တာ၊ ကြီးတာ၊ ရှည်တာ ၊ပုတာ၊ ပိန်တာ၊ ၀တတာ၊ ကိုယ်ဝန် ရှိတာ အကုန် ဖြစ်နိုင်တယ်၊ ဘယ်သူက မှလည်း ဒါကို သတိထား မိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ ပါတယ်။

Ref;Daily Mail

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Wednesday, March 29, 2017

လူသေအလောင်းနဲ့ ပျော်ပါးမိလို့ ကိုယ်ဝန်ရခဲ့တဲ့ အမျိုးသမီး




ရင်ခွဲရုံမှာ လူသေ အလောင်းကောင် တွေကြား လုပ်ကိုင်ရတဲ့ အလုပ်က တစ်ကယ်ကို ကြောက်စရာ ကောင်းတာတော့ အမှန်ပါပဲ။ ဒီကြား ထဲမှာ ဟိုတွေး ဒီတွေးနဲ့ သရဲ တွေများ ကိုယ့်အနား ရှိနေမလား၊ လာခြောက်လှန့် မလား ဆိုပြီး စိတ်ထဲမှာ တွေးကြောက် တတ်သူ ဆိုရင်တော့ ဒီအလုပ်က တစ်ကယ် မတွေးရဲ စရာပါ။

ဒါပေမယ့် မလုပ် မဖြစ်လို့ လုပ်ကိုင်ရင်း နေသားကျ သွားရင်တော့ အလောင်းကောင် တွေဟာ အထူး အဆန်း မဟုတ်တော့ ပြန်ပါဘူး၊ ကြောက်စရာ လို့လည်း မြင်မိမှာ မဟုတ်တော့ ပါဘူး။ ဒီလိုနေသားကျ လာပြန်တော့ လူသေ အလောင်းတွေနဲ့ အပျော် သဘော ကာမ စပ်ယှက်ချင်တဲ့ စိတ် ဖြစ်လာတတ် ပါတယ်။

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်က လက်ဆင်တန်မြို့က ရင်ခွဲရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖယ်လီစီတီ မာမာဒုခ် ဆိုသူ အမျိုးသမီးဟာ အလုပ် ကြိုးစား သလောက် လုပ်ဖော် ကိုင်ဖက်တွေ ကြားမှာ ပေါင်းသင်း ဆက်ဆံရေး ကောင်းသူ အဖြစ် အသိမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။



သူမ ညဂျူတီ ဆင်းတဲ့ တစ်ရက် မှာတော့ ယောက်ျား လူသေ အလောင်းတွေ ထဲကမှာ စွဲဆောင်မှု အရှိဆုံးလို့ သူထင်တဲ့ အလောင်း တစ်လောင်းကို အလောင်း စင်ပေါ်တင်၊ သေချာ ရေဆေးကျောပြီး အလောင်းနဲ့ စိတ်ကြိုက် ပျော်ပါး ခဲ့ပါတယ်။ အဲဒီည ကတော့ သူမအတွက် အတွေ့ အကြုံ သစ်တွေ ရလိုက် ပါတယ်။

တစ်ပတ်နှစ်ပတ်ခန့် အကြာ သူ့ရဲ့ရာသီချိန်မှာ ရာသီပန်း မပွင့်တာကို သတိထား မိပြီး ကိုယ်ဝန် စစ်တဲ့ ကရိယာနဲ့ စစ်ဆေးကြည့် ရာမှာတော့ သူမအကြီး အကျယ် ထိတ်လန့် သွားခဲ့ ရပါတယ်။ အနီရောင် အတန်း နှစ်တန်းနဲ့ ကိုယ်ဝန် ရှိနေကြောင်း ပြသနေတဲ့ အတွက်ပါ။



ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ဒီအတော အတွင်း မည်သူနဲ့မှ ကာမ စပ်ရှက်မှု မရှိထားတာ သေချာကြောင်း ပြောပြ ခဲ့သလို လူသေကောင် ယောက်ျားနဲ့တော့ ပျော်ပါး မိခဲ့ကြောင်း ဝန်ခံ ခဲ့ရ ပါတယ်။ ဆရာဝန်က ဆက်လက် မေးမြန်ခဲ့ရာ သူမရဲ့ ကိစ္စပြီး ခဲ့ကြောင်း ဝန်ခံခဲ့ ပါတယ်။

ဆရာဝန်က သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပြီးနောက် သူမဟာ မဟုတ် မဟတ် လုပ်ခဲ့မှု အတွက် အဖမ်းခံ ခဲ့ရကာ ဒေါ်လာ ၂၅၀,၀၀၀ တန် ခံဝန်ထိုးခဲ့ရပြီး လူသေနဲ့ မတော်တလျော် လုပ်မှု အတွက် တရားစွဲခံ ခဲ့ရ ပါတယ်။

Credit: popolay

From : sunthit

Originally published at - http://www.sunthit.com

Read More »

Thursday, March 23, 2017

အိပ်ရမည့် အလုပ်အတွက် တရုတ်ယွန် ၁ သိန်းပေးပြီး ဝန်ထမ်းခန့်




ရှန်ဟိုင်း ကုမ္ပဏီ တခုက တနှစ်ကို တရုတ်ငွေ ၁ သိန်း ပေးမယ့် (အမေရိကန် ဒေါ်လာ ၁ သောင်း ၄ ထောင် ၅ ရာကျော်) “အိပ်ရမှာကို သက်မွေး ဝမ်းကျောင်း အလုပ်” အဖြစ် တကယ် လုပ်နိုင်မယ့် ဝန်ထမ်း တွေကို အလုပ် ခန့်မယ်လို့ ရှန်ဟိုင်း ရစ်ထ် အင်တာနက် သတင်း စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒီအလုပ်က ပုံမှန် အလုပ် လုပ်စရာ မလိုပဲ အနားယူနိုင်ပြီး စိတ်ဖိစီးမှု နည်းတဲ့ အလုပ်ဖြစ်မယ်၊ ခဏတာ ပေါ့ပေါ့ ပါးပါးအိပ်စက်နိုင်မယ်၊ သင် ကံကောင်းနေမယ့် အလုပ် မျိုးလို့ ညွှန်းထား ပါတယ်။

ဘေးဂျင်းမောနင်းပို့စ်သတင်းအရ အလုပ်ရှင်က ဓာတ်စာဖြည့်စွက်ကုန် ထုတ်လုပ်သူဖြစ်ပြီး သူလိုချင်တာက လူတွေက သူ့ထုတ်ကုန်တွေကို သုံးစွဲပြီး အိပ်ရမယ်၊ ပြီးရင် အဲဒီအတွေ့အကြုံတွေကို အစီရင်ခံစာ ရေးရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီကိစ္စက ပြောတာထက်တော့ နည်းနည်းရှုပ်ထွေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အလုပ်ပေါင်းစုံရဲ့ အချိန်ဇယားတွေကို ထင်ဟပ်စေဖို့ မတူညီတဲ့ အိပ်ချိန် ဇယားတွေမှာ သင့်ကို အိပ်ခိုင်းမှာ ပါလို့ ဆိုပါတယ်။

အလုပ်လုပ်မယ့် သူရဲ့ အဓိက အရည်အသွေးက အိပ်ရတာကို နှစ်သက်ဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝှမ်းမှာ ဒီလို အိပ်ရတာကို သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ရတဲ့ အလုပ်အကိုင်တွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်က ကုမ္ပဏီတွေနဲ့ သုတေသီတွေက ဘာကြောင့် အမေရိကန်လူမျိုး သုံးပုံတပုံက လုံလောက်အောင် မအိပ်စက်ကြသလဲဆိုတာကို ရှာဖွေဖို့ အိပ်ရမယ့်အလုပ် လုပ်သူတွေကို လစာ အမေရိကန် ၃ သိန်းထက်ပိုတဲ့ ငွေကြေးတွေ ပေးနေတာကို သိတဲ့ အလုပ်အကိုင် အကြံပြုသူတဦးနဲ့ ဘေဂျင်းမောနင်းပို့စ်က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံမှာ လူတွေက ကျန်းမာရေးအတွက် စိုးရိမ်လာကြလို့ မကြာခင်မှာ အိပ်ရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်မဲ့သူတွေ ပိုပိုပြီး များပြားလာနိုင်တယ်လို့ သတင်းက ခန့်မှန်းထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196832

Read More »

Tuesday, February 7, 2017

မိခင်၏ ပစ်ပယ်ခံ ထားရသည့် သနားစဖွယ် ဂြိုဟ်သားနှင့် တူသည့် ကလေးငယ်




အိန္ဒိယ နိုင်ငံမှ မွေးကင်းစ ကလေးငယ် တဦးဟာ ပုံပျက် ပန်းပျက် ကြီးမားတဲ့ ဦးခေါင်း၊ မာကြော ထူထဲတဲ့ ဦးခေါင်းခွံ၊ အပြင်ကို ဖောင်းကား ထွက်နေတဲ့ မျက်လုံးတွေနဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ် မွေးဖွား ခဲ့ပါတယ်။

အဲဒီမွေးကင်းစ ကလေးငယ်ဟာ မိန်းကလေး တဦးဖြစ်ပြီး သူ့ရဲ့ပုံပန်း သဏ္ဌာန်ကြောင့် အများစုကတော့ သူ့ကို တခြား ကမ္ဘာက မကောင်းဆိုးဝါး ဂြိုဟ်သား ကလေးငယ်လို့ သမုတ် ခဲ့ကြပါတယ်။

ထိတ်လန့်တကြားဖြစ်နေတဲ့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ အကြောက်အကန် ငြင်းဆန် ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြပါတယ်။

ကလေးငယ်ကို နာမည်မပေးရသေးဘဲ ခုလိုသတင်းကို ကြားသိရတဲ့သူတွေဟာ သူတို့အိမ်ဆီ လာရောက်ပြီး စူးစမ်းလေ့လာနေကြတာပါ။

တချို့ကတော့ ဒါဟာ ဟိန္ဒူနတ်ဘုရားတပါး ဝင်စားတာဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် ပရီယန်ကာ ကူမာရီက “ကျမ သူ့ကို ရုတ်တရက်မြင်လိုက်ရချိန်မှာ တကယ့်ကို ထိတ်လန့်သွားခဲ့ရတယ်။ ကျမကိုယ်ကျမ ခုလို ထူးဆန်းတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ခုတော့ ကျမ သူ့အတွက် စိတ်ပူနေရပါပြီ။ ကျမဆီကို ကျန်းမာကြံ့ခိုင်တဲ့ သားလေး၊ ဒါမှမဟုတ် သမီးလေး တယောက် ရောက်လာဖို့ပဲ ဆုတောင်း မိခဲ့တယ်။ သူကတော့ တခြားကလေးတွေနဲ့ ကွဲပြားနေပါတယ်” လို့ ပြောပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဘာလင်ဒရာ မာထိုကတော့ “ကလေးငယ်ဟာ တကယ့်ကို ကျိန်စာသင့်နေခဲ့တာဖြစ်တယ်။ ကျနော်လည်း စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ခုတော့ ဆေးရုံမှာ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်းပဲ ဆက်လုပ်ရတော့မှာပဲ” လို့ ပြောလိုက်တာပါ။

အဲဒီကလေးငယ်ဟာ Harlequin Ichthyosis လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ထူးဆန်းတဲ့ ရောဂါတမျိုး ခံစားခဲ့ရတာဖြစ်ပြီး ဒါဟာ အာဟာရချို့တဲ့မှုနဲ့ အရေပြားထူအမ်းကာ ပုံပန်းသဏ္ဌာန် ပျက်တာတွေလည်း ဖြစ်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရဆေးရုံမှာ တက်ရောက်နေတဲ့ ကလေးငယ်ကို ပြုစုစောင့်ကြပ်နေတဲ့ ဆရာဝန် ဒေါက်တာ ရာဂျန်ဆင်ဟာက “မိခင်ရဲ့ ကျန်းမာရေးအခြေ အနေကတော့ ကောင်း ပါတယ်။ ဒါပေမယ့် ကလေးကိုတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ ခုလိုအခြေအနေတွေမှာ အသက်ရှင်သန်နိုင်ခွင့်ဟာ ၁၀ သန်းမှာ ၁ ယောက်သာ ရှိနိုင်လို့ပါပဲ” လို့ ပြောပါတယ်။



Video from: https://youtu.be/mFBWfAcLTb0

Post From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187977

Read More »

Thursday, February 2, 2017

RPG ဒုံးကျည် တင်ပါး စိုက်ဝင်သော်လည်း သေကံ မရောက်ခဲ့သူ




ဒီလူဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူတွေ ထဲမှာ တစ်ယောက် အပါ အ၀င်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ သူဟာ ရန်သူ့ RPG-32 က ပစ်လွှတ် လိုက်တဲ့ TB-32V Thermobaric Rocket ကြီး တင်ပါးကို ထိမှန်၊ စိုက်ဝင် ခံခဲ့ရတဲ့ ယီမင် သူပုန် တစ်ယောက် ဖြစ်ပြီး ကံကောင်း ထောက်မ စွာနဲ့ပဲ ဒုံးကျည် ထိပ်ဖူးဟာ အသက်ဝင် ပေါက်ကွဲမှု မရှိ ခဲ့ပါဘူး။ (တင်ပါးထဲ ရော့ကတ် ၀င်သွားအောင် ဒီလူ ဘယ်လို လုပ်နေလဲ ဆိုတာကတော့ ပညာရှင်များ သုံးသပ် ကြည့်ကြပါ )

တင်ပါးထဲ ၀င်နေတဲ့ Rocket ကြီးကို ဆေးပညာ ရှင်တွေက အောင်အောင် မြင်မြင် ခွဲထုတ် ပေးနိုင်ခဲ့လို့ သူဟာ အခုဆိုရင် အသက် ဆက်ရှင်နိုင် ခဲ့ပါပြီ။ RPG-32 ဟာ ရုရှားနဲ့ ဂျော်ဒန်တို့ ပူးတွဲ ထုတ်လုပ် ထားတဲ့ RPG တစ်မျိုး ဖြစ်ပြီး ၎င်း Thermobaric ထိပ်ဖူးဟာ ဆိုရင် ၁၅ မီတာ (၄၉ ပေ) ပတ်လည်က လူနဲ့ တိရစ္ဆာန် တွကို ပြာ
ဖြစ် သွားနိုင် စေလောက်အောင် ပြင်းထန် ပါတယ်။



Yint Lu Shein ဖေ့စ်ဘုတ် စာမျက်နှာမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။

From : MOMOLAY

Originally published at - http://www.momolay.com

Read More »

Wednesday, December 28, 2016

အရေပြားထိပ် ဖြတ်တောက်စဉ် မှားယွင်းပြီး လိင်တံတစ်ဝက် ဖြတ်ခံလိုက် ရတဲ့ကလေး




မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ အထူးကု ဆေးရုံကို ကလေး တစ်ယောက် အရေးပေါ် ကုသဖို့ ရောက်လာ ခဲ့ပါတယ်။

အဆိုပါ ကလေးရဲ့ အမည်နာမကို ဖော်ပြထားခြင်း မရှိပေမယ့် အစ္စလာမ် ဘာသာဝင်တို့ ထုံးစံအတိုင်း လိင်အင်္ဂါ ထိပ်ပိုင်း အရေပြားကို ဖြတ်တောက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ ဆရာဝန်က လေဆာမီး အကူအညီနဲ့ ဖြတ်တောက် ခဲ့တာ ဖြစ်ပြီး၊ မတော်တဆ မှားယွင်းကာ လိင်တံတစ်ဝက်ကို ဖြတ်တောက် ခံလိုက်ရပါတယ်။ ဒီအတွက် ကလေးငယ်ကို မိဘတွေက ကွာလာလမ်ပူရှိ ဆေးရုံကို ချက်ချင်း တင်ပို့ခဲ့ ကြပါတယ်။ အခင်းဖြစ်ခဲ့တဲ့ နေရာကတော့ Selangor ပြည်နယ်ရှိ Kajang မြို့နယ်က ဒေသန္တရ ဆေးခန်း တစ်ခုမှာ ဖြစ် ခဲ့တာပါ။

ယခင်ကတော့ အရေပြားဖြတ်တောက်ခြင်းကို ဓားတွေကိုသာ ထုံးစံအတိုင်း အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ လေဆာနဲ့ဖြတ်တောက်ခြင်းတွေ ခေတ်စားလာခဲ့ပြီး၊ နာကျင်မှုကိုလည်း ယခင်ကထက် ပိုမိုသက်သာစေတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်မှာလည်း လေဆာကိရိယာနဲ့ ဖြတ်တောက်ရန်မဟုတ်သောနေရာကို ချော်ထိုးပြီး ဖြတ်လိုက်မိသလို ဖြစ်သွားပုံ ရပါတယ်။ ကလေးကတော့ ဆေးရုံတွန်းလှည်းပေါ်မှာ နာကျင်မှုနဲ့အတူ အသံကုန် အော်ဟစ်နေခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဟာ ခွဲစိတ်ခန်းရှေ့မှာ စောင့်ဆိုင်းနေပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူသားရဲ့ လိင်တံအပေါ်ပိုင်း ပြတ်တောက်သွားတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကလေးကို အရေးပြား ဖြတ်တောက်ပေးခဲ့တဲ့ ဆရာဝန်ကလည်း နယ်နယ်ရရ ဆရာဝန်မဟုတ်ဘဲ ပါကစ္စတန်မှာ လုပ်သက် 22 နှစ်ရခဲ့တဲ့ ၀ါရင့်ဆရာဝန်လို့ သိရပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ဆေးခန်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပါဝင်ပတ်သက်ခဲ့သူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အရေးယူမှု တစ်စုံတစ်ရာကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိသေးသလို ကလေးရဲ့ အခြေအနေမှန် ကိုလည်း မသိရသေးပါဘူး။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Read More »

Wednesday, December 21, 2016

မူးနေတဲ့ မိခင်ကြောင့် မွေးကင်းစကလေး ကြွက်ကြီးတွေရဲ့ စားသောက်ခြင်းကို ခံရ




အသက် 26 နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မိမိ ရင်သွေးငယ်အား လုံလောက်တဲ့ အစောင့် အရှောက် ပေးရန် ပျက်ကွက်မှုနဲ့ တောင်အာဖရိက နိုင်ငံ Johannesburg မြို့ ရဲတပ်ဖွဲ့ ဖမ်းဆီး ထားပါတယ်။

အဆိုပါ ကလေး မိခင်ဟာ တစ်ညလုံး သောက်စား မူးရူးနေပြီး၊ မိမိရဲ့ သုံးလ အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေး ဘာဖြစ် နေတယ် ဆိုတာကို ဂရုမစိုက်နိုင်တဲ့ အထိ ဖြစ်နေ ခဲ့ပါတယ်။

အဆိုပါ ကလေး ငယ်လေးဟာ ဧရာမ ကြွက်ကြီးတွေရဲ့ အရှင် လတ်လတ် ကိုက်ဖြတ် စားသောက် တာကို ခံခဲ့ရပြီး သေဆုံး ခဲ့ပါတယ်။ ကလေး ငယ်လေးရဲ့ ရုပ် အလာင်းဟာ အသားစ အကြွင်း အကျန် အနည်းငယ်သာ ရှိတော့ပြီး အိပ်ယာ တစ်ခုလုံး သွေးတွေ ဖုံးလွှမ်းနေ ခဲ့ပါတယ်။



အိမ်နီး နားချင်းတွေဟာ ကလေးရဲ့စူးစူးဝါးဝါး ငိုသံကြောင့် အခန်းထဲကို ချိုးဖောက် ၀င်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကလေး မလေးမှာ မျက်လုံးတွေ၊ လျှာနဲ့၊ လက်ချောင်းလေး တွေဟာ ကြွက်တွေရဲ့ ရက်ရက် စက်စက် စားခြင်းကို ခံထားရပြီး သတိလစ် နေပြီလို ဆိုပါတယ်။

အခြား ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်တွေမှာလည်း ကြွက်သွားရာတွေနဲ့ ကိုက်ဖဲ့ရာတွေကို တွေ့ခဲ့ရပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကို ချက်ချင်း အကြောင်းကြား ခဲ့ရပါတယ်။ အဲဒီ အချိန်ထိ ကလေးမိခင်ဟာ အိမ်ကို ပြန်မရောက်သေးပါဘူး။ ဒေသခံတွေဟာ မိခင်ရဲ့ လုပ်ရပ်ကို အလွန်စိတ်ဆိုးနေခဲ့ပြီး သူမကို ချုပ်နှောင် ထားရာ ရဲစခန်းရှေ့ မှာတောင် လူစုဝေးမှု ဖြစ်ခဲ့ ပါသေးတယ်။



၎င်းတို့က ” ထောင်ထဲမှာ အဲဒီအမျိုးသမီးကို ပုပ်အောင် ထားပေးပါ … မိခင် မဖြစ်ထိုက်သူ” စသဖြင့် ပြောခဲ့ ကြပါတယ်။ ဒီအဖြစ် အပျက်ဟာ ပြီးခဲ့တဲ့ စနေတနင်္ဂနွေ ရုံးပိတ်ရက်မှာ ဖြစ်ပေါ် ခဲ့တာဖြစ်ပါတယ်။

ထိုညက မိခင်ဖြစ်သူဟာ သေဆုံးသူ ကလေးမလေးရဲ့ အမွှာဖြစ်တဲ့ Lucky အမည်ရ သားငယ်ကိုသာ ညဘက်ထွက်ချိန်မှာ အပြင်ဘက်ကို ခေါ်သွားခဲ့တာ
ဖြစ်ပါတယ်။

ယခုအခါမှာတော့ ကာယကံရှင်အမျိုးသမီးရဲ့ ခင်ပွန်းကိုပါ ဥပဒေအရ ချုပ်နှောင် ထားတယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင် အမျိုးသမီး ကလည်း အခုအဖြစ် အပျက်နဲ့ ပတ်သက်ပြီး ” ဒီမိန်းမက အပြင်ထွက်နေ ရတာကိုပဲ ကျေနပ်နေသူပါ … ပြီးခဲ့တဲ့ အပတ်ကလည်း ကလေးနှစ်ယောက် စလုံး ဆေးရုံ တင်ခဲ့ရပြီး .. .ဘာကြောင့် ဆေးရုံ တင်ရတယ် ဆိုတာတော့ မသိပါဘူး … “လို့ ပြောခဲ့ပါတယ်။

2011 ခုနှစ်တုန်း ကလည်း ကိပ်တောင်း မြို့မှာ Lunathi Dwadwa အမည်ရ အသက် 3 နှစ် အရွယ် ကောင်မလေးလည်း ကြွက်တွေရဲ့ ၀ိုင်းဝန်း စားသောက် ခံရခြင်းကြောင့် သေဆုံး ခဲ့ပါတယ်။ တောင်အာဖရိက မြို့တော် ကိပ်တောင်းနဲ့ အကြီးဆုံး မြို့တော် Johannesburg မြို့တွေမှာ ကြွက်တွေ သောင်းကျန်း နေပြီး မြို့ရဲ့ သန့်ရှင်းမှုနဲ့ အမှိုက် စွန့်ပစ်မှုမှာ အလွန်အားနည်းနေ ပါတယ်။

ကြွက်တော်တော် များများဟာ အရွယ်ရောက် ပြီးသား ကြောင်ကြီးေ လောက်တောင် ခန္ဓာကိုယ် အရွယ်အစား ရှိပြီး၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခြင်း မရှိတဲ့ ကလေးတွေ အတွက်တော့ အလွန်ကို အန္တရာယ် များပါတယ်။

အုပ်စုလိုက် လှုပ်ရှားကြတဲ့ ကြွက်အုပ်တစ်အုပ်ဟာ အသားစ 3 စတုံလောက်ကို မိနစ်ပိုင်းအတွင်း အလုအယက်နဲ့ ကုန်အောင် စားနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Sunday, December 4, 2016

ပုသိမ်မြို့တွင် လူနှင့် တူသော ၀က်သေ တစ်ကောင်မွေး




ပုသိမ်၊စက်တင်ဘာ (၂၈)ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက်၊ အောင်ချမ်းသာ (၅) လမ်း ထိပ်ရှိ ဒေါ်ကရင်မ၏ နေအိမ် တွင် မွေးမြူ ထားသော ၀က်မကြီး တစ်ကောင်မှ လူနှင့် တူသော ၀က်သေလေး တစ်ကောင်ကို စက်တင်ဘာလ (၂၆) ရက်၊ ည (၁၁း၀၀) နာရီခန့်တွင် မွေးခဲ့ကြောင်း သိရှိရသည်။

ဒေါ်ကရင်မ အိမ်တွင် မွေးမြူထားသော ၀က်မကြီးမှ ၀က်သားပေါက် (၁၁) ကောင်မွေးဖွား ရာတွင် ၀က် အသေ နှစ်ကောင် ပါဝင်ခဲ့ပြီး တစ်ကောင်မှာ လူခန္ဓာကိုယ် ပုံသဏ္ဍန်နှင့် တူညီသော ကိုယ်လက် အင်္ဂါများ ရှိခဲ့ကြောင်း ရပ်ကွက် နေထိုင်သူများ ထံမှ သိရသည်။

လူပုံသဏ္ဍာန် မွေးခဲ့သော ၀က်ပေါက် ကလေး၏ ခန္ဓာကိုယ်တွင် အမွေး အမြ င်မပါဘဲ အရေပြား မှာလည်း လူအရေပြား ကဲ့သို့ဖြစ်နေပြီး ဦးခေါင်းသည်လည်း လူဦးခေါင်းဖြင့် တူနေကာ ၀က်လက်၊ ခြေထောက်များနှင့် နားရွက် တစ်ဖက် ပါရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရသည်။

“၀က်တွေက မွေးကတည်းက အမွေးပါတဲ့ အကောင်တွေချည်းပဲရှိတယ်။ ၀က်အသေမွေးတာတွေ အများကြီး ရှိတယ်။ ၀က်ခြောက် အသေလေးတွေကို မွေးတာ ကိုလည်း တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး မွေးတာကိုတော့ ဦးလေး ၀က်မွေး လာတာကြာပြီ တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးသေးဘူး။”ဟု အောင်ချမ်းသာ ရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် ဦးဂွတိုက ပြောသည်။

ထူးဆန်းသော ၀က်ပေါက်ကလေးအား ပထမတွင် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးထံပို့ကာ မျိုးရိုးဗီဇစစ်ဆေး ရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် ကုန်ကျ စရိတ် ထပ်မံ မသုံးလိုတော့ခြင်း၊ သွားလာရေးခက်ခဲမှုများ ကြောင့် အိမ်အနီးအနားတွင် မြေမြုပ်ခဲ့ကြောင်း အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ကရင်မထံမှ သိရသည်။

From : မျိုးမင်းထွန်း (မြစ်မခ)

Originally published at - http://myitmakhamediagroup.com/news/breaking-news/9858/

Read More »

ထူးဆန်း အံ့သြဖွယ် ကလေးငယ် တစ်ဦး မြန်မာပြည်မှာ မွေးဖွား




ကျောက်ဖြူ၊ ဒီဇင်ဘာ(၂)ရက်။

ရခိုင်ပြည်နယ် မာန်အောင်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကိုယ်ခန္ဓာ တစ်ခုလုံးတွင် ဖယောင်း သဏ္ဍန် အဖြူထည် အရည်ပြားများ ဖုံးအုပ် ပါရှိပြီး ကိုယ်ခန္ဓာ တစ်ကိုယ် လုံး တွင်လည်း ထူးဆန်း ဖွယ်ရာ အသား အရည်များ ကွဲအက် ပါရှိသော အသက်ရှင်လျက် ကလေးငယ်တစ်ဦး မွေးဖွားခဲ့ကြောင်း မာန်အောင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

အဆိုပါကလေးငယ်အား ဒီဇင်ဘာလ(၁)ရက်နေ့လည်(၁၂)နာရီအချိန်တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူအများစိတ်ဝင်စားမှုမြင့်တက်ကာ မာန်အောင်ဆေးရုံသို့ သွားရောက်ကြည့်ရှုသူများလည်း များပြားနေ ကြောင်း သိရသည်။

“ယောကျာင်္းလေးပါ။ OG ဆရာဝန်ရဲ့ ပြောပြချက်အရ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်၊ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တယ်လို့လည်း ပြောရမလား မသိဘူး။ ကလေးငယ်က အခုထိအသက်ရှင်နေ တုန်းပါ။”ဟု မာန်အောင်ပြည်သူ့ ဆေးရုံကြီးမှ အကြီးတန်း သူနာပြု ဆရာမ တစ်ဦးက ပြောသည်။

အဆိုပါကလေးငယ်အား ပကတိလူသားအဖြစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ရောဂါလက္ခဏာများအား ရှာဖွေပြီး ဆေး ၀ါးကုသရန် မာန်အောင်ပြည်သူ့ဆေးရုံကြီး၏ ညွန်ကြားချက်အရ မာန်အောင်လူမှုကွန်ယက်နှင့် လူမှုရေးအဖွဲ့ အစည်းများက ငွေကြေးကောက်ခံပြီး ရန်ကုန်သို့ ဆေးဝါးများကုသရန် စေလွှတ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“ကလေးက တော်တော်ထူးဆန်းတယ်။ ကြည်ရှုသူတွေများလို့ မိဘတွေက ကလေးကိုဝှက်ထားကြတယ်။ ကလေးငယ်က အသက်ရှင်လျက် ကျွန်တော်တို့က မိဘတွေမတတ်နိုင်လို့ ရန်ကုန်ကို ဆေးဝါးကုသဖို့ ငွေကြေး အလှူခံကောက်ခံပြီး ပို့ဆောင်ဖို စီစဉ်နေပါတယ်။”ဟု မာန်အောင်လူမှုကွန်ယက်ဥက္ကဌ ဦးကျော်မိုးနိုင်က ပြောသည်။

အဆိုပါ ကလေးငယ်၏ မိဘများမှာ ရမ်းဗြဲမြို့နယ် ကြပ်ခိုးကျေးရွာမှ ဖခင်မောင်သိန်းရွှေနှင့် မိခင် မခင်ဝင်းကြည်တို့မွေးဖွားခဲ့သည် သားဦးဖြစ်ကြောင်း သိရသည်။

From : အာရကန်ကိုကို(မြစ်မခ)

Originally published at - http://myitmakhamediagroup.com/news/breaking-news/11210/

Read More »

Sunday, November 27, 2016

အဝလွန် ၁၁ နှစ် အရွယ် ကလေး ကိုယ်အလေးချိန် ကျရန် မီးကုထုံးဖြင့် ကုသ




အဝလွန် နေတဲ့ ၂၃ စတုံး အလေးချိန် ရှိတဲ့ ကလေးငယ် တစ်ဦးကို ကိုယ် အလေးချိန် ကျဖို့ မီးရှို့ကုသတဲ့ ထူးဆန်း ကုထုံးနဲ့ ကုသ ခဲ့ကြောင်း သိရ ပါတယ်။

အသက် ၃ နှစ် အရွယ်မှာ ဖြစ်ခဲလှတဲ့ အဝလွန် ရောဂါကို ခံစားခဲ့ ရပြီး အလေးချိန်တွေ တက်လာ ပြီးနောက် အသက် ၁၁ နှစ် အရွယ် လီဟန်ကို တရုတ် ရိုးရာ ဆေးပညာ ကုထုံးနဲ့ ကုသ နေတာပါ။

ဒီရိုးရာ ကုထုံးထဲမှာ မီးအပူပေး ထားတဲ့ ခွက်တွေနဲ့ ခန္ဓာကိုယ်ကို ကပ်တာ၊ မီးကုထုံးနဲ့ အပ်စိုက်တဲ့ ကုထုံးတွေ ပါတာပါ။

ဓာတ်ပုံတွေထဲမှာ ဒီအဝလွန်ကလေးရဲ့ ဗိုက်ပေါ်ကို ဆရာဝန်က မီးရှို့ထားတဲ့ အဝတ်ကိုတင်ပြီး ကုသပေးနေလို့ ကလေးက ထိတ်လန့်တကြား အော်နေတာကို မြင်ရမှာပါ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ခရိုင် ချန်ချွန်းမြို့က ချန်ချွန်းကန်ဒါဆေးရုံထဲမှာ ကလေးကို ဆေးကုသမှု ပေးနေတာပါ။

ချန်ချွန်းကန်ဒါဆေးရုံဟာ ခန္ဓာကိုယ် အဆီချကုသမှုတွေကို အထူးကုသပေးနေတဲ့ ဆေးရုံတခု ဖြစ်ပြီး အဝလွန်နေတဲ့ သူတို့ရဲ့ လူနာတွေကို မီးခွက်ကပ်ခြင်း၊ မီးကုထုံးနဲ့ အပ်စိုက်ကုသခြင်းတွေ အပါအဝင် တရုတ်ရိုးရာကုထုံးအမျိုးမျိုးနဲ့ ကုသပေးနေတာပါ အဝလွန်လူနာ ၅၃ ဦးမှာ ၇ ဦးဟာ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ကုသမှုခံယူနေတဲ့ လီဟာ ဖြစ်ခဲလှတဲ့ အစားစားခြင်းကို အလွန်အကျွံစိတ်ဝင်စားတာ သင်ယူဖို့ခက်ခဲတာနဲ့ ပုံမှန်မဟုတ်ပဲ ကြီးပြင်းလာတာတွေအပါအဝင် ဖြစ်ခဲလှတဲ့ Prader-Willi ရောဂါကို ခံစားနေရတာပါ။

၂၀၂၅ လောက်မှာ တရုတ်နိုင်ငံဟာ အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကလေးတွေ အဝလွန်ရောဂါ ခံစားရသူဦးရေ အများဆုံးဖြစ်မယ်လို့လည်း သိရပါတယ်။

အဝလွန်ကလေးဦးရေဟာ ၄၈.၅ သန်းအထိ ဖြစ်လာမယ်လို့ ကမ္ဘာ့အဝလွန်ရောဂါအဖွဲ့ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/177638

Read More »

Tuesday, November 22, 2016

မြွေတကောင်နှင့် လက်ပွန်းတတီး ဆော့ကစားနေသည့် ၂ နှစ်သားကလေး




လူအများ စုဟာ မြွေကို လှမ်းမြင် လိုက်ရရင် ကြောက်လန့် တကြား ထွက်ပြေး ကြမှာ ဖြစ်ပေမယ့် မြွေတကောင်နဲ့ လုံးထွေး ဆော့ကစား နေတဲ့ ဒီကလေးငယ်ကို ကြည့်ရတာ ထိတ်လန့် ကြောက်ရွံ့တာမျိုး မရှိဘဲ တကယ့်ကို ပျော်ရွှင် နေပုံပါပဲ။

အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ ဒီကလေးငယ်ဟာ နေအိမ်ဧည့်ခန်းထဲမှာ မိသားစုနဲ့အတူ ရှိနေခဲ့ချိန် မြွေတကောင်က ၀င်လာခဲ့တာပါ။

နေအိမ်ဧည့်ခန်းထဲကို မြွေတကောင် လျှောဝင်လာခဲ့ချိန်မှာ ကလေးငယ်က အကြောက်အလန့်မရှိဘဲ မြွေရဲ့ခေါင်းကို ဖမ်းယူခဲ့လို့ မိခင်ဖြစ်သူ ဆီက ထိတ်လန့် တကြား အော်ဟစ်သံကို ကြားလိုက် ရတာပါ။

အဲဒီနောက်တော့ ကလေးငယ်ဟာ အဲဒီမြွေနဲ့ အံ့သြစရာကောင်းလောက်အောင် လက်ပွန်းတတီး ဆော့ကစားနေခဲ့တာကို တွေ့ရပါတယ်။

မြွေဟာ ကလေးငယ်ဆီကနေ လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် သူက ဖမ်းထားခဲ့ပြီး ရစ်ပတ်နေခဲ့ကာ ပျော်ရွှင်မြူးထူးနေခဲ့တာကို တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်ထဲက နေအိမ်တအိမ်ထဲမှာ ဖြစ်ခဲ့ပြီး တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေဟာ အံ့အားသင့်ပြီး မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ကြတာပါ။

လင်ဒါဟောင်အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ကျမ မြွေတွေကို မနှစ်သက်ပါဘူး။ ဒီလိုထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ဗွီဒီယိုဖိုင်တွေကိုလည်း ကြည့်ခဲပါတယ်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/177013

Read More »

Sunday, October 30, 2016

အမေရိကန်တွင် အသည်းအလှူရှင်နှင့် သူအသက်ကယ်ခဲ့သည့် အမျိုးသမီး လက်ထပ်




အမေရိကန် ရေတပ်သားဟောင်း ခရစ္စတိုဖာ ဒမ်ဆေးဟာ အမျိုးသမီး တဦးကို သူ့အသည်း တစ်ဝက် လှူဒါန်းခဲ့ပြီး ၂ နှစ်လောက် အကြာမှာ သူအသက် ကယ်ခဲ့တဲ့ အသည်း လက်ခံသူ အမျိုးသမီး မစ်စ်ကရူးဂါးနဲ့ လက်ထပ် ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့ ဘီဘီစီ သတင်းမှာ ဖော်ပြ ပါတယ်။

ချီကာဂိုတောင်ပိုင်း ဖရန်က်ဖို့တ်လို့ ခေါ်တဲ့ ရွာကလေး တရွာရဲ့ အလုပ် နားနေခန်း တခုမှာ စကားပြောဆို ခဲ့ကြရင်း သူတို့ရဲ့အချစ် ဇာတ်လမ်း စတင် ခဲ့တာ လို့လည်း သိရပါတယ်။

မစ္စဟီသာကရူးဂါးဟာ အသည်းရာဂါ နံပါတ် ၄ အဆင့် ဖြစ်နေခဲ့ပြီး နေမကောင်းဖြစ်နေတာ ၂ နှစ်လောက် ရှိခဲ့တာပါ။ ဆရာဝန်တွေကလည်း အသည်း အစားထိုး မကုနိုင်ခဲ့ရင် နောက် ၂ လလောက်ပဲ အသက်ရှင်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံထဲမှာ အသည်းအစားထိုးကုဖို့ အလှူရှင်စောင့်နေတဲ့သူတွေဟာ ၁၁၉,၀၀၀ ကျော်ရှိနေတာကြောင့် တကယ့်ကို ခက်ခဲတဲ့အလုပ်ဖြစ်နေပြီး မစ္စဟီသာကရူးဂါးရဲ့ မိသားစုအနေနဲ့လည်း အသဲအလှူရှင် ရှာရတာ တကယ့်ကို အခက်ခဲနဲ့ ကြုံတွေ့နေရတာပါ။

ဝမ်းကွဲညီမတယောက် အသဲအစားထိုး ကုသဖို့ လိုအပ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကနေ ကြားခဲ့ရတယ်လို့ အသည်းအလှူရှင် မစ္စတာဒမ်ဆေးက ဘီဘီစီကို ပြောပါတယ်။

“ကျနော်စဉ်းစားလိုက်တာက ကျနော်ဒါမှမဟုတ်၊ ကျနော့်မိသားစုသာ ဒီလိုအခြေအနေမှာ ဖြစ်နေရင် ကျနော် ဒီလိုအကူအညီမျိုး လိုချင်မှာပဲ။”

ဒါကြောင့် အသက် ၃၈ နှစ်အရွယ် ဒမ်ဆေးက အသက် ၂၇ နှစ်အရွယ်ဖြစ်နေတဲ့ မစ္စကရူးဂါးကို ကူညီနိုင်ဖို့ သူ့အသည်းက အဆင်ပြေနိုင်မလားဆိုတာ စစ်ဆေးခဲ့ပါတယ်။

ပထမဦးဆုံးအကြိမ် သူတို့စကားပြောခဲ့တာက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်ပြီး သူက သူမကို ဖုန်းခေါ်ကာ သူဟာ အသည်း လှူဒါန်းမယ့်သူ ဖြစ်ကြောင်း ပြောခဲ့တာပါ။

အဲ့ဒီနောက် မစ္စ ကရူးဂါးနဲ့ သူ့အမေဟာ သူ့ဖုန်းကို လက်ခံစကားပြောခဲ့ပြီး ပျော်လွန်းလို့ မျက်ရည်ကျခဲ့ကြောင်း ဆိုပါတယ်။

ဖုန်းပြောပြီး သူတို့ ပထမဦးဆုံးအကြိမ် တွေ့ရာမှာ ဒမ်ဆေးက မစ္စကရူးဂါးကို နေ့လယ်စာကျွေးခဲ့ပါတယ်။



အဲ့ဒီနောက် မစ်စတာဒမ်ဆေးက သူရဲ့မော်တော်ဆိုင်ကယ်အသင်း ရန်ပုံငွေရှာဖို့အတွက် သူတို့ ၂ ဦး အတူတူအလှူခံထွက်ဖြစ်ခဲ့ကြပြီး “သူမက ကျနော်သိချင်တဲ့ အမျိုးသမီးမျိုးပဲ တကယ်အမျိုးသမီးကောင်းတစ်ယောက်လို့ ကျနော် စစဉ်းစားမိတယ်” လို့ သူကပြောပါတယ်။

သူတို့၂ ဦး ခွဲစိတ်မှုတွေ လုပ်တဲ့အချိန်မှာတော့ သူတို့ ချိန်းဆိုမှု ၂ ကြိမ်လောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ တရားဝင်ချိန်းဆိုမှု လုပ်ခဲ့ကြပါတယ်။

ခွဲစိတ်ကုသပြီးလို့ ၈ လအကြာမှာတော့ မစ်စတာဒမ်ဆေးက မစ်စ်ကရူးဂါးကို လက်ထပ်ခွင့်ပန်ခဲ့ပြီး ၁၉ လ အကြာမှာတော့ ကျန်းမာတဲ့ သူတို့ ၂ ဦးလက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။

From : DVB

Originally published at - http://burmese.dvb.no/archives/174006

Read More »

Wednesday, October 26, 2016

အိမ်ဖော်နဲ့ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြောင်းကို အိမ်ရှင်မဆီမှာ ဖော်ထုတ်ခဲ့တဲ့ ကြက်တူရွေး




ကြက်တူရွေး ကဲ့သို့ လူစကား မတောက် တခေါက် ပြောတတ်တဲ့ အိမ်မွေး တိရစ္ဆာန် တွေဟာ တစ်ခါတလေ ရာဇ၀တ်မှု တွေကို ဖော်ထုတ် ရာမှာ လိမ္မာ ပါးနပ် ကြပါတယ်။

ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပေမယ့် တစ်ချို့သောကိစ္စရပ်တွေမှာတော့ ၎င်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အကူအညီဟာ လူတွေ ကူညီနိုင်တာထက် ထိရောက်တတ်ပါတယ်။

အခုလည်း အိမ်မွေးကြက်တူရွေး တစ်ကောင်ဟာ အိမ်ဖော်နဲ့ ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြောင်းကို ဖောက်သည်ပြန်ချ ခဲ့ပါတယ်။ ဒီလို ပြုလုပ်ခဲ့တဲ့ အတွက် အိမ်ရှင် အိမ်ထောင်သည် ယောက်ျားဟာ ဇနီးနဲ့ ကွာရှင်း ရမလို၊ ထောင်ဒဏ် ကျခံရမလို အထိကို ဖြစ်ခဲ့တဲ့ အဖြစ် အပျက်ပါ။

အဲဒီ မိသားစုရဲ့နာမည်တွေကို ဖော်ပြ မထားပေမယ့် ဒီသတင်းကို ကြက်တူရွေးက အိမ်ရှင်မရှေ့မှာ စာရွတ် သလို တတွတ်တွတ် ရွတ်ဆို ခဲ့ပါတယ်။

အိမ်ရှင်မကလည်း ပထမတော့ ကြက်တူရွေးတို့ သာလိကာတို့ ထုံးစံအတိုင်း ပေါက်တက်ကရ လျှောက်ပြောနေတယ်ပဲ မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်
ပိုင်းမှာတော့ ဒီကစ္စဟာ အမှန်တကယ်ဖြစ်တယ် ဆိုတာကို ရိပ်မိ ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ခင်ပွန်းသည်ကို တပ်အပ်စွပ်စွဲတဲ့ အခါ ခင်ပွန်းသည်က လုံးဝ မဟုတ်ကြောင်း၊ အိမ်ဖော် အမျိုးသမီးကို လက်ဖျားနဲ့ပင် မထိဘူးကြောင်း
ဗြောင်လိမ်တဲ့ အခါ အိမ်ရှင်မက လုံးဝ မနေသာတော့ပဲ ရဲစခန်းကို သွားရောက် တိုင်တန်းခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကူဝိတ်နိုင်ငံ Gulf ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာပါ။

တရားသူကြီးတွေဟာ အိမ်ရှင်မရဲ့စွပ်စွဲချက်ကို လက်ခံခဲ့ပြီး သက်သေ အဖြစ် တင်သွင်းတဲ့ အိမ်မွေး ကြက်တူရွေး ကိုတော့ တရား ဥပဒေ အရ အကြုံး မ၀င်ဘူးလို့ ငြင်းပယ် ခဲ့ပါတယ်။

ဒီပြစ်မှုသာ ခိုင်လုံရင် ကူဝိတ်မှာတော့ ထောင်ဒဏ်အနှစ် 20 လောက်အထိ ချမှတ်နိုင်တဲ့ အမှုဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာ အဓိကသက်သေ အဖြစ် တင်သွင်းတဲ့ ကြက်တူရွေးကို ငြင်းပယ် ခဲ့လို့သာ အိမ်ထောင်ရှင်အမျိုးသား သက်သာရာရခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကိုပင် အိမ်ရှင်မက မကျေနပ်သေးဘဲ သူမရဲ့ ခင်ပွန်းဟာ အလုပ်ကနေ စောစော ပြန်ရောက် နေတတ်ပြီး၊ သူမကိုယ်တိုင် ရုံးက စောစော ပြန်လာတဲ့
နေ့တွေ ဆိုရင် ပြဿနာရှာလေ့ ရှိကြောင်း၊ ဒါဟာ လင်ယောက်ျားရဲ့ ဖောက်ပြန်မှု အတွက် သံသယဖြစ်စရာ အချက်ဖြစ်ကြောင်း လျှောက်လဲ ခဲ့ပေမယ့် တရားရုံးက သံသယဖြစ်ခြင်းဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဖူးလို့ ကြားနာမှု 2 နာရီ အကြာမှာ အမှုကို ရုပ်သိမ်း ခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် အစောပိုင်း တုန်းကတော့ ကြက်တူရွေး တစ်ကောင်ကပဲ ပိုင်ရှင်ဖြစ်တဲ့ Suzy ဆိုတဲ့ အမျိုးသမီးရဲ့ ဖောက်ပြန်မှုကို ဖော်ထုတ် ခဲ့လို့ Suzy ဟာ ချစ်သူ Chris ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သတင်းတစ်ရပ်က ဆိုထားပါတယ်။

အဲဒီကြက်တူရွေးက Chris ရဲ့ရှေ့မှာ ” Gray ကို ချစ်တယ် … Gray ကို ချစ်တယ် .. “လို့ မကြာခဏ ပြောခဲ့တဲ့ အတွက် Suzy ကို မသင်္ကာလို့ Chris ကိုယ်တိုင် လက်ပူး လက်ကြပ် ဖော်ထုတ်နိုင် ခဲ့တယ်လို့ သိရပါတယ်။

source : metroc.co.uk

From : Shwe Mom - By : နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com/parrot-reveals-husbands-affair-with-housemaid/

Read More »

Wednesday, September 28, 2016

အပေါ်ပိုင်းဗလာ ယာဉ်ထိန်း ရုရှား အမျိုးသမီးများ




ရုရှား လူမျိုးတွေရဲ့ လုပ်ဆောင်မှုမျိုး သင် အရင်က တွေ့ဘူးမှာ မဟုတ်ပါဘူး။

ရုရှားနိုင်ငံက ရဲတွေက ကားသမားတွေ ကားကို အရှိန်လျှော့ မောင်းနှင်ကြဖို့ နည်းလမ်း သုံးပြီး လုပ်ဆောင် လိုက်ကြ ပါတယ်။ နည်းလမ်းကတော့ အပေါ်ပိုင်း အ၀တ် အစား မပါဝင်တဲ့ အမျိုးသမီး နှစ်ဦးက အရှိန်လျော့ ရမယ့် နှုန်းရေးထားတဲ့ ဆိုင်းဘုတ် ကိုင်ပြ ထားတာပါ။

ဒီလို စမ်းသပ် လုပ်ဆောင် လိုက်တာက တကယ်ကို သိသာတဲ့ အောင်မြင်မှု ရရှိခဲ့ ပါတယ်။ ဘရိတ်ကို အုတ်ပြီး မောင်းသွားကြတဲ့ အများစုကတော့ အမျိုးသားတွေ ပါပဲ။

မော်စကိုမြို့ကနေ ၄၀၀ ကီလိုမီတာ အကွာ အဝေးမှာ ရှိတဲ့ Nizhny Novgorod နယ်ရဲ့ အသေ အပျောက်များတဲ့ နေရာမှာ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆ မှုတွေနဲ့ အသေအပျောက် အများဆုံး နိုင်ငံဖြစ်ပြီး တစ်နှစ်ကို အသေ အပျောက် ၃ သောင်းထက် မနည်း ရှိပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလဲ အပေါ်ပိုင်း အ၀တ်အစား မပါတဲ့ အမျိုးသမီးတွေက လုံခြုံ စိတ်ချရမှု အတွက် ဆိုင်ကယ် ဦးထုတ်ဆောင်း၊ ဒေါက်မြင့်ဖိနပ်စီး ပြီး ပညာပေး ဟန်ရေးပြခဲ့ ပါသေးတယ်။

Ref : UPI

Originally published at - http://knowledge.thithtoolwin.com/2016/09/blog-post_26.html

Read More »

Monday, September 26, 2016

မိုးကြိုးပစ်ခံရသည့် မိန်းကလေးကို မြေကြီးတွင် မြှုပ်နှံကုသ




ကိုလံဘီယာ နိုင်ငံမှာ မိုးကြိုးပစ် ခံခဲ့ရတဲ့ အသက် ၁၈ နှစ် အရွယ် မိန်းကလေး တဦးကို မိဘ ဆွေမျိုး သားချင်း တွေက ရိုးရာ ယုံကြည်မှု အရ မြေကြီး ထဲမှာ အရှင် လတ်လတ် မြှုပ်နှံပြီး ကုသ ခဲ့ကြ ပါတယ်။

အန်နာ ဘောလက်စ်တာရော့စ် အမည် ရတဲ့ အဲဒီ မိန်းကလေးဟာ မကြာသေး ခင်ကမှ ကောလိပ်ကို အသွား လမ်းမှာ မိုးကြိုးပစ် ခံခဲ့ရတာလို့ မေရာ သတင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖော်ပြ ပါတယ်။

သူ့ကို ဆေးရုံပို့ဆောင်ပြီး ဆေးကုသချိန်မှာ မသက်သာတဲ့အတွက် ခုလိုကုသဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီကုသမှုမှာ အန်နာဟာ တကိုယ်လုံးကို တွင်းထဲမှာ လည်ပင်းထိ မြေကြီးတွေနဲ့ ဖုံးထားကာ တပါတ်ကို ၃ ရက်၊ တရက်ကို ၄ နာရီလောက်နေထိုင်ရမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဆွေမျိုးတွေကတော့ မိုးကြိုးပစ်ခံခဲ့ရရာကနေ ကျန်နေတဲ့ စွမ်းအင်တွေကို သူဆီက ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။

အန်နာကတော့ “ဆေးရုံက ဆရာဝန်တွေ ဆေးဝါးတွေကိုပဲ သိတာပါ။ ခုလို မိုး ကြိုးပစ်ခံရတာမျိုးကိုတော့ မသိကြပါဘူး။

ခုလိုမြေကြီးတွင်းထဲမှာ နေထိုင်ကုသတာက ရှေးတည်းက အသုံးပြုကြတာမို့ ကျမ မကြာခင်မှာ ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါ တယ်”လို့ ပြောပါတယ်။

သူဟာ မိုးကြိုးပစ်ခံခဲ့ရတဲ့အတွက် လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ဘဲ နောက် ကျောဘက်ကလည်း နာကျင်မှုတွေခံစားနေခဲ့ရတာပါ။
အန်နာရဲ့ မိခင်ဖြစ်သူ မီလန်နာကတော့ “ဒေသခံတွေက ခုလို မြေမြှုပ်ကုသမှု လုပ်မယ့်အစား ဆေးရုံကိုပို့ပြီး ကုသမှုလုပ်ဖို့ ပြောကြပါတယ်”လို့ ပြောပါတယ်။

ခုလို အိမ်တွင်းကုသမှုတွေလုပ်တဲ့အပေါ် ဒေသတွင်း ဆေးပညာရှင်တွေကတော့ ဝေဖန်နေကြတာပါ။

“ဒါဟာ သိပ္ပံနည်းကျလည်းမဟုတ်ဘူး။ မိုးကြိုးပစ်ခံရတဲ့ လူနာကို မြေကြီးထဲမှာ မြှုပ်နှံပြီး ကုသပေးတာကနေ အကျိုးကျေးဇူးရတယ်ဆိုတာကိုလည်း သက်သေမပြနိုင်ပါဘူး။ ဒေသတွင်းမှာ ရှေးရိုးဒဏ္ဍာရီဆန်ဆန်ယုံကြည်မှုတွေဟာ ခုချိန်ထိရှိနေတုန်းပါပဲ” လို့ မွန်ထရီယာမြို့တော် ဆေးခန်းတခုမှ ဝေါ်လ်တာ ဂိုမက်ဇ်က ပြောပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169909

Read More »

Saturday, August 27, 2016

အမျိုးသမီးက ဆိုင်ကယ်၊ တိုက်ခန်းတို့ဖြင့် အမျိုးသားကို လက်ထပ်ခွင့်တောင်း




ဒီနေ့ခတ် လူပုံ အလယ်မှာ အမျိုးသားက အမျိုးသမီး တွေကို လက်ထပ်ခွင့် တောင်းခံတာတွေ ခေတ်စား လာပေမယ့် တရုတ်နိုင်ငံ မှာတော့ အမျိုးသမီးက မော်တော် ဆိုင်ကယ် အသစ်၊ တိုက်ခန်းကို ပူးတွဲ ပိုင်ဆိုင်ခွင့်နဲ့ အမျိုးသားကို လက်ထပ်ခွင့် တောင်းခံ ခဲ့ပါတယ်။

အမျိုးသားက ဘယ်လို ပြန်ဖြေ ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။



သြဂုတ် ၂၄ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ချန်ဒူးမြို့က ဈေးဝယ် စင်တာတခုမှာ ဟာလေဒေးဗစ်ဆင် ဆိုင်ကယ်နဲ့ မင်္ဂလာ ၀တ်စုံကို ဆင်မြန်း ထားတဲ့ အမျိုးသမီး တဦးကို တွေ့ရ တယ်လို့ တရုတ် လူထုနေ့စဉ် အွန်လိုင်း သတင်းက ရေးပါတယ်။

ဒီနောက် ရည်းစားကို လက်ထပ်ခွင့် တောင်းပြီး လက်ထပ် ခဲ့ရင် သူပိုင်တဲ့ တိုက်ခန်း လိုင်စင်မှာလည်း အမျိုးသား နာမည်ကို ထည့်သွင်း ပေးမယ်ဆိုပြီး ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။



တိုက်ခန်း လိုင်စင် မိတ္တူ တစောင်ကို အမျိုးသမီးက ယူလာ ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အမျိုးသားက အမျိုးသမီးရဲ့ လက်ထပ်ခွင့် တောင်းဆိုချက်ကို လက်ခံ ခဲ့ပါတယ်။

သတင်းဓာတ်ပုံ –People’s Daily, China

by DVB

Originally published at - http://burmese.dvb.no/archives/165750

Read More »

တရုတ်နိုင်ငံ ကွင်ဟေးကန်က ထူးဆန်းသည့် ရေဆင်နှာမောင်းများ




တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ကွင်ဟေး ခရိုင်က ကွင်ဟေး ရေကန်မှာ ရေဆင် နှာမောင်းတွေ ဖြစ်နေ တာကို ထူးထူး ခြားခြား တွေ့ရမှာ ဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက်က ဖြစ်ပေါ် ခဲ့တဲ့ ဒီ ရေဆင် နှာမောင်းဟာ တခုကို ၅ မိနစ် နီးပါး ကြာမြင့်ပြီး ခရီးသွား တွေက ဖုန်းကနေ တဆင့် ဒီဖြစ်ရပ်ကို မှတ်တမ်း တင်ထား ပါတယ်။

လေပူနဲ့ လေအေးတွေ စီးဆင်းရင်း ဒီနေရာမှာ ဆုံမှတ် ဖြစ်ကာ ဖြစ်ပွား လာတာ ဖြစ်ပြီး ရေဆင်နှာမောင်းကို ရေပေါ်မှာ ဖြစ်တဲ့ တော်နာဒို လို့လည်း တချို့က ခေါ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ၁ နာရီ အတွင်းမှာ ရေဆင်နှာမောင် ၉ ခုအထိ ဖြစ်ခဲ့ဖူး တယ်လို့ ဆိုပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/165738

Read More »

Friday, August 26, 2016

ကော်မိုရန် မြို့တော်ဝန်အဖြစ် Duke အမည်ရှိ ခွေးက တတိယ အကြိမ် ရွေးချယ်ခံရ




ဝါရှင်တန် ၊ ၂၆-၈-၂၀၁၆

Duke အမည်ရှိ Great Pyrenees အမျိုးအစား ခွေးသည် အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်ရှိ ကော်မိုရန် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် သက်တမ်း အတွက် ပြန်လည် ရွေးချယ် ခံခဲ့ ရကြောင်း သိရသည်။

Duke သည် မြို့အတွင်း ကျင်းပခဲ့သည့် မြို့တော်ဝန် ရွေးချယ်ပွဲ၌ ဒေသတွင်းရှိ အခြား မြို့တော်ဝန် ကိုယ်စားလှယ်လောင်း ဖြစ်သူ စတိုးဆိုင် ပိုင်ရှင် ရစ်ချက်ဘရုစ် ကိုကျော်ဖြတ်၍ အနိုင် ရရှိခဲ့ခြင်း ဖြစ်ပြီး လူဦးရေ ၁ဝဝဝ ခန့် နေထိုင်သည့် ကော်မိုရန် မြို့တော်ဝန် အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် Duke သည် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် အနိုင်ရရှိ ခဲ့ပြီးနောက် ခြောက်ကြိမ်မြောက် နှစ်ပတ်လည် Cormorant Daze Festival ပွဲတော်အား ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ Doke သည် ကြယ်များဖြင့် စီခြယ်ထားသည့် ခွေးလည်ပတ်နှင့် ဦးထုပ်အနက် အသေးတစ်လုံးကို ဝတ်ဆင် တက်ရောက် ခဲ့ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/08/duke.html

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...