အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

ပိတ်လှောင်မှု အကြောက်လွန်တဲ့ စိတ်ရောဂါရှိကြောင့် ထောင်ကနေ အစော ကြီးလွတ်မယ့် အမျိုးသမီး




အကျဉ်းသား အမျိုးသမီး တစ်ဦးဟာ claustrophobia ခေါ် ပိတ်လှောင်မှုကို အကြောက်လွန်တဲ့ စိတ်ရောဂါရှိမှု ကြောင့် အကျဉ်းထောင် ကနေ စောစီးစွာ လွတ်တော့မှာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေး စင်တာဖွင့်လှစ် ထားပြီး လူနာတွေကို နှိပ်စက်မှုကြောင့် ထောင်ထဲရောက် ခဲ့ရတဲ့ အသက် ၅၉ နှစ် အရွယ်၊ Indrannee Pumbien ဟာ အကျဉ်းထောင် သံတိုင် တွေနောက်မှာ စိတ်ဝေဒနာ ခံစားနေ ရကြောင်း သူမရဲ့ရှေ့ နေတွေက တင်ပြပြီးနောက်မှာ ထောင်ဒဏ် သက်တမ်းကို လျှော့ချပေး မှုကို ခံစားခဲ့ ရပါတယ်။

Pumbien ဟာ သတိမေ့ ရောဂါသည် နှစ်ဦးကို အစာကျွေးရာမှာ အတင်းအကြပ် အဓမ္မ ပြုလုပ်ခဲ့ပြီး၊ လူနာ တစ်ယောက် ရေနွေး ပူလောင်မှုကို ဆေးကုသမှု မပေးခဲ့ တာကြောင့် သြဂတ်စ်လမှာ ထောင်ဒဏ် ၁၈ လ ကျခံခဲ့ ရတာ ဖြစ်ပါတယ်။

Pumbien ဟာ ရိပ်သာနေ သက်ကြီး ရွယ်အိုတွေကို အစားအသောက် အတင်းကျွေးခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို မျက်စိနဲ့ တပ်အပ်မြင် ခဲ့ရပြီး အသက် ၉၉ နှစ်အရွယ် အဘွားအိုရဲ့ ပါးစပ်ထဲကို သတ္တုဇွန်းနဲ့ အစာ အတင်းထိုး ထည့်နေတဲ့ ဖြစ်ရပ် တစ်ခုကိုလည်း မြင်တွေ့ ခဲ့ရ ပါတယ်။

သူမရဲ့ ခင်ပွန်းနဲ့ အလုပ်သမား တစ်ဦးကိုလည်း နှိပ်စက်မှုကို လျစ်လျူရှုမှုနဲ့ ထောင်ဒဏ် ကိုးလ နဲ့ ငါးလ အသီးသီး ကျခံစေဖို့ တရားရုံးက ချမှတ်ခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် Pumbien ရဲ့ ၀တ်လုံတော်ရရှေ့ နေ Alistair Webster QC က သူမဟာ သူမရဲ့ အလုပ် အကိုင်ကို ဆုံးရှုံးခဲ့မှု၊ သက်ကြီး စောင့်ရှောက်ရေး ဂေဟာကို ဆုံးရှုံးခဲ့ရမှု နဲ့ သူမရဲ့ ၀င်ငွေတို့ အကြီးအကျယ် ထိခိုက်ခဲ့ ရမှု တို့ ရဲ့ အကျိုးဆက်တွေ အပေါ် ထောက်ပြ ဆွေးနွေး ခဲ့ပါတယ်။

“သူမအနေနဲ့ ထောင်ထဲမှာ ခဏခဏ စိတ်ဓာတ်ကျအားငယ်မှုကို ထောက်ဆကြည့်မယ်ဆိုရင်၊ဒါဟာ ပိတ်လှောင်ကြောက်လွန်စိတ် ရောဂါခံစားနေရတဲ့လက္ခဏာပါ။ မူလပြစ်ဒဏ်ချမှတ်ထားသလောက် ထောင်ဒဏ် စီရင်ချက်က ကြာဖို့ မသင့်တော်ပါဘူး” လို့ ရှေ့ နေက လျှောက်ထားခဲ့ပါတယ်။

အဆိုပါအသနားခံချက်ကို တရားသူကြီးတွေက လက်ခံစဉ်းစားခဲ့ပြီးနောက် ထောင်ဒဏ်ကို ၁၂ လတိတိ လျှော့ချပေးလိုက်ကာ ခရစ်စမတ်မတိုင်မီ ထောင်ကလွတ်တော့မှာဖြစ်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/12/blog-post_33.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...