
ဒီလူဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူတွေ ထဲမှာ တစ်ယောက် အပါ အ၀င်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ သူဟာ ရန်သူ့ RPG-32 က ပစ်လွှတ် လိုက်တဲ့ TB-32V Thermobaric Rocket ကြီး တင်ပါးကို ထိမှန်၊ စိုက်ဝင် ခံခဲ့ရတဲ့ ယီမင် သူပုန် တစ်ယောက် ဖြစ်ပြီး ကံကောင်း ထောက်မ စွာနဲ့ပဲ ဒုံးကျည် ထိပ်ဖူးဟာ အသက်ဝင် ပေါက်ကွဲမှု မရှိ ခဲ့ပါဘူး။ (တင်ပါးထဲ ရော့ကတ် ၀င်သွားအောင် ဒီလူ ဘယ်လို လုပ်နေလဲ ဆိုတာကတော့ ပညာရှင်များ သုံးသပ် ကြည့်ကြပါ )
တင်ပါးထဲ ၀င်နေတဲ့ Rocket ကြီးကို ဆေးပညာ ရှင်တွေက အောင်အောင် မြင်မြင် ခွဲထုတ် ပေးနိုင်ခဲ့လို့ သူဟာ အခုဆိုရင် အသက် ဆက်ရှင်နိုင် ခဲ့ပါပြီ။ RPG-32 ဟာ ရုရှားနဲ့ ဂျော်ဒန်တို့ ပူးတွဲ ထုတ်လုပ် ထားတဲ့ RPG တစ်မျိုး ဖြစ်ပြီး ၎င်း Thermobaric ထိပ်ဖူးဟာ ဆိုရင် ၁၅ မီတာ (၄၉ ပေ) ပတ်လည်က လူနဲ့ တိရစ္ဆာန် တွကို ပြာ
ဖြစ် သွားနိုင် စေလောက်အောင် ပြင်းထန် ပါတယ်။
Yint Lu Shein ဖေ့စ်ဘုတ် စာမျက်နှာမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။
From : MOMOLAY
Originally published at - http://www.momolay.com

No comments: